#၀ါတွင်းဆိုသည်ကား
#What is the Lent?
(၂၀၂၂) ၏၀ါတွင်းကာလသည် မတ်လ (၂) ရက်နေ့၌ ပြာခံ၍စတင်တော့မည်ဖြစ်သည်။၀ါတွင်းကာလသည် (၆) ပတ်ရှိသောကြောင့် အာဒ်၀င်တူးကာလထက်ရှည်ကြာသည်။၀ါတွင်းကာလသည် ပါစကားပွဲတော်အထိဆက်သွားမည်ဖြစ်သည်။ပါစကားတနဂ်နွေအပြီး၌ ပါစကားကာလထပ်မံဆက်သွားမည်ဖြစ်၍ ပါစကားကာလသည်လည်း ရက်ပေါင်း (၅၀)ကြာမည်ဖြစ်သည်။ ၀ါတွင်းကာလသည် ‘Easter Triduum’ (ပါစကားပွဲတော်ကိုကြိုတင်ပြင်ဆင်သော အခါကြီး ရက်ကြီးသုံးရက်) ဖြင့်အဆုံးသတ်သည်။ဝါတွင်းကာလနှင့်စပ်လျင်း၍ ရဟန်းမင်းကြီးဖရန်စစ်က (ဖေဖေါ်ဝါရီ၊ ၁၇၊ ၂၀၂၁) ၌ ‘ဝါတွင်းကာလသည်အများနှင့်ေပြာဆိုဆက်ဆံပေါင်းသင်းလုပ်ကိုင်ရာ၌ အတွင်းအပြင်နှစ်ပိုင်းလုံးကိုနှိမ့်ချရမည့်အချိန်ကာလဖြစ်သည်။ကယ်တင်ခြင်းသည် ဘုန်းတော်သို့ကြွတက်ခြင်းမဟုတ်။ သို့သော် ချစ်ခြင်း၌နှိမ့်ချ ခြင်းဖြစ်သည်။ မိမိကိုယ်ကို အထာပေး၍ လူတွင်ကျယ်ဖြစ်ရန်မဟုတ်။ တိုးတိတ်နှိမ့်ချစွာနေထိုင်ရမည့်အချိန်ဖြစ်သည်’ ဟုမိန်ကြားခဲ့သည်။ ရဟန်းမင်းကြီးဖရန် စစ်သည်ရက်ပေါင်း (၄၀)ကာလကို ကျွန်ဘ၀မှလွှတ်မြောက်လွတ်လပ်ခြင်း၊ဘုရားသခင်၏လူမျိုးတော်အီဂျစ်ပြည်မှ တောကန္တရ၌ နှစ်ပေါင်း(၄၀) သွားလာခဲ့ပြီး၊မိမိတို့၏နေရင်းပြည်သို့ပြန်လည်ရောက်ရှိသွားခြင်း’နှင့်နှိုင်းယှဉ်ပြထားသည်။ဆက်လက်၍ရဟန်းမင်းကြီးကကျွန်ုပ်တို့၏ဘုရားသခင်အိမ်တော်ပြန်ရာ လမ်း၌ မှုမမှန်သောတွယ်တာတပ်မက်မှုများကကျွန်ုပ်တို့၏လမ်းခရီးကို ကျန့်ကြာနှောက်နှေးစေသည်။ ကျွန်ုပ်တို့အပြစ်များ၊ ငွေကြေး၊ အပေါ်ယံအလှအပများ၊ အလိုမကျ၊မရောင့်ရဲနိုင်သော ဖြားယောင်းသွေးဆောင်မှုများကြောင့် နောက်ကောက်ပြန်ကျသွားနေကြသည်။ ဤ၀ါတွင်းခရီးကိုတာရောက်အောင်နင်ချင်ပါက အထက်ကဆိုခဲ့သောမရေရာ၊ မမှန်ကန်သောမျက်နှာဖုံးများကိုချွတ်ခွာရမည်။ ဤ၀ါတွင်းကာလကို အကျိုးရှိထိရောက်စွာ ကျင့်ကြံရှင်သန်ရန် ဧ၀ဂေလိကျမ်စာကအချက် (၃)ချက်ကိုလမ်းညွှန်ပေးထားပါသည်။၄င်းတို့မှာ (၁)အလှူအဒါန်းပြုခြင်း၊(၂)ဆုတောင်းခြင်း၊(၃)၀ါရှောင်ခြင်းတို့ဖြစ်ကြသည်။ဤ၀ါတွင်းကျင့်စဉ် (၃)ခုသည်ကျွန်ုပ်တို့အားမည်သည့်အခါမျှ အရောင်မှေးမှိန်လွင့်ပြယ်ခြင်းမရှိသောအမှန်တရားဆီသို့ပြန်လည်ပို့ဆောင်ပေးသည်။ဆုတောင်းခြင်းသည် ဘုရားသခင်နှင့်ပြန်လည်ပေါင်းစည်းစေသည်။ ကရုဏာရေးလုပ်ငန်းသည် ကျွန်ုပ်တို့၏နီးစပ်သူများနှင့်ပြန်လည်နီးစပ်စေသည်။ ၀ါရှောင် ခြင်းသည် ကျွန်ုပ်တို့ကိုယ်ကိုပြန်လည်နီးစပ်သွားစေသည်။ဘုရားသခင်၊ ကျွန်ုပ်၏နီးစပ်သူနှင့်ကျွန်ုပ်အသက်သည် မည်သည့်အခါမျှမှေးမှိန်ပျောက်ကွယ်သွားမည်မ ဟုတ်သော အမှန်တရားဖြစ်သည်။ဤ၀ါတွင်းကျင့်စဉ်ကို