#ရာပြည့်မွေးနေ့ပွဲမစ္ဆားတရားကိုသားဘုန်းကြီးလေး ပါးနှင့်အတူပူဇော်ခဲ့သောဖခင်ဘုန်းကြီး
ဆောင်းပါး၏ခေါင်းစဉ်ကိုဖတ်၍ ဦးနှောက်စားသွားလေပြီလော။မစားပါနှင့်။အီတလီနိုင်ငံ၊ရီးမီနီသာသနာ၏ ဖြစ်ရပ်မှန်သတင်းဖြစ်ပါသည်။မြန်မာနိုင်ငံရှိကက်သလစ်ဘာသာတူများအဖို့မှာမူဤသတင်းသည်မဖြစ်နိုင်စရာ၊မဖြစ် သင့်သောအခြေအနေတစ်ခုအဖြစ်ငြင်းဆန်မိ၊အံ့သြတုန်လှုပ်နေမိပေမည်။အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံတွင်ငယ်ဖြူဘဝဖြင့်မိမိတို့၏ရဟန်းအသက်တာကိုပူဇော်ခဲ့ကြသူများသာဖြစ်ကြသည်။သို့သော်သာသနာ၏ရဟန္တာများ အတ္ထုပတ္တိကိုပြန်ကြည့်မည်ဆိုလျင်အချို့သောရဟန္တာများ၊ ရဟန်း၊ သီလရှင်အသင်း ကို တည်ထောင်ခဲ့ကြသောရဟန္တာ များလည်းငယ်စဉ်က အိမ်ထောင်သည်များဖြစ်ခဲ့ကြသူများလည်းရှိသည်။ အခြေအနေတစ်ခုခုကြောင့် ငယ်ဖြူ ဘဝဖြင့် အသက်တာကိုဆက်ကပ်ခွင့်မရခဲ့ကြ။အိမ်ထောင်ဖက်တစ်ဦးဦးဆုံးပါးသွားပြီးမှသာငယ်စဉ်ကရည်ရွယ်ခဲ့သောသူတော်စင်လမ်းကိုရွေးချယ်လျှောက်လှမ်းရန်ဆုံးြဖတ်ခဲ့ရသူများလည်းရှိသည်။အချို့မှာအသက်အရွယ်ရလာမှသာလောကဓံကိုနားလည်လာပြီး၊အသက်တာ ပြောင်းလဲခြင်းကိုခံယူပြီးရဟန္တာြဖစ်လာခဲ့ကြသူများလည်းရှိကြပါသည်။
၀ိသေသများစွာပိုင်ဆိုင်ထားသောဘုန်းတော်ကြီး
သားဘုန်းကြီးလေးပါး၏ဖခင်ဖြစ်သောဘုန်းတော်ကြီး၏အမည်မှာဖာသာရ်ပရောဘိုဗာကာရီးနီ(Probo Vaccarini)ဖြစ်သည်။သူသည်သူ၏အချိန်အနည်းငယ်မျှကိုပင်ဖြုန်းေလလွှင့်စေသူမဟုတ်ခဲ့။သူသည်ဖခင်လည်း ဖြစ်သည်။ ဘုန်းကြီးလည်းဖြစ်သည်။ဘုန်းကြီးများ၏ဖခင်လည်းဖြစ်သည်။သူသည်သက်တော်လည်းတစ်ရာပြည့်ပြီ။ စာရေးဆရာလည်းဟုတ်သည်။ ရှင်ပါဒရယ်ပီးအို၏နောက်လိုက်တ ပည့် လည်းဖြစ်ခဲ့သည်။ ဒုတိယကမ္ဘာစစ်၏စစ်မူ ထမ်းဟောင်းလည်းဖြစ်သည်။ သူသည်စက္ကရာမင်းတူ (၇) ပါးလုံးကိုလည်းခံယူထားသူဖြစ်သည်။
ရာပြည့်မွေးနေ့
