Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document
#ပါကစ္စတန်နိုင်ငံ၏ ပထမဦးဆုံးသော ဘုရားသခင်၏အစေခံ
#Honoring Akash Bashir, the first Servant of God in Pakistan

            အမိကက်သလစ်သာသနာတော်ကြီး၌ ရဟန္တာတစ်ပါးတင်မြောက်ရန် အဆင့်(၃)ဆင့်ရှိပါသည်။(၁)ဘုရားသခင်၏အစေခံအဖြစ်ကြေညာခြင်း၊ (၂)သူတော်မြတ်အဖြစ်ကြေညာခြင်း၊(၃)ရဟန္တာအဖြစ်ကြေညာခြင်းတို့ဖြစ်သည်။ပါကစ္စတန်နိုင်ငံ၌ ခရစ်ယာန်လူနည်းစုသာရှိသောနိုင်ငံဖြစ်သည်။ထိုနိုင်ငံမှဒသေခံတစ်ဦးအား ရဟန္တာအဖြစ်တင်မြောက်နိုင်ရေးအတွက် ပထမခြေလှမ်းများဖြစ်သော ဘုရားသခင်၏အစေခံအဖြစ◌ ပွီးခဲ့သော ဇန်နဝါရီလ (၃၁) ရကျနေ့က Lahore ဂိုဏ်းချုပ်ဆရာ Sebastian Shaw ကတရား၀င်ကြေညာခဲ့သည်။ ဘုရားသခင်၏အစေအဖြစ်ခံအဖြစ်ကြေညာခံရသောဒေသခံ၏အမည်မှာ Akash Bashir ဖြစ်သည်။သူပျံလွန်ချိန်၌ အသက်(၂၀)သာရှိသေးသော ကက်သလစ်လူငယ်လေးတစ်ဦးဖြစ်သည်။ သူသည် လွန်ခဲ့သော(၂၀၁၅၊ မတ်လ၊ ၁၅) ရက်နေ့က Youhanabad ရှိ စိန့်ဂျွန်ဘုရားကျောင်းအတွင်း၌ ၀တ်ပြုဆုတောင်းနေသောလူအုပ်ကြီးအား ဗုံးခွဲသတ်ဖြတ်ရန်ကြံစည်သူအား ၀င်ရောက်တားမြစ်ခဲ့ရာမှအသက်ပေးဆက်ခဲ့ရသူဖြစ်သည်။ထိုအခင်း၌ သူနှင့်အတူ(၁၅)ဦးသေဆုံးခဲ့ပြီး၊(၇၀)ကျော်ထိခိုက်ဒဏ်ရာရခဲ့ကြသည်။ထိုတိုက်ခိုက်မှုနှင့်မရှေးမနှောင်း၌ပင်အနီးအနားရှိပရိုတက်စတန်ဘုရားကျောင်းတစ်ကျောင်း၌လည်း အလားတူတိုက် ခိုက်ခဲ့သည်။သူသည် အခြားသူများ၏အသက်ကိုကယ်ရန် သူအသေခံခဲ့သည်။သူသည် သီဩလိုဂျီ၊ဖီလိုဆိုဖီဘာသာရပ်များကိုမသင်ကြားခဲ့ရ။ သူ၏ခရစ်ယာန်အသက်တာ ရိုးသားစွာအသက်ရှင်သည်။ ယေဇူးသခင်နောက်သို့ နေ့တိုင်း၊ အချိန်တိုင်း၊ နာရီတိုင်း၊ အခြေအနေတိုင်း၌လိုက်ခဲ့သူဖြစ်သည်။ထိုအခင်းဖြစ်သောနေ့၌ မစ္ဆားပူဇော်နေခဲ့သောသူ၏ကျောင်းထိုင်ဖြစ်သူ ဖာသာရ် Francis Gulzarကဤ ကောင်လေးကြောင့်သာသူအသက်ရှင်နေရကြောင်း၊ထိုနေ့၌ ဘုရား၀တ်ပြုခြင်းတွင်ပါ၀င်နေသောဘာသာတူ ထောင်နှင့် သောင်းနှင့်ဘုရားအတွင်းအပြင်တွင်ပြည့်နေသည်။အမှန်မှာ ဗုံးဖောက်ခွဲသူသည်ကျောင်းထိုင်နှင့်ဘုရား၀တ်ပြုနေသော ဘာသာတူများအား ပစ်မှတ်ထား၍လာခဲ့ခြင်းဖြစ်သည်။ သို့သော် ဤကောင်လေးတွေ့သွား၍ ၀င်ရောက်ကာကွယ်ပေး နိုင်ခဲ့သည်။သူသည် သာသနာအုပ်စုအတွင်းမှလူငယ်ဖြစ်ပြီး၊ကျောင်းထိုင်နှင့်လည်းလွန်စွာရင်းနှီးကျွမ်း၀င်သည်။သူသည် သူ၏ ခရစ်ယာန်အသက်တာကို လူအများ၏အသက်တာကိုကယ်တင်ရန် အသေခံခြင်းဖြင့်ထုတ်ဖော်၀န်ခံခဲ့သည်။ဤသို့သော် သူရဲကောင်းလုပ်ရပ်အတွက်ဂုဏ်ယူမဆုံးကြောင်းနှင့်၄င်း၏မိဘနှစ်ပါးကိုလည်းကျေးဇူးတင်ကြောင်း၊ မတ် လ (၁၅) ရက်နေ့ နှစ်ပတ်လည်နေ့မစ္ဆားတရားတော်မြတ်၌ လူငယ်များစွာတက်ရောက်ရန်ဖိတ်ကြားခဲ့ကြောင်း၊ ဤလူ ငယ်လေးထံမှသင်ယူပြီး၊ မိသားစုအတွက်၊သာသနာအတွက်၊နိုင်ငံအတွက်အဘယ်သို့အလုပ်အကျွေးပြုရမည်၊ဂုဏ်ယူ လောက်သောသူများဖြစ်ရမည်ကိုသင်ယူရမည်ဖြစ်ကြောင်း၊ဤလူငယ်လေးသည် ဘုရားသခင်၏လူမျိုးအတွက် အကောင်းဆုံးပေးဆက်ခဲ့ကြောင်း၊သူ၏လောကအသက်တာသည်တိုတောင်းသော်လည်းသူ၏လုပ်ဆောင်ချက်သည်အလွန်ကြီးမားလှသည်သူသည် စစ်မှန်သောခရစ်ယာန်ဖြစ်ကြောင်းကို သူ၏အသက်တာဖြင့်ပြသွားခဲ့သည်ဟုပြောကြားခဲ့ သည်။ဤအခင်းဖြစ်ပွားခဲ့သည်မှာ ယခုနှစ်နှင့်ဆိုပါလျှင်(၇) နှစ်ပြည့်ခဲ့ပြီဖြစ်သည်။သို့သော် သူ့အားမမေ့ခဲ့ပေ။သူ၏ မွေးနေ့ကိုအောက်မေ့ကျင်းပလေ့ရှိသည်။ စီတန်းလှည့်လည်ခြင်း၊ စုပေါင်း၍သူ၏အုတ်ဂူဘေး၌ဆုတောင်းခြင်းများကို လည်းပြုလုပ်လေ့ရှိသည်။ သူ၏ဆရာ၊ ဆရာမများလည်း သူ့အားအရိုအသေပေးလေ့ရှိသယခုကဲ့သို့ ဒေသခံတစ်ဦးသည် ရဟန္တာတင်မြောက်နိုင်ရန်အတွက် အစပြုလိုက်သောကြောင့် သာသနာပိုင်ဆရာတော်သည်လည်းကောင်း၊ပါကစ္စတန်ကက်သလစ်သာသနာတော်ကြီးအတွက်သော်လည်းကောင်း ဂုဏ်ယူစရာဖြစ်ရပါ သည်။ ပါကစ္စတန်ကက်သလစ်သာသနာသည် (၁၉၄၇) မှသာစတည်ခဲ့သောကြောင့် သက်တမ်းနုသေးသောသာသနာ ဖြစ်ပါသည်။ သာသနာတော်ကြီးသည် စွန့်လွှတ်ပေးဆက်သူများရှိလာလျှင် အားကောင်းလာပြီး၊တိုးတက်ပြောင်းလဲမှုရှိ လာသည်။ဘာသာတူများစွာပေးဆက်ခဲ့ကြသည်။သို့သော် အဘယ်သူမျှ အသိအမှတ်ပြုခြင်းမခံခဲ့ရပေ။ ကျွန်ုပ်တို့သည် လူနည်းစုဘာသာ၀င်များဖြစ်ကြသော်လည်း