#ရဟန်းမင်းကြီးဖရန်စစ်သည် ဆိုင်းပရပ်စ်နှင့်ဂရိနိုင်ငံသို့တမန်တော်ခရီး ကြွချီရန်ပြင်ဆင်နေ။
#Pope Francis prepares for trip to Cyprus and Greece
ရဟန်းမင်းကြီးဖရန်စစ်သည် လာမည့်ကြာသပတေးနေ့၌ ဆိုင်းပရပ်စ်နှင့် ဂရိနိုင်ငံသို့ တမန်တော်ခရီး ကြွရောက်မည်ဖြစ်သည်။ ရဟန်းမင်းကြီးသည် ဆိုင်းပရပ်စ်၌ (၂) နှစ်ရက်ကြာနေထိုင်မည်ဖြစ်သည်။ ခရီးဆိုက်ရောက် သောနေ့၌ နိုင်ငံရေး ခေါင်းဆောင်များနှင့်တွေ့ဆုံမည်။ သောကြာနေ့၌မူ ဩသိုဒေါ့ခရစ်ယာန်များဆီသို့သွားရောက် လည်ပတ်ကာ မစ္ဆားတရားကိုမူ အားကစားရုံ၌ပူဇော်မည်ဖြစ်သည်။ ထိုနေရာ၌ ပြောင်းရွေ့အဖွဲ့တစ်ဖွဲ့နှင့်တွေ့ဆုံပြီး အီတလီနိုင်ငံ၏ ကျွန်းများ၌နေထိုင်နိုင်ရန် ဆွေးနွေးညှိနှိုင်းမည်ဖြစ်သည်။
ရဟန်းမင်းကြီး၏ကြွရောက်ခြင်းကို ဒေသအစိုးရလည်း အထူးမျှော်လင့်နေကြသည်။ အဘယ်ကြောင့်ဆိုသော် (၁၉၇၄) ခုနှစ် တူရကီတို့နယ်ချဲ့လာခဲ့မူကြောင့် နေရပ်စွန့်ခွာခဲ့ကြရသော ‘မာရွန်နှိုက်’ (Maronite) ကက်သလစ်တို့၏ အရေးကိုလည်း ဆွေးနွေးဖြေရှင်းနိုင်မည်ဟု မျှော်လင့်နေကြသည်။ ပြောင်းရွေ့ဘာသာတူများသည်လည်း ရဟန်းမင်းကြီး ကြွရောက်၍ ဆွေးနွေးညှိနိုင်းပေးမှုဖြင့် နိုင်ငံရေးပြဿများဖြေရှင်းနိုင်ကာ မိမိတို့၏နေရပ်သို့ပြန်သွားနိုင်ရန် ဆန္ဒရှိနေကြသည်။
နောက်တစ်နေ့ စနေနေ့၌ ရဟန်းမင်းကြီးသည် ဂရိနိုင်ငံသို့ဆက်လက်ကြွရောက်မည်ဖြစ်သည်။ ဂရိနိုင်ငံ၌ ကက်သလစ်ဘာသာတူဦးရေမှာ နိုင်ငံ့လူဦးရေ၏ (၁) ရာခိုင်နှုန်းထက်နည်းသည်။ (၉၀) ရာခိုင်နှုန်းမှာ ဂရိဩသောဒေါ့ ခရစ်ယာန်များဖြစ်ကြသည်။ ဂရိသို့ရောက်ရှိရခြင်း၏ အဓိကအကြောင်းအရင်း အစီအစဥ် တစ်ခု တနင်္ဂနွေနေ့ နံနက်ပိုင်းတွင်ရှိမည် ဖြစ်သည်။ ထိုအစီအစဉ်ကား ဂရိနိုင်ငံ Lesbos သို့ရောက်ရှိနေသော ဥရောပသို့ထွက်ပြေးခိုလှုံလာသော ဒုက္ခသည်များနှင့် တွေ့ဆုံမည်ဖြစ်သည်။ ရဟန်းမင်းကြီးဖရန်စစ်သည် ဤကျွန်းစုငယ်သို့ (၂၀၁၆) ခုနှစ်က က တစ််ကြိမ်ကြွရောက်ခဲ့ပြီး ဖြစ်သည်။ ရဟန်းမင်းကြီးသည် တနင်္လာနေ့၌ အေသင်မြို့ရှိ ကက်သလစ်ကျောင်းမှ လူငယ်များနှင့် တွေ့ဆုံပြီးနောက် မွန်လွဲပိုင်းတွင် ရောမသို့ လေကြောင်း ခရီးဖြင့်ပြန်ကြွလာမည်ဖြစ်သည်။
ဖာသာရ်ကလေးမင်းအားတယ်
#Photos Crd
#ကမ္ဘာတစ်၀ှမ်းမှ သာမန်ကက်သလစ်ဘာသာ၀င်တို့၏ သာသနာပြု်ဘ၀အခြေအနေ
#The state of Catholic lay missionaries worldwide
#နိုင်ငံရေး၌ ထဲထဲ၀င်၀င်လုပ်ဆောင်လွန်းသောကက်သလစ်ဘုန်းတော်ကြီးအား ရာသက်ပန်အမူတော်ဆောင်နိုင်ခွင့် မှရပ်ဆိုင်းလိုက်
Priest gets ‘irreversible’ suspension for entering politics
#ယခုနှစ်ဗာတီကန်တွင်ထားရှိမည့် သူငယ်တော်အိမ်သည် Peruvian Andes မှဖြစ်မည်။
Nativity scene at the Vatican will be from the Peruvian Andes
#ဆရာဖြစ်သင်တန်း အမှတ်စဉ် (၁၄) အတွက် သင်တန်းသူ/ သားများဖိတ်ခေါ်ခြင်း။
#(PSIE)ပညာစမ့်းရေသင်တန်းကျောင်း။
#ရဟန်းမင်းကြီးသည် မြေထဲပင်လယ်ဒေသမှဘဲလာရုစ်သို့ရွေ့ပြောင်းသွားသူများအတွက်ဆုတောင်းပေး။
#Pope prays for all migrants, from the Mediterranean to Belarus
#ဩသိုဒေါ့စ်အသင်းတော်ခေါင်းဆောင် Ieronymos II ရဟန်းမင်းကြီးဖရန်စစ်ရောမသို့ပြန်မကြွမီတစ်ည၌ အတူလည်ပတ်ခဲ့ကြ။
#Ieronymos II visits with Pope Francis on eve of his return to Rome
#ဧ၀ဂေလိတရားတော်ကိုစိတ်ရှည်လက်ရှည် စတင်ဟောကြားရန် လိုအပ်ကြောင်း ရဟန်းမင်းကြီက ဥရောပမှ ခရစ်ယာန်များအားမိန့်ကြား။
#မြန်မာနိုင်ငံ ကက်သလစ်သူတော်စင် အသင်းဂိုဏ်းများ၏ (၈၂) ကြိမ်မြောက် ညီလာခံအစည်းအဝေး။ (၇-၈၊ ဇန်နဝါရီလ၊ ၂၀၂၂ ခုနှစ်။)
#ကမ္ဘာ့အကောင်းဆုံ ဆရာဆုရရှိသူ ကင်ညာနိုင်ငံသား"(စိန့်ဖရန်စစ်ဂိုဏ်းက ဘရာလ်သာတစ်ပါးPeter Mokaya Tabichi)
#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။