Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

#ရာပြည့်မွေးနေ့ပွဲမစ္ဆားတရားကိုသားဘုန်းကြီးလေး ပါးနှင့်အတူပူဇော်ခဲ့သောဖခင်ဘုန်းကြီး

            ဆောင်းပါး၏ခေါင်းစဉ်ကိုဖတ်၍ ဦးနှောက်စားသွားလေပြီလော။မစားပါနှင့်။အီတလီနိုင်ငံ၊ရီးမီနီသာသနာ၏ ဖြစ်ရပ်မှန်သတင်းဖြစ်ပါသည်။မြန်မာနိုင်ငံရှိကက်သလစ်ဘာသာတူများအဖို့မှာမူဤသတင်းသည်မဖြစ်နိုင်စရာ၊မဖြစ် သင့်သောအခြေအနေတစ်ခုအဖြစ်ငြင်းဆန်မိ၊အံ့သြတုန်လှုပ်နေမိပေမည်။အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံတွင်ငယ်ဖြူဘဝဖြင့်မိမိတို့၏ရဟန်းအသက်တာကိုပူဇော်ခဲ့ကြသူများသာဖြစ်ကြသည်။သို့သော်သာသနာ၏ရဟန္တာများ အတ္ထုပတ္တိကိုပြန်ကြည့်မည်ဆိုလျင်အချို့သောရဟန္တာများ၊ ရဟန်း၊ သီလရှင်အသင်း ကို တည်ထောင်ခဲ့ကြသောရဟန္တာ များလည်းငယ်စဉ်က အိမ်ထောင်သည်များဖြစ်ခဲ့ကြသူများလည်းရှိသည်။ အခြေအနေတစ်ခုခုကြောင့် ငယ်ဖြူ ဘဝဖြင့် အသက်တာကိုဆက်ကပ်ခွင့်မရခဲ့ကြ။အိမ်ထောင်ဖက်တစ်ဦးဦးဆုံးပါးသွားပြီးမှသာငယ်စဉ်ကရည်ရွယ်ခဲ့သောသူတော်စင်လမ်းကိုရွေးချယ်လျှောက်လှမ်းရန်ဆုံးြဖတ်ခဲ့ရသူများလည်းရှိသည်။အချို့မှာအသက်အရွယ်ရလာမှသာလောကဓံကိုနားလည်လာပြီး၊အသက်တာ ပြောင်းလဲခြင်းကိုခံယူပြီးရဟန္တာြဖစ်လာခဲ့ကြသူများလည်းရှိကြပါသည်။
၀ိသေသများစွာပိုင်ဆိုင်ထားသောဘုန်းတော်ကြီး
            သားဘုန်းကြီးလေးပါး၏ဖခင်ဖြစ်သောဘုန်းတော်ကြီး၏အမည်မှာဖာသာရ်ပရောဘိုဗာကာရီးနီ(Probo Vaccarini)ဖြစ်သည်။သူသည်သူ၏အချိန်အနည်းငယ်မျှကိုပင်ဖြုန်းေလလွှင့်စေသူမဟုတ်ခဲ့။သူသည်ဖခင်လည်း ဖြစ်သည်။ ဘုန်းကြီးလည်းဖြစ်သည်။ဘုန်းကြီးများ၏ဖခင်လည်းဖြစ်သည်။သူသည်သက်တော်လည်းတစ်ရာပြည့်ပြီ။ စာရေးဆရာလည်းဟုတ်သည်။ ရှင်ပါဒရယ်ပီးအို၏နောက်လိုက်တ ပည့် လည်းဖြစ်ခဲ့သည်။ ဒုတိယကမ္ဘာစစ်၏စစ်မူ ထမ်းဟောင်းလည်းဖြစ်သည်။ သူသည်စက္ကရာမင်းတူ (၇) ပါးလုံးကိုလည်းခံယူထားသူဖြစ်သည်။
ရာပြည့်မွေးနေ့
