Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document
#သက်တော် (၉၀) ရှိ ဟောင်ကောင်ကာဒီနယ် Joseph Zen ဖမ်းဆီးထိန်းသိမ်းခံထား
#Cardinal Zen arrested in Hong Kong, Holy See expresses concern

             ကာဒီနယ် Joseph Zen သည် သက်တော် (၉၀) ရှိပြီဖြစ်ပြီး၊ ‌ဟောင်ကောင်၏ဆရာတော်အဖြစ် (၂၀၀၂ - ၂၀၀၉) ခုနှစ် အထိအမှုတော်ထမ်းဆောင်ခဲ့သည်။ သူ့အား ဟောင်ကောင်အာဏာပိုင်များက ဗုဒ္ဓဟူးနေ့ (ယမန်နေ့) က ဖမ်းဆီးထိန်းသိမ်းခဲ့ရပြီးနောက် အာမခံဖြင့်ပြန်လည်လွှတ်လာခဲ့ကြောင်း၊ကာဒီနယ်၏ပုံကို Wan Chai ရဲစခန်း ၏ပြင်ပ၌လည်းကပ်ထားကြောင်း၊လူမှုကွန်ရက်၌လည်း ကာဒီနယ်၏သတင်းများဖြင့်ပျံ့နှံ့လျှက်ရှိသည်။ရဲစခန်းမှ အာမခံဖြင့် ပြန်လည်မြောက်လာချိန်မှာ ဟောင်ကောင်စံတော် ချိန်ည (၁၁) နာရီရှိပြီဖြစ်ပြီး ကာဒီနယ် သည် မည်သည့်မှတ်ချက်မျှမပေးဘဲ အသင့်လာကြိုသောကားပေါ်သို့တက်သွားခဲ့သည်။     

 

ဖမ်းဆီးရခြင်းနှင့်စွဲချက်များ

 

            ကာဒီနယ်သည် ဗုဒ္ဓဟူးညနေပိုင်းက တရုတ်အမျိုးသားလုံခြုံရေးမှဖွဲ့စည်းထားသော ရဲတို့၏ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသည်။ ဖမ်းဆီးခံရပြီးနောက်ပိုင်း ရဲစခန်း၌စစ်ဆေးမေးမြန်းရန်အတွက် ထိန်းသိမ်းခံထားခဲ့ရသည်။ ကာဒီနယ်အားသူတာ၀န်ခံလုပ်ဆောင် နေသော လူသားချင်းစာနာထောက်ထားသည့်အကူအညီများရယူမှုနှင့် စပ်လျင်း၍ ပြည်ပ၌ထင်ယောင်ထင်မှားသတင်းလွှင့်မှုများပြု လုပ်နေသည်ဟုစွပ်စွဲထားသည်။ ထိုအထောက် အပံ့သည် ဟောင်ကောင်နိုင်ငံ၌ ဒီမိုကရေစီလိုလားသူများအားဥပဒေပိုင်းကူညီစောင့် ရှောက်မှုနှင့်ဆေးကု သစရိတ် များကူညီပေးလေ့ရှိသည်။

 

            ဗာတီကန်မှလည်း ကာဒီနယ်ဖမ်းဆီးထိန်းသိမ်းခံလိုက်ရသည့်သတင်းကြောင့် စိုးရိမ်မကင်းဖြစ်ရကြောင်း၊ အခြေအနေကို‌အထူးသတိထားစောင့်ကြည့်နေကြောင်းဖြင့်ဗာတီကန်သတင်းပြန်ကြားရေးတာ၀န်ခံ Matteo Bruni က သတင်းထောက်များ၏ မေးမြန်းချက်ကို ကြာသပတေးမွန်းလွှဲပိုင်းဖြေကြားခဲ့သည်။       

 

အခြား (၃) ယောက်လည်းအဖမ်းခံခဲ့ရ

 