ဇွန်လ(၄)ရက်နေ့ကသူ၏ရာပြည့်မွေးနေ့ကျရောက်ခဲ့ပြီး၊ထိုမွေးနေ့ပွဲကိုသာသနာပိုင်ဆရာတော် Francesco Labiasi နှင့်သူ၏သားဘုန်းကြီးလေးပါးခြံရံလျက်မစ္ဆားတရားပူဇော်ကာကျေးဇူးတင်ဆပ်ခဲ့သည်။သူ၏မွေးနေ့ပွဲမစ္ဆားတရားအခမ်းအနားသို့ဗာတီကန်၏အ တွင်းရေးမှူးရဟန်းအမတ် Pietro Parolin မှဂုဏ်ပြုစာလွှာပေးပို့ဆုတောင်းခြင်းနှင့်အတူရဟန်းမင်းကြီး၏ကောင်းကြီးမှတ်တမ်းလွှာကို လည်း ပေးပို့ခဲ့သည်။ သူ၏အကြောင်းသည် ကမ္ဘာ့သတင်းစာမျက်နှာများ၊ရုပ်မြင်သံကြားအစီအစဉ်များတွင်ချက်ချင်းဖော်ပြခံလိုက်ရသည်။
သူ၏ဘ၀
ဘုန်းတော်ကြီးသည် (၁၉၁၉) ခုနှစ်၌ အီတလီနိုင်ငံတွင်မွေးဖွားခဲ့သည်။သူ့ခေတ်၏မျိုးဆက်လူငယ်များကဲ့သို့ပင်သူသည်ဒုတိ ယကမ္ဘာစစ်မီးအတွင်းစစ်မူထမ်းခဲ့ရသည်။ သူသည်ရုရှားစစ်မြေပြင်တွင်ထမ်းေဆာင်ခဲ့ရသည်။စစ်ထဲသို့ပါသွားခဲ့ကြသူ အတော်များများ သည်အပြန်လမ်းမရှိခဲ့သော်လည်း စစ်ပြီးဆုံးသွားသောအခါ သူသည်ခြေလက်သန် စွမ်းသည့်အပြင်ကျန်းမာပကတိအတိုင်းအိမ်သို့ပြန်လည် ရောက်ရှိနိုင်ခဲ့သည်။ ထို့အတူအသက်မွေးဝမ်းကျောင်းကို လည်းပြုနိုင်ခဲ့ည်။
တစ်နေ့သောအခါသူကဲ့သို့ဒုတိယကမ္ဘာစစ်ပြန်သူငယ်ချင်းတစ်ဦးထံသွားရောက်လည်ပတ်ခဲ့၏။သူသည်ရုပ်လည်းချော၊ဥစ္စာလည်းပေါ၏။သို့သော်မရွှင်မပြနိုင်။သုန်မှုန်နေခဲ့၏။သို့သောယခုတစ်ခေါက်တွေ့သောအခါရွှင်ရွှင်ပြပြ၊ပျော်ပျော်ပါးပါးဖြစ်နေ သည်ကို ကြည့်၍အကြောင်းအရင်းကိုမေးလေ၏။သူငယ်ချင်းဖြစ်သူကသူသည်စစ်မှာပြန်လာပြီးနောက်ပါဒရယ်ပီးအိုထံသွား၍အာပတ်ဖြေေကြာင်း၊သူငယ်ချင်းဖြစ်သူအားလည်းသွားရန်တိုက်တွန်းလာသော ကြောင့်သူငယ်ချင်း၏အကြံပြုချက်အတိုင်း ပါဒရယ်ပီးအိုထံအာပတ်သွားရောက်ဖြေခဲ့သည်။နောက်ပိုင်း၌ပါးဒရယ်ပီးအိုကိုသူပုံမှန်အာပတ်ဖြေဆိုသောဘုန်းတော်ကြီးအဖြစ်ရွေးချယ်လိုက်သည်။တစ်ခေါက်ပါးဒရယ်ပီးအို ထံသို့သွားရာအိမ်ထောင်ပြု ၍သန့်ရှင်းသောအိမ်ထောင်စုကြီးကိုပျိုးထောင်ပါဟုအ ပြောလာသည်ကိုအိမ်ထောင်စုကြီးကို တည်ဆောက်ရန် မှာလွယ်ကူပါသည်။ သို့သော်သန့်ရှင်းအောင်တည်ဆောက် ရန်မှာမလွယ်ဟုပြန်လည်ဖြေကြားခဲ့သည်။မိသားစုကိုတည်ဆောက်ရန်မှာ ပြောရလွယ်သလောက် လက်တွေ့၌မူအ လွန်ခက်ခဲသည်။ ထိုသို့တိုက်တွန်းခံရပြီးနောက်ပါးဒရယ်ပီးအိုထံတဖန်သွားခဲ့ပြန်သည်။ထိုအချိန်ထိ တစ်ကိုယ်တော် သမားသာရှိသေးသည်။ ထိုတစ်ခေါက်၌လည်း လုပ်ငန်းစရန်တိုက်တွန်းခဲ့ပြန်သည်။သို့ဖြင့်အန်းနာမရီးယာဗာနူးချီနှင့်နေ့စဉ်မစ္ဆားတရားတွင်ဆုံရာမှမျက်စိချင်းဆုံလာခဲ့သည်။ထို့နောက်လူငယ် တို့သဘာဝရည်ငံ့သွား ကြပြီးလက် ထပ်လိုက်ကြသည်။
မိသားစုဝင်များ
ပါးဒရယ်ပီးအိုအကြံြပုခဲ့သကဲ့သို့ ၎င်းတို့၌သားသမီး(၇) ဦးထွန်းကားခဲ့သည်။၎င်းတို့အနက်ယောကျာင်္း (၄) ဦးနှင့်မိန်းကလေး (၃) ဦးဖြစ်သည်။သူ့အနေဖြင့်ထို (၇) ဦးသာလိုချင်ခဲ့သည်မဟုတ်။ကံမကောင်းအကြောင်းမလှစွာ ဖြင့်သူ၏ဇနီးသည် (၁၉၇၀)၊ အိမ်ထောင်သက်(၁၈) နှစ်တွင်ဆုံးပါးသွားခဲ့သည်။သားသမီးမွေးဖွား၍မိသားစုကြီးတစ်ခုတည်ထောင်ရန်အားပေးတိုက်တွန်းခဲ့သောပါးဒရယ်ပီးအို၏တိုက် တွန်းချက်တစ်ချက်ဖော်ဆောင်ပြီးြဖစ်သော်လည်း၊ဒုတိယတိုက်တွန်းချက်ဖြစ်သည်သန့်ရှင်းသောမိသားစုကိုပျိုးထောင်ရန်ဆက်ကြိုး စားပါ တော့သည်။ သူ၏သားလေးဦး လုံးကက်သလစ်ရဟန်းဖြစ်လာခဲ့သည်။သားများအနက်ရဟန်းသိက္ခာကို(၁၉၇၉)တွင်ဦးဆုံးခံယူခဲ့ပြီး၊ဖခင်ဖြစ်သူနှင့်နှစ်ပေါင်း (၂၀) ကျော်ကွာသည်။သမီးသုံးဦးအနက်တစ်ဦးမှာလည်းသီလရှင်မဟုတ်သောကတိသစ္စာဖြင့်ကျင့်ကြံရှင်သန်ရသောဆက်ကပ်လူဝတ်ကြောင်ဘဝကိုခံယူခဲ့သည်။ထိုနှစ်များအတွင်း သူသည်ရာသက်ပန်ဦးပဥ္စင်း (Permanent Deacon) အဖြစ်အမူတော် ထမ်း နေခဲ့သည်။သူ့အနေဖြင့်ရာသက်ပန်ဦးပဥ္စင်းအဖြစ် အမူတော်ဆောင်ရ သည်မှာအလွန်ကျေနပ်ပျော်ရွှင်ကြောင်း၊ သို့သော်မစ္ဆားပူဇော် ရန်ရဟန်းတော်များမလောက်၍ပတ်ရှာနေရေသာအ ခက်အခဲသည်သူ့အားရဟန်းဖြစ်ချင်စိတ်ကိုတဖွဖွ ဖြစ်ပေါ်လာစေခဲ့ကြောင်း၊ ထိုအတော အတွင်းပါးဒရယ်ပီးအိုသက်ရှိ စဉ်၌သီတင်းသုံးခဲ့သော ရှင်ဂျွန်ဝမ်းနီရိုတွန်းဒို (San Giovanni Rotondo) ဘုရားကျောင်းထဲ၌မစ္ဆားတရား ပူဇော် ခြင်း၌ ကူညီနေစဉ် မင်းဘုန်းကြီးဖြစ်လာလိမ့်မယ် ဟုပါးဒရယ်ပီးအို၏ပြောဆိုသံနှင့်တူသောအသံတစ်သံကိုသူ၏နားဖြင့်ဆက် ဆက်ကြား လိုက်သကဲ့သို့ခံစားလိုက်ရသည်။ ကြားခဲ့သောအသံ၏ပြောဆိုသည့်အတိုင်း (၁၉၈၈)၊ အသက် (၆၉) နှစ် တွင် ထာဝရရဟန်းတစ်ပါး အဖြစ် သိက္ခာခံယူခဲ့သည်။ ထိုနေ့မှစ၍မစ္ဆားတရားကိုမပြတ်တမ်းကြည်ညိုခြင်း၊ ယုံကြည် ခြင်းကြီးစွာဖြင့်ပူဇော်လာခဲ့သည်။
မိသားစုကိုသန့်ရှင်းအောင်အဘယ်သို့တည်ဆောက်ခဲ့ရသနည်း။
ဘုန်းကြီးဖြစ်နေကြေသာသားများအနက်တစ်ပါးက၎င်းတို့၏ဖခင်သည် သူ့အတွက် သွေးတော်သားစပ်သောဖခင်လည်းဟုတ်သည်။ရဟန်းမိသားစု၏နောင်တော်ကြီးလည်းဖြစ်သည်။သူထံ၌စက္ကရာမင်းတူများကိုခံယူ နေခဲ့သောကြောင့်သူဝိညာဉ်ရေးသားလည်းဖြစ်သည်ဟုတီဗွီ ၂၀၀၀ ရုပ်မြင်သံကြားလိုင်း၏မေးမြန်းချက်ကိုဖြေကြားခဲ့သည်။
အသက်အရွယ်နှင့်မလိုက်အောင်စိတ်အားထက်သန်မူပြင်းထန်
အသက်အရွယ်နှင့်မလိုက်အောင်စက္ကရာမင်းတူဆိုင်ရာဝတ္တရားများကိုအကောင်းဆုံးဖြည့်ဆည်းဆောင်ရွက်သကဲ့သို့စာအုပ်(၁၅)ကိုလည်းထုတ်ဝေနိုင်ခဲ့သည်။ထိုစာအုပ်များအနက် အီတလီလူမျိုး၊အိမ်ထောင်သည်အမျိုးသား၊မုဆိုးဖို၊ ရဟန်းတစ်ပါးဟုအမည်ပေးထားသောစာအုပ်၌သူ၏ဘဝကောက်ကြောင်းများကိုထည့်သွင်းရေးသားထားပါသည်။ရဟန်းအမူတော်ကိုဆောင်ရွက်ရာ၌မောရပန်းရမှန်းမသိ ရှာသူ။သူသည် သာသနာအတွင်း၌သာမဟုတ်ဘဲ၊အီတလီတစ်နိုင်ငံလုံးအတိုင်းအတာနှင့်လည်းအသက်အကြီးဆုံးဖြစ်နိုင်ပါသည်။သူ့အနေဖြင့်ယခုထိတိုင်လောလောလပ်လပ်ရဟန်းသိက္ခာခံယူထားသောရဟန်းသစ်နှယ်ခံစားရသေးကြောင်းလည်းဖြေကြားခဲ့သည်။လွန်ခဲ့သော (၂၀၁၃) ခုနှစ်၌ ဘုရားသခင်သူ့ကိုပြန်လည်ခေါ်ဆောင်ရန်နေ့စဉ်စောင့်စားနေပါကြောင်း၊သူ၌ဇနီးလည်းရှိခဲ့သည်။သားသမီးအရင်းလည်း ရှိခဲ့သကဲ့သို့ဝိညာဉ်ရေးနှင့်နွယ်သောသားသမီးများလည်းရှိနေကြောင်းဖြင့်တီဗွီ (၂၀၀၀) တွေ့ဆုံးမေးမြန်းခန်းတွင်ဖြေကြားခဲ့သည်။ (Aleteia)
