Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-09-14 03:45:23

15.9.2024 – Sunday of Week 24th in Ordinary Time;
စက်တင်ဘာလ ၁၅ ရက်၊ ၂၀၂၄၊ ၂၄ကြိမ်မြောက်တနင်္ဂနွေနေ့  
Our Lady of Sorrows
Mark 8:27-35- ဧဝံဂေလိကျမ်း ရှင်မာကု ၈း၂၇-၃၅
Reflection by Sr. Lucy Hat Nun Them, LWST
Posted by Sr. Benedetta Myat Hnin Nwe(ISR)

ယနေ့နှုတ်ကပါတ်တော်ထဲမှာ သခင်ယေဇူးက သူ့ရဲ့တပည့်တော်ကြီးတွေကို မေးခွန်းနှစ်ခုမေးခဲ့တယ်။ပထမတစ်ခုက “လူတွေက ငါ့ကိုမည်သူဖြစ်သနည်း”ဟု ဆိုကြသနည်း။ဒုတိယတစ်ခုက“သင်တို့မူကား ငါမည်သူဖြစ်သည်ဟူ၍ထင်ကြသနည်း” ဆိုတဲ့ မေးခွန်းတွေပဲဖြစ်ပါတယ်။ မေးခွန်းနှစ်ခုစလုံးကို ဖြေဖို့ရန်ခရစ်တော်နောက်လိုက်တဲ့ကျွန်ုပ်တို့ ခရစ်ယာန်များအားလုံးမှာတာဝန်ရှိပါတယ်။ တပည့်တော်ကြီးရှင်ပေတရူးကတော့ မှန်ကန်တဲ့အဖြေကိုပေးနိုင်ခဲ့ပါတယ်။ သူက ခရစ်တော်ကိုအဖြေမှန်ပေးနိုင်ခဲ့ပေမဲ့ တခြားသူတွေကတော့ခရစ်တော်သည် စစ်အင်အား၊စီးပွားရေးအင်အားနဲ့အုပ်စိုးမယ့်သူအဖြစ်ကြွလာခဲ့မယ်လို့ထင်ခဲ့တယ်။တကယ်တော့ ကျွန်ုပ်တို့ဘဝကတစ်ခဏကောင်းစားရန်အတွက် ဒီလောကမှာအသက်ရှင်ကြတာမဟုတ်ပါဘူး။ထာဝရအသက်ကိုပိုင်ဆိုင်ရန်အတွက်ဖြစ်တယ်။ သခင်ယေဇူးမေးမြန်းတဲ့မေးခွန်းကို ကျွန်ုပ်တို့ တစ်ဦးစီ မိမိတို့နေထိုင်သော ဘဝပုံစံအသက်တာဖြင့် ဖြေဆိုကြဖို့လိုအပ်ပါတယ်။ နောက်တစ်ချက်က ခရစ်တော်နောက်လိုက်တဲ့ ကျွန်ုပ်တို့ဟာ အခက်အခဲတွေ၊ ဒုက္ခတွေ၊ နာကျင်ခံစားရမှုတွေရှိမယ်ဆိုတာကို ဒီနေ့ကျမ်းပိုဒ်ကပြောပြနေပါတယ်။ “အနာမခံ၊ အသာမစံ”,“ကားတိုင်မရှိ၊သရဖူမရှိ” ဆိုတဲ့ စကားပုံကို သတိရကြပါစို့။ သခင်ယေဇူးကို လူဆိုး၊ သူခိုး ၊အပြစ်ရှိသူတွေက မငြင်းပယ်ပဲကိုယ့်ကိုယ်ကို ကျမ်းစာကို အသိဆုံး၊ ဘုရားရဲ့ပညတ်တော်တွေကို အသိဆုံးလို့ ထင်နေကြတဲ့သူတွေကပဲ သူ့ကို ငြင်းပယ်ခဲ့တယ်။ အခြားစကားလုံးနဲ့ပြောရမယ်ဆိုရင် ဘုရားနဲ့အနီးဆုံးလို့ ထင်နေကြတဲ့သူတွေကပဲ ငြင်းပယ်ခဲ့တာဖြစ်တယ်။ တစ်ခါတစ်လေမှာ ကျွန်ုပ်တို့နဲ့အနီးဆုံးဖြစ်တဲ့ သူငယ်ချင်းတွေ၊ မိသားစုတွေ၊ ဆွေမျိုးတွေကပဲကျွန်ုပ်တို့ကိုဆန့်ကျင်လိမ့်မယ်။ တစ်ခါတစ်‌လေ ခရစ်တော်လိုပဲငြင်းပယ်ခြင်းခံရပြီး အထီးကျန်ခဲ့တဲ့အချိန်တွေရှိပါတယ်။ ဒါပေမဲ့ ခံထမ်းနေရတဲ့ ဒုက္ခတွေအားလုံးကို ခရစ်တော်နဲ့အတူခံထမ်းနေတယ်လို့ သတိရကြပါစို့။

Daily Reflection