Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-09-07 09:17:23

8.9.2024 – 23rd Sunday in Ordinary Time; Nativity of the Blessed Virgin Mary
ယေဇူး၏မိခင် ကညာစင်မယ်တော်သခင်မ မွေးနေ့ပွဲတော်
စက်တင်ဘာလ ၈ရက်၊ ၂၀၂၄၊ ၂၃ကြိမ်မြောက်သာမန်တနင်္ဂနွေနေ့  
Mark 7:31-37- ဧဝံဂေလိကျမ်း ရှင်မာကု ၇း၃၁-၃၇
Reflection By Sr. Celestina Wai (LWST)
Posted by Sr. Benedetta Myat Hnin Nwe(ISR)

ကျွန်ုပ်တို့ခရစ်ယာန်ဘဝသက်တာမှာ လုံးဝဥသုံပြည့်ဝစုံလင်ခြင်းဆိုတာမဖြစ်နိုင်သလို၊ ရှိလည်းမရှိပါဘူး။ အစွန်းအကွက်၊ အပြစ်အနာအဆာ၊ ချို့ယွင်းချက်တစ်ခုခုနဲ့ပြည့်နှက်နေပါတယ်။ ပြည့်ဝစုံလင်ခြင်းဟာ ဖန်ဆင်းရှင်ဘုရားသခင်သာသက်ဆိုင်ပြီး ဘုရားသခင်၌သာတည်ရှိတယ်။ယေဇူးသခင်ကုသပေးခဲ့တာကို ဖော်ပြထားပါတယ်။ ကုသပေးခံလိုက်ရလို့ နားလည်းကြား၊ စကားလည်းပြောနိုင်သူအဖို့ ဘယ်လောက်ထိဝမ်းသာမလဲဆိုတာ ပိုပြီးနားလည်စေတယ်။ တစ်ချို့တွေက နားမကြားတဲ့သူတွေကို စိတ်အနှောင့်အယှက်ပေးသူတွေလို့ ယူဆထားကြတယ်။ နားပင်း၍ စကားပြောနိုင်သူတစ်ဦးကို အထံတော်သို့ခေါ်ဆောင်သွားပြီး ယေဇူးသည် သူ့အပေါ်၌လက်တော်ကို တင်ခဲ့ပြီးနောက်“အက်ဖက်တာ”ဟု မိန့်တော်မူသောအခါ သူ၏နားပွင့်လာပြီး လျှာသည်လည်း စွံ့အခြင်းမှ စကားပြောနိုင်ခဲ့သည်။အချုပ်အားဖြင့်နားမကြား၊ဆွံ့အတဲ့သူကို ကုသခြင်းသည်သင်တို့၊ ကျွန်ုပ်တို့ကဲ့သို့  အသက်ရှင်နေကြသောသူများစွာအတွက် မျှော်လင့်ခြင်းကို ရှင်သန်လာစေသည်။ ယနေ့ကျွန်ုပ်တို့ထဲကအတော်များများသည် ဝိညာဉ်ရေးရာမှာ နားမကြား၊ ဆွံ့အသူများဖြစ်ကြသည်။ ဝိညာဉ်ရေးအရ ကျွန်ုပ်တို့ရဲ့လျှာကိုလွတ်လပ်အောင် ယေဇူးသခင်ထိဖို့ ကျွန်ုပ်တို့ရဲ့နားတွေပွင့်လာအောင် ယေဇူးသခင်ရဲ့လက်ချောင်းများ ကျွန်ုပ်တို့နားထဲထည့်သွင်းခံရဖို့ အခွင့်အရေးပေးနိုင်အောင် ရှင်မာကုကျမ်းက ကျွန်ုပ်တို့ကိုဖိတ်ခေါ်နေတယ်။ သခင်၏နှုတ်တော်ထွက်စကားလုပ်ဆောင်မှုကပျက်စီးနေသော ကျွန်ုပ်တို့ကမ္ဘာကြီးအတွက် ကုသခြင်းနဲ့ ကယ်တင်ခြင်းကို ယူဆောင်ပေးနေပါတယ်။  

Daily Reflection