Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document
Full text of message for 55th World Day of Peace
Dialogue between generations, education, and work: tools for building lasting peace
(၅၅) ကြိမ်မြောက် ကမ္ဘာ့ငြိမ်းချမ်းရေးနေ့အတွက် ရဟန်းမင်းကြီး၏သ၀တ်လွှာအပြည့်အစုံ
နှင့်အဓွန့်ရှည်ငြိမ်းချမ်းရေးကိုတည်ဆောက်နိုင်ရန် မျိုးဆက်များ၊ ပညာရေးနှင့်အလုပ်အကိုင်များကြားဆွေးနွေးတိုင်ပင်ရန်လို

၁။ ‘ငြိမ်ချမ်းရေးတရားကို ကြေညာဟောပြောသောသူ၏ခြေလှမ်းတို့သည် တောင်တန်းများ၌အလွန်တင့်တယ်တော်မူ၏’ (ပရောဖက်‌အီဇယ ၅၂း၇) ပရောဖက်၏ ဟောကြားချက်သည် နှစ်သိမ့်မှုကိုပေးသည်။ ပြည်တော်နှင့်ဝေးနေရသော၊ မတရားမှုနှင့်ဖိနှိပ်မှုများကြောင့် ပင်ပန်းဆင်းရဲဒုက္ခရောက်နေသော၊ လူ့ဂုဏ်သိက္ခာမဲ့စွာဖြင့် သေချင်စော်နံနေသောလူမျိုးအား သက်သာရာရစေစော မင်္ဂလာစကားဖြစ်သည်။ ထို့အတူ ပရောဖက်ဘာရုခ်ကလည်း ‘အိုစ္စရေး၊ အဘယ်ကြောင့်နည်း။ သင်သည် အဘယ်ကြောင့် ရန်သူ၏နိုင်ငံတွင်ရောက်နေရသနည်း။ အဘယ်ကြောင့်တိုင်းတစ်ပါး၌ အသက်အရွယ်ကြီးရင့်၍ သေသောသူတို့ ကဲ့သို့ စက်ဆုပ်ရွံ့ရှာခြင်းကိုခံရသနည်း’ ဟုအံ့အားသင့်ခဲ့ရသည်။ (ဘာရုဟောဟာတမ်း ၃း၁၀-၁၁) အီစ္စရေးလူမျိုးတို့အတွက် ငြိမ်းချမ်းခြင်း၏တမန်တော်ကြွလာခြင်းသည် ၎င်းတို့လူမျိုးအတွက် ဒုက္ခဆင်းရဲခြင်းမှရုန်းထရန်နှင့်တောက်ပြောင်သော အနာဂတ်ကိုဆောင်ယူလာပေးသော အချိန်ကာလဟုဆိုလိုခြင်းဖြစ်သည်။ ‘ငြိမ်းချမ်းခြင်း၏လမ်းကြောင်း’ ဟု ရဟန်းမင်းကြီးပေါလ် (၆) အမည်သစ်ဖြင့်မှည့်ခေါ်ခဲ့သောလမ်းကြောင်းသည် ဘက်စုံဖွံ့ဖြိုးမှုပါ၀င်ရမည်ဖြစ်သော်လည်း လက်တွေ့ကြုံတွေ့နေရသော လူနေမှုဘ၀၌မူ ထိုအခြေအနေနှင့်လွန်စွာကွာဟနေသည်။ ငြိမ်းချမ်းရေးအတွက် နိုင်ငံများကြားတွေ့ဆုံဆွေးနွေးမှုကိုအားထုတ် လုပ်ဆောင်နေသော်လည်း စစ်မီးစစ်ဒဏ်များမှာပိုမိုကျယ်လောင်စိုးရွားလာနေသည်။ ကပ်ရောဂါဆိုးကြီး၏ ရိုက်ခတ်မှုမှာလည်း ပြင်းထန်လျှက်ရှိသည်။ သဘာ၀ပတ်၀န်းကျင်ပျက်ဆီးခြင်းနှင့် ရာသီဥတုပူနွေးလာမှုပြဿနာသည်လည်း တစ်နေ့တစ်ခြားကြီးထွားလာနေသည်။ အစာရေစာပြတ်လပ်မှုပြဿသည်လည်း နေ့စဉ်တိုးလျှက်ရှိသည်။ ‌ဝေမျှခံစားသည့်စနစ်ထက် ကိုယ်ကျိုးရှာစီးပွားစနစ်မှာလည်း အသာစီးလွှမ်းမိုးအားကောင်းလျှက်ရှိသည်။ ရှေးယခင်က ပရောဖက်တို့၏ခေတ်ကာလကဲ့သို့ ပင် ကျွန်ုပ်တို့ခေတ်ကာလ၌လည်း ဆင်းရဲနွမ်းပါးချို့တဲ့သောသောတို့၏ အော်ဟစ်သံသည် ဆက်လက်ကျယ်လောင်စွာ ထွက်ပေါ် လျှက်ရှိသည်။ တရားမျှတခြင်းနှင့်ငြိမ်းချမ်းရေးအတွက် တောင်းဆိုနေကြသည်။ ရာစုအဆက်ဆက်တိုင်းအတွက် ငြိမ်းချမ်းရေးသည် ဘုရားသခင်၏ လက်ဆောင်မွန်ဖြစ်သည်။ စွန့်လွှတ်‌ဝေမျှခြင်း၏ အသီးအပွင့်ဖြစ်သည်။ ‘ငြိမ်းချမ်းရေး၏ဗိသုကာ’ ဟု ပြောနိုင်သည်။ ဤဗိသုကာ၌ မတူညီသော ငြိမ်းချမ်းရေးလက်ရာတော်များ၊ အကွက်အဆင်များပါ၀င်လာနိုင်သည်။ ငြိမ်းချမ်းရေးအတွက်  အားလုံးအတူတကွ လုပ်ဆောင်နိုင်သည်။ တစ်ဦးစီ၏ နှလုံးသားမှအစပြုကာ မိသားစုအတွင်း၏ ဆက်ဆံရေး၊ လူမှုအဖွဲ့အစည်းနှင့်၀န်းကျင်၊ ထို့နောက်လူမျိုးတစ်မျိုးနှင့်တစ်မျိုး၊ နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ၏ ဆက်ဆံရေးအထိအတူတကွလုပ် ဆောင်သွားနိုင်သည်။ ဤနေရာ၌ အဓွန့်ရှည်သောငြိမ်းချမ်းကိုတည်ဆောက်နိုင်ရန် လမ်းကြောင်း (၃) ခုကိုတင်ပြပါမည်။

