#ပါကစ္စတန်နိုင်ငံ၏ ပထမဦးဆုံးသော ဘုရားသခင်၏အစေခံ
#Honoring Akash Bashir, the first Servant of God in Pakistan
အမိကက်သလစ်သာသနာတော်ကြီး၌ ရဟန္တာတစ်ပါးတင်မြောက်ရန် အဆင့်(၃)ဆင့်ရှိပါသည်။(၁)ဘုရားသခင်၏အစေခံအဖြစ်ကြေညာခြင်း၊ (၂)သူတော်မြတ်အဖြစ်ကြေညာခြင်း၊(၃)ရဟန္တာအဖြစ်ကြေညာခြင်းတို့ဖြစ်သည်။ပါကစ္စတန်နိုင်ငံ၌ ခရစ်ယာန်လူနည်းစုသာရှိသောနိုင်ငံဖြစ်သည်။ထိုနိုင်ငံမှဒသေခံတစ်ဦးအား ရဟန္တာအဖြစ်တင်မြောက်နိုင်ရေးအတွက် ပထမခြေလှမ်းများဖြစ်သော ဘုရားသခင်၏အစေခံအဖြစ◌ ပွီးခဲ့သော ဇန်နဝါရီလ (၃၁) ရကျနေ့က Lahore ဂိုဏ်းချုပ်ဆရာ Sebastian Shaw ကတရား၀င်ကြေညာခဲ့သည်။ ဘုရားသခင်၏အစေအဖြစ်ခံအဖြစ်ကြေညာခံရသောဒေသခံ၏အမည်မှာ Akash Bashir ဖြစ်သည်။သူပျံလွန်ချိန်၌ အသက်(၂၀)သာရှိသေးသော ကက်သလစ်လူငယ်လေးတစ်ဦးဖြစ်သည်။ သူသည် လွန်ခဲ့သော(၂၀၁၅၊ မတ်လ၊ ၁၅) ရက်နေ့က Youhanabad ရှိ စိန့်ဂျွန်ဘုရားကျောင်းအတွင်း၌ ၀တ်ပြုဆုတောင်းနေသောလူအုပ်ကြီးအား ဗုံးခွဲသတ်ဖြတ်ရန်ကြံစည်သူအား ၀င်ရောက်တားမြစ်ခဲ့ရာမှအသက်ပေးဆက်ခဲ့ရသူဖြစ်သည်။ထိုအခင်း၌ သူနှင့်အတူ(၁၅)ဦးသေဆုံးခဲ့ပြီး၊(၇၀)ကျော်ထိခိုက်ဒဏ်ရာရခဲ့ကြသည်။ထိုတိုက်ခိုက်မှုနှင့်မရှေးမနှောင်း၌ပင်အနီးအနားရှိပရိုတက်စတန်ဘုရားကျောင်းတစ်ကျောင်း၌လည်း အလားတူတိုက် ခိုက်ခဲ့သည်။သူသည် အခြားသူများ၏အသက်ကိုကယ်ရန် သူအသေခံခဲ့သည်။သူသည် သီဩလိုဂျီ၊ဖီလိုဆိုဖီဘာသာရပ်များကိုမသင်ကြားခဲ့ရ။ သူ၏ခရစ်ယာန်အသက်တာ ရိုးသားစွာအသက်ရှင်သည်။ ယေဇူးသခင်နောက်သို့ နေ့တိုင်း၊ အချိန်တိုင်း၊ နာရီတိုင်း၊ အခြေအနေတိုင်း၌လိုက်ခဲ့သူဖြစ်သည်။ထိုအခင်းဖြစ်သောနေ့၌ မစ္ဆားပူဇော်နေခဲ့သောသူ၏ကျောင်းထိုင်ဖြစ်သူ ဖာသာရ် Francis Gulzarကဤ ကောင်လေးကြောင့်သာသူအသက်ရှင်နေရကြောင်း၊ထိုနေ့၌ ဘုရား၀တ်ပြုခြင်းတွင်ပါ၀င်နေသောဘာသာတူ ထောင်နှင့် သောင်းနှင့်ဘုရားအတွင်းအပြင်တွင်ပြည့်နေသည်။အမှန်မှာ ဗုံးဖောက်ခွဲသူသည်ကျောင်းထိုင်နှင့်ဘုရား၀တ်ပြုနေသော ဘာသာတူများအား ပစ်မှတ်ထား၍လာခဲ့ခြင်းဖြစ်သည်။ သို့သော် ဤကောင်လေးတွေ့သွား၍ ၀င်ရောက်ကာကွယ်ပေး နိုင်ခဲ့သည်။သူသည် သာသနာအုပ်စုအတွင်းမှလူငယ်ဖြစ်ပြီး၊ကျောင်းထိုင်နှင့်လည်းလွန်စွာရင်းနှီးကျွမ်း၀င်သည်။သူသည် သူ၏ ခရစ်ယာန်အသက်တာကို လူအများ၏အသက်တာကိုကယ်တင်ရန် အသေခံခြင်းဖြင့်ထုတ်ဖော်၀န်ခံခဲ့သည်။ဤသို့သော် သူရဲကောင်းလုပ်ရပ်အတွက်ဂုဏ်ယူမဆုံးကြောင်းနှင့်၄င်း၏မိဘနှစ်ပါးကိုလည်းကျေးဇူးတင်ကြောင်း၊ မတ် လ (၁၅) ရက်နေ့ နှစ်ပတ်လည်နေ့မစ္ဆားတရားတော်မြတ်၌ လူငယ်များစွာတက်ရောက်ရန်ဖိတ်ကြားခဲ့ကြောင်း၊ ဤလူ ငယ်လေးထံမှသင်ယူပြီး၊ မိသားစုအတွက်၊သာသနာအတွက်၊နိုင်ငံအတွက်အဘယ်သို့အလုပ်အကျွေးပြုရမည်၊ဂုဏ်ယူ လောက်သောသူများဖြစ်ရမည်ကိုသင်ယူရမည်ဖြစ်ကြောင်း၊ဤလူငယ်လေးသည် ဘုရားသခင်၏လူမျိုးအတွက် အကောင်းဆုံးပေးဆက်ခဲ့ကြောင်း၊သူ၏လောကအသက်တာသည်တိုတောင်းသော်လည်းသူ၏လုပ်ဆောင်ချက်သည်အလွန်ကြီးမားလှသည်သူသည် စစ်မှန်သောခရစ်ယာန်ဖြစ်ကြောင်းကို သူ၏အသက်တာဖြင့်ပြသွားခဲ့သည်ဟုပြောကြားခဲ့ သည်။ဤအခင်းဖြစ်ပွားခဲ့သည်မှာ ယခုနှစ်နှင့်ဆိုပါလျှင်(၇) နှစ်ပြည့်ခဲ့ပြီဖြစ်သည်။သို့သော် သူ့အားမမေ့ခဲ့ပေ။သူ၏ မွေးနေ့ကိုအောက်မေ့ကျင်းပလေ့ရှိသည်။ စီတန်းလှည့်လည်ခြင်း၊ စုပေါင်း၍သူ၏အုတ်ဂူဘေး၌ဆုတောင်းခြင်းများကို လည်းပြုလုပ်လေ့ရှိသည်။ သူ၏ဆရာ၊ ဆရာမများလည်း သူ့အားအရိုအသေပေးလေ့ရှိသယခုကဲ့သို့ ဒေသခံတစ်ဦးသည် ရဟန္တာတင်မြောက်နိုင်ရန်အတွက် အစပြုလိုက်သောကြောင့် သာသနာပိုင်ဆရာတော်သည်လည်းကောင်း၊ပါကစ္စတန်ကက်သလစ်သာသနာတော်ကြီးအတွက်သော်လည်းကောင်း ဂုဏ်ယူစရာဖြစ်ရပါ သည်။ ပါကစ္စတန်ကက်သလစ်သာသနာသည် (၁၉၄၇) မှသာစတည်ခဲ့သောကြောင့် သက်တမ်းနုသေးသောသာသနာ ဖြစ်ပါသည်။ သာသနာတော်ကြီးသည် စွန့်လွှတ်ပေးဆက်သူများရှိလာလျှင် အားကောင်းလာပြီး၊တိုးတက်ပြောင်းလဲမှုရှိ လာသည်။ဘာသာတူများစွာပေးဆက်ခဲ့ကြသည်။သို့သော် အဘယ်သူမျှ အသိအမှတ်ပြုခြင်းမခံခဲ့ရပေ။ ကျွန်ုပ်တို့သည် လူနည်းစုဘာသာ၀င်များဖြစ်ကြသော်လည်း ခရစ္စတူးသခင်ကိုသက်သေခံရာ၌ အလွန်စိတ်အားထက်သန်ကြသည်။အထူးသဖြင့် ပညာရေးနှင့်ကျန်းမာရေးအပိုင်း၌ အလွန်ပေးဆက်လာခဲ့သည်။အဆိုပါအခင်းဖြစ်ပွားပြီးနောက်ပိုင်း၌ ဘုရားကျောင်း၀တ်ပြုခြင်းအခမ်းအနားအစမှသည်အဆုံးထိတိုင် ဘာသာ တူများမှစီစဉ်၍ အလှည့်ကျလုံခြုံရေးယူပေး၍လည်း အလွန်ကျေးဇူးတင်ရပါသည်။ဤလုံခြုံရေးအဖွဲ့ထဲ၌ သူတော်မြတ် တင်မြောက်ခံမည့်ကောင်လေး၏ အစ်ကို အသက် (၂၇) နှစ်ရှိ Arsalan လည်းတက်ကြွစွာပါသည်။လုံခြုံရေးအဖွဲ့၀င် (၅၂) ဦးရှိသည်။၄င်းတို့အနက် အမျိုးသားများသာမဟုတ်။အမျိုးသမီးများလည်းပါသည်။မိမိတို့၏ဘုရားကျောင်းနှင့်ယုံ ကြည်ခြင်းကိုအဘယ်သို့ကာကွယ်စောင့်ရမည်ကိုပညာပေးသွားခဲ့သည်။ဤဒေသခံ ပါကစ္စတန်လူငယ်၏ ရဟန္တာတင်မြောက်ရေးကိစ္စကိုလက်ခံပေးသည်အတွက် ရဟန်းမင်းကြီးအား လည်းကောင်း၊ ရဟန္တာတင်မြောက်ရေးဆိုင်ရာရုံးတော်မှာတာ၀န်ရှိသူများအားလည်းကောင်း ကျေးဇူးတင်ကြောင်း၊ယခု ကဲ့သို့စတင်နိုင်ရန်အတွက် မျက်မြင်သက်သေ(၁၀၀)ကျော်၏အချက်အလက်များကိုကောက်ခံတင်ပြခဲ့ကြောင်း၊ဤလုပ်ဆောင်မှု၌ ဆလေးရှင်းအသင်းမှအဓိကထားလုပ်ဆောင်ပေးခဲ့ကြောင်း၊ ယခုအခါ ပထမအဆင့်ပြီးစီးပြီဖြစ်သည်။ယခုမျှော်လင့်စောင့်စားရမည်မှာပါကစ္စတန်နိုင်ငံအတွက်သတင်းကောင်းကြီးဖြစ်သည့်သူတော်မြတ်အဖြစ် တင်မြောက်နိုင် ခြင်းပင်ဖြစ်သည်။ယခုကဲ့သို့ ပါကစ္စတန်နိုင်ငံ၏ ဒေသခံတစ်ဦးအား သူတော်မြတ်အဖြစ်တင်မြောက်နိုင်ရန် ဘုရားသခင်၏အစေခံ အဖြစ်ကြေညာနိုင်ခဲ့သည့်အတွက် အားသစ်ကိုပြန်လည်ရရှိလာပြီး၊ ဘာသာရေး၌ စိတ်အားထက်သန်မှုပိုရှိလာကြသည်။ ပါကစ္စတန်နိုင်ငံသားမြောက်များစွာသည် ရောမမြို့၌ကျင်းပမည့် Arsalan အားသူတော်မြတ်တင်မြောက်ခြင်းအခမ်းအ နား၌ ပါ၀င်ကြရန်ကိုလည်းမျှော်လင့်ပါသည်။ဤအချက်သည်လည်း အလွန်အရေးကြီးသည်။သာသနာတော်ကြီး၏ဖခင်ဖြစ်သောTertullian၏အဆိုအမိန့်ကိုကိုးကားရမည်ဆိုပါလျှင် ‘the blood of the martyrs is the seed of the Church’(ဓမ္မအာဇာနည်တို့၏ သွေးသည် သာသနာကြီး၏မျိုးစေ့ဖြစ်သည်’ ဟူ၍ပင်။
ဘာသာပြန် ဖာသာရ် ကလေးမင်းအားတယ်
Photo Crd.
#ကမ္ဘာတစ်၀ှမ်းမှ သာမန်ကက်သလစ်ဘာသာ၀င်တို့၏ သာသနာပြု်ဘ၀အခြေအနေ
#The state of Catholic lay missionaries worldwide
#နိုင်ငံရေး၌ ထဲထဲ၀င်၀င်လုပ်ဆောင်လွန်းသောကက်သလစ်ဘုန်းတော်ကြီးအား ရာသက်ပန်အမူတော်ဆောင်နိုင်ခွင့် မှရပ်ဆိုင်းလိုက်
Priest gets ‘irreversible’ suspension for entering politics
#ယခုနှစ်ဗာတီကန်တွင်ထားရှိမည့် သူငယ်တော်အိမ်သည် Peruvian Andes မှဖြစ်မည်။
Nativity scene at the Vatican will be from the Peruvian Andes
#ဆရာဖြစ်သင်တန်း အမှတ်စဉ် (၁၄) အတွက် သင်တန်းသူ/ သားများဖိတ်ခေါ်ခြင်း။
#(PSIE)ပညာစမ့်းရေသင်တန်းကျောင်း။
#ရဟန်းမင်းကြီးသည် မြေထဲပင်လယ်ဒေသမှဘဲလာရုစ်သို့ရွေ့ပြောင်းသွားသူများအတွက်ဆုတောင်းပေး။
#Pope prays for all migrants, from the Mediterranean to Belarus
#ဩသိုဒေါ့စ်အသင်းတော်ခေါင်းဆောင် Ieronymos II ရဟန်းမင်းကြီးဖရန်စစ်ရောမသို့ပြန်မကြွမီတစ်ည၌ အတူလည်ပတ်ခဲ့ကြ။
#Ieronymos II visits with Pope Francis on eve of his return to Rome
#ဧ၀ဂေလိတရားတော်ကိုစိတ်ရှည်လက်ရှည် စတင်ဟောကြားရန် လိုအပ်ကြောင်း ရဟန်းမင်းကြီက ဥရောပမှ ခရစ်ယာန်များအားမိန့်ကြား။
#မြန်မာနိုင်ငံ ကက်သလစ်သူတော်စင် အသင်းဂိုဏ်းများ၏ (၈၂) ကြိမ်မြောက် ညီလာခံအစည်းအဝေး။ (၇-၈၊ ဇန်နဝါရီလ၊ ၂၀၂၂ ခုနှစ်။)
#ကမ္ဘာ့အကောင်းဆုံ ဆရာဆုရရှိသူ ကင်ညာနိုင်ငံသား"(စိန့်ဖရန်စစ်ဂိုဏ်းက ဘရာလ်သာတစ်ပါးPeter Mokaya Tabichi)
#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။