#မယ်တော်၏အစေအပါးဘုန်းတော်ကြီးများအသင်းဂိုဏ်း(OSM)
#TheOrderOfFriarServantsOfMary(Osm)
#နောက်ခံသမိုင်း အကျဉ်းချုပ်
မယ်တော်၏ အစေအပါးဘုန်းတော်ကြီးများအသင်းဂိုဏ်းသည်၊ အေဒီ ၁၂၃၃ တွင်၊ အီတလီနိုင်ငံ ဖလောရင့်မြို့၌ ဘာသာတရား ကိုင်းရှိူင်းသော၊ အမျိုးသား ၇ ဦးအားဖြင့် တီထောင်ခဲ့ကြသည်။ ထိုအမျိုးသား ၇ ဦး၏ အမည်များမှာ၊ ဘော်(န်)ဖီလီယူး(စ်)၊ ဘော်နာဂျွန်းသာ၊ အမေးသီးယူး(စ်)၊ ဟီယူး(က်)၊ မနေးသူ့(စ်)၊ ဆို(စ်)သေးနေ၊ နှင့် အလတ်ဆစ်(စ်) ဖယ်(လ်)ကိုနီယားရီ တို့ ဖြစ်ကြသည်။ တိုသူတို့သည်၊ ပစ္စည်းအမျိုးမျိုးကို ကုန်သွယ်၍ ရောင်းဝယ်ဖောက်ကားသော ကုန်သည်ကြီးများဖြစ်ကြသည်။ အထက်ဖော်ပြပါ အမျိူးသား ၇ ဦးသည်၊
မယ်တော်သခင်မအား အထူးသဒ္ဓါကြည်ညိုခြင်းရှိ၍၊ အဖွဲ့အစည်းတစ်ခုအဖြစ်၊ ရပ်တည်ခဲ့ကြသည်။
ထိုသူတို့သည် အရာအားလုံးထက် ဘုရားသခင်ကိုချစ်၍၊ အတွေး၊ အပြောနှင့် အကျင့်တို့အားဖြင့်၊ ကိုယ်တော်ကို ဂုဏ်ပြုကာ၊ မိမိတို့၏ ဘ၀တစ်လျှောက်လုံး ကိုယ်တော်ကိုသာ အစေခံဖို့ရန်၊ ပြင်စဉ်ခဲ့ကြသည်။ တစ်စိတ်တစ်သဘောတည်း အတူတစ်ကွ ပေါင်းသင်းနေထိုင်ရန်၊ သူတို့၏ ဆန္ဒပြင်းပြမှုကို ဘုရားသခင်၏ နှိုးဆော်ခြင်းအားဖြင့် လည်းကောင်း၊ မယ်တော်သခင်မ၏ ထူးခြားစွာ လမ်းပြမှုအားဖြင့်လည်းကောင်း၊ အတည်ပြုပေးခြင်းခံခဲ့ရသည်။ မိမိတို့၏ ပိုင်ဆိုင်မှုများကို မိသားစုအတွက်လုံလောက်စွာ ချန်ထားရစ်ခဲ့ပြီး၊ ပိုလျှံသောအရာများကို ဆင်းရဲသားတို့အား ခွဲဝေပေး၍၊ မိမိတို့၏အိမ်ကို စွန့်ခွါကာ၊ အတူတကွ နေထိုင်ခဲ့ကြသည်။
၁၂၃၃ တွင်၊ မယ်တော်သခင်မ ကောင်းကင်ဘုံသို့ ပင့်ဆောင်ခြင်းခံရသောပွဲနေ့၌ မယ်တော်သခင်မသည်၊ သူတို့(၇)ဦးအား ထင်ရှားပြကာ ဤလောကအရာများကိုစွန့်လွှတ်၍၊ ထာဝရ တည်မြဲသောအရာများအတွက် မိမိတို့ကိုယ်ကို ဆက်ကပ်ရန် မှားကြားခဲ့သည်။ နှုတ်ကပတ်တော် ဝေငှခြင်း၊ လူသားတို့အား အစေခံခြင်းနှင့် မယ်တော်သခင်မအား သဓ္ဓါကြည်ညိုခြင်းပေးကာ၊ အတူတကွ စုရုံးနေထိုင်ခဲ့ကြသည်။