၁။ ပထမအချက်ကား မျိုးဆက်များကြားစေ့စပ်ဆွေးနွေးညှိုနှိုင်းရန်ဖြစ်သည်။ ဤသို့ညှိုနှိုင်းခြင်းဖြင့် အတွေးအမြင်များဖလှယ် ၍လုပ်ဆောင်ခြင်းကိုသိရှိလာစေသည်။

၂။ ဒုတိယအချက်ကား ပညာရေးသည် လွှတ်လပ်ခြင်း၊ တာ၀န်ယူတတ်ခြင်းနှင့်ဖွံ့ဖြိုးတိုးတက်မှုတို့၏အကြောင်းတရားဖြစ်သည်ကို သိရှိစေရန်ဖြစ်သည်။

၃။ တတိယအချက်ကား အလုပ်ဖြစ်သည်။ အလုပ်သည် လူတစ်ဦး၏ဂုဏ်သိက္ခာကိုပြည့်၀စွာဖော်ဆောင်သည်။ ဤအချက် (၃) ချက်သည် အဘယ်မည်သည့်လူမူရေးသဘောတူညီချက်ကိုပြုလုပ်သည်ဖြစ်စေ မပါမပြီးသောအခြေခံသဘောတရားဖြစ်သည်။ ဤအချက်များမပါပါက ငြိမ်းချမ်းရေးနှင့်ဆိုင်သောလုပ်ဆောင်ချက်များသည် အဓွန့်ရှည်ကြာမည်မဟုတ်ပေ။             

