#ကာရီတာ့စ်နူးဇီလန်မှလည်း မီးတောင်ကြောင့် ဆူနာမီလှိုင်းဒဏ်ခံရသော ‘Tonga’ ကျွန်းအားအရေးပေါ်ကူညီမှုပေး
#Caritas New Zealand assists Tonga with emergency aid
ပြီးခဲ့သော ကြာသပတေးနေ့၌ မီးတောင်ပေါက်ကွဲခြင်းကြောင့် ဆူနာမီရေလှိုင်းများဒဏ်ခံရသော ‘Tonga’ ကျွန်းသူကျွန်းသားများအတွက် အရေးပေါ်လိုအပ်သောအကူအညီအပြည့်တင်ဆောင်လာသော လေယာဉ်တစ်စီး ပထမဦးဆုံးဆင်းသက်ခဲ့ပါသည်။ အဆိုပါလေယာဉ်သည် မီးတောင်ပေါက်ကွဲပြီးနောက် (၅) အကြာတွင် လိုအပ်သော အကူအညီများသယ်ဆောင်၍ ရောက်လာသောလေယာဉ်ပင်ဖြစ်သည်။အသက်ဆက်ရန်လိုအပ်သော အကူအညီအထောက်အပံ့များအဆိုပါအထောက်အပံ့များသည် နူးဇီလန်နိုင်ငံ၏ တော်၀င်လေတပ်လေယာဉ် (C-130) မှတင်ဆောင်လာပေး ခြင်းဖြစ်သည်။ နူးဇီလန်နိုင်ငံ၏နိုင်ငံခြားရေး၀န်ကြီး Nanaia Mahuta က ယခုသယ်ဆောင်လာသောပစ္စည်းများမှာ ရေသိုလှောင်ရန်ပုံး များ၊ ယာယီတဲများ၊ မီးစက်များ၊ ကျန်းမာရေးဆိုင်ရာပစ္စည်းများနှင့်မိသားစုအတွက်ဆောင်ထား ရန်ဆေးဗူးများ၊ ဆက်သွယ်ရေးကိရိယာများပါရှိကြောင်း ပြောကြားခဲ့သည်။
ဩစတေးလျားကာကွယ်ရေး၀န်ကြီး Peter Dutton ကလည်း ၄င်းတို့၏ကယ်ဆယ်ရေးယာဉ်သည်လည်း ရေ သန့်စင်စက်၊ တဲ၊ မီးဖို၊ ရွံ့နွံများသန့်စင်ရန်ဖုံသုတ်စက်များတင်ဆောင်လာကြောင်းပြောကြားခဲ့သည်။ ပြီးခဲ့သော စနေ နေ့ကပေါက်ကွဲခဲ့သည့် အလွန်ပြင်းထန်သည့် Hunga Tonga-Hunga ငလျင်သည် လူ (၃) ဦးသေဆုံးခဲ့ရပြီး၊ ဆူနာမီရေ လှိုင်းများဖြစ်ပေါ်စေကာ ရွာများ၊ အဆောက်အဦးများ၊ ရေချိုဒေသများသို့လည်း၀င်ရောက်ခဲ့သည်။ လူ (၁၀၅၀၀၀) နေထိုင်သောကျွန်းသူကျွန်းသားတို့၏ ဆက်သွယ်ရေးများကိုလည်းပြတ်တောက်သွားစေခဲ့သည်။ သို့သော် နိုင်ငံတ ကာနှင့်ဆက်သွယ်သော ဖုန်းလိုင်းများကိုမှု ဗုဒ္ဓဟူးနေ့က ပြန်လည်ပြင်ဆင်နိုင်ခဲ့သည်။
ကာရီတာ့စ်နူးဇီလန်က ကာရီတာ့စ် Tonga၊ ကာရီတာ့စ် Australia တို့နှင့်မိတ်ဖက်ချိပ်ဆက်ပြီး၊ အရေးအပေါ် အကူအညီလိုအပ်မှုများကို ကူညီဆောင်ရွက်ပေးနေသည်။ ကက်သလစ်သာသနာတော်ကြီး၏ လူမူရေးဆိုင်ရာသွန် သင်ချက်နှင့်အညီလုပ်ဆောင်နေသောအဖွဲ့အစည်းများက ဒုက္ခသည်များအားကူညီနေမှုသည် ကျွန်းအတွင်း၌ တုန့် ပြန်ပေးလျှက်ရှိကြောင်း၊ မြေပြင်၌ရောက်ရှိလုပ်ဆောင်နေသူများအနေဖြင့် အခြေအနေကိုအသိဆုံးဖြစ်ပြီး၊ အကောင်းဆုံးဖြစ်မည့်နည်းလမ်းများဖြင့် ဆုံးဖြတ်လုပ်ဆောင်ကြမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
ကူညီကယ်ဆယ်ရေးများလုပ်ဆောင်နေ၊
ကားရီးတာ့စ်နူးဇီလန်၏ programmes coordinator တစ်ဦးဖြစ်သော Rachel Harrison ကကနဦးအကူအညီများ သည် အလွန်အရေးတကြီးလိုအပ်သောနေရာ (၃) နေရာကိုဗဟိုပြုခဲ့ကြောင်း၊ ရေသန့်စင်စက်များ၊ ရှေ့ဦးသူနာပြစု နိုင်သည့်ဆေးသေတ္တာ၊ ရေပုံးများ၊ အနာများဆေးကြောပတ်စည်းပေးသောပတ်တီး၊ စောင်များပါကြောင်း၊ မီးတောင် ပေါက်ကွဲပြီးတစ်ရက်၊ နှစ်ရက်အကြာတွင် အထက်လွှတ်တော်မှညွှန်ကြားချက်ကိုရရှိခဲ့ကြောင်း၊ ထို့ကြောင့်ယခုကဲ့သို့ ကူညီရေးပစ္စည်းများကိုပေးပို့နိုင်ကြောင်းရှင်းပြခဲ့သည်။ ပြင်ဆင်ထားရန်လို၊
