Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

#နှစ်သိမ့်ခြင်းသခင်မ၏သီလရှင်ဂိုဏ်း(NSC)
#SistersofOurLadyofConsolation(NSC)
#ကျွန်ုပ်တို့၏အသင်းဂိုဏ်း (OUR CONGREGATION)
ကျွန်ုပ်တို့၏အသင်းဂိုဏ်းကို ၁၈၅၇ ခုနှစ်၊ စပိန်နိုင်ငံ (SPAIN) တွင် ရဟန္တာမာရီးယာရိုးဇာမိုလာ(စ်) (Maria Rosa Molas) တည်ထောင်ခဲ့သည်။
သူမသည် ဘုရားသခင်အား အလွန်ချစ်မြတ်နိုးသည့်အပြင် နှိမ့်ချခြင်းနှင့်လည်း ပြည့်စုံသူ ဖြစ်သည်။
သူမသည် ဝိညာဉ်ရေးရာနှင့် နှစ်သ်ိမ့်အားပေးခြင်းကျင့်စဉ်ကို
Tortosa (Cataluna) မြို့၌စတင်ခဲ့သည်။ ဆက်လက်၍ သူမ၏လုပ်ငန်းစဉ်များသည်
တိုက်ကြီးလေးတိုက်အတွင်းရှိ နိုင်ငံ (၂၁) ခုသို့ ပြန့်နှံ့ရောက်ရှိသွားခဲ့သည်။ အဆိုပါနိုင်ငံတို့မှာ စပိန်၊ အီတလီ၊ ပေါ်တူဂီ၊ ဆလိုဘတ်ကီးယား၊
ဗင်နီဇွဲလား၊ အာဂျင်တီးနား၊ ဘရာဇီး၊ ချီလီ၊ အီကွေဒေါ၊ မက်ဆီကို၊ ဘိုလ်လီးဗီးယား၊ ပီရူး၊ ဘာကီ နာဖာဆို၊တိုကို၊ မိုဇမ်ဘစ်၊ အိုင်ဗေရီကော (စ်)၊ တောင်ကိုရီးယား၊
ဖိလစ်ပိုင်၊  ဗီယက်နမ်၊ မြန်မာနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့ဖြစ်သည်။

 

#အသင်းဂိုဏ်း၏အားကိုးရာမှာ နှစ်သိမ့်ခြင်း၏မယ်တော်ဖြစ်သည်။
#အသင်းဂိုဏ်းကိုတည်ထောင်သူမှာ ရဟန္တာ မာရီးယာ ရိုးဇာမိုလာ(စ်)ဖြစ်သည်။
နှစ်သ်ိမ့်ခြင်းသီလရှင်ဂိုဏ်းတည်ထောင်ခဲ့သူ မာရီးယာ ရိုဇားမိုလာ(စ်) St. Maria Rosa Molas အား ၁၉၇၇၊ မေလ (၈)ရက်နေ့တွင် သူတော်စင်အဖြစ်ကြေညာခဲ့သည်။ ၁၉၈၈၊ဒီဇင်ဘာ(၁၁)ရက်နေ့တွင် သူမအားရဟန္တာသူတော်မြတ်အဖြစ် တင်မြှောက်ခြင်းခံခဲ့ရသည်။

#ကျင့်စဉ်နှင့်ဝိညာဉ်ရေးရာ Charism & Spirituality
ငါတို့သခင်ယေဇူးခရစ်တော်၏ ခမည်းတော်၊ သနားကရုဏာတော်နှင့်ပြည့်စုံတော်မူသောအဖ၊ နှစ်သိမ့်မှုအလုံးစုံကို ပေးတော်မူသောဘုရားသခင်အား မင်္ဂလာရှိစေသတည်း။ ကိုယ်တော်သည် ငါတို့ဒုက္ခဆင်းရဲခံရချိန်တိုင်း၌ ငါတို့ကို အားပေးနှစ်သိမ့်တော်မူ၏။ ဤသို့ဖြင့်ငါတို့သည် ငါတို့ကိုယ်တိုင် ဘုရားသခင်ထံမှရရှိခဲ့ကြသော နှစ်သိမ့်မှုဖြင့် အတိဒုက္ခရောက်နေကြသော သူတို့အား နှစ်သိမ့်ပေးနိုင်မည်ဖြစ်၏။” (ဒုကော်ရိန့်သု ၁း၃-၄)
သင်တို့၏ဘုရားသခင်မိန့်တော်မူသည်ကား၊ ငါ၏လူမျိုးတို့ကို နှစ်သိမ့်စေကြလော့၊ နှစ်သိမ့်စေကြလော့။” (ဟေရှာယ ၄၀း ၁)

