#ရဟန်းမင်းကြီးဖရန်စစ်က ငြိမ်းချမ်းရေး၊ အမျိုးသမီး၊ လူငယ်နှင့်ဘာသာရေးလွတ်လပ်ခွင့်အကြောင်းကို အသားပေးမိန့်ကြား
#Pope Francis emphasizes peace, women, youth, and religious freedom
ကက်ဇာစတန်နိုင်ငံ၊ Nur-Sultan ၌ စက်တင်ဘာ (၁၃ - ၁၅) ရက်နေ့အထိကျင်းပခဲ့သော (၇) ကြိမ်မြောက် ကမ္ဘာ့ဘာသာပေါင်းစုံကွန်ဂရက်စ်၏ပိတ်ပွဲ၌ ရဟန်းမင်းကြီးဖရန်စစ်က ငြိမ်းချမ်းရေး၊ အမျိုးသမီး၊လူငယ်နှင့်ဘာသာရေးလွတ်လပ်ခွင့်ကိုအသားပေးမိန့်ကြားခဲ့သည်။
ရဟန်းမင်းကြီးက ငြိမ်းချမ်းရေးသည် အရေးတကြီးလိုအပ်နေသည်။အဘယ်ကြောင့်ဆိုသော် စစ်ရေးပြဿဖြစ်စေ၊အလွန်အန္တရာယ်ရှိသောတင်းမာမှု၊ထိပ်တိုက်တွေ့ဆုံနေမှုများအားလုံးသည် နိုင်ငံတကာ၏ဆက်ဆံရေးကိုထိခိုက်ရိုက်ခတ်သည်။ ဘုရားသခင်ကိုယုံကြည်သောသူများအနေဖြင့် ငြိမ်းချမ်းသောအတူယှဉ်တွဲနေထိုင်နိုင်မှုကိုတိုးမြှင့်လုပ်ဆောင်ကြရန်၊ငြိမ်းချမ်းရေးကိုသယ်ဆောင်ကြရန်၊ဟောပြောကြာရန်၊ဆုတောင်းပေးကြရန်ပန်ကြားခဲ့သည်။ငြိမ်းချမ်းရေးသည် အရာရာပါ၀င်နေသောအရာအနှောတစ်ခု၊နှလုံးသားမှထွက်လာသောခံစားချက်၊စိတ်ကူးစိတ်သန့်၊ကျွန်ုပ်တို့အားလုံး၏ပန်းတိုင်ဖြစ်သည်။ငြိမ်းချမ်းရေးသည် ညီအစ်ကိုမောင်နှမစိတ်ထားမှမွေးဖွားလာသည်။မတရာမှုများ၊တန်းတူညီမျှမှုမရှိခြင်းများကိုတိုက်ခိုက်တွန်းလှန်ရာမှရရှိသောအရာဖြစ်သည်။ကျစ်လစ်စွာ အတူလက်တွဲထားခြင်းမှ တည်ဆောက်ယူရသောအရာဖြစ်ကြောင်းမိန့်ကြားခဲ့သည်။ရဟန်းမင်းကြီးက ငြိမ်းချမ်းရေးအတွက်လုပ် ဆောင်ကြရန်၊လက်နက်အားကိုးခြင်းကိုစွန့်လွတ်ရန်၊လူသားထု၏ အကျိုးကိုမျှော်ကိုးလုပ်ဆောင်ကြရန်ဘုရားသခင်၏နာမတော်မြတ်၌ ပန်ကြားခဲ့သည်။
Women(အမျိုးသမီးများ)
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၌ အမျိုးသမီးတို့၏ပါ၀င်မှုသည် အလွန်လိုအပ်နေကြောင်းထောက်ပြခဲ့သည်။ ငြိမ်းချမ်းရေးမဲ့နေရခြင်းမှာ ဂရုစိုက်မှု၊နူးညံ့သောချစ်ခြင်း၊ အသက်ကိုမွေးဖွားပေးနိုင်စွမ်းသောဇစ်မြစ်မဲ့နေသောကြောင့်ဖြစ်သည်။ အမျိုးသမီးများသည် ကမ္ဘာကြီးအား ဂရုစိုက်မှုနှင့်အသက်ကိုပေးနိုင်စွမ်းသည်။ သူတို့သည် ငြိမ်းချမ်းရေးဆီသို့ရှေ့ရူသည်။အမျိုးသမီးများသည်လည်း ပိုမိုကြီးမားသောနေရာနှင့်တာ၀န်များကိုပေးအပ်ရမည်။ ထို့အတူ အမျိုးသမီးများကိုလည်း လေးစားတန်ဖိုးထားကြရန်၊အသိအမှတ်ပြုကြရန်နှင့်ပါ၀င်ပတ်သက်ခွင့်များပေးကြရန်တိုက်တွန်းခဲ့သည်။
Youth(လူငယ်)
ရဟန်းမင်းကြီးက ဆက်လက်၍လည်း လူငယ်များသည် ပစ္စုပ္ပန်၌လည်းကောင်း၊အနာဂတ်၌ လည်းကောင်း ငြိမ်းချမ်းရေး၏သတင်းကောင်းဆောင်သူများနှင့်စည်းလုံးညီညွှတ်ခြင်းကိုတည်ဆောက်သူများဖြစ်ကြသည်။လူငယ်များသည် ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ခံထားရသူများဖြစ်ပြီး ဘုံကောင်းကျိုးဖြစ်သော ဖန်ဆင်းခြင်းကိုလည်းထိန်းသိမ်းစောင့်ရှောက်ရန်တိုက်တွန်းခဲ့သည်။ဘာသာရေးခေါင်း ဆောင်အားလုံးကလည်း လူငယ်များ၏လက်တွင်းသို့ ပညာရေးကိုထည့်သွင်းပေးနိုင်ရန်အခွင့်အရေးကိုဖန်တီးပေးကြစို့။ ဖျက်ဆီးတတ်သော လက်နက်ကိုမထည့်ပေးပါနှင့်။လူငယ်တို့၏ပြောဆိုတင်ပြချက်များကိုနားထောင်ကြရန်၊လူငယ်များ၏စိန်ခေါ်ချက်ပြည့်နေသောမေးခွန်းမျာကြောက်ရွံ့မနေရန်တိုက်တွန်းခဲ့ကြသည်။
