Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

A Brief History of the Good Shepherd Sisters in Myanmar
At the request of the Bishop Paul Ambrose Bigadet, the Good Shepherd Sisters first set foot on Myanmar in 1866 to take over the education ministry in the campus of St. John the Baptist’s Catholic Church, at Bo Sun Pet Street, Yangon.
         As the years went by, the Sisters expanded the mission around Yangon responding to the needs of the time. There was a continuous flow of missionaries from the Mother House, France to promote the Good Shepherd Mission in Myanmar. Some of the outstanding ministries at the time are:

  • St. John’s High School which has become No. 2, Basic Education High School, Latha
  • St. Philomena’s girls’ High School. At present day No. 2 Basic Education High School Sanchaung
  • St. Vincent’s School which has become the venue of Catholic Bishops’ Conference of Myanmar

In 1912, Sr. Alphonsus Ligouri Bourke with two more missionaries from Myanmar were sent to establish a new foundation in the Philippines.
In 1917, the German Club adjacent to No.2 State High School Latha was purchased by the Good Shepherd Sisters and became St. John’s Convent community.

The Japanese invasion in 1941 was a time of chaos for the Sisters. They closed the schools and escape from the Japanese to the towns of Kalaw and Myitkyina. In 1945 when the Japanese were defeated by British and Myanmar allies, the sisters re-entered their Convents and opened the schools.
The Sisters extended their ministries to Mogok during this time and to Thayetmyo in 1962.
In 1952, Singapore, Jakarta and the two Yangon houses formed the new Province of Rangoon (Yangon) with Sr. M. Kevin McDonell as the first Provincial. St. John’s Convent became the Provincial House until 1961 when it was moved to Singapore.
In 1965, the schools were nationalized and the missionaries left the country in 1966. Ten local Sisters were brought out of the country for international apostolic experience and formation. In 1973, the sisters returned to Yangon to restore the Congregation.
Upon arrival, the Sisters stayed at St. Vincent’s (presently CBCM) and began to respond to the needs of Yangon Archdiocese.
In 1976, a community was founded in Magyikwin Village to organize village development programs and to do pastoral work.
On the 1st of April 1978, the community moved from St. Vincent’s to present day Yangon Community.  This house has become the central house for all Myanmar Good Shepherd Sisters since. Formation houses of the Good Shepherd Sisters are also located on this campus.

In 1983, the sisters were invited to open a Good Shepherd house in Mandalay to organize ministries proper to the Congregation.
In 1990, another foundation was created in Loikaw, Kayah State to engage in holistic formation of local girls.
In 1997, Sisters were invited to Hopin, Kachin State, to assist women and girls at risk of prostitution who were working in neighboring Jade Mines. The sisters regularly visit the families, and support them with their social problems.  The holistic formation is provided regularly to the local women/catechists and youth groups. 

In 1999, a new community was set up in Yangonywa village, Tachileik to develop Income Generation Projects for women and girls to prevent them from crossing the border to engage in sex trade in Thailand. Sisters also set up programs for people who are affected with HIV/AIDS and drug addiction. A boarding house and a daycare center were established for the children.
In 2004, Sisters purchased a plot of land in Pyi-Oo-Lwin Myo Thit to create a Space of spiritual renewal and healing.

In 2004, a boarding house was established in Mandalay Myothit for the education of young girls from remote areas. In 2007, Sisters from Hopin community started to take charge of Parish boarding house in Mohnyin. In 2014, Sr. Regina Htoo Htoo became the first Myanmar Provincial of Good Shepherd East Asia Province which comprises four countries: Myanmar, Thailand, Cambodia and Vietnam.  Both Pyin-Oo-Lwin and Mohnyin communities were formed canonically in 2015. . On 16th January 2016, the Good Shepherd family in Myanmar joyfully celebrated 150th year of Good Shepherd Presence in Myanmar at St. Mary’s Cathedral, Yangon.

At present, there are 52 Good Shepherd Sisters working in 9 locations- Yangon, Magyikwin Village (Thayawaddy), Mandalay, Loikaw, Hopin, Yangon Ywa (Tachileik), Mandalay, Myothit, Mohnyin, Pyin Oo Lwin and Phekung.  With the specific attention towards women and girls, we engage in ministries that promote human dignity and empowerment. United with lay partners, we continue to participate in the Church’s mission by responding courageously to the signs of the times.