၂။ ကပ်‌ရောဂါဘေးဆိုးကြီး သင့်ရောက်နေသော ကမ္ဘာကြီး၌ ငြိမ်းချမ်းရေးတည်ဆောက်ရန်အတွက် မျိုးဆက်များကြား ညှိုနှိုင်းဆွေးနွေးရာ၌ ကြိုတင်မခန့်မှန်းနိုင်သော ပြဿနာများပေါ်လာနိုင်သည်။ အချို့သောသူများသည် အဖြစ်အပျက်အမှန်ကိုရှောင်ကွင်းကြသည်။ ၎င်းတို့၏သက်တောင့်သက်သာရှိသော ကမ္ဘာကြီး၌ ငုပ်လျှိုးနေကြသည်။ အချို့ကား အပျက်သဘောဆောင် သည့်တုန့်ပြန်မှုတို့ဖြင့် အကြမ်းဖက်ကြသည်။ မိမိနှင့်မဆိုင်သကဲ့သို့ တစ်ကိုယ်ကောင်းဆန်သော တုန့်ပြန်မှုနှင့်အကြမ်းဖက်သောကာကွယ်မှုကြား၌ အခြားဖြစ်နိုင်သောရွေးချယ်မှုရှိနိုင်သည်။ ထိုရွေးချယ်မှုကား မျိုးဆက်များကြားတွေ့ဆုံဆွေးနွေးခြင်း ဖြစ်သည်။ မှန်ကန်သော တွေ့ဆုံဆွေးနွေးခြင်း၌ မှန်ကန်ပြီး၊ အပြုသဘောဆောင်သော အမြင်များကိုဖလှယ်နိုင်ကြသည်။ ဤဘက်မျှသော ယုံကြည်မှုကိုပြန်လည်ရရှိနိုင်ရန် သင်ယူရမည်ဖြစ်သည်။ လက်ရှိဖြစ်ပွားနေသော ကပ်ရောဂါဆိုးကြီးသည် ကျွန်ုပ်တို့အား လူမှုရေးဖယ်ကျင်မှုနှင့်အခြားသူများအရေးကိုလစ်လျူရူကာ မိမိအရေးကိုသာ ဦးစားပေးလုပ်ဆောင်တတ်သည့် စိတ်နေသဘောထားကို တိုးပွားလာစေနိုင်သည်။ သက်ကြီးရွယ်အိုများ၏ အထီးကျန်ခံစားမှုသည် လူငယ်များအားလည်း အကူအညီမဲ့မှုနှင့်အနာဂတ်၏ မသေချာမရေရာသည့် ပုံစံမျိုးဖြင့် ရိုက်ခတ်သည်။ ဤအကြပ်အတည်းသည် အမှန်တကယ်ပင် နာကျင်ရသည်။ ထို့အတူ ကောင်းကျိုးကိုလည်းဖြစ်ပေါ်စေပါသည်။ အဘယ်ကြောင့်ဆိုသော် ဤကပ်ရောဂါဆိုးကြီးကာလ၌ ကမ္ဘာပေါ်ရှိ လူသားများအား အချင်းချင်းရက်ရောစွာကူညီယိုင်းပင်းကြရန်၊ ‌ဝေမျှခံထမ်းကြရန်တိုက်တွန်းနိုးဆော်ခဲ့ကြသည်။ ဆွေးနွေးညှိုနှိုင်းခြင်း၌ တစ်ဦးကိုတစ်ဦးနားထောင်တတ်ခြင်း၊ မတူညီသောအမြင်ကိုဖလှယ်ခြင်း၊ ထို့နောက်သဘောတူညီမှုကိုရယူကာ အတူတစ်ကွလက်တွဲလုပ်ဆောင်ခြင်းလည်းပါသည်။ မျိုးဆက်များကြား ဤသို့သောဆွေးနွေးညှိုနှိုင်းတတ်သည့် ယဉ်ကျေးမှုကိုမြှင့်တင်လုပ်ဆောင်ခြင်းဖြင့် တံတိုင်းကဲ့သို့သောအတားအဆီးများ၊ မိမိနှင့်မဆိုင်သကဲ့သို့နေတတ်သောအတားအဆီးများကို ဖျက်ဆီးကျော်လွှားသွားနိုင်သည်။ ထို့နောက် အဓွန့်ရှည်သောငြိမ်းချမ်းရေးမျိုးစေ့ကိုလည်းကြဲချနိုင်သည်။ မျက်မှောက်ကာလ၏ နည်းပညာများသည် မျိုးဆက်များအား ခွဲခြားရန်ဖန်တီးလုပ်ဆောင်နေသော်လည်း လက်ရှိကပ်ရောဂါ ဆိုးကြီးကမှု နိုင်ငံအချင်းချင်း အမှီသဟဲမပြုဘဲ နေ၍မရသည်ကိုပြသနေသည်။ ခောတ်လူငယ်များသည် သက်ကြီးဝါကြီးတို့ ဝေမျှသော ညာဏ်ပညာများ၊ အတွေ့အကြုံများကို လိုအပ်သည်။ သက်ကြီးရွယ်အိုများမှာလည်း ညာဏ်ပညာအတွေ့အကြုံများရှိသော်လည်း အင်အားများချိနဲ့လာသောကြောင့် လူငယ်တို့၏ ဆန်းသစ်မှု၊ အင်အားပြည့်ဝသော အထောက်အပံ့ကိုလိုအပ်သည်။ အလွန်ကြီးမားသောလူမှုရေး စိန်ခေါ်ချက်များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၌ သမိုင်းထိန်းသိမ်း‌သော သက်ကြီးရွယ်အိုများနှင့် သမိုင်းကိုလက်ဆင့်ကမ်း သယ်ဆောင်ကြမည့် မျိုးသက်သစ်တို့ကြား ညှိုနှိုင်းဆွေးနွေးရန်အလွန်လိုအပ် လာပါသည်။ မျိုးဆက်တစ်ဆက်တိုင်းသည် အခြားမျိုးဆက်အတွက် အကန့်ပြင်ထားရမည်။ အနိုင်ကျင့်ဗိုလ်ကျကာ အခြားရွေးချယ်စရာမရှိတော့သကဲ့သို့ မိမိ၏စိတ်၀င်စားရာ၊ အားသန်ရာကို အတင်းအကြပ် တိုက်တွန်းစည်းရုံးသည့်လုပ်ရပ်မျိုးမလုပ်ရပေ။ မျိုးဆက်များကြားတွေ့ဆုံဆွေးနွေးခြင်း၏ နောက်ကွယ်၌ ဘယ်မျှသောနိုင်ငံရေးရလာဒ်ဖြစ်ပေါ်စေသည်ကို လက်ရှိကမ္ဘာ့အကြပ်အတည်းကသက်သေပင်ဖြစ်သည်။ တစ်ပွဲတိုးဖြေရှင်းသည့်နည်းလမ်းမျိုးမဖြစ်ရ။ သို့သော် အခြားသူများအား ထူးခြားစွာချစ်သောနည်း၊ ‌ဝေမျှတတ်ရန်နှင့်အနာဂတ်ထိအဓွန့်ရှည်သောလုပ်ဆောင်ချက်မျိုးဖြစ်ရမည်။ အခက်အခဲများနှင့်ကြုံတွေ့ရသောအခါ မျိုး၌ ခြားနားသည့်မျိုးဆက်များကြား ညှိုနှိုင်းဆွေးနွေးသည့်အလေ့အထကိုပြုလုပ်သင့်သည်။ အဘယ်ကြောင့်ဆိုသော် ဤအလေ့အထသည် မျက်မှောက်အဖြစ်အပျက်ကိုအခြေခံ၍ အတိတ်ကိုပြန်ငဲ့ကြည့်ပြီး၊ အနာဂတ်ကိုမျှော်ရည်လုပ်ဆောင်တတ်သည်။ အတိတ်၏သမိုင်းဖြစ်ရပ်ကိုလေ့လာသင်ယူပြီး၊ ဒဏ်ရာဟောင်းကိုကုစားရသည်။ အဘယ်ကြောင့်ဆိုသော် အခါအားလျှော်စွာ ထိုဒဏ်ရာဟောင်းသည် အသစ်ပြန်ဖြစ်တတ်သည်။ အနာဂတ်ကိုမျှော်ကြည့်ရခြင်းမှာ ကျွန်ုပ်တို့၏ ဇွဲအားထက်သန်မှုကို အားဖြစ်စေသည်။ ပူးပေါင်းလုပ်ကိုင်နိုင်စေသည်။ ဖြစ်လာနိုင်ချေများကိုနိုးကြားရှင်သန်စေပြီး၊ မျှော်လင့်ချက်များကိုပွင့်ဖူး လာစေသည်။ အတူတကွရှိနေခြင်းဖြင့် တစ်ဦးထံမှတစ်ဦးကသင်ယူနိုင်သည်။ အမြစ်မရှိဘဲ အပင်တစ်ပင်သည် အဘယ်သို့ကြီး ထွားပြီး၊ အသီးများသီးနိုင်မည်နည်း။ ကျွန်ုပ်တို့အနေဖြင့် လူသားတို့၏ဘုံစံအိမ်ကိုဂရုတစ်စိုက်စောင့်ရှေက်ရန်လိုသည်။ ပတ်၀န်းကျင်သည် မျိုးဆက်တိုင်း၏စောင့်ရှောက်မှုကိုခံယူရန်လိုအပ်နေသည်။ ထို့အတူ လာမည့်မျိုးဆက်အားလည်း လက်ဆင့်ကမ်း ပေးရမည့်တာ၀န်ရှိသည်။ တရားမျှတသောကမ္ဘာကြီးအား တည်ဆောက်နေသည့် မျိုးဆက်သစ်လူငယ်များအား ပိုမိုတန်ဖိုးထား လေးစားသကဲ့သို့ အားပေးအားမြောက်လည်းပြုရမည်။ အဘယ်ကြောင့်ဆိုသော် မျိုးဆက်သစ်များသည် ဘုရားသခင်၏ဖန် ဆင်းခြင်းလုပ်ငန်းကို တာ၀န်ရှိသူပီသစွာဖြင့်စောင့်ရှောက်ကြရမည်ဖြစ်သည်။ ၎င်းတို့သည် ဤတာ၀န်ကို မနားမနေ၊ ဇွဲအား ထက်သန်စွာလုပ်ဆောင်ကြမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လက်ရှိ၌တွေ့ကြုံနေရသည့် လူမူရေးနှင့်စီးပွားရေးအကြပ် အတည်းများ ရုတ်ချည်းမပြောင်းလဲမီ လက်ဦးမှုရယူရန်လိုသည်။ အဓွန့်ရှည်သော ငြိမ်းချမ်းရေးကိုတည်ဆောက်ရန်မှာ ပညာ ရေးနှင့်အလုပ်အခွင့်အလမ်းကိုလည်း ဖြတ်တောက်ထား၍မရပေ။ ဤအချက် (၂) ခုသည်လည်း မျိုးဆက်များကြားထည့်သွင်း ဆွေးနွေးညှိုနှိုင်းရမည့်အကြောင်းအရာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ပညာရေးသည် မျိုးဆက်များကြား ညှိုနှိုင်းဆွေးနွေးရာ၌ နည်းလမ်းတကျရှိရန်ထိန်းကျောင်းပေးသည်။ အလုပ်လုပ်ရာမှ မတူညီသောအမျိုးသား၊ အမျိုးသမီးမျိုးဆက်များသည် အတူယှဉ်တွဲလုပ်ဆောင်ခြင်း၊ ကျွမ်းကျင်မှုများကိုဖလှယ်ခြင်း၊ အတွေ့အကြုံများနှင့်အမြင်များကိုဖလှယ်ခြင်းနှင့် ဘုံကောင်းကျိုးကို ရှေ့ရှုတတ်လာသည်။                 