 #ဆောင်ပုဒ် (motto)
ငါ၏လူမျိုးတို့ကိုနှစ်သိမ့်စေကြလော့၊ နှစ်သိမ့်စေကြလော့။” (ဟေရှာယ ၄၀း ၁)

 

#ကျင့်စဉ် (charism)
ဘုရားသခင်၏ကရုဏာတော်နှင့် နှစ်သိမ့်မှူ့ကိုပေးနိုင်သော အသုံးတော်ခံများဖြစ်ရန်။

#နှစ်သိမ့်ခြင်းဟူသည်မှာ……Consolation

- လူသား၏အကျင့်သိက္ခာနှင့် ၎င်း၏မပြည့်စုံသောအတိုင်းအတာ ရှာဖွေမှုတစ်ရပ်၊
- ဒုက္ခဝေဒနာခံစားနေရသူများနှင့် မျှော်လင့်ခြင်းကင်းမဲ့နေသူများအတွက်အသံတစ်ခု၊
-  အသက်အရွယ်မရွေး၊ လူမှုအခြေအနေမရွေး၊ ရောဂါ၊ ဝေဒနာခံစားနေရသူများနှင့် ဆင်းရဲနွမ်းပါးသူများအတွက် နှစ်သ်ိမ့်မှုယူဆောင်လာရန်တို့ဖြစ်သည်။

 #သီလရှင်များသည်ပရောဖက်ဟေရှာယ၏
ကမ္ဘာမြေကြီးအားနှစ်သ်ိမ့်စေကြလော့ဟူသောဟောပြောချက်ကို ဦးထိပ်ထားလျှက် သာနာတော်၏လယ်ကွင်း၌ အတိဒုက္ခရောက်နေသော အမျိုးသားများနှင့်အမျိုးသမီးများအတွက် နှစ်သိမ့်အားပေးခြင်းလုပ်ငန်းစဉ်များကို အဓိကရည်မှန်းထားလျက် မိမိတို့၏ဘဝဖြင့်ဆက်ကပ်ပူဇော်နေခြင်းပင်ဖြစ်သည်။ ခရစ်တော်၌ ဘုရားသခင်အားဖြင့်နှစ်သ်ိမ့်မှုကို ခံစားရကာ နယ်မြေဒေသအသီးသီး၌နေထိုင်ကြသောလူတို့အား အခွင့်အလမ်းမြင့်တင်ပေးသောပုံစံအဖြစ် ထိုနှစ်သိမ့်မှုကိုပြန်လည်မျှဝေလျက်ရှိကြပါသည်။

#တမန်တော်လုပ်ငန်းများ Apostolate﴿ 
#ပညာရေး Education﴿ 
မူကြိုကျောင်း၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်းပညာရေးထောက်ပံ့မှုအစီစဉ်များနှင့် ခရစ်ယာန်ပညာရေးအစီစဉ်များ။
တရားမျှတ၍ခင်မင်ရင်းနှီးတတ်သော လူ့အဖွဲ့အစည်းတစ်ခုတည်ဆောက်ရာတွင်ပါဝင်သည့်အနေဖြင့် ကျွန်မတို့သည်ပညာရေးဆိုင်ရာလုပ်ရှားမှုများ၊ လူသားဖွံ့ဖြိုးမှုနှင့်ဘက်စုံဖွံ့ဖြိုးမှုလုပ်ငန်းများကို သတင်းကောင်းမျှဝေသက်သေခံခြင်းအသွင်ဖြင့် ဆက်ကပ်လုပ်ဆောင်ကြသည်။

#ကျန်းမာရေးပြုစုစောင့်ရှောက်ခြင်း Health Care﴿
ဆေးရုံဆေးခန်းများ၊ ဘိုးဘွားရိပ်သာ၊ မသန်စွမ်းသူများဂေဟာ၊ အိမ်တွင်းမှုလုပ်ငန်းများကြည့်ရှုစောင့်ရှောက်ပေးခြင်း။
ဆင်းရဲနွမ်းပါးသူများနှင့်နာမကျန်းသူများ၏မျက်နှာများ၌ခရစ်တော်၏ မျက်နှာကိုရှုမြင်နိုင်ရန်လိုအပ်သည်။

#လူမှုရေးလုပ်ငန်း Social Works﴿
တဣသိုလ်ကျောင်းသားကျောင်းသူများအတွက် အဆောင်များ၊ ပြိုကွဲနေသောမိသားစုများနားခိုရာဌာန၊ စွန့်ပစ်ခံကလေးသူငယ်များနှင့် ရွှေ့ပြောင်းနေထိုင်သူများအတွက်လုပ်ငန်းအစီအစဉ်၊ မူးရစ်ဆေးဝါးသုံးစွဲသူများအတွက် ပြန်လည်ထူထောင်ရေးလုပ်းငန်းအစီအစဉ်။

#ဝိညာဉ်ရေးလုပ်ငန်းများ Pastoral﴿
ကမ္မဌာန်း(တရားစခန်းရိပ်သာ)၊ တဣသိုလ်ကျောင်းဝင်လုပ်ငန်းများဌာန၊ ဝိညာဉ်ရေးလမ်းညွှန်မှုနှင့်ဆွေးနွေးလမ်းညွန်မှု။

#နယ်ခြားသာသနာပြုခြင်း Mission abroad﴿
တိုင်းတစ်ပါးခြားတို့၌သာသနာပြုခြင်း။
အလိုအပ်ဆုံးသောသူများအား ခရစ်တော်၏နာမတော်၌ သွားရောက်ကြေငြာရင်း အစေခံခြင်းအားဖြင့် မိမိတို့သည် (သီလရှင်တို့သည်) ခရစ်တော်အားသိခြင်းနှင့်ချစ်ခြင်းမှ ရရှိခံစားရသော ဝမ်းမြောက်ခြင်းများကို ဝေငှကြသည်။

ဆက်သွယ်လိုပါက..
အမှတ် ၇၆၃၊ မာဃလုလင်လမ်း၊ ၁၀မိုင်
စော်ဘွားကြီးကုန်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့
ဖုန်း ၀၉၄၀၀၄၄၃၆၆၂၊ ၀၉၄၅၅၈၁၂၃၄၃
Email consolaciomyanmar@gmai.com
www.consolacion.org
Facebook consolacionmyanmar@gmai.com

 

Sisters of Our Lady of Consolation (NSC)

Our congregation was founded in Spain, in 1857 by St. Maria Rosa Molas, a passionate woman for God and humanity. She began in Tortosa (Cataluna), and her spirit and charism of consolation is continuously being spread in 4 continents, within 21 countries throughout the world; Spain, Italy, Portugal, Slovakia, Venezuela, Argentina, Brazil, Chile, Ecuador, Mexico, Bolivia, Peru, Burkina, Faso, Togo, Mozambique, Ivory Coast, South Korea, Philippines, Myanmar, Vietnam and Indonesia.

#Our Lady of Consolation
#Mother Foundress, Saint Maria Rosa Molas
§    May 8, 1977 She was proclaimed BLESSED
§    Dec.11, 1988 She was proclaimed SAINT
#Logo

  

Motto    :  Console, Console my people. (Is 40.1)
Charism: to be an instrument of mercy and consolation
Charism & Spirituality
“Praise be God, the Father of our lord Jesus Christ, the father of mercies, and the God of all consolation! He comforts us in all our afflictions and thus enables us to comfort those who are in trouble, with the same consolation we have received from him.”2Cor 1, 3-4
“Console, Console my people” (Is 40:1)

CONSOLATION…..

