#ရဟန်းမင်းကြီးသည် မြေထဲပင်လယ်ဒေသမှဘဲလာရုစ်သို့ရွေ့ပြောင်းသွားသူများအတွက်ဆုတောင်းပေး။
#Pope prays for all migrants, from the Mediterranean to Belarus
ရဟန်းမင်းကြီးဖရန်စစ်သည် ပြီးခဲ့သော အာဒ်၀င်တူးကာလ ပထမပတ်တနင်္ဂနွေနေ့ မွန်းတည့်ချိန် စိန့်ပီတာရင်ပြင်၌ စုရုံးရောက်ရှိနေသော ကမ္ဘာတစ်၀ှမ်းမှဘုရားဖူး ဘာသာတူများနှင့်အတူ အန်ဂျေလူးဆုတောင်းစဉ် ပိုမိုကောင်းမွန်လုံခြုံသော ဘ၀ကိုရလိုဇောဖြင့် မိမိတို့၏ဇာတိမြေကိုစွန့်ကာ ရွေ့ပြောင်းထွက်ခွာနေကြသောရွေ့ပြောင်းများအတွက် သတိရဆုတောင်းပေးခဲ့သည်။ ဤသို့ပြောင်းရွေ့ရာ၌ မိမိတို့ရောက်လိုသည့်အခြေအနေမျိုးသို့ရောက်ရှိရန် အခါအားလျှော်စွာ အလွန်စွန့်စားရ၊ အသက်နှင့်လောင်းကြေးထပ်ကြရသည့်အကြောင်း၊ ထိုရွေ့ပြောင်းများစွာတို့ တွေ့ကြုံဖြတ်သန်းနေရသောဘ၀အခြေအနေများကို ကြားသိမြင်တွေ့ရသည်မှာ လွန်စွာပင်စိတ်မချမ်းမြေ့ဖြစ်ရကြောင်း၊ အထူးသဖြင့် ရဟန်းမင်းကြီးအနေဖြင့် လူ့အသက်ဆုံးရှုံးခဲ့ရသည့် အင်္ဂလိပ်ရေလက်ကြား၌ လတ်တလော လှေမှောက်၍ ရေနစ်အသက်ဆုံးရှုံးသူများတွင် ကလေးသူငယ်များလည်းပါကြောင်း၊ ထိုရွေ့ပြောင်းများသည် မြေထဲပင်လယ်ကိုဖြတ်၍ ဘဲလားရုစ်နယ်စပ်ကိုဖြတ်သန်းစဉ် ဤအဖြစ်သနစ်မျိုးနှင့်ကြုံတွေ့ခဲ့ရသည်။ ထို့အတူ ပိုမိုကောင်းမွန် လုံခြုံသောဘ၀ကို မျှော်လင့်၍ သက်စွန့်ဆံဖျားပင်လယ်လမ်းခရီးဖြတ်ကူးခဲ့ကြသော်လည်း ထိုစွန့်စားမှု၏အခြားဖက်၌မူ လူကုန်ကူးသူများ၏ လူမဆန်သော လူသားများကို ရောင်းကုန်အဖြစ်သဘောထားခြင်းကြောင့် အမျိုးသမီးများသည် ရောင်းစားခံခဲ့ရပြီး၊ အမျိုးသားများကိုမူ နိပ်စက်ညှဥ်းဆဲခဲ့ကြသည့် ကံကြမ္မာနှင့် ကြုံခဲ့ကြရ၍စိတ်မကောင်းဖြစ်ရသည်။ ထို့ကြောင့် ရဟန်းမင်းကြီးက အထက်ကဆိုခဲ့သောအဖြစ်မျိုးနှင့် ကြုံတွေ့ခဲ့ရသောသူများအတွက် အထူးဆုတောင်းပေးခဲ့သည်။ ၎င်းတို့သည် သုခကိုရှာဖွေရန်စွန့်စားခဲ့သော်လည်း သင်္ချိုင်းဂူ၀နှင့် ပက်ပင်းတိုးခဲ့ကြရသည်။ ရွေ့ပြောင်းတို့အတွက်၊ ၎င်းတို့၏ ဝေဒနာများအတွက် တိတ်ဆိတ်စွာဆုတောင်းပေးကြစို့ဟု စိန့်ပီတာရင်ပြင်၌ ရောက်ရှိနေသော ဘုရားဖူးများအား ရဟန်းမင်းကြီးကဖိတ်ခေါ်ဆုတောင်းခဲ့သည်။
ဖာသာရ်ကလေးမင်းအားတယ်
#Photo Crd
#ကမ္ဘာတစ်၀ှမ်းမှ သာမန်ကက်သလစ်ဘာသာ၀င်တို့၏ သာသနာပြု်ဘ၀အခြေအနေ
#The state of Catholic lay missionaries worldwide
#နိုင်ငံရေး၌ ထဲထဲ၀င်၀င်လုပ်ဆောင်လွန်းသောကက်သလစ်ဘုန်းတော်ကြီးအား ရာသက်ပန်အမူတော်ဆောင်နိုင်ခွင့် မှရပ်ဆိုင်းလိုက်
Priest gets ‘irreversible’ suspension for entering politics
#ယခုနှစ်ဗာတီကန်တွင်ထားရှိမည့် သူငယ်တော်အိမ်သည် Peruvian Andes မှဖြစ်မည်။
Nativity scene at the Vatican will be from the Peruvian Andes
#ဆရာဖြစ်သင်တန်း အမှတ်စဉ် (၁၄) အတွက် သင်တန်းသူ/ သားများဖိတ်ခေါ်ခြင်း။
#(PSIE)ပညာစမ့်းရေသင်တန်းကျောင်း။
#ရဟန်းမင်းကြီးသည် မြေထဲပင်လယ်ဒေသမှဘဲလာရုစ်သို့ရွေ့ပြောင်းသွားသူများအတွက်ဆုတောင်းပေး။
#Pope prays for all migrants, from the Mediterranean to Belarus
#ဩသိုဒေါ့စ်အသင်းတော်ခေါင်းဆောင် Ieronymos II ရဟန်းမင်းကြီးဖရန်စစ်ရောမသို့ပြန်မကြွမီတစ်ည၌ အတူလည်ပတ်ခဲ့ကြ။
#Ieronymos II visits with Pope Francis on eve of his return to Rome
#ဧ၀ဂေလိတရားတော်ကိုစိတ်ရှည်လက်ရှည် စတင်ဟောကြားရန် လိုအပ်ကြောင်း ရဟန်းမင်းကြီက ဥရောပမှ ခရစ်ယာန်များအားမိန့်ကြား။
#မြန်မာနိုင်ငံ ကက်သလစ်သူတော်စင် အသင်းဂိုဏ်းများ၏ (၈၂) ကြိမ်မြောက် ညီလာခံအစည်းအဝေး။ (၇-၈၊ ဇန်နဝါရီလ၊ ၂၀၂၂ ခုနှစ်။)
#ကမ္ဘာ့အကောင်းဆုံ ဆရာဆုရရှိသူ ကင်ညာနိုင်ငံသား"(စိန့်ဖရန်စစ်ဂိုဏ်းက ဘရာလ်သာတစ်ပါးPeter Mokaya Tabichi)
#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။