ခရစ္စတူးသခင်ကိုသက်သေခံရာ၌ အလွန်စိတ်အားထက်သန်ကြသည်။အထူးသဖြင့် ပညာရေးနှင့်ကျန်းမာရေးအပိုင်း၌ အလွန်ပေးဆက်လာခဲ့သည်။အဆိုပါအခင်းဖြစ်ပွားပြီးနောက်ပိုင်း၌ ဘုရားကျောင်း၀တ်ပြုခြင်းအခမ်းအနားအစမှသည်အဆုံးထိတိုင် ဘာသာ တူများမှစီစဉ်၍ အလှည့်ကျလုံခြုံရေးယူပေး၍လည်း အလွန်ကျေးဇူးတင်ရပါသည်။ဤလုံခြုံရေးအဖွဲ့ထဲ၌ သူတော်မြတ် တင်မြောက်ခံမည့်ကောင်လေး၏ အစ်ကို အသက် (၂၇) နှစ်ရှိ Arsalan လည်းတက်ကြွစွာပါသည်။လုံခြုံရေးအဖွဲ့၀င် (၅၂) ဦးရှိသည်။၄င်းတို့အနက် အမျိုးသားများသာမဟုတ်။အမျိုးသမီးများလည်းပါသည်။မိမိတို့၏ဘုရားကျောင်းနှင့်ယုံ ကြည်ခြင်းကိုအဘယ်သို့ကာကွယ်စောင့်‌ရမည်ကိုပညာပေးသွားခဲ့သည်။ဤဒေသခံ ပါကစ္စတန်လူငယ်၏ ရဟန္တာတင်မြောက်ရေးကိစ္စကိုလက်ခံပေးသည်အတွက် ရဟန်းမင်းကြီးအား လည်းကောင်း၊ ရဟန္တာတင်မြောက်ရေးဆိုင်ရာရုံးတော်မှာတာ၀န်ရှိသူများအားလည်းကောင်း ကျေးဇူးတင်ကြောင်း၊ယခု ကဲ့သို့စတင်နိုင်ရန်အတွက် မျက်မြင်သက်သေ(၁၀၀)ကျော်၏အချက်အလက်များကိုကောက်ခံတင်ပြခဲ့ကြောင်း၊ဤလုပ်ဆောင်မှု၌ ဆလေးရှင်းအသင်းမှအဓိကထားလုပ်ဆောင်ပေးခဲ့ကြောင်း၊ ယခုအခါ ပထမအဆင့်ပြီးစီးပြီဖြစ်သည်။ယခုမျှော်လင့်စောင့်စားရမည်မှာပါကစ္စတန်နိုင်ငံအတွက်သတင်းကောင်းကြီးဖြစ်သည့်သူတော်မြတ်အဖြစ် တင်မြောက်နိုင် ခြင်းပင်ဖြစ်သည်။ယခုကဲ့သို့ ပါကစ္စတန်နိုင်ငံ၏ ဒေသခံတစ်ဦးအား သူတော်မြတ်အဖြစ်တင်မြောက်နိုင်ရန် ဘုရားသခင်၏အစေခံ အဖြစ်ကြေညာနိုင်ခဲ့သည့်အတွက် အားသစ်ကိုပြန်လည်ရရှိလာပြီး၊ ဘာသာရေး၌ စိတ်အားထက်သန်မှုပိုရှိလာကြသည်။ ပါကစ္စတန်နိုင်ငံသားမြောက်များစွာသည် ရောမမြို့၌ကျင်းပမည့် Arsalan အားသူတော်မြတ်တင်မြောက်ခြင်းအခမ်းအ နား၌ ပါ၀င်ကြရန်ကိုလည်းမျှော်လင့်ပါသည်။ဤအချက်သည်လည်း အလွန်အရေးကြီးသည်။သာသနာတော်ကြီး၏ဖခင်ဖြစ်သောTertullian၏အဆိုအမိန့်ကိုကိုးကားရမည်ဆိုပါလျှင် ‘the blood of the martyrs is the seed of the Church’(ဓမ္မအာဇာနည်တို့၏ သွေးသည် သာသနာကြီး၏မျိုးစေ့ဖြစ်သည်’ ဟူ၍ပင်။ 