            ဇွန်လ(၄)ရက်နေ့ကသူ၏ရာပြည့်မွေးနေ့ကျရောက်ခဲ့ပြီး၊ထိုမွေးနေ့ပွဲကိုသာသနာပိုင်ဆရာတော် Francesco Labiasi နှင့်သူ၏သားဘုန်းကြီးလေးပါးခြံရံလျက်မစ္ဆားတရားပူဇော်ကာကျေးဇူးတင်ဆပ်ခဲ့သည်။သူ၏မွေးနေ့ပွဲမစ္ဆားတရားအခမ်းအနားသို့ဗာတီကန်၏အ တွင်းရေးမှူးရဟန်းအမတ် Pietro Parolin မှဂုဏ်ပြုစာလွှာပေးပို့ဆုတောင်းခြင်းနှင့်အတူရဟန်းမင်းကြီး၏ကောင်းကြီးမှတ်တမ်းလွှာကို လည်း ပေးပို့ခဲ့သည်။ သူ၏အကြောင်းသည် ကမ္ဘာ့သတင်းစာမျက်နှာများ၊ရုပ်မြင်သံကြားအစီအစဉ်များတွင်ချက်ချင်းဖော်ပြခံလိုက်ရသည်။
သူ၏ဘ၀
           ဘုန်းတော်ကြီးသည် (၁၉၁၉) ခုနှစ်၌ အီတလီနိုင်ငံတွင်မွေးဖွားခဲ့သည်။သူ့ခေတ်၏မျိုးဆက်လူငယ်များကဲ့သို့ပင်သူသည်ဒုတိ ယကမ္ဘာစစ်မီးအတွင်းစစ်မူထမ်းခဲ့ရသည်။ သူသည်ရုရှားစစ်မြေပြင်တွင်ထမ်းေဆာင်ခဲ့ရသည်။စစ်ထဲသို့ပါသွားခဲ့ကြသူ အတော်များများ သည်အပြန်လမ်းမရှိခဲ့သော်လည်း စစ်ပြီးဆုံးသွားသောအခါ သူသည်ခြေလက်သန် စွမ်းသည့်အပြင်ကျန်းမာပကတိအတိုင်းအိမ်သို့ပြန်လည် ရောက်ရှိနိုင်ခဲ့သည်။ ထို့အတူအသက်မွေးဝမ်းကျောင်းကို လည်းပြုနိုင်ခဲ့ည်။
            တစ်နေ့သောအခါသူကဲ့သို့ဒုတိယကမ္ဘာစစ်ပြန်သူငယ်ချင်းတစ်ဦးထံသွားရောက်လည်ပတ်ခဲ့၏။သူသည်ရုပ်လည်းချော၊ဥစ္စာလည်းပေါ၏။သို့သော်မရွှင်မပြနိုင်။သုန်မှုန်နေခဲ့၏။သို့သောယခုတစ်ခေါက်တွေ့သောအခါရွှင်ရွှင်ပြပြ၊ပျော်ပျော်ပါးပါးဖြစ်နေ သည်ကို ကြည့်၍အကြောင်းအရင်းကိုမေးလေ၏။သူငယ်ချင်းဖြစ်သူကသူသည်စစ်မှာပြန်လာပြီးနောက်ပါဒရယ်ပီးအိုထံသွား၍အာပတ်ဖြေ‌ေကြာင်း၊သူငယ်ချင်းဖြစ်သူအားလည်းသွားရန်တိုက်တွန်းလာသော ကြောင့်သူငယ်ချင်း၏အကြံပြုချက်အတိုင်း ပါဒရယ်ပီးအိုထံအာပတ်သွားရောက်ဖြေခဲ့သည်။နောက်ပိုင်း၌ပါးဒရယ်ပီးအိုကိုသူပုံမှန်အာပတ်ဖြေဆိုသောဘုန်းတော်ကြီးအဖြစ်ရွေးချယ်လိုက်သည်။တစ်ခေါက်ပါးဒရယ်ပီးအို ထံသို့သွားရာအိမ်ထောင်ပြု ၍သန့်ရှင်းသောအိမ်ထောင်စုကြီးကိုပျိုးထောင်ပါဟုအ ပြောလာသည်ကိုအိမ်ထောင်စုကြီးကို တည်ဆောက်ရန် မှာလွယ်ကူပါသည်။ သို့သော်သန့်ရှင်းအောင်တည်ဆောက် ရန်မှာမလွယ်ဟုပြန်လည်ဖြေကြားခဲ့သည်။မိသားစုကိုတည်ဆောက်ရန်မှာ ပြောရလွယ်သလောက် လက်တွေ့၌မူအ လွန်ခက်ခဲသည်။ ထိုသို့တိုက်တွန်းခံရပြီးနောက်ပါးဒရယ်ပီးအိုထံတဖန်သွားခဲ့ပြန်သည်။ထိုအချိန်ထိ တစ်ကိုယ်တော် သမားသာရှိသေးသည်။ ထိုတစ်ခေါက်၌လည်း လုပ်ငန်းစရန်တိုက်တွန်းခဲ့ပြန်သည်။သို့ဖြင့်အန်းနာမရီးယာဗာနူးချီနှင့်နေ့စဉ်မစ္ဆားတရားတွင်ဆုံရာမှမျက်စိချင်းဆုံလာခဲ့သည်။ထို့နောက်လူငယ် တို့သဘာဝရည်ငံ့သွား ကြပြီးလက် ထပ်လိုက်ကြသည်။
မိသားစုဝင်များ
            ပါးဒရယ်ပီးအိုအကြံြပုခဲ့သကဲ့သို့ ၎င်းတို့၌သားသမီး(၇) ဦးထွန်းကားခဲ့သည်။၎င်းတို့အနက်ယောကျာင်္း (၄) ဦးနှင့်မိန်းကလေး (၃) ဦးဖြစ်သည်။သူ့အနေဖြင့်ထို (၇) ဦးသာလိုချင်ခဲ့သည်မဟုတ်။ကံမကောင်းအကြောင်းမလှစွာ ဖြင့်သူ၏ဇနီးသည် (၁၉၇၀)၊ အိမ်ထောင်သက်(၁၈) နှစ်တွင်ဆုံးပါးသွားခဲ့သည်။သားသမီးမွေးဖွား၍မိသားစုကြီးတစ်ခုတည်ထောင်ရန်အားပေးတိုက်တွန်းခဲ့သောပါးဒရယ်ပီးအို၏တိုက် တွန်းချက်တစ်ချက်ဖော်ဆောင်ပြီးြဖစ်သော်လည်း၊ဒုတိယတိုက်တွန်းချက်ဖြစ်သည်သန့်ရှင်းသောမိသားစုကိုပျိုးထောင်ရန်ဆက်ကြိုး စားပါ တော့သည်။ သူ၏သားလေးဦး လုံးကက်သလစ်ရဟန်းဖြစ်လာခဲ့သည်။သားများအနက်ရဟန်းသိက္ခာကို(၁၉၇၉)တွင်ဦးဆုံးခံယူခဲ့ပြီး၊ဖခင်ဖြစ်သူနှင့်နှစ်ပေါင်း (၂၀) ကျော်ကွာသည်။သမီးသုံးဦးအနက်တစ်ဦးမှာလည်းသီလရှင်မဟုတ်သောကတိသစ္စာဖြင့်ကျင့်ကြံရှင်သန်ရသောဆက်ကပ်လူဝတ်ကြောင်ဘဝကိုခံယူခဲ့သည်။ထိုနှစ်များအတွင်း သူသည်ရာသက်ပန်ဦးပဥ္စင်း (Permanent Deacon) အဖြစ်အမူတော် ထမ်း နေခဲ့သည်။သူ့အနေဖြင့်ရာသက်ပန်ဦးပဥ္စင်းအဖြစ် အမူတော်ဆောင်ရ သည်မှာအလွန်ကျေနပ်ပျော်ရွှင်ကြောင်း၊ သို့သော်မစ္ဆားပူဇော် ရန်ရဟန်းတော်များမလောက်၍ပတ်ရှာနေရေသာအ ခက်အခဲသည်သူ့အားရဟန်းဖြစ်ချင်စိတ်ကိုတဖွဖွ ဖြစ်ပေါ်လာစေခဲ့ကြောင်း၊ ထိုအတော အတွင်းပါးဒရယ်ပီးအိုသက်ရှိ စဉ်၌သီတင်းသုံးခဲ့သော ရှင်ဂျွန်ဝမ်းနီရိုတွန်းဒို (San Giovanni Rotondo) ဘုရားကျောင်းထဲ၌မစ္ဆားတရား