#သိကြားတမန်အမိမယ်တော်ထံ အမိန့်တော်ပြန်ကြားသော ရက်ကြီးအခါကြီးနေ့၌ မစ္ဆားတရားအတွင်းဟောကြားသောရဟန်းမင်းကြီး၏ဩဝါဒ
#Full Text: Pope Francis’ Homily on the Solemnity of the Annunciation
ရဟန်းမင်းကြီးဖရန်စစ်သည်ယမန်နေ့ မတ်လ (၂၅) ရက်နေ့က စိန့်ဘာစီးလီကာဘုရားကျောင်းကြီးအတွင်း၌ ‘သိကြားတမန် အမိမယ်တော်ထံအမိန့်တော်ပြန်တော်မှုသည့်ပွဲ’နေ့မစ္ဆားကိုဦးဆောင်ပူဇော်ခဲ့သည်။မစ္ဆာအတွင်း ရဟန်းမင်းကြီးက ကမ္ဘာပေါရှိဆရာတော်ကြီးများ၊ဘာသာတူများနှင့်အတူလက်ရှိ၌ ကျွန်ုပ်တို့တွေ့ကြုံနေရသောအခြေအနေအရပ်ရပ်ကိုအလွန်စင်ကြယ်တော်မူသောနှလုံးတော်ထံ တင်လှူပူဇော်ပါသည်ဟုအစချီ၍ ထိုနေ့ကဖတ်ကြားခဲ့သောပွဲ နေ့ဧ၀ဂေလိကျမ်းကို အောက်ပါအတိုင်းထောက်ရူ၍ ဩ၀ါဒမြွတ်ကြားခဲ့သည်။သိကြားမင်းဂါဘရီအဲလ်သည် အမိမယ်တော်အားသုံးကြိမ်စကားပြောခဲ့သည်။ပထမအကြိမ်၌ ‘ကျေးဇူးတော်နှင့်ပြည့်စုံသူ၊ဘုရားသခင်သင်နှင့်အတူရှိသူ၊၀မ်းမြောက်လော့’ဟုနုတ်ဆက်ခဲ့သည်။(သံလုကာ ၁း၂၈)၀မ်းသာရသည့်အကြောင်းအရင်းမှာ ‘ဘုရားသခင်သည်’ မယ်တော်နှင့်အတူရှိသောကြောင့်ဖြစ်ပါ သည်။ ချစ်လှစွာသော ညီအစ်ကိုမောင်နှအပေါင်းတို့ သိကြားတမန်၏နုတ်ဆက်ခြင်းသည် သင်တို့အားပြောကြားနေပါသည်။သင်တို့သည် ဘုရားသခင်၏အပြစ် ခွင့်လွှတ်ခြင်းကိုခံယူတိုင်းဤနုတ်ဆက်ခြင်းသည်သင်တို့အားနုတ်ဆက်သည့်စကားအဖြစ်ခံယူလိုက်ကြပါ။ထိုအခါဘုရားသခင် ‘ငါသည်သင်တို့နှင့်ရှိပါသည်’ဟုသင်တို့အားမိန့်ကြားလာလိမ့်မည်။မကြာခဏကျွန်ုပ်တို့သည် အာပတ်ဖြေခြင်းစက္ကရာမင်တူးကိုခံယူရန်ချဉ်းကပ်သွားလျှင်ဘုရားသခင်ထံသို့ချဉ်းကပ်သွားသည် ဟုခံစားရခြင်း မသက်မသာသောခံစားချက်မျိုးဖြင့်သွားတတ်ကြသည်။အမှန်မှာအာပတ်ဖြေခြင်းစက္ကရာမင်တူးကိုခံယူခြင်းသည်ခမည်းတော်ဘုရားအားပျော်ရွှင်မူကိုပေးသည်။ကျွန်ုပ်တို့၏အပြစ်ကြီးငယ်ထက်ခမည်းတော်ဘုရား၏ခွင့်လွှတ်ခြင်းကားပိုအလေးထားရမည်။စဉ်းစားကြည့်ပါ။အကယ်၍ကျွန်ုပ်တို့၏အပြစ်သည်စက္ကရာမင်တူးခံယူရခြင်း၏အဓိကသော့ချက်ဖြစ်နေပါလျှင်အပြစ်ခွင့်လွှတ်ခံရခြင်း၊မခံရခြင်းသည်ကျွန်ုပ်တို့အပေါ်၊ကျွန်ုပ်တို့၏နာကျင်ခြင်း၊ ကျွန်ုပ်တို့၏အားထုတ်မှု၊ကျွန်ုပ်တို့၏ပြတ်သားသောပိုင်းဖြတ်ချက်အပေါ်သာလုံး၀တည်မှီနေပေတော့မည်။ထိုသို့လုံး၀မဟုတ်ပါ။စက္ကရာမင်တူးသည်ဘုရား၏အပိုင်းဖြစ်သည်။ဘုရားသခင်သည်ကျွန်ုပ်တို့ကိုလွှတ်မြောက်ခွင့်ကိုပေးသည်။ကျွန်ုပ်တို့၏ခြေပေါ်၌ မားမားမတ်မတ်၊ခိုင်ခိုင်ခန့်ခန့်ပြန်လည်ရပ်တည်နိုင်စေသည်။ကျေးဇူးတော်၏ အဓိကကျမှုကိုပြန်လည်အမှတ်ရကြပါစို့။ကျေအေးခြင်းသည်ကျွန်ုပ်တို့အားဘုရားသခင်နှင့်နီးကပ်စေခြင်းမဟုတ်သည်ကို နားလည်သဘောပေါက်ရမည်။အခရာကျသောအရာကား ဘုရားသခင်၏နွေးထွေးပျူဌာစွာပွေ့ပိုက်ခြင်းသည် ကျွန်ုပ်တို့ကို အံ့အားသင့်စေပြီး၊ လွှမ်းခြုံသွားစေသည်။ဘုရား သခင်သည် နာဇရက်ရှိမယ်တော့်အိမ်သို့ ကြွရောက်သကဲ့သို့ ကျွန်ုပ်တို့၏အိမ်ထဲသို့ကြွ၀င်လာသည်။ကျွန်ုပ်တို့မျှော်လင့်မထားသောအံ့အားသင့်ဖွယ်ပျော်ရွှင်မှုကို ယူဆောင်လာပေးသည်။ရှေ့ဦးစွာဘုရားသခင်၏အပိုင်းမှကြည့်ကြစို့။သို့မှသာအာပတ်ဖြေခြင်းစက္ကရာမင်တူးကို ခံယူချက်မှန်ကန်စွာမြတ်နိုးတတ်ပေမည်။ အတွင်းပိုင်းပြန်လည် မွေးဖွားခြင်း၊၀ိညာဉ်ရေးပြန်လည်ရှင်သန်ဆန်းသစ်ခြင်း စသောအခြေအနေများအားလုံးသည် ဘုရားသခင်၏ ခွင့်လွှတ်ခြင်းမှအစပြု၍ ကျွန်ုပ်တို့လိုအပ်သည်။ဤသို့ဆိုသော်ကြောင့် ကျေအေးခြင်းအပိုင်းကိုလစ်လျူရူပထုတ်လိုက်ခြင်းမဟုတ်။ဤစက္ကရာမင်တူးသည်၀မ်းသာပျော်ရွှင်မှုကိုပြန်လည်တွေ့စေသည်ကိုသိစေ ရန်ဖြစ်သည်။အဘယ်ကြောင့်ပျော်ရွှင်ရသနည်း။ရှက်စရာကောင်းသော၊ကျွန်ုပ်တို့၏အပြစ်များမှလွှတ်မြောက်စေသောကြောင့်ဖြစ်သည်။ခမည်းတော်ဘုရား၏နွေးထွေးလှိုက်လှဲသောပွေ့ပိုက်မှုကိုခံစားရခြင်း၊ကျွန်ုပ်တို့အား ကုသခြင်းကိုပေးသည့်ယေဇူးသခင်၏နူးညံ့သောအားကိုထိတွေ့ခံစားရ၊သန့်ရှင်းသောဝိညာဉ်တော်၏ မိခင်တစ်ဦးနှယ်နူးညံ့သောအထိအတွေ့အတွေ့ အကြုံသည် အလွန်ပျော်စရာကောင်းပါသည်။ထိုသို့သော် အတွေ့အကြုံကား အာပတ်ဖြေခြင်းစက္ကရာမင်တူး၏ နှလုံးသဲပတ်ပင်ဖြစ်သည်။ချစ်လှစွာသောညီအစ်ကိုရဟန်းတော်အပေါင်းတို့ သင်တို့သည် အပြစ်ခွင့်လွှတ်ခြင်း၏အမှုဆောင်များဖြစ်ကြသည်။ထိုအပြစ်ခွင့်လွှတ်ခြင်းကျေးဇူးကိုခံယူရန်သင်တို့ထံသို့ချဉ်းကပ်လာသူများအား၀မ်းမြောက်ပါလော့။ဘုရားသခင်သည် သင်နှင့်အတူရှိ၏’ဟူသောပျော်ရွှင်ခြင်းကိုကြေညာပေးကမ်းပါလော့။တင်းကြပ်ခက်ထန်မှု၊အပြစ်ဖြေလျှောက်ရန် အဟန့်အတားဖြစ်မှုများကိုဘေးဖယ်ထားလိုက်ပါ။သင်တို့သည် သနားခြင်းဆီသို့၀င်ထွက်နိုင်ရန်တံခါးမကြီးအဖြစ်အာပတ်ဖြေခြင်းစက္ကရာမင်တူးကိုကျယ်ပြောစွာဖွင့်ထားပါ။ကောင်းသောသိုးထိန်းကဲ့သို့ ပြုမှုရန်ခေါ်တော်မူခြင်းခံရသည်။ကောင်းသောသိုးထိန်းသည်သူ၏ယုယမှု၊ဂရု စိုက်မှုကိုလိုအပ်နေသောသိုးတို့အားသူ၏လက်ပေါ်တွင်တင်၍ မြှုပေးလေ့ရှိသည်။ကျွန်ုပ်တို့သည် ခမည်းတော်ဘုရား၏သနားခြင်းခန်း ခြောက်သွားသောနှလုံး သားများဆီသို့ ထာ၀ရအသက်ကိုစီးဆင်းစေသော ကျေးဇူးတော်ရေကို သယ်ဆောင်ပေးသည့် တူးမြောင်းများဖြစ်ကြသည်။
ဘာသာပြန် ဖာသာရ် ကလေးမင်း အားတယ်
#ကမ္ဘာတစ်၀ှမ်းမှ သာမန်ကက်သလစ်ဘာသာ၀င်တို့၏ သာသနာပြု်ဘ၀အခြေအနေ
#The state of Catholic lay missionaries worldwide
#နိုင်ငံရေး၌ ထဲထဲ၀င်၀င်လုပ်ဆောင်လွန်းသောကက်သလစ်ဘုန်းတော်ကြီးအား ရာသက်ပန်အမူတော်ဆောင်နိုင်ခွင့် မှရပ်ဆိုင်းလိုက်
Priest gets ‘irreversible’ suspension for entering politics
#ယခုနှစ်ဗာတီကန်တွင်ထားရှိမည့် သူငယ်တော်အိမ်သည် Peruvian Andes မှဖြစ်မည်။
Nativity scene at the Vatican will be from the Peruvian Andes
#ဆရာဖြစ်သင်တန်း အမှတ်စဉ် (၁၄) အတွက် သင်တန်းသူ/ သားများဖိတ်ခေါ်ခြင်း။
#(PSIE)ပညာစမ့်းရေသင်တန်းကျောင်း။
#ရဟန်းမင်းကြီးသည် မြေထဲပင်လယ်ဒေသမှဘဲလာရုစ်သို့ရွေ့ပြောင်းသွားသူများအတွက်ဆုတောင်းပေး။
#Pope prays for all migrants, from the Mediterranean to Belarus
#ဩသိုဒေါ့စ်အသင်းတော်ခေါင်းဆောင် Ieronymos II ရဟန်းမင်းကြီးဖရန်စစ်ရောမသို့ပြန်မကြွမီတစ်ည၌ အတူလည်ပတ်ခဲ့ကြ။
#Ieronymos II visits with Pope Francis on eve of his return to Rome
#ဧ၀ဂေလိတရားတော်ကိုစိတ်ရှည်လက်ရှည် စတင်ဟောကြားရန် လိုအပ်ကြောင်း ရဟန်းမင်းကြီက ဥရောပမှ ခရစ်ယာန်များအားမိန့်ကြား။
#မြန်မာနိုင်ငံ ကက်သလစ်သူတော်စင် အသင်းဂိုဏ်းများ၏ (၈၂) ကြိမ်မြောက် ညီလာခံအစည်းအဝေး။ (၇-၈၊ ဇန်နဝါရီလ၊ ၂၀၂၂ ခုနှစ်။)
#ကမ္ဘာ့အကောင်းဆုံ ဆရာဆုရရှိသူ ကင်ညာနိုင်ငံသား"(စိန့်ဖရန်စစ်ဂိုဏ်းက ဘရာလ်သာတစ်ပါးPeter Mokaya Tabichi)
#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။