#ဆေးကြောခြင်းမဂ်လာမခံယူမီနှင့်ခံယူအပြီးရုတ်ချည်းပြောင်းလဲသွားသောကလေးလေး၏ပုံလူမူကွန်ရက်၌ လူပြောများနေ
#Astonishing “Before and After” baptism photos go viral
အလွန်အံ့ဩစရာကောင်းသော လှပသည့် သမီးလေး၏ ဆေးကြောခြင်းမခံယူမီနှင့်ခံယူအပြီး မှတ်တမ်း ရိုက် ကူးထားသောပုံကို လူမူကွန်ရက် ‘ဖေ့စ်ဘွတ်ခ်’ ၌တင်ခဲ့ရာလူကြည့်အလွန်များခဲ့သည်။ ထိုပုံ၏အောက်၌လည်း ‘ငါတို့ ရင်သွေးတွေကို မွေးပြီးတာနဲ့ အမြန်ဆုံးဆေးကြောခြင်းမဂ်လာကိုခံယူခိုင်းကြပါစို့’ ဟုလည်း စာတိုလေးရေး၍ ခရစ် ယာန်မိဘများအားတိုက်တွန်းထားသေးသည်။
ဤပုံကို အဆိုပါကလေးလေးအား ဆေးကြောခြင်းပေးသော ဖာသာရ် Gabriel Vila Verde ကသူ၏လူမူ ကွန်ရက်ပေါ်တွင်တင်လိုက်ခြင်းဖြစ်သည်။ ဆေးကြောခြင်းခံယူသောကလေးအား Maria Flor အမည်ဖြင့်ဆေး ကြောခြင်းပေးခဲ့သည်။ ဤသို့တင်လိုက်ရခြင်းမှာ ထင်ပေါ်လို၍၊ ကျော်ကြားလူသိများလို၍မဟုတ်။ ဘာသာရေးအ နှစ်သာရကိုပေးလို၍ဖြစ်သည်။ ထိုဘာသာရေးအနှစ်သာရကား ဆေးကြောခြင်းမခံမီနှင့်ဆေးကြောခြင်းခံယူပြီး ယုံကြည်ခြင်း အားဖြင့်သာ ကလေး၏ဝိညာဥ်ရေး အခြေအနေပြောင်းလဲသွားခြင်းမဟုတ်။ မြင်သာသိသာသော ရုပ်ပိုင်းဆိုင်ရာလည်းလုံး၀ပြောင်းလဲသွားသည်ကို မိဘများအားသိရှိစေလိုသောရည်ရွယ်ချက်ဖြင့် တင်လိုက်ခြင်းဖြစ် သည်။
အဆိုပါကလေးသည် ဘရာဇီးနိုင်ငံ၊ Bahia မှဖြစ်သည်။ ဆေးကြောခြင်းမဂ်လာပေးသော ရဟန်းဖြစ်သူက လူမူကွန်ရက်တွင်တင်လိုက်သောပုံ၏အောက်၌ အောက်ပါအတိုင်းစာတိုလေးရေးသားထားသည်။
‘ဒီပုံက Maria Flor လေးရဲ့ပုံဖြစ်ပါတယ်။ သူ့မိဘနှစ်ပါးကတော့ Lauro de Freitas ကျွန်တော်ရဲ့မိတ်ဆွေတွေ ဖြစ်ပါတယ်။ ပထမပုံကတော့ ဆေးကြောခြင်းမဂ်လာအခမ်းအနားမကျင်းခင် မိနစ်ပိုင်းအလိုလေးမှာရိုက်ယူခဲ့တာပါ။ ဒုတိယပုံကတော့ ဆေးကြေခြင်းခံယူပြီး ရိုကျယူခဲ့တ်။ ဒီပုံနှစ်ပုံရဲ့ထူးခြားချက်နဲ့ကွာခြားချက် ကိုသတိထားမိသလား။ မှတ်ချက်ပေးကြ ပါအုံး။ တက်တော့ စက္ကရာမင်တူးခံယူအပြီးမှပြောင်းလဲသွားတဲ့ကျွန်တော််တို့ရဲ့ဝိညာ် ရေးအခြေအနေကိုမျက်စိနဲ့မြင်တွေ့ ဖို့ဆိုတာအမြဲဖြစ်နေကြ တဲ့အရာမဟုတ်ပါဘူး။ ဘုရားသခ်ရဲ့ကော်းကြီးတေ်သ်ဆင်းလာမူကိုလည်း မြင်နိုင်တာမဟုတ်ဘူး။ ဒါပေမယ့် Maria Flor လေးရဲ့အ ဖြစ်အပျက်လေးက ထူးခြားတယ်။ ဘာဖြစ်လို့လဲဆိုတော့ စက္ကရာမင်တူးရဲ့ကျေးဇူးတော်ဟာ မျက်စိနဲ့မြင်နိုင်တဲ့အထိ ပြောင်းလဲမူကို ကိုယ်တိုင်မြင်တွေ့လိုက်ရလို့ပါ’ ဟုရေးသားထားသည်။ ဤစာတိုလေးနှင့်အတူ ဖာသာရ် Gabriel က ‘ရင်သွေးတွေကို မွေးဖွားပြီးစောနိုင်သမျှစောလျင်စွာနဲ့ဆေးကြောခြင်းမင်္ဂလာကိုခံယူနိုင်စေဖို့ကြိုးစားကြပါစို့။ ဘုရား သခင်ရဲ့သားသမီး တင်းပြည့်ကျပ်ပြည့်ဖြစ်ခွင့်ကို အချိန်ဆွဲမထားကြပါနဲ့’ ဟုလည်းရေးသားတိုက်တွန်းထားသည်။
ဘာသာပြန်- ဖာသာရ် ကလေးမင်းအားတယ်
Photo Crd
#ကမ္ဘာတစ်၀ှမ်းမှ သာမန်ကက်သလစ်ဘာသာ၀င်တို့၏ သာသနာပြု်ဘ၀အခြေအနေ
#The state of Catholic lay missionaries worldwide
#နိုင်ငံရေး၌ ထဲထဲ၀င်၀င်လုပ်ဆောင်လွန်းသောကက်သလစ်ဘုန်းတော်ကြီးအား ရာသက်ပန်အမူတော်ဆောင်နိုင်ခွင့် မှရပ်ဆိုင်းလိုက်
Priest gets ‘irreversible’ suspension for entering politics
#ယခုနှစ်ဗာတီကန်တွင်ထားရှိမည့် သူငယ်တော်အိမ်သည် Peruvian Andes မှဖြစ်မည်။
Nativity scene at the Vatican will be from the Peruvian Andes
#ဆရာဖြစ်သင်တန်း အမှတ်စဉ် (၁၄) အတွက် သင်တန်းသူ/ သားများဖိတ်ခေါ်ခြင်း။
#(PSIE)ပညာစမ့်းရေသင်တန်းကျောင်း။
#ရဟန်းမင်းကြီးသည် မြေထဲပင်လယ်ဒေသမှဘဲလာရုစ်သို့ရွေ့ပြောင်းသွားသူများအတွက်ဆုတောင်းပေး။
#Pope prays for all migrants, from the Mediterranean to Belarus
#ဩသိုဒေါ့စ်အသင်းတော်ခေါင်းဆောင် Ieronymos II ရဟန်းမင်းကြီးဖရန်စစ်ရောမသို့ပြန်မကြွမီတစ်ည၌ အတူလည်ပတ်ခဲ့ကြ။
#Ieronymos II visits with Pope Francis on eve of his return to Rome
#ဧ၀ဂေလိတရားတော်ကိုစိတ်ရှည်လက်ရှည် စတင်ဟောကြားရန် လိုအပ်ကြောင်း ရဟန်းမင်းကြီက ဥရောပမှ ခရစ်ယာန်များအားမိန့်ကြား။
#မြန်မာနိုင်ငံ ကက်သလစ်သူတော်စင် အသင်းဂိုဏ်းများ၏ (၈၂) ကြိမ်မြောက် ညီလာခံအစည်းအဝေး။ (၇-၈၊ ဇန်နဝါရီလ၊ ၂၀၂၂ ခုနှစ်။)
#ကမ္ဘာ့အကောင်းဆုံ ဆရာဆုရရှိသူ ကင်ညာနိုင်ငံသား"(စိန့်ဖရန်စစ်ဂိုဏ်းက ဘရာလ်သာတစ်ပါးPeter Mokaya Tabichi)
#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။