Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

#ကက်သလစ် သတင်းသမားများအားမှိုင်းမသော ရဟန္တာသစ်နောက်တစ်ပါးထပ်တိုး

#A new patron saint for Catholic journalism

            လာမည့်မေလ (၁၅) ရက်နေ့၌ ကမ္ဘာတစ်၀ှမ်းမှ ကက်သလစ်သတင်းသမားများသည် နောက်ထပ်သတင်း သမားတစ်ဦးကို ရဟန္တာစာရင်တွင်ထပ်မံသွင်းနိုင်တော့မည်ဖြစ်သည်။ထိုနေ့၌ ဒတ်ချ်လူမျိုး ကာလ်မဲလိုက်၀င် တစ်ဦးဖြစ် သော Titus Brandsma အားရဟန္တာအဖြစ်တင်မြောက်တော့မည်ဖြစ်သည်။ သူ့အား (၁၉၄၂) ခုနှစ်က စစ်ကြော ရေးစခန်း၌သတ်ဖြတ်ခဲ့သည်။ယနေ့ခေတ်အင်တာနက်များ၊ လူမှုကွန်ရက်များတိုးတက်ပေါက်ကွဲ နေသောသမယ၌ ကက်သလစ်အမြင်အရသတင်းသမားဖြစ်ရခြင်းသည် ရာစုအဆက်ဆက်က ရှိခဲ့သော အထင်အမြင်သေးခံရမှုဘေး၊ လူမျိုးရေးစိတ်၊ တော်လှန်ပုန်ကန်မှု၏ သားကောင်းများဖြစ်သွားနိုင်သည်ဟုရှုမြင် ကြသည်။ ဖိအားများစွာကြားမှ သတ္တိ ရှိရှိဖြင့် မိမိ၏အလုပ်ကို လုပ်ဆောင်ခဲ့သော ယခုရဟန္တာတင်မြောက်မည့် သူ၏အသက်တာသည် ထောက်ရှုဆင်ခြင်ဖွယ် ရာဖြစ်ပါသည်။သူ့အား (၁၈၈၁) နှစ် Friesland ၌ ကက်သလစ်မိဘနှစ်ပါးမှမွေးဖွားခဲ့သည်။ ၄င်းတို့၏ပတ်၀န်းကျင်၌မှု ပရိုတက်စတန်များအလွန်အားကောင်းသည်။ အသက် (၁၇) နှစ်၌ သူသည် ကာလ်မဲလိုက်သူတော်စင်တစ်ပါး ဖြစ်လာရန် ရည်သန်လျှက် Boxmeer ရှိသင်တန်းကျောင်းသို့၀င်ရောက်ခဲ့သည်။ သူတော်စင်ဖြစ်လာသောအခါ သူ၏အမည်ကို Titus ဟုပြောင်းလဲခံယူခဲ့သည်။ ဖခင်၏အမည်ကိုခံယူ၍ ဖခင်ဖြစ်သူအားဂုဏ်ပြုခဲ့သည်။ ဤအမည်သည် တမန်တော် ပေါလု၏ သားတပည့်တစ်ပါး၏အမည်ဖြစ်သည်။ တမန်တော်ပေါလု၏ သားတပည့်ဖြစ်သူသည် သာသနာ၏အစောဆုံး သတင်းသမားတစ်ဦးအဖြစ်သူသည်တင်စားခဲ့သည်။ရန္တာတင်မြောက်ခံမည့်သူသည် ထာ၀ရရဟန်းသိက္ခာကို (ဇွန် ၇၊ ၁၉၀၅) ခုနှစ်တွင်ခံယူခဲ့သည်။ထို့နောက်ရောမ သို့ ပညာသင်ကြားခဲ့ပြီး (၁၉၀၉) တွင် ဂရေဂေါ်ရီယံတက္ကသိုလ်မှ ပါရဂူဘွဲ့ကိုဆွတ်ခူးခဲ့သည်။ ထို့နောက် ‘နယ်သာလန်’ သို့ပြန်လာခဲ့သည်။ ထိုသာသနာနယ်မြေ၌ သူ၏အစွမ်းအစများကိုထူးကဲစွာပြသ လုပ်ဆောင်နိုင်ခဲ့သည်။ ဆယ်စုနှစ်တစ်စုနှင့်တစ်၀က်ကျော်မျှ ကက်သလစ်စာရေးဆရာအဖြစ်ကက်သလစ်စာပေးများရေးသားခဲ့သည်။ သင် ကြားပြသခဲ့သည်။ ငြင်းခုန်စရာများကို ရှင်းပြခဲ့သည်။ ကာလ်မဲလိုက်အသင်း၀င် အာဗီးလာမြို့မှ စိန့်ထရေးဇာ၏အတွေးအခေါ်၊အရေးအသားများကို သူ၏မိခင်ဘာသာစကားဖြင့်ပြန်ဆိုခဲ့သည်။ (၁၉၁၉) ၌ အထက်တန်းကျောင်းတစ်ကြောင်းကို နှစ်နှစ်တာမျှဖွင့်လှစ်သင်ကြားနိုင်ခဲ့သည်။သူသည်ပုံများအား ဖြင့်ယေဇူးသခင်၏ဒုက္ခလမ်းစဉ်ကိုထောက်ရှုချက်များ ရေးသားခဲ့သည်။ (၁၉၂၃) ခုနှစ်သို့ရောက်သောအခါ Nijmegen ကက်သလစ်တက္ကသိုလ်ကိုတည်ထောင်သောသူများ အနက်တစ်ဦးဖြစ်လာ်သည်။ ထိုတက္ကသိုလ်၌ သူသည် ဒဿနိကဗေဒနှင့်နက်နဲသောသီဩလိုဂျီဌာနများ၌တာ၀န်ထမ်းဆောင်ခဲ့သည်။ထို့အတူပင် တက္ကသိုလ် ၏ကျောင်းအုပ်အဖြစ်လည်း တစ်နှစ်တာထမ်းဆောင်ခဲ့သည်။ထိုခေတ်အခါက ပရောဖက်ဆာများသည် ဟိတ်ဟန်ကြီးမားလွန်းလှသော်လည်း သူမှုကား ကျောင်းသားများနှင့်ရင်းနှီးကျွမ်း၀င်စွာနေထိုင် ခဲ့သည်။ ချဉ်းကပ်ရလွယ်ကူအောင်နေထိုင်ခဲ့သည်။ဤပညာရေးလုပ်ငန်းများစွာကြားမှ ဖာသာရ် Titus Brandsma သည် ကက်သလစ်သတင်းလောကကို ပျိုးထောင်နိုင်ခဲ့သည်။သူသည်(၁၉၃၅) ခုနှစျ၌ သူ့နိုင်ငံ၏ ကက်သလစ်သတင်းသမားများအဖွဲ့၏ဝိညာဉ်ရေးလမ်း ညွှန်ဘုန်းတော်ကြီး အဖြစ်အမှုတော်ပေးအပ်ခံခဲ့ရသည်။သူသည် နာဇီဝါဒနှင့်ဆိုရှယ်လစ်စနစ်အားပေးသောစာများ ကိုထုတ်‌ဝေဖြန့်ချီခြင်းမပြကြရန်၊ ဂျူးမုန်းတီးရေးဝါဒကိုပြင်းပြင်းထန်ထန်ဆန့်ကျင့်ရန်တိုက်တွန်းခဲ့သည်။ကက်သလစ်သာသနာတော်ကြီး၏ အမှန်တရားနှင့်ပတ်သက်သောသွန်သင်ချက်နှင့်သတင်းစာ၏လွှတ်လပ်မှုကိုမဆုတ်မနှစ် တိုက်ပွဲ၀င်ခြင်းသည် သူအားဒုက္ခလမ်းစဉ်ကိုပို့ဆောင်ရာရောက်သွားခဲ့သည်။ဟော်လန်ကို ဂျာမဏီအောင်နိုင်ခဲ့သော (၁၉၄၀) ၌ ဖာသာရ် Titus Brandsma