 ၃။ သင်ကြားခြင်းနှင့်ပညာရေးကို ငြိမ်းချမ်းရေးကိုမောင်းနှင်သူအဖြစ် များမကြာမီနှစ်များပြုလုပ်ခဲ့ရာ ပညာရေးနှင့်သင်တန်းအတွက် ရံပုံငွေရရှိမှုလျော့နည်းခဲ့သည်။ ဤသို့ပြုလုပ်ခြင်းကို ရင်းနှီးမြှုပ်နှံသည်ဟုသတ်မှတ်ခြင်းထက် စမ်းသပ်သည်ဟုမြင်ကြသည်။ အမှန်မှာ ဤနည်းလမ်းသည် လူသားထုတစ်ရပ်လုံး၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပဓာဏကျသော နည်းလမ်းဖြစ်သည်။ တစ်ဦးစီအားလွတ်လပ်မှုနှင့် တာ၀န်ခံတတ်မှုကိုလုပ်ဆောင်ပေးသည်။ ငြိမ်းချမ်းရေးကိုကာကွယ်ရန်နှင့် တိုးမြှင့်လုပ်ဆောင်ရန် လိုအပ်ကခြင်းများဖြစ်သည်။ လိုရင်းကို ပြောရမည်ဆိုပါလျှင် သင်ကြားခြင်းနှင့် ပညာရေးသည် လူမှုအသိုင်းအဝိုင် စုစည်းပေးသော အခြေခံအုတ်မြစ်ဖြစ်သည်။ 