ပူဇော် ခြင်း၌ ကူညီနေစဉ် မင်းဘုန်းကြီးဖြစ်လာလိမ့်မယ် ဟုပါးဒရယ်ပီးအို၏ပြောဆိုသံနှင့်တူသောအသံတစ်သံကိုသူ၏နားဖြင့်ဆက် ဆက်ကြား လိုက်သကဲ့သို့ခံစားလိုက်ရသည်။ ကြားခဲ့သောအသံ၏ပြောဆိုသည့်အတိုင်း (၁၉၈၈)၊ အသက် (၆၉) နှစ် တွင် ထာဝရရဟန်းတစ်ပါး အဖြစ် သိက္ခာခံယူခဲ့သည်။ ထိုနေ့မှစ၍မစ္ဆားတရားကိုမပြတ်တမ်းကြည်ညိုခြင်း၊ ယုံကြည် ခြင်းကြီးစွာဖြင့်ပူဇော်လာခဲ့သည်။
မိသားစုကိုသန့်ရှင်းအောင်အဘယ်သို့တည်ဆောက်ခဲ့ရသနည်း။
            ဘုန်းကြီးဖြစ်နေကြေသာသားများအနက်တစ်ပါးက၎င်းတို့၏ဖခင်သည် သူ့အတွက် သွေးတော်သားစပ်သောဖခင်လည်းဟုတ်သည်။ရဟန်းမိသားစု၏နောင်တော်ကြီးလည်းဖြစ်သည်။သူထံ၌စက္ကရာမင်းတူများကိုခံယူ နေခဲ့သောကြောင့်သူဝိညာဉ်ရေးသားလည်းဖြစ်သည်ဟုတီဗွီ ၂၀၀၀ ရုပ်မြင်သံကြားလိုင်း၏မေးမြန်းချက်ကိုဖြေကြားခဲ့သည်။
အသက်အရွယ်နှင့်မလိုက်အောင်စိတ်အားထက်သန်မူပြင်းထန်
            အသက်အရွယ်နှင့်မလိုက်အောင်စက္ကရာမင်းတူဆိုင်ရာဝတ္တရားများကိုအကောင်းဆုံးဖြည့်ဆည်းဆောင်ရွက်သကဲ့သို့စာအုပ်(၁၅)ကိုလည်းထုတ်ဝေနိုင်ခဲ့သည်။ထိုစာအုပ်များအနက် အီတလီလူမျိုး၊အိမ်ထောင်သည်အမျိုးသား၊မုဆိုးဖို၊ ရဟန်းတစ်ပါးဟုအမည်ပေးထားသောစာအုပ်၌သူ၏ဘဝကောက်ကြောင်းများကိုထည့်သွင်းရေးသားထားပါသည်။ရဟန်းအမူတော်ကိုဆောင်ရွက်ရာ၌မောရပန်းရမှန်းမသိ ရှာသူ။သူသည် သာသနာအတွင်း၌သာမဟုတ်ဘဲ၊အီတလီတစ်နိုင်ငံလုံးအတိုင်းအတာနှင့်လည်းအသက်အကြီးဆုံးဖြစ်နိုင်ပါသည်။သူ့အနေဖြင့်ယခုထိတိုင်လောလောလပ်လပ်ရဟန်းသိက္ခာခံယူထားသောရဟန်းသစ်နှယ်ခံစားရသေးကြောင်းလည်းဖြေ‌ကြားခဲ့သည်။လွန်ခဲ့သော (၂၀၁၃) ခုနှစ်၌ ဘုရားသခင်သူ့ကိုပြန်လည်ခေါ်ဆောင်ရန်နေ့စဉ်စောင့်စားနေပါကြောင်း၊သူ၌ဇနီးလည်းရှိခဲ့သည်။သားသမီးအရင်းလည်း ရှိခဲ့သကဲ့သို့ဝိညာဉ်ရေးနှင့်နွယ်သောသားသမီးများလည်းရှိနေကြောင်းဖြင့်တီဗွီ (၂၀၀၀) တွေ့ဆုံးမေးမြန်းခန်းတွင်ဖြေကြားခဲ့သည်။ (Aleteia)
ဘာသာပြန် ဖာသာရ် ကလေးမင်း အားတယ်
Photo Crd.

