#ရဟန်းမင်းကြီးဖရန်စစ်၏ ‘ကိုးဗစ် (၁၉) ကာကွယ်ဆေး’ နှင့်ပတ်သက်၍တိုက်တွန်းချက်အလွန်ပြင်းထန်
#British Ambassador to the Vatican: Pope's message on vaccines “really powerful”
နှစ်သစ်၏အစ၌ ရဟန်းမင်းကြီးသည် ဗာတီကန်နှင့်သံခင်းတမန်ခင်းထားသော သံအမတ်များအား ကမ္ဘာကြီး ၌ဖြစ်ပျက်နေသောအခင်းအကျင်းနှင့်ပတ်သက်၍သာသနာ၏ရက်တည်ချက်ကိုအမြဲမိန့်ကြားရင်းနှစ်သစ်နုတ်ခွန်းချွေ လေ့ရှိသည်။ ဗြိတိန်နိုင်ငံ၏ ဗာတီကန်သံအမတ်အဖြစ်အမှုထမ်းနေသော သံအမတ် Christopher Trott က ရဟန်းမင်း ကြီးဖရန်စစ်၏ နှစ်သစ်ကူးမိန့်ခွန်းအချို့ကိုကောက်နုတ်သုံးသပ်ထားသည်။ရဟန်းမင်းကြီးသည် နိုင်ငံတကာအဖွဲ့အစည်းများအား မြောက်ကမ္ဘာနှင့်ပတ်သက်၍ ရိုးသားမြန်ဆန်စွာလုပ် ကိုင်၍ တောင်ကမ္ဘာခြမ်းရှိ ကမ္ဘာသူကမ္ဘာသားများလည်းအပါအ၀င် ကိုးဗစ် (၁၉) ကာကွယ်ဆေးကိုအမြန်ဆုံး စီစဉ် ပေးကြရန် အသံမြင့်မိန့်ကြားခဲ့သည်။ နိုင်ငံများစွာ၏အဆင့်ရှိ အရေးများကိုပြောကြားသည့်ပုံစံဖြင့်မိန့်ကြားခဲ့သည်။ ထို့နောက် မိမိတို့နိုင်ငံအတွင်း၏အရေးကိုမိန့်ကြားခဲ့သည်။ သံအမတ်ကြီးသည် သူ့၏သံအမတ်ခန့်အပ်လွှာကို ပြီးခဲ့သော စက်တင်ဘာလက ရဟန်းမင်းကြီးထံပေးအပ်ခဲ့သည်။ (၄) ကြာအတွင်းရဟန်းမင်းကြီးဖရန်စစ်၏ ဘာသာ ရေးခေါင်းဆောင်များနှင့်ငြိမ်းချမ်းရေးနှင့်ကမ္ဘာ့ရာသီဥတုပြောင်းလဲခြင်းနှင့်ပတ်သက်၍ တရားမျှတခြင်းရှိရေးကိစ္စ နှင့်ပတ်သက်၍ တွေ့ဆုံချိန်၌လည်း အပယ်ခံတို့၏အရေးကိုကိစ္စကို သူ၏မိန့်ခွန်းတိုင်း၌ မမေ့မလျော့ မပြတ်ထည့် သွင်းမိန့်ကြားခဲ့သည်ကိုသတိထားမိသည့်အကြောင်းပြောကြားခဲ့သည်။လူထုအားထပ်ခါတလဲလဲ အသိပေးခြင်းသည် ညှိုနှိုင်းဆွေးနွေးသည့်အချိန်၌ မကြားလိုက်သောသူများအား ကြားမိစေရန်ရဟန်းမင်းကြီးလုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း၊ ယမန်နှစ်အောက်တိုဘာလက ဘာသာရေးခေါင်း ဆောင်များနှင့်တွေ့ဆုံစဉ်က ကမ္ဘာ့လူထု၏ (၇၀) ရာခိုင်နှုန်းကိုကိုယ်စားပြုနိုင်သော အဖွဲ့အားအထက်ပါအသိတရား ကိုကြားအောင်မိန့်ကြားနိုင်ခဲ့ကြောင်း၊ ဗြိတိန်နိုင်ငံနှင့်ဗာတီကန်တို့သည် သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးအစညျး အဝေးကွီးဖွစျသော COP26 UN မတိုင်မီ ခေါင်းချင်းဆိုင်၍အတူတွဲလုပ်ခဲ့သည်။ အစိုးရနှစ်ရပ်လုံးကလည်း အဆိုပါ အဆိုတင်သွင်းချက်များကို အဘယ်မျှ လက်တွေ့ဖော်ဆောင်လျှက်ရှိသည်ကိုလည်း