မျှော်လင့်ခြင်း။ တိုးပွါးခြင်းနှင့် ပြုပြင်ပြောင်းလဲခြင်းကို မွေးဖွားပေးနိုင်စွမ်းသည်။ အခြားတစ် ဖက်၌ စစ်အေးတိုက်ပွဲအပြီး၌ စစ်သုံးစရိတ်သည်သတ်မှတ်ချက်ထက်ပိုလျှံသုံးစွဲလာသည်။ အလွန်အကျွံသုံးစွဲလာသည်ဟုထင်ရသည်။ နိုင်ငံ၏အစိုးရသည် ပညာရေးထက် လက်နက်များ၀ယ်ယူခြင်းကိုပိုမိုတိုးမြင့်လုပ်ဆောင်လာသည်ကို မြင်တွေ့လာနေရသည်။ နိုင်ငံတကာ လက်နက်လျော့ချဖျက်သိမ်းရေးကို နည်းလမ်းမှန်ကန်စွာလုပ်ဆောင်နိုင်မှသာလျှင် လူသားနှင့်နိုင်ငံ၏ တိုးတက်ဖွံ့ဖြိုးရေးကိုအမှန်တကယ်လုပ်ဆောင်နိုင်မည်။ သို့မှသာ လက်နက်၀ယ်ယူရန်သုံးဖြုန်းနေသောငွေကြေးများကို ကျန်းမာရေးစောင့်ရှောင်မှု၊ စာသင်ကျောင်းများ၊ နိုင်ငံတော်အုပ်ချုပ်မှုအပိုင်း၊ မြေယာနှင့်အခြားသောဖွံ့ဖြိုး ရေးကဏ္ဍများ၌အကျိုးရှိစွာအသုံးပြုနိုင်သည်။ ပညာရေး၌ ရင်းနှီးမြှုပ်နှံမှုသည် ကျွန်ုပ် (ရဟန်းမင်းကြီး) ၏မျှော် လင့်ချက်ဖြစ်ပြီး၊ ဤရင်းနှီးမြှုပ်နှံမှုနှင့်အတူ ယဉ်ကျေးမှူကို ထိန်းသိမ်းမြင့်တင်ခြင်းကိုလည်းတစ်ပါတည်း လုပ်ဆောင်နိုင်သည်။ ဤနည်းအားဖြင့် တာ၀န်ယူမှု၊ တာ၀န်ခံမှုမရှိသည့်လူမှုအဖွဲ့အစည်းအတွင်း၌ရှိနေသော အဟန့်အတားများ၊ ကွဲပြားနေမှုများကိုပြန်လည်ပေါင်းကူးပေးသော တံတားဖြစ်လာနိုင်သည်။ နိုင်ငံတစ်နိုင်ငံသည် ၎င်း၏အရောင်အ သွေးမတူသော ယဉ်ကျေးမူများဖြစ်သည့် လူသိများသောယဉ်ကျေးမှု၊ နိုင်ငံတကာ၌၀င်ဆန့်သောယဉ်ကျေးမှု၊ လူငယ်နှင့်ဆိုင်သော ယဉ်‌ကျေးမှု၊ အနုပညာနှင့်ဆိုင်သော ယဉ်ကျေးမှု၊ နည်းပညာဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ၊ မိသားစုဆိုင်ရာနှင့်သတင်းမီဒီယာ ဆိုင်ရာယဉ်ကျေးမှုများကို အပြုသဘောဆောင်သည့် နည်းလမ်းဖြင့် တွေ့ဆုံဆွေးနွေးညှိုနှိုင်းနိုင်ပါက တိုးတက်ဖွံ့ဖြိုးလာမည်ဖြစ်သည်။ ကမ္ဘာနှင့်ရင်ဘောင်တန်းနိုင်သည့်ပညာရေးစနစ်နှင့်အနာဂတ်မျိုးဆက်များအ တွက်တန်း၀င်သည့်ယဉ်ကျေးမှုပုံစံကိုမီးပြင်းတိုက်၍လုပ်ဆောင်ရမည်။ ထိုယဉ်ကျေးမှုကား မိသားစု၊ အသင်းအဖွဲ့၊ ကျောင်းများ၊ တက္ကသိုလ်များ၊ မဖွဲ့အစည်းများ၊ ဘာသာရေးများ၊ အုပ်ချုပ်မှုအပိုင်းများနှင့် လူသားမိသားစုတစ်ရပ်လုံး လေးစားတန်ဖိုးထားတတ်သောယဉ်ကျေးမှုဖြစ်သည်။ ငြိမ်းချမ်းရေးစံတရားနှင့်ညီပြီး၊ သဘာ၀ပတ်၀န်းကျင်ထိန်း သိမ်းစောင့်ရှောက်ရေးလည်းပါ၀င်သော ပညာရေးမြှင့်တင်ရေးလုပ်ငန်းစဉ်သည် ညီအစ်ကိုရင်းစိတ်ဓာတ်နှင့်လူသား နှင့်သဘာ၀တရားက ထားရှိသောအညမညတရားသဘော၌တည်သည်။ မျိုးဆက်သစ်များအားပညာပေးခြင်းနှင့် သင်တန်းများပို့ချမျှ‌ဝေ၍ရင်းနှီးမြှုပ်နှံခြင်းသည် ၎င်းတို့အားပို၍အာရုံထားပြုစုပေးနိုင်သောအစီအစဉ်များကူညီပေးနိုင်သည်။ ဤသို့ဖြင့် ၎င်းတို့သည် စီးပွားရေးစျေးကွက်၌ လူမှန်၊ နေရာမှန်စွာယူတတ်လာပေမည်။        

၄။ ငြိမ်းချမ်းရေးကိုတည်ဆောက်ခြင်းနှင့် ဆက်လက်ထိန်းသိမ်းနိုင်ရေးအတွက် အလုပ်အခွင့်အလမ်းများဖန်တီပေးခြင်း၊ အာမခံများထားရှိခြင်းသည် မဖြစ်မနေရှိရမည့် အနေအထားတစ်ခုဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤအနေအထားသည် ကျွန်ုပ်တို့ကိုယ်နှင့် ကိုယ်စွမ်းကိုယ်စများကိုဖော်ထုတ်ပြသခြင်းဖြစ်သည်။ ထို့အတူ ကျွန်ုပ်တို့ကိုယ်ကို အ လုပ်ပေးခြင်း၊ ရင်းနှီးမြှုပ်နှံခြင်း၊ အခြားသူများနှင့်လက်တွဲလုပ်ဆောင်လာတတ်စေသည်။ အဘယ်ကြောင့်ဆိုသော် အလုပ်တစ်ခုကိုလုပ်တိုင်း ကျွန်ုပ်တို့သည် တစ်ဦးတစ်ယောက်အတွက်လုပ်ဆောင်နေခြင်းဖြစ်သည်။ ဤသို့လုပ် ဆောင်ခြင်းဖြင့် ကျွန်ုပ်တို့အလုပ်လုပ်တိုင်း တစ်ဦးတစ်ယောက်ကို အကျိုးဖြစ်ထွန်းစေကြောင်းနှင့် ထိုအကျိုးတရား ကြောင့်ကမ္ဘာကြီးအားပို၍ ပြည့်၀စုံလင်သွားစေကြောင်းကိုမြင်တွေ့လာမည်။ ကိုးဗစ် (၁၉) ကပ်ရောဂါဆိုးသည် အလုပ်စျေးကွက်ကို ထိခိုက်ပျက်ဆီးသွားစေခဲ့သည်။ ထို့ကြောင့် စိန်ခေါ်မှုကြီးမြင့်လာခဲ့သည်။ သန့်နှင့်ချီသောစီးပွား ရေးလုပ်ကွက်များ၊ ထုတ်ကုန်များလည်းရပ်တန့်သွားခဲ့ရ၊ ဆုံးရှုံးသွားခဲ့ရသည်။ လက်လုပ်လက်စားများအတွက် အထိ အခိုက်အလွန်ကြီးမားခဲ့သည်။ အာမခံချက်အပြည့်အ၀ရရှိထားကြသော အလုပ်သမားများပင်လျှင် အကျိုးခံစားခွင့် များလျော့နည်းသွားခဲ့သည်။ အခြေအနေများစွာ၌ အွန်လိုင်းမှပို့ချပေးသော ပညာရပ်များလည်း ထိရောက်မှုမရှိခြင်းများနှင့်သင်ကြားပေးရသော သင်ခန်းစာများလည်းနောက်ကျ၍ မပြီးစီးမှုများဖြစ်လာခဲ့သည်။ ၎င်းအပြင် လူငယ်များ အလုပ်စျေးကွက်ထဲသို့အရှိန်ဖြင့်တိုး၀င်လာသောကြောင့် သက်ကြီးအလုပ်လက်မဲ့များထပ်တိုးလာပြန်သည်။ စနစ်တကျမဟုတ်သောစီးပွားရေးအကြပ်အတည်း၌ ပြောင်းရွှေ့အလုပ်သမားများအား ထိခိုက်နစ်နာမှု များစွာဖြစ်ပေါ်စေသည်။ ထိုပြောင်းရွေ့မှုများသည် နိုင်ငံတော်တရားဥပဒေ၏ အသိအမှတ်ပြုခြင်းကိုပင် မခံရသည့်အပြင် ရှိသည်ဟုပင်သတ်မှတ်  မခံရပေ။ ၎င်းတို့နှင့်၎င်းတို့အားမှီခိုနေရသော မိသားစု၀င်များသည် အာမခံချက်လုံး၀မရှိသော အခြေအနေ၌ရှင်သန်နေရသည်။ ခေတ်သစ်ကျွန်ပြုစနစ်အမျိုးမျိုး၏ သားကောင်ဖြစ်နေရသည်။ မည်သည့်အကာအကွယ်မျှလည်းမရှိ။ ပေးမထားပေ။ လက်ရှိ၌ ကမ္ဘာပေါ်ရှိ အလုပ်လုပ်နိုင်သော အသက်အရွယ်၏ သုံးပုံတစ်ပုံသာလျှင် ဥပဒေ၏ အကာအကွယ်ကို အပြည့်အ၀ရရှိထားသည်။ ဤအကျိုးခံစားခွင့်သည်လည်း တင်းကြပ်သောစည်းဘောင်များကြားမှ ရရှိထားခြင်း ဖြစ်သည်။ အကြမ်းဖက်လုပ်ရပ်နှင့် စီစဉ်၍ကျူးလွန်သောရာဇ၀တ်မှုများသည် နိုင်ငံအတော်များများ၌တိုးမြင့်လျှက်ရှိသည်။ ထိုရာဇ၀တ်မှုများကား လူတစ်ဦး၏ လွတ်လပ်မှုနှင့် ဂုဏ်သိက္ခာကိုပိတ်ပင်ခြင်း၊ စီးပွားရေးကိုမလည်ပတ်နိုင် အောင်ဖျက်ဆီးလိုက်ခြင်း၊ ဘုံအကျိုးကိုဟန့်တားလိုက်ခြင်း၊ ခြိမ်းချောက်ခြင်းများကိုပြုလုပ်ခြင်းဖြစ်သည်။ ဤဆိုးရွားသော မလုံခြုံသည့် အလုပ်အကိုင်ပြဿနာအား ကိုင်တွယ်ဖြေရှင်းရန်မှာ ဂုဏ်သိက္ခာရှိသော အလုပ်အခွင့်အလမ်းများကို ကျယ်ကျယ် ပြန့်ပြန့်ဖန်တီးပေးရန်ဖြစ်သည်။ တရားမျှတခြင်းနှင့်အတူတကွခံထမ်း‌ဝေမျှတတ်ခြင်းသည် ဂုဏ်သိက္ခာရှိသောအလုပ်အကိုင် ကိုဖန်တီးရန်လိုအပ်သော လူမှုအသင်းအဖွဲ့တိုင်း၏အခြေခံအုတ်မြစ်ဖြစ်သည်။ ထို့ကြောင့် လူတို့၏လုပ်အားလိုအပ်ချက်၌ နည်းပညာများဖြင့် အစားထိုးရန်မကြိုးစားသင့်ပေ။ အဘယ်ကြောင့်ဆိုသော် နည်းပညာများကိုအစားထိုးလာခြင်းသည် လူအသိုင်းအ၀ိုင်းကိုဆိုးရွားစွာ ထိခိုက်စေသည်။ အလုပ်သည် လိုအပ်ချက်ဖြစ်သည်။ အလုပ်သည် လူ့ဘ၀ရှင်သန်ရခြင်း၏တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ အလုပ်သည်ကြီးထွားရန်၊ လူ့ဘ၀ဖွံ့ဖြိုးပြောင်းလဲရန်နှင့်မိမိ၏ရည်မှန်းချက် ပြီးပြည့်စုံစေခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ အတွေးအခေါ်နှင့်အားထုတ်မှုကိုပေါင်းစပ်ရသည်။ သို့မှသာ အလုပ်လုပ်ရန်အသက်အရွယ်ရောက်ပြီးသူတိုင်းအား အလုပ်အခွင့် အရေးကို ဖန်တီးဖြေရှင်းပေးနိုင်သည်။ ၎င်းတို့၏လုပ်အားဖြင့် ၎င်းတို့၏မိသားစုအားပြန်လည်ထောက်ပံ့ပေးနိုင်သည်။