ရဟန်းမင်းကြီးဖရန်စစ်သည် ဘာသာရေးလွတ်လပ်မှုကိုလည်း အလေးထား၍မိန့်ကြားခဲ့သည်။၎င်းတို့၏ယုံကြည်ခြင်းအမှန်ကိုထုတ်ဖော်၀န်ခံလိုသူများအား မည်သည့်နေရာ၌ဖြစ်စေ အမြဲကာကွယ်ပေးရမည်။လူသားအတော်များများသည် ယနေ့အချိန်၌လည်း မိမိတို့၏ဘာသာရေးသက်၀င်ယုံကြည်မှုကြောင့် ညှဉ်းပန်းနှိပ်စက်မှုကိုခံနေရ၊အခွင့်အရေးများဆုံးရှုံးနေကြရကြောင်း၊ဘာသာရေးလွတ်လပ်မှုသည် သဘောတရားတစ်ခုမျှသာမဖြစ်စေဘဲ လက်တွေ့ကျသောအခွင့်အရေးတစ်ရပ်ဖြစ်စေရမည်ဖြစ်ကြောင်း အလေးထားမိန့်ကြားခဲ့သည်။ရဟန်းမင်းကြီးအနေဖြင့် သက်၀င်ယုံကြည်မှုမတူသောဘာသာ အချင်းချင်းတွေ့ဆုံဆွေးနွေးသည့်လမ်းကြောင်းသည် ငြိမ်းချမ်းရေးအတွက်နှင့်ငြိမ်းချမ်းရေးဆီသို့ ဦးတည်သောလမ်းကြောင်းများစွာအနက်တစ်ခုဖြစ်သည်။ ဤအခြေအနေသည် အမြဲလိုအပ်ချက်တစ်ခုဖြစ် သကဲ့သို့ဖျက်သိမ်း၍မရသောအရာလည်းဖြစ်သည်။
#Vatican News
ဘာသာပြန် ဖာသာရ် ကလေးမင်အားတယ်
Credit Photo
#ကမ္ဘာတစ်၀ှမ်းမှ သာမန်ကက်သလစ်ဘာသာ၀င်တို့၏ သာသနာပြု်ဘ၀အခြေအနေ
#The state of Catholic lay missionaries worldwide
#နိုင်ငံရေး၌ ထဲထဲ၀င်၀င်လုပ်ဆောင်လွန်းသောကက်သလစ်ဘုန်းတော်ကြီးအား ရာသက်ပန်အမူတော်ဆောင်နိုင်ခွင့် မှရပ်ဆိုင်းလိုက်
Priest gets ‘irreversible’ suspension for entering politics
#ယခုနှစ်ဗာတီကန်တွင်ထားရှိမည့် သူငယ်တော်အိမ်သည် Peruvian Andes မှဖြစ်မည်။
Nativity scene at the Vatican will be from the Peruvian Andes
#ဆရာဖြစ်သင်တန်း အမှတ်စဉ် (၁၄) အတွက် သင်တန်းသူ/ သားများဖိတ်ခေါ်ခြင်း။
#(PSIE)ပညာစမ့်းရေသင်တန်းကျောင်း။
#ရဟန်းမင်းကြီးသည် မြေထဲပင်လယ်ဒေသမှဘဲလာရုစ်သို့ရွေ့ပြောင်းသွားသူများအတွက်ဆုတောင်းပေး။
#Pope prays for all migrants, from the Mediterranean to Belarus
#ဩသိုဒေါ့စ်အသင်းတော်ခေါင်းဆောင် Ieronymos II ရဟန်းမင်းကြီးဖရန်စစ်ရောမသို့ပြန်မကြွမီတစ်ည၌ အတူလည်ပတ်ခဲ့ကြ။
#Ieronymos II visits with Pope Francis on eve of his return to Rome
#ဧ၀ဂေလိတရားတော်ကိုစိတ်ရှည်လက်ရှည် စတင်ဟောကြားရန် လိုအပ်ကြောင်း ရဟန်းမင်းကြီက ဥရောပမှ ခရစ်ယာန်များအားမိန့်ကြား။
#မြန်မာနိုင်ငံ ကက်သလစ်သူတော်စင် အသင်းဂိုဏ်းများ၏ (၈၂) ကြိမ်မြောက် ညီလာခံအစည်းအဝေး။ (၇-၈၊ ဇန်နဝါရီလ၊ ၂၀၂၂ ခုနှစ်။)
#ကမ္ဘာ့အကောင်းဆုံ ဆရာဆုရရှိသူ ကင်ညာနိုင်ငံသား"(စိန့်ဖရန်စစ်ဂိုဏ်းက ဘရာလ်သာတစ်ပါးPeter Mokaya Tabichi)
#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။