 

#The young priest who rescued people during WWII declared Venerable
#ဒုတိယကမ္ဘာစစ်ကာလက လူများ၏အသက်ကိုကယ်တင်ခဲ့သောရဟန်းပျိုကြည်ညိုလေးစားရသူအဖြစ်ကြေညာခံရ
#Medieval band gets the Pope's blessing ahead of the traditional donkey race
#အလယ်ခေတ်ကဘင်ခရာအဖွဲ့ရဟန်းမင်းကြီး၏ကောင်းကြီးကိုခံယူ
#Pope names Special Delegate for the Memores Domini association
#ရဟန်းမင်းကြီးဖရန်စစ်သည် Memores Domini အဖွဲ့အတွက်အထူးကိုယ်စားလှယ်ခန့်အပ်ခြင်း
#ကမ္ဘာတစ်၀ှမ်းမှ သာမန်ကက်သလစ်ဘာသာ၀င်တို့၏ သာသနာပြု်ဘ၀အခြေအနေ
#The state of Catholic lay missionaries worldwide

#နိုင်ငံရေး၌ ထဲထဲ၀င်၀င်လုပ်ဆောင်လွန်းသောကက်သလစ်ဘုန်းတော်ကြီးအား ရာသက်ပန်အမူတော်ဆောင်နိုင်ခွင့် မှရပ်ဆိုင်းလိုက်
Priest gets ‘irreversible’ suspension for entering politics

#ယခုနှစ်ဗာတီကန်တွင်ထားရှိမည့် သူငယ်တော်အိမ်သည် Peruvian Andes မှဖြစ်မည်။
Nativity scene at the Vatican will be from the Peruvian Andes

#RVA ဝန်ထမ်းတစ်ဦး ထူးချွန်ဝန်ထမ်းဆုကို ဆွတ်ခူးရရှိ။

#ရဟန်းမင်းကြီးသည် မြေထဲပင်လယ်ဒေသမှဘဲလာရုစ်သို့ရွေ့ပြောင်းသွားသူများအတွက်ဆုတောင်းပေး။
#Pope prays for all migrants, from the Mediterranean to Belarus
#ရဟန်းမင်းကြီးဖရန်စစ်သည် ဂရိနိုင်ငံ၏နွေးထွေးသောကြိုဆိုမူကိုကျေးဇူးတင်ကြောင်းမိန့်ကြား>
#Pope Francis thanks Greece for warm welcome
#ဩသိုဒေါ့စ်အသင်းတော်ခေါင်းဆောင် Ieronymos II ရဟန်းမင်းကြီးဖရန်စစ်ရောမသို့ပြန်မကြွမီတစ်ည၌ အတူလည်ပတ်ခဲ့ကြ။
#Ieronymos II visits with Pope Francis on eve of his return to Rome

#ဧ၀ဂေလိတရားတော်ကိုစိတ်ရှည်လက်ရှည် စတင်ဟောကြားရန် လိုအပ်ကြောင်း ရဟန်းမင်းကြီက ဥရောပမှ ခရစ်ယာန်များအားမိန့်ကြား။

#ရာသက်ပန်ကတိသစ္စာခံယူခြင်း။ (၀၈.၁၂.၂၀၂၁)
CONGREGATION OF MOTHER OF SORROWS SERVANTS OF MARY (OSM)

#မြန်မာနိုင်ငံ ကက်သလစ်သူတော်စင် အသင်းဂိုဏ်းများ၏ (၈၂) ကြိမ်မြောက် ညီလာခံအစည်းအဝေး။ (၇-၈၊ ဇန်နဝါရီလ၊ ၂၀၂၂ ခုနှစ်။)

#ရဟန်းမင်းကြီးဖရန်စစ်အတွက် အထူးဆုတောင်းပေးကြပါစို့ ...

#ကမ္ဘာ့အကောင်းဆုံ ဆရာဆုရရှိသူ ကင်ညာနိုင်ငံသား"(စိန့်ဖရန်စစ်ဂိုဏ်းက ဘရာလ်သာတစ်ပါးPeter Mokaya Tabichi)

#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။

ဘာသာစကားများ ဘာသာပြန်သင်တန်း

Camillian Pastoral Care Center, Bangkok, Thailand

 

"Pastoral Literaturer Translation Workshop(2024)
June 4-10, 2024  -   FABC- OSC 
Untitled Document
Total viewer: 461256