 ဤသို့တောက်ပံ့ပေးနိုင်ခြင်းဖြင့် လူ့အသိုင်းဝိုင်း ကို တစ်နည်းတစ်လမ်းအားဖြင့်ထောက်ပံ့ပေးခြင်းဖြစ်သည်။ ဂုဏ်ရှိပြီး၊ လုံခြုံသော အလုပ်ကိုဖန်တီးပေးရန် ပို၍လိုအပ်သည်။ သို့မှသာ ဘုံကောင်းကျိုးနှင့်ဖန်ဆင်းခြင်းလုပ်ငန်းစဉ်ကို စောင့်ရှောက်ပေးနိုင်မည်ဖြစ်သည်။ လွတ်လပ်သော စီးပွားရေးဖော်ဆောင်မှု၌ အာမခံချက်နှင့်အထောက်အပံ့ရရှိရန် လိုအပ်သည် ။ လူမှုရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုကိုလည်း ဆန်းသစ်ရန် အားစိုက်ထုတ်ရမည်။ အဘယ်ကြောင့်ဆိုသော် အလုပ်လုပ်ခြင်းသည်၊ အကျိုးအမြတ်ရရုံသက်သက်မဟုတ်ဘဲ လူ့အသိုင်းအဝိုင်းတစ်ခုလုံးကို ပြုပြင်ပြောင်းလဲပေးခြင်းလည်းပါသည်။ ထို့ကြောင့် ရင်းနှီးမြှုပ်နှံမှုအသစ်များကို အားပေးရန်၊ ကြိုဆိုရန်၊ ထောက်ပံ့ရန်လိုအပ်သည်။ ကုမ္ပဏီများအားလည်း အလုပ်သမားတို့၏ အခြေခံအခွင့်အရေးများကိုလည်းလိုက်နာ စောင့်ထိန်းကြရန်၊ အဖွဲ့အစည်းများဖက်မှသာ နားလည်ပေးခြင်းမဟုတ်ဘဲ စားသုံးသူများ၊ လူမူအသိုင်းအ ၀ိုင်းနှင့်လုပ်ငန်းရှင်များဖက်မှလည်း နားလည်ပေးရမည်။ အလုပ်ငန်းရှင်များ၏အခန်း ကဏ္ဍသည်ပို၍ အရေးပါအခရာကျလာရာ လူ့ဂုဏ်သိက္ခာကို ပိုမိုလေးစားလိုက်နာရမည့်နေရာဖြစ်လာသည်။ ဤသို့ဖြင့် ငြိမ်းချမ်းရေးကိုတည်ဆောက်ရာ၌ ပါ၀င်ကူညီသူ များဖြစ်လာကြသည်။ ဤနေရာ၌ နိုင်ငံရေးအနေဖြင့် လွတ်လပ်သောစီးပွားရေးနှင့်တရားမျှတမှုကို ချိန်ခွင်လျှာမျှ ထိန်းညှိပေးရမည်ဖြစ်သည်။ ဤကဏ္ဍ၌ လုပ်‌ဆောင်သောသူမှန်သမျှသည် ကက်သလစ်အလုပ်သမားများ၊ ကက်သလစ်လုပ်ငန်းရှင်များနှင့် စတင်လုပ်ဆောင်ရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်ကက်သလစ်သာသနာတော်ကြီး၏ လူမူရေးဆိုင်ရာသွန်သင်ချက်၌သေချာ စွာညွှန်ကြားထားသည်။

ချစ်လှစွာသောညီအစ်ကိုမောင်နှမအပေါင်းတို့

ကျွန်ုပ်တို့သည် ကပ်ရောဂါဆိုးကြီးမှရုန်းထွက်နိုင်ရန်အတွက် အင်မားများကို စုပေါင်းကြသည်။  ပညာရေး၊ လုံခြုံရေး၊ လူ့အခွင့်အရး၊ ကာကွယ်ရေး၊ ဆေးဝါးထောက်ပံ့ရေး၊ နေထိုင်မကောင်းသောသူများနှင့် မိသားစု၀င်များတွေ့ဆုံနိုင်အောင် စီစဉ်ပေးခြင်း၊ စီးပွားရေးခက်ခဲ ကြပ်တည်းနေသောသူများ၊ အလုပ်လက်မဲ့ဖြစ်သွားသောသူများအား တက်ကြွစွာတာ၀န်ခံကူညီပေး နေကြသူများကို ကျေးဇူးတင်ကြောင်းထပ်လောင်းပြောချင်ပါသည်။ ထိုကပ်ဆိုက်ရောက်မှုကြောင့် မိသားစု၀င်များဆုံးရှုံးခဲ့ရ သောမိသားစုများအတွက်လည်း သတိရဆုတောင်းပေးလျှက်ရှိသည်။ အစိုးရခေါင်းဆောင်များ၊ နိုင်ငံရေး၊ လူမှုရေးပိုင်း၌ တာ၀န်ရှိသောသူများ၊ ကက်သလစ်ရဟန်းတော်များ၊ ကရုဏာရေးလုပ်ငန်းလုပ်ကိုင်သူများ၊ စိတ်ကောင်းနှလုံးကောင်းရှိသော အမျိုးသား၊ အမျိုးသမီးများအားလုံးကို ‘ကျွန်ုပ်တို့အားလုံး သတ္တိရှိရှိနှင့်ဆန်းသစ်တီထွင်မှုများဖြင့် မျိုးဆက်များကြား ဆွေးနွေးညှိုနှိုင်းမှု၊ ပညာရေးနှင့်အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးပေးရင်း အတူတကွ လျှောက်လှမ်းကြပါစို့။ ပိုမိုများပြားသော အမျိုးသား၊ အမျိုးသမီးများလည်း ငြိမ်းချမ်းရေးကိုပုံဖော်ထုဆစ်သောသူများအဖြစ် သတ္တိရှိရှိ နေ့စဉ်ရုန်းကန်လုပ်ဆောင်နိုင်ကြပါစေ။ ၎င်းတို့သည် ငြိမ်းချမ်းရေးဘုရားသခင်၏ အလင်းကျေးဇူးပေးမှု၊ လမ်းပြပေးမှု၊ ကောင်းကြီးကိုခံစားကြရပါစေဟုတိုက်တွန်းနှိုးဆော် လိုက်ပါသည်။         