စုံစမ်းကြည့်ရူလျှက်ရှိကြောင်း၊ ရဟန်းမင်းကြီးသည် တွေ့ဆုံဆွေးနွေးခြင်းသည် အရေးကြီးကြောင်းကိုအထပ်ထပ်မိန့်ကြားခဲ့ကြောင်း၊ သို့မှသာ မတူ ကွဲပြားမှုများကိုဖြေရှင်းနိုင်မည့်နည်းလမ်းဖြစ်ကြောင်း၊ ဤအချက်သည် ဗြိတိန်အစိုးအနေဖြင့်လည်း တန်ဖိုးအလွန် ထားပြီးလုပ်ဆောင်လျှက်ရှိကြောင်း၊ တွေ့ဆုံဆွေးနွေးပွဲ၌လည်း အထူးအလေးပေးဆွေးနွေးခဲ့ကြကြောင်း၊ သံအမတ် က သူ့အနေဖြင့် ဗာတီကန်နှင့်ကမ္ဘာတစ်၀ှမ်းမှ ကက်သလစ်ကွန်ရက်များနှင့်ချိပ်ဆက်၍ (၂၀၂၂) ခုနှစ်၌ နိုင်ငံတကာ အရေးနှင့်ပတ်သက်သောကိစ္စများဖြစ်သည့် ကိုးဗစ် (၁၉) ကာကွယ်ဆေးဖြန့်ဖြူးပေးခြင်း၊ သံခင်းတမန်ခင်းနွယ်သော အခြားဘက်စုံအရေးများ ပြောင်းလဲတိုးတက်မှုများကို ပိုမိုအသားပေးလုပ်ဆောင်သည်။
ဘာသာပြန်- ဖာသာရ် ကလေးမင်း အားတယ်
Photo Crd
#ကမ္ဘာတစ်၀ှမ်းမှ သာမန်ကက်သလစ်ဘာသာ၀င်တို့၏ သာသနာပြု်ဘ၀အခြေအနေ
#The state of Catholic lay missionaries worldwide
#နိုင်ငံရေး၌ ထဲထဲ၀င်၀င်လုပ်ဆောင်လွန်းသောကက်သလစ်ဘုန်းတော်ကြီးအား ရာသက်ပန်အမူတော်ဆောင်နိုင်ခွင့် မှရပ်ဆိုင်းလိုက်
Priest gets ‘irreversible’ suspension for entering politics
#ယခုနှစ်ဗာတီကန်တွင်ထားရှိမည့် သူငယ်တော်အိမ်သည် Peruvian Andes မှဖြစ်မည်။
Nativity scene at the Vatican will be from the Peruvian Andes
#ဆရာဖြစ်သင်တန်း အမှတ်စဉ် (၁၄) အတွက် သင်တန်းသူ/ သားများဖိတ်ခေါ်ခြင်း။
#(PSIE)ပညာစမ့်းရေသင်တန်းကျောင်း။
#ရဟန်းမင်းကြီးသည် မြေထဲပင်လယ်ဒေသမှဘဲလာရုစ်သို့ရွေ့ပြောင်းသွားသူများအတွက်ဆုတောင်းပေး။
#Pope prays for all migrants, from the Mediterranean to Belarus
#ဩသိုဒေါ့စ်အသင်းတော်ခေါင်းဆောင် Ieronymos II ရဟန်းမင်းကြီးဖရန်စစ်ရောမသို့ပြန်မကြွမီတစ်ည၌ အတူလည်ပတ်ခဲ့ကြ။
#Ieronymos II visits with Pope Francis on eve of his return to Rome
#ဧ၀ဂေလိတရားတော်ကိုစိတ်ရှည်လက်ရှည် စတင်ဟောကြားရန် လိုအပ်ကြောင်း ရဟန်းမင်းကြီက ဥရောပမှ ခရစ်ယာန်များအားမိန့်ကြား။
#မြန်မာနိုင်ငံ ကက်သလစ်သူတော်စင် အသင်းဂိုဏ်းများ၏ (၈၂) ကြိမ်မြောက် ညီလာခံအစည်းအဝေး။ (၇-၈၊ ဇန်နဝါရီလ၊ ၂၀၂၂ ခုနှစ်။)
#ကမ္ဘာ့အကောင်းဆုံ ဆရာဆုရရှိသူ ကင်ညာနိုင်ငံသား"(စိန့်ဖရန်စစ်ဂိုဏ်းက ဘရာလ်သာတစ်ပါးPeter Mokaya Tabichi)
#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။