Ø Is to discover man in his limitations and dignity.
Ø To be a cry of hope for all who suffer, for all those who wait.
Ø To bring comfort whatever their age, social condition, diseases or poverty.

Faithful to the prophetic calling: “Console, Console my people” (Is 40:1); the sisters are offering services of consolation to the Church in all the fields were men and women are desolated. The consolation is the life’s reason for the Sisters. It is to be consoled by God in Christ and to give consolation, as a form of empowerment to the people in several areas.

Apostolate

Education
School: kindergarten, Elementary school, High school, Christian education program.
Health care
Hospitals, Clinics, House for the aged, Center for the disabled, Home care.
Social work
University boarding houses; Shelter houses for broken families, single mothers houses abandoned children, Migrant ministry programs, Rehabilitation programs for the substance dependents.
Pastoral
Retreat houses, Campus Ministry, Spiritual guidance, and counseling.
Mission abroad
No. 763 Magarlulin Street,
10 miles Saw Bwar GyiGone,
Insein Township Yangon
09400443662, 09455812343
Email consolaciomyanmar@gmai.com
www.consolacion.org
Facebook consolacionmyanmar@gmai.com
#အမေရိကန်ကက်သလစ်ဆရာတော်ကြီးများက တိုရွမ်တိုမုန်တိုင်းဒုက္ခသည်များအတွက်ဆုတောင်းပေးနေကြောင်း ရဟန်းမင်းကြီးမိန့်ကြား။
#Pope, US Bishops praying for victims of deadly tornadoes

ပြီးခဲ့သော အာဒ်၀င်တူးကာလ တတိယပတ်တနင်္ဂနွေနေ့မွန်းတည့်ချိန် အန်ဂျေလူးဆုတောင်း၌ ရဟန်းမင်း ကြီးဖရန်စစ်က အမေရိကန်ပြည်ထောင်စုအတွင်း အနည်းဆုံး ပြည်နယ် (၅) ခုကိုတိုက်ခတ်သွားတိုရွန်တိုမုန်တိုင်း ဒု က္ခသည်များအတွက်ဆုတောင်းပေးနေကြောင်း၊ အပျက်အစီးလည်းများခဲ့ကြောင်း၊ ပြည်သူတို့အား စိတ်ဒဏ်ရာများ လည်း ချန်ရစ်ခဲ့ကြောင်းမိန့်ကြားခဲ့သည်။  

#ညီညီညွှတ်ညွှတ်ဆုတောင်းကြစို့။

ဤမုန်တိုင်းကြောင့် ကင်တူဂီပြည်နယ်၌ သေဆုံးသူဦးရေ (၂၀) ကျော်ရှိခဲ့သည်။ ပြည်နယ်အစိုးရ၏ထုတ်ပြန် ချက်အရ သေဆုံးသူဦးရေ (၁၀၀) အထိရှိနိုင်ကြောင်း၊ Mayfield မြို့၊ ဖယောင်းတိုင်စက်ရုံတစ်ခုမှ  အယောက်လေး (၄၀) ကို ကယ်ထုတ်ပေးနိုင်ခဲ့ကြောင်း၊ သို့သော် အယောက် (၇၀) ခန့်မှာ လေဗွေ‌မွေ့ချိန်၌သေဆုံးနိုင်ချေရှိကြောင်း၊ အခြားသောပြည်နယ် (၄) ခု၌လည်း ဤမုန်တိုင်းသည် လူအယောက် (၃၀) ကိုသေဆုံးစေခဲ့သည်။