(၂၀၂၁၊ ဒီဇင်ဘာ ၈) ရက်နေ့၊ ဗာတီကန်

ဘာသာပြန် - ဖာသာရ်ကလေးမင်း အားတယ်

Photo Crd

#The young priest who rescued people during WWII declared Venerable
#ဒုတိယကမ္ဘာစစ်ကာလက လူများ၏အသက်ကိုကယ်တင်ခဲ့သောရဟန်းပျိုကြည်ညိုလေးစားရသူအဖြစ်ကြေညာခံရ
#Medieval band gets the Pope's blessing ahead of the traditional donkey race
#အလယ်ခေတ်ကဘင်ခရာအဖွဲ့ရဟန်းမင်းကြီး၏ကောင်းကြီးကိုခံယူ
#Pope names Special Delegate for the Memores Domini association
#ရဟန်းမင်းကြီးဖရန်စစ်သည် Memores Domini အဖွဲ့အတွက်အထူးကိုယ်စားလှယ်ခန့်အပ်ခြင်း
#ကမ္ဘာတစ်၀ှမ်းမှ သာမန်ကက်သလစ်ဘာသာ၀င်တို့၏ သာသနာပြု်ဘ၀အခြေအနေ
#The state of Catholic lay missionaries worldwide

#နိုင်ငံရေး၌ ထဲထဲ၀င်၀င်လုပ်ဆောင်လွန်းသောကက်သလစ်ဘုန်းတော်ကြီးအား ရာသက်ပန်အမူတော်ဆောင်နိုင်ခွင့် မှရပ်ဆိုင်းလိုက်
Priest gets ‘irreversible’ suspension for entering politics

#ယခုနှစ်ဗာတီကန်တွင်ထားရှိမည့် သူငယ်တော်အိမ်သည် Peruvian Andes မှဖြစ်မည်။
Nativity scene at the Vatican will be from the Peruvian Andes

#RVA ဝန်ထမ်းတစ်ဦး ထူးချွန်ဝန်ထမ်းဆုကို ဆွတ်ခူးရရှိ။

#ရဟန်းမင်းကြီးသည် မြေထဲပင်လယ်ဒေသမှဘဲလာရုစ်သို့ရွေ့ပြောင်းသွားသူများအတွက်ဆုတောင်းပေး။
#Pope prays for all migrants, from the Mediterranean to Belarus
#ရဟန်းမင်းကြီးဖရန်စစ်သည် ဂရိနိုင်ငံ၏နွေးထွေးသောကြိုဆိုမူကိုကျေးဇူးတင်ကြောင်းမိန့်ကြား>
#Pope Francis thanks Greece for warm welcome
#ဩသိုဒေါ့စ်အသင်းတော်ခေါင်းဆောင် Ieronymos II ရဟန်းမင်းကြီးဖရန်စစ်ရောမသို့ပြန်မကြွမီတစ်ည၌ အတူလည်ပတ်ခဲ့ကြ။
#Ieronymos II visits with Pope Francis on eve of his return to Rome

#ဧ၀ဂေလိတရားတော်ကိုစိတ်ရှည်လက်ရှည် စတင်ဟောကြားရန် လိုအပ်ကြောင်း ရဟန်းမင်းကြီက ဥရောပမှ ခရစ်ယာန်များအားမိန့်ကြား။

#ရာသက်ပန်ကတိသစ္စာခံယူခြင်း။ (၀၈.၁၂.၂၀၂၁)
CONGREGATION OF MOTHER OF SORROWS SERVANTS OF MARY (OSM)

#မြန်မာနိုင်ငံ ကက်သလစ်သူတော်စင် အသင်းဂိုဏ်းများ၏ (၈၂) ကြိမ်မြောက် ညီလာခံအစည်းအဝေး။ (၇-၈၊ ဇန်နဝါရီလ၊ ၂၀၂၂ ခုနှစ်။)

#ရဟန်းမင်းကြီးဖရန်စစ်အတွက် အထူးဆုတောင်းပေးကြပါစို့ ...

#ကမ္ဘာ့အကောင်းဆုံ ဆရာဆုရရှိသူ ကင်ညာနိုင်ငံသား"(စိန့်ဖရန်စစ်ဂိုဏ်းက ဘရာလ်သာတစ်ပါးPeter Mokaya Tabichi)

#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။

ဘာသာစကားများ ဘာသာပြန်သင်တန်း

Camillian Pastoral Care Center, Bangkok, Thailand

 

"Pastoral Literaturer Translation Workshop(2024)
June 4-10, 2024  -   FABC- OSC 
Untitled Document
Total viewer: 461327