ဘာသာပြန် ဖာသာရ် ကလေးမင်း အားတယ်
Photo Crd.
#ကမ္ဘာတစ်၀ှမ်းမှ သာမန်ကက်သလစ်ဘာသာ၀င်တို့၏ သာသနာပြု်ဘ၀အခြေအနေ
#The state of Catholic lay missionaries worldwide
#နိုင်ငံရေး၌ ထဲထဲ၀င်၀င်လုပ်ဆောင်လွန်းသောကက်သလစ်ဘုန်းတော်ကြီးအား ရာသက်ပန်အမူတော်ဆောင်နိုင်ခွင့် မှရပ်ဆိုင်းလိုက်
Priest gets ‘irreversible’ suspension for entering politics
#ယခုနှစ်ဗာတီကန်တွင်ထားရှိမည့် သူငယ်တော်အိမ်သည် Peruvian Andes မှဖြစ်မည်။
Nativity scene at the Vatican will be from the Peruvian Andes
#ဆရာဖြစ်သင်တန်း အမှတ်စဉ် (၁၄) အတွက် သင်တန်းသူ/ သားများဖိတ်ခေါ်ခြင်း။
#(PSIE)ပညာစမ့်းရေသင်တန်းကျောင်း။
#ရဟန်းမင်းကြီးသည် မြေထဲပင်လယ်ဒေသမှဘဲလာရုစ်သို့ရွေ့ပြောင်းသွားသူများအတွက်ဆုတောင်းပေး။
#Pope prays for all migrants, from the Mediterranean to Belarus
#ဩသိုဒေါ့စ်အသင်းတော်ခေါင်းဆောင် Ieronymos II ရဟန်းမင်းကြီးဖရန်စစ်ရောမသို့ပြန်မကြွမီတစ်ည၌ အတူလည်ပတ်ခဲ့ကြ။
#Ieronymos II visits with Pope Francis on eve of his return to Rome
#ဧ၀ဂေလိတရားတော်ကိုစိတ်ရှည်လက်ရှည် စတင်ဟောကြားရန် လိုအပ်ကြောင်း ရဟန်းမင်းကြီက ဥရောပမှ ခရစ်ယာန်များအားမိန့်ကြား။
#မြန်မာနိုင်ငံ ကက်သလစ်သူတော်စင် အသင်းဂိုဏ်းများ၏ (၈၂) ကြိမ်မြောက် ညီလာခံအစည်းအဝေး။ (၇-၈၊ ဇန်နဝါရီလ၊ ၂၀၂၂ ခုနှစ်။)
#ကမ္ဘာ့အကောင်းဆုံ ဆရာဆုရရှိသူ ကင်ညာနိုင်ငံသား"(စိန့်ဖရန်စစ်ဂိုဏ်းက ဘရာလ်သာတစ်ပါးPeter Mokaya Tabichi)
#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။