Motto – “A person is more precious than the whole world.” 
Our Spirit and Charism

The spirituality of our Congregation is centered on the Gospel values expressed in the person of Jesus who described himself as one sent to bring good news to the poor, to free the oppressed, and to proclaim the goodness of God. Jesus also describes himself as a “good shepherd,” who comes to bring life in abundance to all.

For close to 400 hundred years the members of the congregation and its partners, inspired by St John Eudes and St Mary Euphrasia Pelletier, have expressed our spiritual commitment through contemplative prayer and active ministries in a mission that seeks to improve the well-being of the most vulnerable.  Responding to social conditions that cry out for mercy and reconciliation we express special concern for the needs of women and girls who remain among the most exposed to personal and social risks. We believe in a creative Spirit that is constantly renewing the universe, strengthening hope in the face of all that is destructive.

Through daily relationships in community and ministry, we ourselves learn and grow in a love characterized by tenderness and compassion. We nurture our spirits through developing a contemplative attitude capable of listening to God’s voice in our lives, and of discovering the human face of Jesus in each person, particularly in those who are most vulnerable.

We believe that God’s energizing spirit is at work in and through us as we participate in and contribute to the transformation of creation.
We collaborate with all people of goodwill to work to bring about change in whatever deprives persons and creation of dignity and worth. 

 

