#ရဟန်းမင်းကြီးဖရန်စစ်သည် လာမည့် (၂၀၂၃) ၌ အရှေ့တီမောသို့တမန်တော်ခရီးကြွရောက်ဖွယ်ရှိ
#Pope Francis may visit East Timor in 2023
ရဟန်းမင်းကြီးဖရန်စစ်သည် လာမည့်နှစ် (၂၀၂၃) တွင် အရှေ့တီမောနိုင်ငံသို့ တမန်တော်ခရီး ကြွရောက်နိုင်ကြောင်းကို ဗာတီကန်၏အတွင်းရေးမှူးဖြစ်သော ဂိုဏ်းချုပ်ဆရာတော် Edgar Pena Parra က စက်တင်ဘာ (၂၂) ရက်နေ့ကပြောကြားခဲ့သည်။ ဂိုဏ်းချုပ်ဆရာတော်သည် စက်တင်ဘာ (၁၉-၂၃) ရက်နေ့အထိ အရှေ့တီမော၌တရား၀င်ရောက်ရှိနေသည်။ ဤခရီးစဉ်၌ပင်သူက ရဟန်းမင်းကြီးဖရန်အနေဖြင့်လာမည့်နှစ်(၂၀၂၃) တွင်အရှေ့တီမောသို့ကြွရောက်ရန်ဆန္ဒရှိသည့်အကြောင်းကိုထပ်မံပြောကြားခဲ့သည်။အမှန်မှာရဟန်းမင်းကြီးသည် (၂၀၂၀)ကအရှေ့တီမောသို့ကြွရောက်ရန်စီစဉ်ပြီးဖြစ်သော်လည်း ကိုးဗစ် (၁၉) ကပ်ရောဂါဆိုးကြောင့် ယနေ့ထိရွေ့စိုင်းထားရသည်။ ရဟန်းမင်းကြီးအနေဖြင့် အရှေ့တီမောသို့ကြွရောက်ရန်အလွန်ဆန္ဒရှိလှသော်လည်း ခရီးစဉ်ကို အသေးစိပ်မစီစဉ်ရသေးကြောင်း၊လာမည့်နှစ်၌ အဘယ်သို့စီစဉ်နိုင်မည်ကိုထည့်သွင်းစဉ်းစားနေကြ ကြောင်းပြောကြားခဲ့သည်။ ဂိုဏ်းချုပ်ဆရာတော်သည် စက်တင်ဘာ (၂၂) ရက်နေ့က အရှေ့တီမောနိုင် ငံ၏ သမိုင်း၀င်ပြတိုက်များသို့သွားရောက်လေ့လာခဲ့သည်။ သူသည် ရဟန်းမင်းကြီးကိုယ်စားလှယ် (Apostolic Nunciature သံအမတ်) ရုံးကိုလည်း မြို့တော် Deli ၌ဖွင့်လှစ်ခဲ့သကဲ့သို့ ‘Center for Human Fraternity Timor-East for World Peace and Common Coexistence’(ငြိမ်းချမ်းရေးနှင့်အတူတကွဘုံယှဉ်တွဲ နေထိုင်သော အရှေ့တီမောနိုင်ငံ၏လူသားညီအစ်ကိုများဆိုင်ရာဌာန) ကိုလည်းပါ၀င်ခဲ့သည်။ လူတို့၌ ထောက်တိုင်နှစ်ခုရှိကြောင်း၊တစ်ခုမှယုံကြည်ခြင်း-ဘုရားသခင်ကိုယုံကြည်ခြင်းဖြစ်သည်။ယုံကြည်ခြင်းသည် ကျွန်ုပ်တို့ဘ၀၏စက်တစ်လုံးဖြစ်သည်။ ထို့အတူ ၎င်းနှင့်ယှဉ်၍လည်းထောက်တိုင်အခြားတစ်ခုရှိကြောင်း၊ထိုထောက်တိုင်မှာလက်တွေ့လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊တစ်နည်းအားဖြင့်ကောင်းသောအရာများကိုလုပ်ဆောင်ခြင်းဖြစ်သည်။လုပ်ဆောင်မှုမပါသောယုံကြည်ခြင်းသည် အသေဖြစ်သည်ဟု ဗင်နီဇွဲလားဂိုဏ်းချုပ်ဆရာတော်က ပေါ်တူဂီသတင်းဌာနမှ သတင်းထောက် Lusa အားဖြေကြားခဲ့သည်။ဩဂုတ်လ(၂၇) ရက်နေ့ကကျင်းပခဲ့သော ရဟန်းမင်းကြီးဖရန်စစ်၏(၈)ကြိမ်မြောက်အစည်းအဝေး၌ ရဟန်းမင်းကြီးဖရန်စစ်သည် အရှေ့တိမောနိုင်ငံအတွက် ပထမဦးဆုံးကာဒီနယ် အဖြစ် မြို့တော် Dili ၏ဂိုဏ်း ချုပ်ဆရာတော် D. Virgil of Carmo da Silva အားရှေးယခင်တင်မြောက် ပေးခဲ့သည်။ယခုကဲ့သို့ နိုင်ငံ၏ပထမဦးဆုံးကာဒီနယ်အဖြစ် ရဟန်းမင်းကြီး၏ရှေးယခင်တင်မြောက်ပေးခြင်းသည် နိုင်ငံအနေဖြင့်သော်လည်းကောင်း၊ နိုင်ငံသားများအနေဖြင့်သော်လည်းရွေးကောက်တင်မြောက်ခြင်းဖြစ်သည်ဟု ဖြေကြားခဲ့သည်။ဂိုဏ်းချုပ်ဆရာတော်သည် နိုင်ငံအတွင်းရှိ သာသနာကဦးဆောင်၍လုပ်ဆောင်နေသော လူမှုရေးလုပ်ငန်း၊ကရုဏာရေးလုပ်ငန်းများစွာသို့လည်းသွားရောက်လည်ပတ်ခဲ့ပြီး၊နိုင်ငံတော်သမ္မတJosé Ramos-Horta နှင့်လည်းတွေ့ဆုံခဲ့သည်။
ဘာသာပြန် ဖာသာရ် ကလေးမင်းအားတယ်
Credit Photo
#ကမ္ဘာတစ်၀ှမ်းမှ သာမန်ကက်သလစ်ဘာသာ၀င်တို့၏ သာသနာပြု်ဘ၀အခြေအနေ
#The state of Catholic lay missionaries worldwide
#နိုင်ငံရေး၌ ထဲထဲ၀င်၀င်လုပ်ဆောင်လွန်းသောကက်သလစ်ဘုန်းတော်ကြီးအား ရာသက်ပန်အမူတော်ဆောင်နိုင်ခွင့် မှရပ်ဆိုင်းလိုက်
Priest gets ‘irreversible’ suspension for entering politics
#ယခုနှစ်ဗာတီကန်တွင်ထားရှိမည့် သူငယ်တော်အိမ်သည် Peruvian Andes မှဖြစ်မည်။
Nativity scene at the Vatican will be from the Peruvian Andes
#ဆရာဖြစ်သင်တန်း အမှတ်စဉ် (၁၄) အတွက် သင်တန်းသူ/ သားများဖိတ်ခေါ်ခြင်း။
#(PSIE)ပညာစမ့်းရေသင်တန်းကျောင်း။
#ရဟန်းမင်းကြီးသည် မြေထဲပင်လယ်ဒေသမှဘဲလာရုစ်သို့ရွေ့ပြောင်းသွားသူများအတွက်ဆုတောင်းပေး။
#Pope prays for all migrants, from the Mediterranean to Belarus
#ဩသိုဒေါ့စ်အသင်းတော်ခေါင်းဆောင် Ieronymos II ရဟန်းမင်းကြီးဖရန်စစ်ရောမသို့ပြန်မကြွမီတစ်ည၌ အတူလည်ပတ်ခဲ့ကြ။
#Ieronymos II visits with Pope Francis on eve of his return to Rome
#ဧ၀ဂေလိတရားတော်ကိုစိတ်ရှည်လက်ရှည် စတင်ဟောကြားရန် လိုအပ်ကြောင်း ရဟန်းမင်းကြီက ဥရောပမှ ခရစ်ယာန်များအားမိန့်ကြား။
#မြန်မာနိုင်ငံ ကက်သလစ်သူတော်စင် အသင်းဂိုဏ်းများ၏ (၈၂) ကြိမ်မြောက် ညီလာခံအစည်းအဝေး။ (၇-၈၊ ဇန်နဝါရီလ၊ ၂၀၂၂ ခုနှစ်။)
#ကမ္ဘာ့အကောင်းဆုံ ဆရာဆုရရှိသူ ကင်ညာနိုင်ငံသား"(စိန့်ဖရန်စစ်ဂိုဏ်းက ဘရာလ်သာတစ်ပါးPeter Mokaya Tabichi)
#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။