ကိုယ်တော်မြတ်စက္ကရာမင်းတူကိုနည်းလမ်းမှန်ကန်စွာနှင့်ကြည်ညိုမူကြီးစွားပင့်ယူနည်း
ကိုယ်တော်မြတ်ကိုလက်ဖြင့်ပင့်ယူခြင်းနှင့်ပတ်သက်၍ဘာသာတူတစ်ဦးမှသိလို၍လူမူကွန်ယှက်မှ မေးမြန်းလာပါသည်။သူ့အားဖြေကြားရင်း ဘာသာတူများအားလုံးလည်း သိရှိနိုင်ရန်တင်ပြအပ် ပါသည်။ယေဇူးသခင်၏နောက်ဆုံးညစာစားပွဲေတာ်၌ကိုယ်တော်မြတ်ကိုပင့်ယူရာတွင်လက်ဖြင့်ပင့်ယူခဲ့ကြပါသည်။(ရှင်ယောဟန် ၁၃း၂၆)ကိုယ်တော် မြတ်ကိုစက္ကရာမင်းတူကိုပင့်ယူသောအခါမည်သို့မည်ပုံပင့်ယူရမည်ဟုယေဇူးသခင်မှသတ်မှတ်ထားခဲ့ခြင်းမရှိခဲ့ပေ။အဓိကလိုအပ်ချက်ဖြစ်သောဂျုံဖြင့်ပြုလုပ်ထားသောတဆေးမပါသည့်မုန်နှင့်စပျစ်ရည်ပါရှိရန်ဖြစ်ပါသည်။ဤအမူကိုပြုခြင်းဖြင့်ယေဇူးသခင်ြပုခဲ့သည် ကိုပြန်လည် ကျင်း ပသည်ဆိုသည့်အသိရှိရန်သာ မိန့်မှာခဲ့သည်။ဘာသာတရားတစ်ခုသည်၊ယဉ်ကျေးမူနောက်ခံကိုလည်းဥပေက္ခာပြု၍မ ရကဲ့သို့၊ဘာသာရေးဟုဆိုလာလျှင်၊အရိုအသေ၊အလေးအမြတ်ထားခြင်း၊ကြည်ညိုလေးစားစိတ်ဖြစ်ပေါ်စေခြင်း၊သဒွါတရားစိတ်ယိုဖိတ်ခြင်း၊အားကိုးလိုစိတ်စသောစသောအချက်အလက်များနှင့်ပြည့်စုံရန်လိုအပ်ပါသည်။ ဘာသာရေး ဝတ်ပြုခြင်းအခမ်းအနားသည် လူမူရေး အခမ်းအနားမဟုတ်ပေ။ဘာသာရေးဟုဆို၍လူမူရေးဆန်ဆန်၊ပျော်ပွဲရွှင်ပွဲဆန်ဆန်ကျင်းပခင်းကျင်းခြင်းသည်ဘာသာရေးအငွေ့အသက်၊အနှစ်သာရကိုလျှော့နည်းပေါ့ရွတ်သွားစေပါသည်။ဘာသာရေးအနှစ်သာရကိုသိသူ၊မသိသူများ၊ဘာသာတူသူ၊မတူသူများ၊ဘာသာတူ၊ယုံကြည်ချက်တူသော်လည်း ရှိသင့်ရှိထိုက်သည့်ပြင်ဆင်ခြင်းမျိုး၊အခြေအနေမျိုးနှင့်မပြည့်စုံပါသူများအားခွဲခြားခြင်းသည်၊ခွဲခြားဆက်ဆံခြင်းမဟုတ်။ဘာသာရေးအနှစ်သာရကိုပိုမို လေးနက်စေချင်သောကြောင့်ဖြစ်ပါသည်။ ရပ်ကွက်၌အလှူလုပ်သည့်နှယ်လာသမျှပေး၊လာသမျှကျွေးခြင်းသည်ဘာသာရေးအနှစ်သာရကိုလျှော့နည်းပျောက်ရှသွားစေပါသည်။ဘာသာရေးတစ်ခုတွင်၊လုံလောက်သောဘာသာရေးအ သိရှိရန်၊ ပြင်ဆင်မူရှိရန်၊မှန်ကန်သော စိတ်ထားရှိရန်လိုအပ်ပါသည်။(ရှင်မာတေဦး ၂၂း၁၁)ကိုယ်တော်မြတ်မြင့်ယူသည့်အခါလက်ဖြင့် လည်းကောင်း၊လျှာဖြင့် လည်းကောင်းပင့်ယူနိုင်ပါသည်။မြန် မာနိုင်ငံတွင်လျှာဖြင့်ပင့်ခိုင်းခြင်းမှာ၊ပိုမိုရိုသေသမူပြုခြင်းကိုပြရန်ဖြစ်ပါသည်။၎င်းအပြင်မြန်မာလူမျိုးများအနေဖြင့်လက်သည်မည်သည့်အရာကိုမဆိုကိုင်တွယ်လေ့ရှိရာ၊သန့်ရှင်းမြင့် မြတ်သောအရာများ ကိုကိုင် တွယ်ထိတွေ့ရန်စိတ် ထဲ၌မချင့်မရဲဖြစ် တတ်သောကြောင့်လည်းကောင်း၊ တနည်း အားဖြင့်ဆိုသော်ယဉ်ကျေး မူနောက်ခံကြောင့်လည်းဖြစ်ပါ သည်။ ထို့ကြောင့်မြန် မာနိုင်ငံတွင် လက်ဖြင့်မဟုတ်၊လျှာဖြင့်သာပင့်ယူနေကြပါသည်။အချို့မြို့ ကြီးများတွင်လက်ဖြင့်ပင့်လာကြသည် ကိုလည်းမြင်တွေ့ရပါသည်။ အဘယ်ကြောင့် ဆိုသော်ယခုခေတ်အခါ၌ကူးစက်ရောဂါများစွာ ပျံ့နှံ ့လျှက်ရှိရာ၊ အထိ အတွေ့မှလည်းကောင်း၊ တံတွေးများမှ လည်း ကောင်း၊ သွေးများမှလည်ကေင်း၊ ချွေးများမှလည်း ကောင်းနည်း လမ်း ပေါင်းစုံမှကူးစက်လာနိုင်သောေကြာင့်၊ ကျန်းမာရေး အ ကြောင်းကြောင်း ကြောင့်လက်ဖြင့်လည်းကိုယ်တော်မြတ်ကိုပင့်ယူခွင့်များပြုလာကြပါသည်။သို့သော်အချို့ဘာသာတူများနှင့်ရဟန်းတော်များသည်လျှာဖြင့်ပင့်ယူခြင်း ကိုဆက်လက်ထိန်းသိမ်းလျှက်ရှိသည်ကိုလည်းမြင်တွေ့ရပါသည်။ အ ဘယ်ကြောင့် ဆိုသော်၊ ယေဇူးကိုယ် တော်ကိုမရိုမသေပြုလုပ်မိ မည်ကို စိုးရိမ်သောကြောင့်ခရစ်ယာန်များဘုရားပုံတော်များေရှ့တွင်ပန်း၊ဆီမီးကပ်ခြင်း ပန်း၊မီးပူဇော်သောခရစ်ယာန်များကိုတိုက်ခိုက်လို၍၊ဘုရားအားပန်း၊ဆီမီးမပူဇော်သင့်ဟုဆိုပါလျှင်၊ထိုသို့ပြောသောသူတို့၏အိမ်၌လည်းမည်သည့်အလှအပမျှမထားသင့်သကဲ့သို့မီးလည်းထွန်းညှိမထားသင့်။ အဘယ် ကြောင့်ဆိုသော်အိမ်သူအိမ်သားများကိုမထိုက်မတန်၊ မဖွယ်မရာအလှအပနှင့်မီးပူဇော်ရာေရာက်ပါသည်။ ဘာသာရေး ၌သက်ဝင်ယုံကြည်လက်ခံမူမတူခြင်းကိုအတိအကျအနက်အဓိပါယ်ဖွင့်ဆိုရန်မှာခက်ခဲပါသည်။အဘယ်ကြောင့်ဆိုသော်သမ္မာကျမ်းစာလာအကြောင်းအရာအားလုံးကိုဘုရားနှင့်အေးဆေးစွာထိုင်လျှက်ဗျာဒိတ်တော်ဖွင့်ဆိုချက်ကိုမိုး