#မယ်တော်၏စေတနာဘွဲ့ခံ
ကောင်းသောသိုးထိန်းသီလရှင်အသင်း(RGS)
#Our Lady of the Charity of the Good Shepherd
Motto – “A person is more precious than the whole world.”
“လူတစ်ဦးသည် ကမ္ဘာကြီးတစ်ခုလုံးထက် ပို၍တန်ဖိုးရှိသည်။”
ဆရာတော် Paul Ambrose Bigandet ၏ဖိတ်ကြားချက်အရ ကောင်းသောသိုးထိန်း သီလရှင်အသင်း တည်ထောင်သူ Sr. မေရီယူဖရေးစီးယား ကိုယ်တိုင် သာသနာပြုသီလရှင် (၅)ပါးကို ပြင်သစ်ပြည်ရှိ မိခင်ကျောင်းမှ မြန်မာနိုင်ငံသို့ စေလွှတ်ခဲ့သည်။ သီလရှင်များသည် ၁၈၆၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၈) ရက်နေ့တွင် ရောက်ရှိလာပြီး ရန်ကုန်မြို့၊ ဗိုလ်ဆွန်ပက်လမ်း၌တည်ရှိသော စိန်ဂျွန်းကက်သလစ် ဘုရားကျောင်းဝန်းရှိ ပညာရေးကဏ္ဍတွင် စတင်တာဝန်ယူလုပ်ဆောင်ခဲ့ကြသည်။
အချိန်ကာလ ရွေ့လျားလာသည်နှင့်အမျှ သီလရှင်များသည် ရန်ကုန်မြို့တွင်း၌ တမန်တော်လုပ်ငန်းများကို အခြေအနေအချိန်အခါ၏ တောင်းဆိုမှုအရ ပိုမိုချဲ့ထွင်ခဲ့ကြသည်။ ထိုကြောင့် ပြင်သစ်ပြည်ရှိ ကောင်းသောသိုးထိန်း မိခင်ဋ္ဌာနချုပ်မှ ကောင်းသောသိုးထိန်းသာသနာပြုများ မြန်မာနိုင်ငံသို့ အဆက်မပြတ်ရောက်ရှိလာခဲ့ကြသည်။
ထိုစဉ်အချိန်က နာမည်ကျော်ကြားခဲ့သော ရန်ကုန်ရှိ ကောင်းသောသိုးထိန်းစာသင်ကျောင်းများမှာ စိန့်ဂျွန်းအထက်တန်းကျောင်း (ယခု လသာ(၂) အထက်တန်းကျောင်း)၊ စိန့်ဖီလိုမီနာအထက်တန်းကျောင်း (ယခု အ.ထ.က (၂) စမ်းချောင်း)၊ စိန့်ဗင်ဇင်း စာသင်ကျောင်း (ယခု ကက်သလစ်ဆရာတော်ကြီးများ ကျောင်းတိုက်) တို့ဖြစ်ကြသည်။
၁၉၁၂ ခုနှစ်တွင် Sr. Alphonsus Ligouri Bourke နှင့် မြန်မာပြည်မှ သာသနာပြု သီလရှင်နှစ်ဦးတို့သည် ကောင်းသောသိုးထိန်းအသင်းကို ဖိလစ်ပိုင်နိုင်ငံ Batangas တွင် စတင်ဖွင့်လှစ်ခဲ့သည်။
၁၉၁၇ ခုနှစ်တွင် ယခုလက်ရှိ အ.ထ.က (၂) လသာနှင့် ကပ်လျက်ရှိသော ဂျာမန်အသင်းပိုင် အိမ်ကို ဝယ်ယူပြီး စိန့်ဂျွန်း ကောင်းသောသိုးထိန်း သီလရှင်ကျောင်းကို ဖွင့်လှစ်ခဲ့သည်။
၁၉၄၁ခုနှစ် ဂျပန်ခေတ်ကာလသည် သီလရှင်များအတွက် အလွန်ခက်ခဲသော အချိန်ကာလဖြစ်ပြီး ကျောင်းများအားလုံးပိတ်ကာ ကလောမြို့နှင့် မြစ်ကြီးနားမြို့များ၌ ခေတ္တတိမ်းရှောင် နေခဲ့ရသည်။ ၁၉၄၅ ခုနှစ်တွင် ဂျပန်များ မြန်မာပြည်မှ ထွက်ခွာသွားသောအခါမှ ကျောင်းများကိုပြန်လည် ဖွင့်လှစ်နိုင်ခဲ့ပြီး မိုးကုတ်မြို့၌ ကျောင်းသစ်တစ်ကျောင်းကိုလည်း တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့သည်။ ၁၉၅၂ ခုနှစ်တွင် စင်္ကာပူ၊ ဂျာကာတာနှင့် ရန်ကုန်ရှိကျောင်းများပူပေါင်းကာ Province of Rangoon အဖြစ်ဖွဲ့စည်းပြီး Sr. Kevin McDonell က ပထမဆုံးအကြီးအကဲဖြစ်လာပြီး ၁၉၆၁ ခုနှစ်ထိ ရန်ကုန်စိန်ဂျွန်းကောင်းသောသိုးထိန်း သီလရှင်ကျောင်းတွင် ရုံးစိုက်ခဲ့ရာ နောက်ပိုင်းတွင် အစစအရာရာ ပိုမိုအဆင်ပြေသော စင်္ကာပူနိုင်ငံသို့ ပြောင်းရွေ့ ရုံးစိုက်ခဲ့သည်။
၁၉၆၂ ခုနှစ်တွင် ဆရာတော်၏ တောင်းဆိုချက်အရ ပြည်သာသနာ သရက်မြို့၌ ကောင်းသောသိုးထိန်း တမန်တော်လုပ်ငန်းများကို တိုးချဲ့လုပ်ဆောင်ခဲ့သည်။