သည် သူ့နိုင်ငံ၏ ဆရာတော်ကြီးများအား နာဇီနှင့်၄င်းတို့ချိုးဖောက်သောလူ့အခွင့်အရေးများ၊ဒတ်ချ်ဂျူးများအားညှဉ်းပမ်းနှိပ်စက်မှု များ ကိုနှုတ်ဆိတ်မနေရန်တိုက်တွန်းခဲ့သည်။ဤလုပ်ရပ်ကြောင့် သူသည် နာဇီတို့၏ပစ်မှတ်ဖြစ်လာခဲ့သည်။ဒတ်ချ်ဆရာတော်ကြီးများ၏ကက်သလစ်အယ်ဒီတာများထံသို့ နာဇီတို့ရေးဆွဲပြဌာန်းလိုက်သော သတင်းစာဥပဒေ များကို ဆန်ကျင့် ရန်ညွှန်ကြားရေးသားထားသောစာကို ကိုယ်တိုင်လျှို၀ှက်စွာဖြန့်ချီနစေဉ် (ဇန်နဝါရီ ၁၉၊ ၁၉၄၂)တွင်ဖမ်းဆီးခံခဲ့ရ သည်။သူအားခြှားတပ်စခန်းသို့မပို့ဆောင်မီ အကျဉ်းထောင် (၃) နေရာသို့ရွေ့ပြောင်းထောင်ချ ခဲ့သည်။သူအား Dachau ၌ဖမ်းဆီးအကျဉ်းချထားသောအခြေအနေမှာလွန်စွာဆိုးရွားလှသည်။ သက်တော် (၆၁) နှစ် ရှိပြီဖြစ်သော သက်ကြီးကာလ်မဲလိုက်ဘုန်းတော်ကြီး၏ကျန်းမာရေးသည် တမဟုတ်ချင်းဆုတ်ယုတ်လာခဲ့ သည်။ သို့ဖြင့် (ဇူလိုင် ၁၉၄၂) ၌ ချွေးတပ်စခန်း၏ဆေးရုံသို့တင်ပို့လိုက်သည်။ သူသည် နာဇီတို့ထုတ်လုပ်စမ်းသပ် နေသောဆေးဝါး မျာ၏စမ်းသပ်ခံဖြစ်ခဲ့ပြီးနောက် (ဇူလိုင် ၂၆၊ ၁၉၄၂) ၌ အဆိပ်ရည်ထိုးသွင်း၍သတ်လိုက် ပါတော့သည်။ သူသည်အသတ် ခံရတော့မည်ကိုသိ၍ သူဆုတောင်းခဲ့သည်။ သူ၏ဆုတောင်းခြင်းသည် သူနာပြု၏စိပ်ကိုပြောင်းလဲစေခဲ့သည်။ ဖာသာရ် သည် သူ၏ကာလ်မဲလိုက်စိပ်ပုတီးကို သူနာပြုဆရာမအားပေး ခဲ့သည်။ ဆရာမသည် အစပိုင်း၌လက်ခံရန်ငြင်းဆန်ခဲ့ သည်။ အဘယ်ကြောင့်ဆိုသော် သူသည်ကက်သလစ် ဖြစ်သော်လည်း ဘာသာရေး၀တ္တရားများကိုဖြည့်ဆည်းခြင်းမပြုဘဲ နာဇီတို့၏မှုဝါဒလမျးစဉ် ကိုလိုက်နေ သောကြောင့်ဖြစ်သည်။ အဆိုပါ အကျဉ်းသားများအား ဆေးထိုးသတ်ရသောသူနာပြုသည် နောက်ပိုင်း၌ ကာလ်မဲလိုက်ကျောင်းသို့သွား၍ နောင်တတရားဖြင့်ခွင့်လွှတ်ခြင်းကိုတောင်းခံခဲ့သည်။ (နို၀င်ဘာ လ ၁၉၈၅) ၌ ဖာသာရ် Titus ၏ရဟန္တာတင်မြောက်နိုင်ရေးအတွက် ချွေးတပ်စခန်း၏အခြေအနေများနှင့်ပတ်သက်၍ သူသိသလောက် သက်သေထွက်ဆိုပေးခဲ့သည်။