ယခုကဲ့သို့သော သဘာ၀ဘေးကြုံလာသည့်အခါမျိုး၌ အသင့်အနေအထားမျိုး၌ရှိရန်လိုအပ်သည်။ ဤကျွန်း သူကျွန်းသားများသည် သဘာ၀ဘေးဒဏ်များဖြစ်သော မုန်တိုင်း၊ ရေကြီးရေလျှံ၊ မြေပြိုမူများကိုမကြာခဏကြုံတွေ့ ရလေ့ရှိသည့်အတွေ့အကြုံရှိနေ၍ ကံကောင်းသည်ဟုဆိုရပေမည်။ ယခုအခြေအနေ၌ အစိုးရအားလည်းကောင်း၊ လူ မူကူညီရေးအသင်းအဖွဲ့များအားလည်းကောင်း အဘယ်သို့အကြောင်းကြားရမည်၊ တင်ပြရမည်၊ အကူအညီတောင်းရ မည်ကိုသိနေကြကြောင်း၊ ထို့ကြောင့် ကူညီရာ၌အခက်အခဲသိပ်မရှိပေ။
ရေရှည်အထောက်အပံ့ပေးခြင်း၊ကာရီတာ့စ်နူးဇီလန်အနေဖြင့် ကာရီတာ့စ် Tonga နှင့်ချိပ်ဆက်လုပ်ကိုင်နေသည်မှာဆယ်စုနှစ်နှစ်စုပင်ကျော် ပြီဖြစ်သည်။ ကာရီတာ့စ်နူးဇီလန်အနေဖြင့် Tonga ကျွန်းသူကျွန်းသားများ ၄င်းတို့၏ပုံမှန်အခြေအနေသို့ပြန်လည် ရောက်ရှိလာစေရေး ရေရှည်ကူညီမှုများပြုလုပ်သွားမည်ဖြစ်သည်။
ဘာသာပြန်-ဖာသာရ် ကလေးမင်းအားတယ်
Photo Crd
#ကမ္ဘာတစ်၀ှမ်းမှ သာမန်ကက်သလစ်ဘာသာ၀င်တို့၏ သာသနာပြု်ဘ၀အခြေအနေ
#The state of Catholic lay missionaries worldwide
#နိုင်ငံရေး၌ ထဲထဲ၀င်၀င်လုပ်ဆောင်လွန်းသောကက်သလစ်ဘုန်းတော်ကြီးအား ရာသက်ပန်အမူတော်ဆောင်နိုင်ခွင့် မှရပ်ဆိုင်းလိုက်
Priest gets ‘irreversible’ suspension for entering politics
#ယခုနှစ်ဗာတီကန်တွင်ထားရှိမည့် သူငယ်တော်အိမ်သည် Peruvian Andes မှဖြစ်မည်။
Nativity scene at the Vatican will be from the Peruvian Andes
#ဆရာဖြစ်သင်တန်း အမှတ်စဉ် (၁၄) အတွက် သင်တန်းသူ/ သားများဖိတ်ခေါ်ခြင်း။
#(PSIE)ပညာစမ့်းရေသင်တန်းကျောင်း။
#ရဟန်းမင်းကြီးသည် မြေထဲပင်လယ်ဒေသမှဘဲလာရုစ်သို့ရွေ့ပြောင်းသွားသူများအတွက်ဆုတောင်းပေး။
#Pope prays for all migrants, from the Mediterranean to Belarus
#ဩသိုဒေါ့စ်အသင်းတော်ခေါင်းဆောင် Ieronymos II ရဟန်းမင်းကြီးဖရန်စစ်ရောမသို့ပြန်မကြွမီတစ်ည၌ အတူလည်ပတ်ခဲ့ကြ။
#Ieronymos II visits with Pope Francis on eve of his return to Rome
#ဧ၀ဂေလိတရားတော်ကိုစိတ်ရှည်လက်ရှည် စတင်ဟောကြားရန် လိုအပ်ကြောင်း ရဟန်းမင်းကြီက ဥရောပမှ ခရစ်ယာန်များအားမိန့်ကြား။
#မြန်မာနိုင်ငံ ကက်သလစ်သူတော်စင် အသင်းဂိုဏ်းများ၏ (၈၂) ကြိမ်မြောက် ညီလာခံအစည်းအဝေး။ (၇-၈၊ ဇန်နဝါရီလ၊ ၂၀၂၂ ခုနှစ်။)
#ကမ္ဘာ့အကောင်းဆုံ ဆရာဆုရရှိသူ ကင်ညာနိုင်ငံသား"(စိန့်ဖရန်စစ်ဂိုဏ်းက ဘရာလ်သာတစ်ပါးPeter Mokaya Tabichi)
#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။