မယ်တော်၏ အစေအပါး ဘုန်းတော်ကြီးများသည်၊ ကမ္ဘာ့တိုက်ကြိး ၇ ခုရှိ၊ နိုင်ငံပေါင်း ၄၀ တွင် အပါးရေ တစ်ထောင်နီးပါးခန့် အစေခံလျှက်ရှိနေကြပါသည်။ မယ်တော်၏ အစေအပါး ဘုန်းတော်ကြီးများ ဂိုဏ်းတွင်၊ လက်အောက်ခံ သီလရှင်ဂိုဏ်း စုစုပေါင်း ၂၃ ဂိုဏ်း ရှိပါသည်။
ဤအသင်းဂိုဏ်းသည်၊ မြန်မာနိုင်ငံသို့ ၂၀၀၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့တွင် စတင်ရောက်ရှိခဲ့သည်။ ဤအသင်းဂိုဏ်းဝင် ဘုန်းတော်ကြီးများသည်၊ မြန်မာနိုင်ငံ နေရာအသီးသီးတွင်၊ သူတော်စင်ဘောင်သို့ဝင်လိုသော လူငယ်များအား ပြုစုပျိုးထောင်ခြင်း၊ သာသနာ အသီးသီး၌ ဝိညာဉ်ရေး လိုအပ်ချက်များ ကူညီဆောင်ရွက်ပေးခြင်း၊ လူမှုရေးကိစ္စများနှင့် ပညာမြှင့်တင်ရေး အခမ်းကဏ္ဍများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်နေကြသည်။
လိပ်စာအပြည့်အစုံ
Fr. ဆူဆေးကျော်လွင်(OSM)
စိန့်ဖာတီမာ မယ်တော် ကက်သလစ် ဘုရားရှိခိုးကျောင်း။
ပေါ်ဦးလမ်း၊ ၁ - ရပ်ကွက်၊ သုံးခွမြို့၊ ရန်ကုန်တိုင်း။
ဖုန်း ၀၉၅၀၇၀၂၃၃၊ ၀၉၇၅၁၈၁၂၀၀၅
#ရဟန်းမင်းကြီးဖရန်စစ်၏ ပညာသင်ထောက်ပံ့ကြေးဖြင့် ကျောင်းသား (၁၅၀) ကိုနိုင်ငံမှမထွက်ခွာအောင်ကူညီပေးနိုင်ခဲ့
#Pope Francis Scholarship to fund 150 students to stop fleeing from Iraq
ရဟန်းမင်းကြီးဖရန်စစ် အီရတ်သို့ တမန်တော်ခရီးကြွရောက်ပြီး ပူပူနွေးနွေးပင်ရှိနေစဉ် လိုအပ်နေသော သာသနာနယ်များသို့ကူညီပေးသည့် Aid to the Church in Need (ACN) အဖွဲ့နှင့် Erbilကက်သလစ်တက္ကသိုလ်တို့ပူးပေါင်း၍ ကျောင်းသားလူငယ်များအား နိုင်ငံအတွင်းပညာဆက်လက် သင်ကြားနိုင်အောင်ဆောင်ရွက်ပေးရေးအစီအစဉ်ကိုဖော်ဆောင်လိုက်သည်။အီရတ်မှကျောင်းသားလူငယ်များသည် မွတ်စလင်အစွန်းရောက်တို့ဖျက် ဆီးလိုက်သော ပညာရေးစနစ်ကြောင့် နိုင်ငံအတွင်း ပညာဆက်လက်သင်ကြားရန်အခြေအနေလုံး၀မရှိဖြစ်သွားခဲ့ရသည်။အနာဂတ်မဲ့သွားသည်ကိုပြန် လည်တည်ဆောက်ပေးရန်ဖြစ်သည်။ကိုးဗစ်ကြောင့်လည်း အခက်အခဲများစွာကြားမှ (၂၀၂၂) ခုနှစ်ပညာသင်နှစ်၏ပထမအသုတ်အဖြစ် စတင်လိုက်ပြီဖြစ်သည်။ရဟန်းမင်းကြီးဖရန်စစ်၏ပညာ သင်ထောက်ပံ့ကြေးကိုဒေါ်လာ (၁.