            ကာဒီနယ်သည် ဟောင်ကောင်၌ ဒီမိုကရေစီလိုလားသောလှုပ်ရှားမှုအဖွဲ့အစည်း၏ယုံ ကြည်ရသူများ အနက်တစ်ဦးဖြစ် သည်။ ဤအဖွဲ့အစည်းကို (၂၀၁၉) ခုနှစ်ကဖွဲ့စည်းခဲ့ပြီး၊ ယမန်နှစ် အောက်တိုဘာလကဖျက်သိမ်း ခံလိုက်ရသည်။ အာဏာပိုင်များ က ကာဒီနယ်အားဖမ်းဆီးသည့်အပြင် အဖွဲ့၏ရံပုံငွေများရှာဖွေပေးသော ရှေနေ လည်းဖြစ်ပြီး၊ယခင်က စင်ပြိုင်ပါတီ၏၀န်ကြီး လည်းဖြစ်သော Margaret Ng အားလည်းကောင်း၊ပညာရှင် Hui Po-keung အားလည်းကောင်း၊ တေးရေးတေးဆို Denise Ho တို့ အားလည်းဖမ်းဆီးခဲ့ကြသည်။ ၄င်းတို့ဖမ်းဆီးခံရ သည်မှာ မှန်ကန်ကြောင်းဟောင်ကောင်မှအတည်ပြုထားသည်။       

 

စွဲချက်များ

 

            ယခုကဲ့သို့ဖမ်းဆီးထိန်းသိမ်းခံရခြင်းမှာ (612 Fund) ဟုလူသိများသော နိုင်ငံခြားမှအကူအညီဖြင့် ရံပုံငွေ ကြေးများရယူသည့် လှုပ်ရှားမှုနှင့်စပ်ဆိုင်ကြောင်း၊ ဤသို့ပြုလုပ်ခြင်းသည် ပီကင်း၏ (၂၀၂၀) နိုင်ငံတော်လုံခြုံရေး ဥပဒေကိုချိုးဖောက်ရာရောက်သည် ဖြစ်၍ဖမ်းဆီးခံရကြောင်း၊ ယခုစွပ်စွဲချက်သည် အမျိုးသားလုံခြုံရေးအက်ဥပဒေ (၄) အခုအနက်တစ်ခုဖြစ်ကြောင်း၊ ဤဥပဒေသည် ဟောင်ကောင်၌ ဒီမိုကရေစီမပေါ်ပေါက်ရေး ဖိနှိပ်ရန်ရေးဆွဲ ပြဌာန်းထားခြင်းဖြစ်သည်။ အမျိုးသားလုံခြုံရေးအကြောင်းပြကာရေး ဆွဲထားသောဥပဒေသည် နိုင်ငံတကာမျက်နှာ စာ၌လည်းပယ်ချခံထားရသည်။ အခြားရေးဆွဲထားသောဥပဒေများမှာ ပုန်ကန်မှု၊ ခွဲထွက်မှု၊ အကြမ်းဖက် လုပ်ဆောင်မှုတို့ဖြစ်သည်။ ဤပြစ်မှုထင်ရှားပါက တစ်သက်တစ်ကျွန်းအထိပြစ်ဒဏ်ချမှတ်ခံရနိုင်သည်။

 

            ပြီးခဲံသောလများကလည်း ဟောင်ကောင်သတင်းသမားများစွာကလည်း ကာဒီနယ်သည် ကျောင်းသား များအား (၂၀၁၉) ကဲ့သို့သော အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုများကိုပြုလုပ်ရန် လှုပ်ဆော်နေသည်ဟု စွပ်စွဲရေးသား ခဲ့သည်။ ကာဒီနယ်သည် ယခင်အ ချိန်က တရုတ်ကွန်မြူနစ်ပါတီကိုလည်း ဘာသာရေးအဖွဲ့အစည်းများ အားဖိနှိပ် နေကြောင်းဖြင့် ပေါ်ပေါ်တင်တင်‌ေ၀ဖန်ခဲ့သူလည်း ဖြစ်သည်။        

 

Rev.Fr. Cle Pike

 