                      ဘာသာပြန် ဖာသာရ် ကလေးမင်းအားတယ်

 

                           Photo Crd.

 

 

#The young priest who rescued people during WWII declared Venerable
#ဒုတိယကမ္ဘာစစ်ကာလက လူများ၏အသက်ကိုကယ်တင်ခဲ့သောရဟန်းပျိုကြည်ညိုလေးစားရသူအဖြစ်ကြေညာခံရ
#Medieval band gets the Pope's blessing ahead of the traditional donkey race
#အလယ်ခေတ်ကဘင်ခရာအဖွဲ့ရဟန်းမင်းကြီး၏ကောင်းကြီးကိုခံယူ
#Pope names Special Delegate for the Memores Domini association
#ရဟန်းမင်းကြီးဖရန်စစ်သည် Memores Domini အဖွဲ့အတွက်အထူးကိုယ်စားလှယ်ခန့်အပ်ခြင်း
#ကမ္ဘာတစ်၀ှမ်းမှ သာမန်ကက်သလစ်ဘာသာ၀င်တို့၏ သာသနာပြု်ဘ၀အခြေအနေ
#The state of Catholic lay missionaries worldwide

#နိုင်ငံရေး၌ ထဲထဲ၀င်၀င်လုပ်ဆောင်လွန်းသောကက်သလစ်ဘုန်းတော်ကြီးအား ရာသက်ပန်အမူတော်ဆောင်နိုင်ခွင့် မှရပ်ဆိုင်းလိုက်
Priest gets ‘irreversible’ suspension for entering politics

#ယခုနှစ်ဗာတီကန်တွင်ထားရှိမည့် သူငယ်တော်အိမ်သည် Peruvian Andes မှဖြစ်မည်။
Nativity scene at the Vatican will be from the Peruvian Andes

#RVA ဝန်ထမ်းတစ်ဦး ထူးချွန်ဝန်ထမ်းဆုကို ဆွတ်ခူးရရှိ။

#ရဟန်းမင်းကြီးသည် မြေထဲပင်လယ်ဒေသမှဘဲလာရုစ်သို့ရွေ့ပြောင်းသွားသူများအတွက်ဆုတောင်းပေး။
#Pope prays for all migrants, from the Mediterranean to Belarus
#ရဟန်းမင်းကြီးဖရန်စစ်သည် ဂရိနိုင်ငံ၏နွေးထွေးသောကြိုဆိုမူကိုကျေးဇူးတင်ကြောင်းမိန့်ကြား>
#Pope Francis thanks Greece for warm welcome
#ဩသိုဒေါ့စ်အသင်းတော်ခေါင်းဆောင် Ieronymos II ရဟန်းမင်းကြီးဖရန်စစ်ရောမသို့ပြန်မကြွမီတစ်ည၌ အတူလည်ပတ်ခဲ့ကြ။
#Ieronymos II visits with Pope Francis on eve of his return to Rome

#ဧ၀ဂေလိတရားတော်ကိုစိတ်ရှည်လက်ရှည် စတင်ဟောကြားရန် လိုအပ်ကြောင်း ရဟန်းမင်းကြီက ဥရောပမှ ခရစ်ယာန်များအားမိန့်ကြား။

#ရာသက်ပန်ကတိသစ္စာခံယူခြင်း။ (၀၈.၁၂.၂၀၂၁)
CONGREGATION OF MOTHER OF SORROWS SERVANTS OF MARY (OSM)

#မြန်မာနိုင်ငံ ကက်သလစ်သူတော်စင် အသင်းဂိုဏ်းများ၏ (၈၂) ကြိမ်မြောက် ညီလာခံအစည်းအဝေး။ (၇-၈၊ ဇန်နဝါရီလ၊ ၂၀၂၂ ခုနှစ်။)

#ရဟန်းမင်းကြီးဖရန်စစ်အတွက် အထူးဆုတောင်းပေးကြပါစို့ ...

#ကမ္ဘာ့အကောင်းဆုံ ဆရာဆုရရှိသူ ကင်ညာနိုင်ငံသား"(စိန့်ဖရန်စစ်ဂိုဏ်းက ဘရာလ်သာတစ်ပါးPeter Mokaya Tabichi)

#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။

ဘာသာစကားများ ဘာသာပြန်သင်တန်း

Camillian Pastoral Care Center, Bangkok, Thailand

 

"Pastoral Literaturer Translation Workshop(2024)
June 4-10, 2024  -   FABC- OSC 
Untitled Document
Total viewer: 461238