ဇယ်ကဲ့သို့တိကျရှင်းလင်းစွာရယူရန်မှာလည်းမဖြစ်။ ထို့ကြောင့်ကက်သလစ်သာသနာအနေဖြင့်သမ္မာကျမ်းစာကိုလည်းမပယ်၊ရှေးထုံးသက်သေတို့၏အလေ့အကျင့် (သမိုင်း) များကိုလည်းပြန်လည်တူးဆွပြီး၊ ပညတ်တော်နှင့်မလွှဲမ သွေသောသွန်သင်မူကိုပြုလျှက်ရှိပါသည်။
ဖာသာရ် ကလေးမင်အားတယ်
Photo Crd.
#ကမ္ဘာတစ်၀ှမ်းမှ သာမန်ကက်သလစ်ဘာသာ၀င်တို့၏ သာသနာပြု်ဘ၀အခြေအနေ
#The state of Catholic lay missionaries worldwide
#နိုင်ငံရေး၌ ထဲထဲ၀င်၀င်လုပ်ဆောင်လွန်းသောကက်သလစ်ဘုန်းတော်ကြီးအား ရာသက်ပန်အမူတော်ဆောင်နိုင်ခွင့် မှရပ်ဆိုင်းလိုက်
Priest gets ‘irreversible’ suspension for entering politics
#ယခုနှစ်ဗာတီကန်တွင်ထားရှိမည့် သူငယ်တော်အိမ်သည် Peruvian Andes မှဖြစ်မည်။
Nativity scene at the Vatican will be from the Peruvian Andes
#ဆရာဖြစ်သင်တန်း အမှတ်စဉ် (၁၄) အတွက် သင်တန်းသူ/ သားများဖိတ်ခေါ်ခြင်း။
#(PSIE)ပညာစမ့်းရေသင်တန်းကျောင်း။
#ရဟန်းမင်းကြီးသည် မြေထဲပင်လယ်ဒေသမှဘဲလာရုစ်သို့ရွေ့ပြောင်းသွားသူများအတွက်ဆုတောင်းပေး။
#Pope prays for all migrants, from the Mediterranean to Belarus
#ဩသိုဒေါ့စ်အသင်းတော်ခေါင်းဆောင် Ieronymos II ရဟန်းမင်းကြီးဖရန်စစ်ရောမသို့ပြန်မကြွမီတစ်ည၌ အတူလည်ပတ်ခဲ့ကြ။
#Ieronymos II visits with Pope Francis on eve of his return to Rome
#ဧ၀ဂေလိတရားတော်ကိုစိတ်ရှည်လက်ရှည် စတင်ဟောကြားရန် လိုအပ်ကြောင်း ရဟန်းမင်းကြီက ဥရောပမှ ခရစ်ယာန်များအားမိန့်ကြား။
#မြန်မာနိုင်ငံ ကက်သလစ်သူတော်စင် အသင်းဂိုဏ်းများ၏ (၈၂) ကြိမ်မြောက် ညီလာခံအစည်းအဝေး။ (၇-၈၊ ဇန်နဝါရီလ၊ ၂၀၂၂ ခုနှစ်။)
#ကမ္ဘာ့အကောင်းဆုံ ဆရာဆုရရှိသူ ကင်ညာနိုင်ငံသား"(စိန့်ဖရန်စစ်ဂိုဏ်းက ဘရာလ်သာတစ်ပါးPeter Mokaya Tabichi)
#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။