#The young priest who rescued people during WWII declared Venerable
#ဒုတိယကမ္ဘာစစ်ကာလက လူများ၏အသက်ကိုကယ်တင်ခဲ့သောရဟန်းပျိုကြည်ညိုလေးစားရသူအဖြစ်ကြေညာခံရ
#Medieval band gets the Pope's blessing ahead of the traditional donkey race
#အလယ်ခေတ်ကဘင်ခရာအဖွဲ့ရဟန်းမင်းကြီး၏ကောင်းကြီးကိုခံယူ
#Pope names Special Delegate for the Memores Domini association
#ရဟန်းမင်းကြီးဖရန်စစ်သည် Memores Domini အဖွဲ့အတွက်အထူးကိုယ်စားလှယ်ခန့်အပ်ခြင်း
#ကမ္ဘာတစ်၀ှမ်းမှ သာမန်ကက်သလစ်ဘာသာ၀င်တို့၏ သာသနာပြု်ဘ၀အခြေအနေ
#The state of Catholic lay missionaries worldwide

#နိုင်ငံရေး၌ ထဲထဲ၀င်၀င်လုပ်ဆောင်လွန်းသောကက်သလစ်ဘုန်းတော်ကြီးအား ရာသက်ပန်အမူတော်ဆောင်နိုင်ခွင့် မှရပ်ဆိုင်းလိုက်
Priest gets ‘irreversible’ suspension for entering politics

#ယခုနှစ်ဗာတီကန်တွင်ထားရှိမည့် သူငယ်တော်အိမ်သည် Peruvian Andes မှဖြစ်မည်။
Nativity scene at the Vatican will be from the Peruvian Andes

#RVA ဝန်ထမ်းတစ်ဦး ထူးချွန်ဝန်ထမ်းဆုကို ဆွတ်ခူးရရှိ။

#ရဟန်းမင်းကြီးသည် မြေထဲပင်လယ်ဒေသမှဘဲလာရုစ်သို့ရွေ့ပြောင်းသွားသူများအတွက်ဆုတောင်းပေး။
#Pope prays for all migrants, from the Mediterranean to Belarus
#ရဟန်းမင်းကြီးဖရန်စစ်သည် ဂရိနိုင်ငံ၏နွေးထွေးသောကြိုဆိုမူကိုကျေးဇူးတင်ကြောင်းမိန့်ကြား>
#Pope Francis thanks Greece for warm welcome
#ဩသိုဒေါ့စ်အသင်းတော်ခေါင်းဆောင် Ieronymos II ရဟန်းမင်းကြီးဖရန်စစ်ရောမသို့ပြန်မကြွမီတစ်ည၌ အတူလည်ပတ်ခဲ့ကြ။
#Ieronymos II visits with Pope Francis on eve of his return to Rome

#ဧ၀ဂေလိတရားတော်ကိုစိတ်ရှည်လက်ရှည် စတင်ဟောကြားရန် လိုအပ်ကြောင်း ရဟန်းမင်းကြီက ဥရောပမှ ခရစ်ယာန်များအားမိန့်ကြား။

#ရာသက်ပန်ကတိသစ္စာခံယူခြင်း။ (၀၈.၁၂.၂၀၂၁)
CONGREGATION OF MOTHER OF SORROWS SERVANTS OF MARY (OSM)

#မြန်မာနိုင်ငံ ကက်သလစ်သူတော်စင် အသင်းဂိုဏ်းများ၏ (၈၂) ကြိမ်မြောက် ညီလာခံအစည်းအဝေး။ (၇-၈၊ ဇန်နဝါရီလ၊ ၂၀၂၂ ခုနှစ်။)

#ရဟန်းမင်းကြီးဖရန်စစ်အတွက် အထူးဆုတောင်းပေးကြပါစို့ ...

#ကမ္ဘာ့အကောင်းဆုံ ဆရာဆုရရှိသူ ကင်ညာနိုင်ငံသား"(စိန့်ဖရန်စစ်ဂိုဏ်းက ဘရာလ်သာတစ်ပါးPeter Mokaya Tabichi)

#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။

ဘာသာစကားများ ဘာသာပြန်သင်တန်း

Camillian Pastoral Care Center, Bangkok, Thailand

 

"Pastoral Literaturer Translation Workshop(2024)
June 4-10, 2024  -   FABC- OSC 
Untitled Document
Total viewer: 461320