ကျင့်ကြံခြင်းသည်အလွန်ကောင်းပါသည်။ သို့သော် စိတ်ထားမှန်ကန်ဖြူစင်ရန်လိုအပ်သည်။ဖေဖေါ်၀ါ၂၆၊ ၂၀၂၀) ဝါတွင်းက ဝါတွင်းဝတ်တရားကိုဖြည့်ဆည်းရာ၌ ဟန်ဆောင်လှည့်စားမှုကင်းရန်နှင့်လူအထင်ကြီးစေရန်လုပ်ဆောင်ခြင်းကို ရှောင်ရန်၊မကြာခဏလူအထင်ကြီးစေရန်၊ ကြည့်ကောင်းစရေန် မိမိကိုယ်မိမိကြေနပ်ရုံ ရည်ရှယ်၍လုပ်ဆောင်ခဲ့သည်မြားကို ပြန်လည်ဆင်ခြင်ပြုပြင်ရမည်။ ကက် သလစ်ဘာသာတူများကြား၌ဝါတွင်းကျင့်စဉ်အဖြစ် ပူဇော်ခြိုးခြံခြင်းကို ရက် (၄၀) ပြုလုပ်တတ်ကြသည်။ ထိုလုပ်ရပ်မှာ အဘယ်အရာနှင့်တူသနည်းဟုမှု ခြိုးခြံ ခြင်းအလွန်ကြိုက်သောကလေးသည်ထိုဝါတွ်င်းကာလ၌ မစားဘဲရှောင်ခြင်းကဲ့သို့ဖြစ်၏။ ကောင်းပါသည်။ သို့သော် ယခုထက်ပိုမိုလေးနက်သော ပြုပြင် ပြောင်းလဲခြင်းမှာ သူ့ထံပြန်လာရန်ဖိတ်ခေါ်နေသောဘုရားသခင်၏အသံကိုထူး၍ သူ့ထံအမှန်တကယ်ပြန်လှည့်သွားရန်နှင့်အချစ်ခံရပျော်ရွှင်မှုကိုပြန်လည်ခံစား ကြည့်ရန်ဖြစ်သည်ဟုမိန့်ကြားခဲ့သည်။
ဘာသာပြန် ဖာသာရ် ကလေးမင်းအားတယ်
Photo Crd.
#ကမ္ဘာတစ်၀ှမ်းမှ သာမန်ကက်သလစ်ဘာသာ၀င်တို့၏ သာသနာပြု်ဘ၀အခြေအနေ
#The state of Catholic lay missionaries worldwide
#နိုင်ငံရေး၌ ထဲထဲ၀င်၀င်လုပ်ဆောင်လွန်းသောကက်သလစ်ဘုန်းတော်ကြီးအား ရာသက်ပန်အမူတော်ဆောင်နိုင်ခွင့် မှရပ်ဆိုင်းလိုက်
Priest gets ‘irreversible’ suspension for entering politics
#ယခုနှစ်ဗာတီကန်တွင်ထားရှိမည့် သူငယ်တော်အိမ်သည် Peruvian Andes မှဖြစ်မည်။
Nativity scene at the Vatican will be from the Peruvian Andes
#ဆရာဖြစ်သင်တန်း အမှတ်စဉ် (၁၄) အတွက် သင်တန်းသူ/ သားများဖိတ်ခေါ်ခြင်း။
#(PSIE)ပညာစမ့်းရေသင်တန်းကျောင်း။
#ရဟန်းမင်းကြီးသည် မြေထဲပင်လယ်ဒေသမှဘဲလာရုစ်သို့ရွေ့ပြောင်းသွားသူများအတွက်ဆုတောင်းပေး။
#Pope prays for all migrants, from the Mediterranean to Belarus
#ဩသိုဒေါ့စ်အသင်းတော်ခေါင်းဆောင် Ieronymos II ရဟန်းမင်းကြီးဖရန်စစ်ရောမသို့ပြန်မကြွမီတစ်ည၌ အတူလည်ပတ်ခဲ့ကြ။
#Ieronymos II visits with Pope Francis on eve of his return to Rome
#ဧ၀ဂေလိတရားတော်ကိုစိတ်ရှည်လက်ရှည် စတင်ဟောကြားရန် လိုအပ်ကြောင်း ရဟန်းမင်းကြီက ဥရောပမှ ခရစ်ယာန်များအားမိန့်ကြား။
#မြန်မာနိုင်ငံ ကက်သလစ်သူတော်စင် အသင်းဂိုဏ်းများ၏ (၈၂) ကြိမ်မြောက် ညီလာခံအစည်းအဝေး။ (၇-၈၊ ဇန်နဝါရီလ၊ ၂၀၂၂ ခုနှစ်။)
#ကမ္ဘာ့အကောင်းဆုံ ဆရာဆုရရှိသူ ကင်ညာနိုင်ငံသား"(စိန့်ဖရန်စစ်ဂိုဏ်းက ဘရာလ်သာတစ်ပါးPeter Mokaya Tabichi)
#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။