၇)သန်းဖြင့်စတင်လိုက်သည်။ထိုပမာဏာဖြင့် ကျောင်းသားပေါင်း(၁၅၀)ကို(၄) နှစ်စာထောက်ပံ့ ပေးနိုင်ပြီး၊ ခရစ်ယာန်ကျောင်းသား (၉၀) ရာခိုင်နှုန်းကိုကူညီနိုင်မည်ဖြစ်သည်။ပထမအသုတ်ထဲ၌ ကျောင်းသား (၁၂၈) ဦးအနက် ခရစ်ယာန် (၁၁၃) ဦးပါပြီး၊ (၁၂) ဦးမှာ Yazidi (ရိုးရာ) ဘာသာ၀င်၊ (၃) ယောက်မှာမွတ်စလင်များဖြစ်ကြသည်။Nineveh Plains မှ အမျိုးသမီး (၁၂) ဦးအား၏လိုအပ် ချက်ကြောင့်လည်း ကျောင်းအိပ်ကျောင်းစားအဖြစ်စီစဉ်ပေးထားသည်။အားလုံးနီးပါးသည်မိမိတို့၏မွေးရပ်မြေမှ (၂၀၁၄)ခုနှစ်၊မွတ်စလင်အစွန်းရောက်တို့၏ လက်ချက်ကြောင့်နည်းလမ်းအသွယ်သွယ်ဖြင့်ထွက်ပြေးလွတ်မြောက်နေကြသောလူငယ်များဖြစ်ကြသည်။ACNအဖွဲ့နှင့်ACNကက်သလစ်တက္ကသိုလ်တို့၏ မိတ်ဖက်အစီအစဉ်အားဖြင့် အီရတ်မှခရစ်ယာန်များနှင့်အခြားသောဘာသာ၀င်လူနည်းစုတို့၏အနာဂတ်ကိုတည်ဆောက် ပေးရန်ဖြစ်သည်။ACN တက္ကသိုလ်အနေဖြင့် ကျောင်းသားများအား မိမိတို့၏နိုင်ငံ၊မိသားစုကိုစွန့်၍မြေခြားရေခြားသို့မထွက်ခွာစေလိုပေ။ကောင်းမွန်သောပညာရေးကိုပေး၍ ၄င်းတို့၏သားသမီးများသည် အနာဂတ်၌အလုပ်ကောင်းများရပြီး၊အီရတ်နိုင်ငံကိုပြန်လည်တိုးတက်ဖွံ့ဖြိုးအောင်လုပ်ဆောင်နိုင်သည်ဆိုသည့်အသိကိုမိဘများနားလည်စေလိုကြောင်းတက္ကသိုလ်ကိုတည်ဆောက်ခြင်းကိုကိုယ်တိုင်ပါ၀င်အားပေးခဲ့သောဂိုဏ်းချုပ်ဆရာတော် Bashar Warda ကရှင်းပြသည်။ ကောင်းမွန်သောပညာရေးကိုရလျှင် မိမိတို့ဇာတိမြေကိုစွန့်ခွာကြမည်မဟုတ်။ထိုသို့ဖြစ်စေရန် ACNကအတတ်နိုင်ဆုံးကူညီလုပ်ဆောင်ပေးထားပြီဖြစ်သည်။လက်ရှိ၌ လူငယ်များအားကောင်းမွန်သောပညာရေးပေး၍ရင်းနှီးမြှုပ်နှံရမည့်အချိန်ဖြစ်သည် ဟု ACN ၏တာ၀န်ခံ Thomas Heine-Geldern ကပြောကြားခဲ့သည်။ဤအစီအစဉ်ကိုတွင်စတင်ဖော်ဆောင်ခဲ့သည်။တက်ကသိုလ် ကို (၂၀၁၅) ခုနှစ်ကတည်ဆောက်ခဲ့သည်။လက်ရှိ၌လေးနှစ်ပေါင်း၍ ကျောင်းသား(၂၈၀) သာရှိသည်။ဤကြောင်းမှဗိသုကာ၊ ဆေးဝါးစမ်းသပ်ထုတ်လုပ်သော သိပ်ပံဘာသာရပ်တို့ကိုသင်ကြားပေးလျက်ရှိပြီး၊ နောက်နှစ်၌ အဂ်လိပ်နှင့်ဆေးဝါးထုတ်လုပ်ရေးဘာသာရပ်ကိုတိုးမြှင့်ဖွင့်လှစ်သွားမည်ဖြစ်သည်။
ဘာသာပြန်် ဖာသာရ် ကလေးမင်းအားတယ်
Photo Crd.
#ကမ္ဘာတစ်၀ှမ်းမှ သာမန်ကက်သလစ်ဘာသာ၀င်တို့၏ သာသနာပြု်ဘ၀အခြေအနေ
#The state of Catholic lay missionaries worldwide
#နိုင်ငံရေး၌ ထဲထဲ၀င်၀င်လုပ်ဆောင်လွန်းသောကက်သလစ်ဘုန်းတော်ကြီးအား ရာသက်ပန်အမူတော်ဆောင်နိုင်ခွင့် မှရပ်ဆိုင်းလိုက်
Priest gets ‘irreversible’ suspension for entering politics
#ယခုနှစ်ဗာတီကန်တွင်ထားရှိမည့် သူငယ်တော်အိမ်သည် Peruvian Andes မှဖြစ်မည်။
Nativity scene at the Vatican will be from the Peruvian Andes
#ဆရာဖြစ်သင်တန်း အမှတ်စဉ် (၁၄) အတွက် သင်တန်းသူ/ သားများဖိတ်ခေါ်ခြင်း။
#(PSIE)ပညာစမ့်းရေသင်တန်းကျောင်း။
#ရဟန်းမင်းကြီးသည် မြေထဲပင်လယ်ဒေသမှဘဲလာရုစ်သို့ရွေ့ပြောင်းသွားသူများအတွက်ဆုတောင်းပေး။
#Pope prays for all migrants, from the Mediterranean to Belarus
#ဩသိုဒေါ့စ်အသင်းတော်ခေါင်းဆောင် Ieronymos II ရဟန်းမင်းကြီးဖရန်စစ်ရောမသို့ပြန်မကြွမီတစ်ည၌ အတူလည်ပတ်ခဲ့ကြ။
#Ieronymos II visits with Pope Francis on eve of his return to Rome
#ဧ၀ဂေလိတရားတော်ကိုစိတ်ရှည်လက်ရှည် စတင်ဟောကြားရန် လိုအပ်ကြောင်း ရဟန်းမင်းကြီက ဥရောပမှ ခရစ်ယာန်များအားမိန့်ကြား။
#မြန်မာနိုင်ငံ ကက်သလစ်သူတော်စင် အသင်းဂိုဏ်းများ၏ (၈၂) ကြိမ်မြောက် ညီလာခံအစည်းအဝေး။ (၇-၈၊ ဇန်နဝါရီလ၊ ၂၀၂၂ ခုနှစ်။)
#ကမ္ဘာ့အကောင်းဆုံ ဆရာဆုရရှိသူ ကင်ညာနိုင်ငံသား"(စိန့်ဖရန်စစ်ဂိုဏ်းက ဘရာလ်သာတစ်ပါးPeter Mokaya Tabichi)
#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။