 

#The young priest who rescued people during WWII declared Venerable
#ဒုတိယကမ္ဘာစစ်ကာလက လူများ၏အသက်ကိုကယ်တင်ခဲ့သောရဟန်းပျိုကြည်ညိုလေးစားရသူအဖြစ်ကြေညာခံရ
#Medieval band gets the Pope's blessing ahead of the traditional donkey race
#အလယ်ခေတ်ကဘင်ခရာအဖွဲ့ရဟန်းမင်းကြီး၏ကောင်းကြီးကိုခံယူ
#Pope names Special Delegate for the Memores Domini association
#ရဟန်းမင်းကြီးဖရန်စစ်သည် Memores Domini အဖွဲ့အတွက်အထူးကိုယ်စားလှယ်ခန့်အပ်ခြင်း
#ကမ္ဘာတစ်၀ှမ်းမှ သာမန်ကက်သလစ်ဘာသာ၀င်တို့၏ သာသနာပြု်ဘ၀အခြေအနေ
#The state of Catholic lay missionaries worldwide

#နိုင်ငံရေး၌ ထဲထဲ၀င်၀င်လုပ်ဆောင်လွန်းသောကက်သလစ်ဘုန်းတော်ကြီးအား ရာသက်ပန်အမူတော်ဆောင်နိုင်ခွင့် မှရပ်ဆိုင်းလိုက်
Priest gets ‘irreversible’ suspension for entering politics

#ယခုနှစ်ဗာတီကန်တွင်ထားရှိမည့် သူငယ်တော်အိမ်သည် Peruvian Andes မှဖြစ်မည်။
Nativity scene at the Vatican will be from the Peruvian Andes

#RVA ဝန်ထမ်းတစ်ဦး ထူးချွန်ဝန်ထမ်းဆုကို ဆွတ်ခူးရရှိ။

#ရဟန်းမင်းကြီးသည် မြေထဲပင်လယ်ဒေသမှဘဲလာရုစ်သို့ရွေ့ပြောင်းသွားသူများအတွက်ဆုတောင်းပေး။
#Pope prays for all migrants, from the Mediterranean to Belarus
#ရဟန်းမင်းကြီးဖရန်စစ်သည် ဂရိနိုင်ငံ၏နွေးထွေးသောကြိုဆိုမူကိုကျေးဇူးတင်ကြောင်းမိန့်ကြား>
#Pope Francis thanks Greece for warm welcome
#ဩသိုဒေါ့စ်အသင်းတော်ခေါင်းဆောင် Ieronymos II ရဟန်းမင်းကြီးဖရန်စစ်ရောမသို့ပြန်မကြွမီတစ်ည၌ အတူလည်ပတ်ခဲ့ကြ။
#Ieronymos II visits with Pope Francis on eve of his return to Rome

#ဧ၀ဂေလိတရားတော်ကိုစိတ်ရှည်လက်ရှည် စတင်ဟောကြားရန် လိုအပ်ကြောင်း ရဟန်းမင်းကြီက ဥရောပမှ ခရစ်ယာန်များအားမိန့်ကြား။

#ရာသက်ပန်ကတိသစ္စာခံယူခြင်း။ (၀၈.၁၂.၂၀၂၁)
CONGREGATION OF MOTHER OF SORROWS SERVANTS OF MARY (OSM)

#မြန်မာနိုင်ငံ ကက်သလစ်သူတော်စင် အသင်းဂိုဏ်းများ၏ (၈၂) ကြိမ်မြောက် ညီလာခံအစည်းအဝေး။ (၇-၈၊ ဇန်နဝါရီလ၊ ၂၀၂၂ ခုနှစ်။)

#ရဟန်းမင်းကြီးဖရန်စစ်အတွက် အထူးဆုတောင်းပေးကြပါစို့ ...

#ကမ္ဘာ့အကောင်းဆုံ ဆရာဆုရရှိသူ ကင်ညာနိုင်ငံသား"(စိန့်ဖရန်စစ်ဂိုဏ်းက ဘရာလ်သာတစ်ပါးPeter Mokaya Tabichi)

#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။

ဘာသာစကားများ ဘာသာပြန်သင်တန်း

Camillian Pastoral Care Center, Bangkok, Thailand

 

"Pastoral Literaturer Translation Workshop(2024)
June 4-10, 2024  -   FABC- OSC 
Untitled Document
Total viewer: 461255