#အမေရိကားမှကျောင်းသူများ ရောမသို့ခရီးဆန့်လာပြီး၊ ရဟန်းမင်းကြီးနှင့်လည်းတွေ့ဆုံခဲ့
#American students travel to Rome and meet Pope Francis
"ဗာတီကန်၀င်းအတွင်းရှိ စိန့်ပီတာဘာစီးလီကာဘုရားကျောင်း၏ မြေအောက်ခန်းရှိအုတ်ဂူများသည် ကမ္ဘာအနှံ့မှလာရောက်လည်ပတ်သူများအား အံ့ဩမှင်သက်စေဦးမည်ဖြစ်သည်" ဟု ရောမသို့ရောက်ရှိလည်ပတ်နေ အမေရိကန်ပြည်ထောင်စု၊ ချီကာဂိုပြည်နယ်ရှိ DePaul တက္ကသိုလ်မှ ကျောင်းသားအဖွဲ့က မှတ်ချက်ပြုခဲ့သည်။ ခရစ်ယာန်သာသနာတော်ကြီးအကြောင်းလေ့လာရန်မှာ ရောမထက်ကောင်းသောနေရာမရှိကြောင်းနှင့် ကက်သလစ်သာ သနာတော်ကြီး၏ ဇစ်မြစ်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ ရဟန်းမင်းကြီးများဘုရားကျောင်းဟု လူသိများသော စစ္စတင်း ဘုရားကျောင်းသို့လည်း လည်ပတ်ခဲ့ကြောင်း၊ ဘုရားကျောင်းအတွင်းရှိ အရာများအားလုံးသည် စိတ်၀င်စားစရာ၊ စိတ်လှုပ်ရှားစရာများဖြင့် ပြည့်နေကြောင်း ရောမသို့ရောက်ရှိနေသော အမေရိကန် တက္ကသိုလ်ကျောင်းသားအဖွဲ့မှ SHERYL OVERMYER ကသူ၏ခံစားချက်ကိုပြောကြားခဲ့သည်။
၎င်းတို့အထဲမှ SARAH WALTON ဆိုသူကလည်း ယခုကဲ့သို့ လာရောက်လည်ပတ်ခဲ့ခြင်းကြောင့် ကက်သလစ် သာသနာတော်ကြီးအကြောင်းကိုများစွာလေ့လာသိရှိခွင့်ရခဲ့ကြောင်း၊ ယခုခရီးစဉ်မတိုင်မှီက များများစားစားမသိခဲ့ကြောင်း၊ ယခုမှာမူ မှီငြမ်းကိုးကားနေသောအရာအားလုံးကို ပိုမိုလေးနက်စွာသိရှိနားလည်လိုက်ရကြောင်းပြောပါ သည်။
အဖွဲ့၀င်တစ်ဦးဖြစ်သူ AIDAN MORRISEY ကလည်း ရဟန်းမင်းကြီးဖရန်စစ်နှင့် တွေ့ဆုံခွင့်ရခဲ့၊ ရင်းနှီးစွာလက် စွဲနှုတ်ဆက်ပြီး နမ်းခွင့်ရခဲ့သည့်အတွေ့အကြုံနှင့် စပ်ျင်း၍ အလွန်စိတ်ချမ်းသာရကြောင်း၊ အဘယ်သို့ပြောရမည်ကိုလည်း မသိကြောင်း၊ နှစ်သက်သဘောကျမိကြောင်း၊ ယခုကဲ့သို့သော အတွေ့အကြုံမျိုးကိုစိတ်ကူး၌ပင် မရနိုင်ကြောင်း၊ တီဗွီဖန်သားပြင်ပေါ်၌ ုစားနေရသကဲ့သို့ပင် ခံစားခဲ့ရကြောင်း၊ သုတစွယ်စုံစာအုပ်ကြီးကို လှန်လှော်ဖတ်ုနေရသကဲ့ သို့ဖြစ်ရကြောင်း၊ ရဟန်းမင်းကြီး၏ လက်ကိုကိုင်ဆွဲနှုတ်ဆက်ခဲ့ရ၊ နမ်းခဲ့ရ၊ စကားပြောခဲ့ရသည့်အခွင့်အရေးမျိုး မျှော်လင့်သော်လည်းအမှန်ဖြစ်လာမည်ဟု မထင်မှတ်ဘဲဖြစ်လာသောအခါ အလွန်စိတ်အေးချမ်းရကြောင်းဖြင့် ပီတိစကား ကို ပြောကြားခဲ့သည်။ ဤအမေရိကန်တက္ကသိုလ်ကျောင်းသားအဖွဲ့သည် အမေရိကားမှ အကြီးဆုံးသော ကက်သလစ်တက္ကသိုလ်မှ ကျောင်းသားများဖြစ်သည်။ ၎င်းတို့သည် သမိုင်းကြောင်းကိုလေ့လာနေကြသူများဖြစ်သည်။ ရဟန်း မင်းကြီး၏ လက်တော်ကို ရင်းနှီးစွာကိုင်ဆွဲနှုတ်ဆက်လိုက်ရခြင်းကြောင့်လည်း ၎င်းတို့၏ ယုံကြည်ခြင်းကိုပိုမိုနက်ရှိုင်း သွားစေခဲ့သည်။ ၎င်းတို့သည် ရောမ၌ နှစ်ပတ်တာတည်းခိုပြီး၊ သာသနာတော်ကြီး၏သမိုင်းကို လေ့လာကြမည်ဖြစ်သည်။
ဘာသာပြန် - ဖာသာရ်ကလေးမင်းအားတယ်
Photo Crd
#ကမ္ဘာတစ်၀ှမ်းမှ သာမန်ကက်သလစ်ဘာသာ၀င်တို့၏ သာသနာပြု်ဘ၀အခြေအနေ
#The state of Catholic lay missionaries worldwide
#နိုင်ငံရေး၌ ထဲထဲ၀င်၀င်လုပ်ဆောင်လွန်းသောကက်သလစ်ဘုန်းတော်ကြီးအား ရာသက်ပန်အမူတော်ဆောင်နိုင်ခွင့် မှရပ်ဆိုင်းလိုက်
Priest gets ‘irreversible’ suspension for entering politics
#ယခုနှစ်ဗာတီကန်တွင်ထားရှိမည့် သူငယ်တော်အိမ်သည် Peruvian Andes မှဖြစ်မည်။
Nativity scene at the Vatican will be from the Peruvian Andes
#ဆရာဖြစ်သင်တန်း အမှတ်စဉ် (၁၄) အတွက် သင်တန်းသူ/ သားများဖိတ်ခေါ်ခြင်း။
#(PSIE)ပညာစမ့်းရေသင်တန်းကျောင်း။
#ရဟန်းမင်းကြီးသည် မြေထဲပင်လယ်ဒေသမှဘဲလာရုစ်သို့ရွေ့ပြောင်းသွားသူများအတွက်ဆုတောင်းပေး။
#Pope prays for all migrants, from the Mediterranean to Belarus
#ဩသိုဒေါ့စ်အသင်းတော်ခေါင်းဆောင် Ieronymos II ရဟန်းမင်းကြီးဖရန်စစ်ရောမသို့ပြန်မကြွမီတစ်ည၌ အတူလည်ပတ်ခဲ့ကြ။
#Ieronymos II visits with Pope Francis on eve of his return to Rome
#ဧ၀ဂေလိတရားတော်ကိုစိတ်ရှည်လက်ရှည် စတင်ဟောကြားရန် လိုအပ်ကြောင်း ရဟန်းမင်းကြီက ဥရောပမှ ခရစ်ယာန်များအားမိန့်ကြား။
#မြန်မာနိုင်ငံ ကက်သလစ်သူတော်စင် အသင်းဂိုဏ်းများ၏ (၈၂) ကြိမ်မြောက် ညီလာခံအစည်းအဝေး။ (၇-၈၊ ဇန်နဝါရီလ၊ ၂၀၂၂ ခုနှစ်။)
#ကမ္ဘာ့အကောင်းဆုံ ဆရာဆုရရှိသူ ကင်ညာနိုင်ငံသား"(စိန့်ဖရန်စစ်ဂိုဏ်းက ဘရာလ်သာတစ်ပါးPeter Mokaya Tabichi)
#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။