မုန်းတိုင်း၏ရိုက်ခတ်မူအလွန်ဆိုးရွားခဲ့သော Owensboro သာသနာ၏ ဆရာတော် William Medley က ကက် သလစ်ဘာသာတူများအား မုန်တိုင်းကြောင့် အသက်ဆုံးရှုံးခဲ့ကြရသောသူတို့အတွက် ဆုတောင်းခြင်း၌စည်းလုံးကြရန်’ ပန်ကြားခဲ့သည်။ စနေနေ့ကထုတ်ပြန်သော သူ၏ကြေညာချက်၌‘ ယခုကဲ့သို့သော သဘာ၀ဘေးဒဏ်ဖြစ်ပွားမူ၌ သာသနာအတွင်းရှိ သာသနာအုပ်စုအသီးသီးအား အလှူငွေများကောက်ခံ၍ မုန်တိုင်းဒုက္ခသည်များအားကူညီပေးကြ ရန်၊ သာသနာပိုင်ကရီတာ့စ်အနေဖြင့်မူ အရေးပေါ်အကူအညီလိုအပ်နေသူများအားအား ချက်ချင်းကူညီရန်အသင့်ရှိနေကြောင်း၊ ပြောကြားခဲ့သည်။

ငြိမ်းချမ်းခြင်း၊ နှစ်သိမ့်အားပေးခြင်းနှင့်မျှော်လင့်ခြင်းအတွက်ဆုတောင်းမေတ္တာ

တစ်နိုင်ငံလုံးအတိုင်းအတာနှင့်မူ အမေရိကန် ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ ဥက္ကဌဖြစ်သူ လော့စ်အိန်ဂျဲလ်စ် ဂိုဏ်းချုပ်သာသနာပိုင်ဆရာတော် José Gomez နှင့်ပြည်တွင်း၌တရားမျှတခြင်းနှင့် လူမူဘ၀ဘ၀ဖွံ့ ဖြိုးရေးတာ၀န်ခံ Oklahoma ဂိုဏ်းချုပ်ဆရာတော် Paul Coakley ကလည်းမုန်တိုင်းကြောင့်အသက်ပျောက်ခဲ့ကြရသူများ၊ ထိခိုက်ဒဏ်ရာရခဲ့ကြသူများနှင့် ကွယ်လွန်သွားခဲ့သော၊ အိမ်များဆုံးရှုံးပျက်စီးခဲ့သောသူတို့အတွက် ပူဆွေး၀မ်းနည်းနေကြသော မိသားစု၀င်တို့၏အမျိုးများ၊ အိမ်နီးနားချင်းများအတွက် ဆုတောင်းပေးပါကြောင်း၊ မုန်တိုင်း၏ရိုက်ခတ်မှုကို ခံရပြီးအသက်ရှင်ကျန်ရစ်နေသူများအားလုံးလည်း ယုံကြည်ခြင်း၌ ငြိမ်သက်ခြင်း၊ နှစ်သိမ့်ခြင်း၊ မျှော်လင့် ခြင်းများရရှိ ခံစားကြရပါစေ။ ဘုရားသခင်မဆုံးနိုင်သောမေတ္တာကို လည်းရရှိခံစားနိုင်ကြစေရန်၊ အရေးပေါ်လိုအပ် ချက်များကိုလည်း အမြန်ဆုံးကူညီဆောင်ရွက်ပေးနိုင်ရန်၊ ကူညီဆောင်ရွက်ပေးနေကြသောသူများလည်း ဘေးကင်းကြစေရန်၊ အတိဒုက္ခကျရောက်နေသော ကျွန်ုပ်တို့၏ ညီအစ်ကိုမောင်နှမများအားလုံးကိုလည်း အမိမယ်တော်ထံအပ် နှံပူဇော်ပေးပါကြောင်း၊ အမိမယ်တော်၏ စဉ်ဆက်မပြတ်သောကွယ်ကာခြင်း၊ ကြား၀င်ဆုတောင်းခြင်း၊ ‌ဝေနာခံစား နေရသူများအတွက် ကြား၀င်ဆုတောင်းပေးရန် တောင်းခံပေးလျှက်ရှိကြောင်း’ ကြေညာချက်ထဲတွင်ရေး သားဖော်ပြ ထားပါသည်။ 

ဘာသာပြန် - ဖာသာရ်ကလေးမင်းအားတယ်

Photo Crd

 

#The young priest who rescued people during WWII declared Venerable
#ဒုတိယကမ္ဘာစစ်ကာလက လူများ၏အသက်ကိုကယ်တင်ခဲ့သောရဟန်းပျိုကြည်ညိုလေးစားရသူအဖြစ်ကြေညာခံရ
#Medieval band gets the Pope's blessing ahead of the traditional donkey race
#အလယ်ခေတ်ကဘင်ခရာအဖွဲ့ရဟန်းမင်းကြီး၏ကောင်းကြီးကိုခံယူ
#Pope names Special Delegate for the Memores Domini association
#ရဟန်းမင်းကြီးဖရန်စစ်သည် Memores Domini အဖွဲ့အတွက်အထူးကိုယ်စားလှယ်ခန့်အပ်ခြင်း
#ကမ္ဘာတစ်၀ှမ်းမှ သာမန်ကက်သလစ်ဘာသာ၀င်တို့၏ သာသနာပြု်ဘ၀အခြေအနေ
#The state of Catholic lay missionaries worldwide

#နိုင်ငံရေး၌ ထဲထဲ၀င်၀င်လုပ်ဆောင်လွန်းသောကက်သလစ်ဘုန်းတော်ကြီးအား ရာသက်ပန်အမူတော်ဆောင်နိုင်ခွင့် မှရပ်ဆိုင်းလိုက်
Priest gets ‘irreversible’ suspension for entering politics

#ယခုနှစ်ဗာတီကန်တွင်ထားရှိမည့် သူငယ်တော်အိမ်သည် Peruvian Andes မှဖြစ်မည်။
Nativity scene at the Vatican will be from the Peruvian Andes

#RVA ဝန်ထမ်းတစ်ဦး ထူးချွန်ဝန်ထမ်းဆုကို ဆွတ်ခူးရရှိ။

#ရဟန်းမင်းကြီးသည် မြေထဲပင်လယ်ဒေသမှဘဲလာရုစ်သို့ရွေ့ပြောင်းသွားသူများအတွက်ဆုတောင်းပေး။
#Pope prays for all migrants, from the Mediterranean to Belarus
#ရဟန်းမင်းကြီးဖရန်စစ်သည် ဂရိနိုင်ငံ၏နွေးထွေးသောကြိုဆိုမူကိုကျေးဇူးတင်ကြောင်းမိန့်ကြား>
#Pope Francis thanks Greece for warm welcome
#ဩသိုဒေါ့စ်အသင်းတော်ခေါင်းဆောင် Ieronymos II ရဟန်းမင်းကြီးဖရန်စစ်ရောမသို့ပြန်မကြွမီတစ်ည၌ အတူလည်ပတ်ခဲ့ကြ။
#Ieronymos II visits with Pope Francis on eve of his return to Rome

#ဧ၀ဂေလိတရားတော်ကိုစိတ်ရှည်လက်ရှည် စတင်ဟောကြားရန် လိုအပ်ကြောင်း ရဟန်းမင်းကြီက ဥရောပမှ ခရစ်ယာန်များအားမိန့်ကြား။

#ရာသက်ပန်ကတိသစ္စာခံယူခြင်း။ (၀၈.၁၂.၂၀၂၁)
CONGREGATION OF MOTHER OF SORROWS SERVANTS OF MARY (OSM)

#မြန်မာနိုင်ငံ ကက်သလစ်သူတော်စင် အသင်းဂိုဏ်းများ၏ (၈၂) ကြိမ်မြောက် ညီလာခံအစည်းအဝေး။ (၇-၈၊ ဇန်နဝါရီလ၊ ၂၀၂၂ ခုနှစ်။)

#ရဟန်းမင်းကြီးဖရန်စစ်အတွက် အထူးဆုတောင်းပေးကြပါစို့ ...

#ကမ္ဘာ့အကောင်းဆုံ ဆရာဆုရရှိသူ ကင်ညာနိုင်ငံသား"(စိန့်ဖရန်စစ်ဂိုဏ်းက ဘရာလ်သာတစ်ပါးPeter Mokaya Tabichi)

#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။

ဘာသာစကားများ ဘာသာပြန်သင်တန်း

Camillian Pastoral Care Center, Bangkok, Thailand

 

"Pastoral Literaturer Translation Workshop(2024)
June 4-10, 2024  -   FABC- OSC 
Untitled Document
Total viewer: 461273