၁၉၆၅ ခုနှစ်တွင် သာသနာပြုကျောင်းများကို ပြည်သူပိုင်သိမ်းခံရပြီးနောက် နိုင်ငံခြားသာသနာပြုသီလရှင်များ မြန်မာပြည်မှ ထွက်ခွာသွားရပြီး ဒေသခံသီလရှင် (၁၀) ပါးသာ ကျန်ရစ်ကြသည်။ ၁၉၆၇ ခုနှစ်တွင် ဒေသခံသီလရှင်များသည် နိုင်ငံတကာဆိုင်ရာ တမန်တော်လုပ်ငန်း အတွေ့အကြုံနှင့် သင်တန်းများ တက်ရောက်ရန် မြန်မာပြည်မှထွက်ခွာသွား ခဲ့ကြသည်။
၁၉၇၃ ခုနှစ်တွင် သီလရှင်များသည် ကောင်းသောသိုးထိန်းတမန်တော်လုပ်ငန်းများကို ပြန်လည် လုပ်ဆောင်ရန် မြန်မာပြည်သို့ ပြန်လာခဲ့ကြပြီး သီလရှင်များသည် ယခင် စိန့်ဗင်ဆင့်စာသင်ကျောင်း (ယခုဆရာတော်ကြီးများကျောင်းတိုက်) တွင် နေထိုင်ခဲ့ပြီး ရန်ကုန်သာသနာ၌ တမန်တော်လုပ်ငန်းများကို ကျရာကဏ္ဍမှ ထမ်းဆောင်ခဲ့ကြသည်။ ၁၉၇၆ ခုနှစ်တွင် သုံးဆယ်သာသနာရှိ မကျီးကွင်းကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် သာသနာလုပ်ငန်းများကို လုပ်ဆောင်ရန် ကျောင်းသစ် ဖွင့်လှစ်ခဲ့သည်။
၁၉ရ၈ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့တွင် ယခင်နေထိုင်ရာ စိန့်ဗင်ဆင့်ကျောင်းမှ ယခုလက်ရှိရန်ကုန် သီလရှင်ကျောင်းရှိရာ အမှတ် (၁၁၂)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ လသာမြို့နယ်သို့ ပြောင်းရွေ့ခဲ့သည်။ ထိုကျောင်းသည် ယနေ့တိုင် မြန်မာပြည်ကောင်းသောသိုးထိန်းသီလရှင်များ၏ ဗဟိုဋ္ဌာနနှင့် သီလရှင်ဖြစ်သင်တန်းကျောင်းများ တည်ရှိရာနေရာဖြစ်လာသည်။
၁၉၈၃ ခုနှစ်တွင် ဆရာတော်ကြီး၏ ဖိတ်ကြားချက်အရ ကောင်းသောသိုးထိန်း တမန်တော်လုပ်ငန်းများ လုပ်ဆောင်ရန် မန္တလေးမြို့၌ ကျောင်းသစ် တစ်ကျောင်းဖွင့် ခဲ့သည်။ တဖန် ၁၉၉၀ ခုနှစ်တွင် ဒေသခံတိုင်းရင်းသူများ အဖက်ဖက်မှ တိုးတက်ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများလုပ်ဆောင်ရန် ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ သီလရှင်ကျောင်း တည်ထောင်ခဲ့သည်။ ထို့အပြင် ၁၉၉၇ ခုနှစ်တွင် ကျောက်စိမ်းတူးဖော်ရာနေရာတွင် အလုပ်လုပ်ကိုင်နေသော အမျိုးသမီးများကို ကူညီစောင့်ရှာက်ရန် ကချင်ပြည်နယ်ရှိ ဟိုပင်မြို့တွင် သီလရှင်ကျောင်း ဖွင့်လှစ်ခဲ့သည်။ သီလရှင်များသည် မိသားစုများသို့ ပုံမှန်လည်ပတ်ခြင်းနှင့် ၎င်းတို့၏ ဘဝပြဿနာများကို ကူညီဖြေရှင်းပေးခြင်း၊ အမျိုးသမီးများ၊ လူငယ်များနှင့် ဓမ္မဆရာ/မများနှင့် လက်တွဲ လုပ်ဆောင်ကြသည်။
၁၉၉၉ ခုနှစ်တွင် ထိုင်း-မြန်မာနယ်စပ်ရှိ ရန်ကုန်ရွာတွင် သီလရှင်ကျောင်းအသစ်ကို ဖွင့်လှစ်ခဲ့ပြီး အမျိုးသမီးများ တဖက်ကမ်းထိုင်းနိုင်ငံ၌ ပြည့်တန်ဆာလုပ်သားအဖြစ် သွားရောက်လုပ်ကိုင်ခြင်းမှ ကာကွယ်သည့်အနေဖြင့် မိသားစု ဝင်ငွေရအသေးစားစီးပွားရေး လုပ်ငန်းများကို တည်ထောင်ပေးခဲ့သည်။ ထို့အပြင် HIV/AID ရောဂါခံစားနေရသော လူနာများနှင့် မူးယစ်ဆေးဝါးစွဲနေသူများအတွက် အသိပညာပေးသင်တန်းမျာနှင့် ကာကွယ်စောင့်ရှောက်ခြင်း၊ ဘော်ဒါကျောင်းဆောင်များနှင့် နေ့ကလေးထိန်းကျောင်းများကို ဖွင့်လှစ်ပေးခြင်းများအားဖြင့် ဒေသခံများကို ကူညီပံ့ပိုးပေးသည်။
၂၀၀၄ ခုနှစ်တွင် ဝိညာဉ်ရေးဆိုင်ရာ ပြန်လည်ဆန်းသစ်ခြင်းအစီအစဉ်များ အတွက်ရည်ရွယ်ကာ ပြင်ဦးလွင်မြို့သစ်၌ မြေနေရာဝယ်ယူပြီး ကျောင်းဖွင့်လှစ်ခဲ့သည်။ ထိုနှစ်မှာပင် နယ်မှအမျိုးသမီးငယ်များ၏ ပညာရေးအတွက် ရည်ရွယ်ကာ မန္တလေးမြို့သစ်၌ ဘော်ဒါကျောင်းဖွင့်လှစ်ခဲ့သည်။ ၂၀၀ရ ခုနှစ်တွင် ဟိုပင်ကျောင်းမှ သီလရှင်များသည် မိုးညှင်းမြို့ရှိ ဘော်ဒါကျောင်းတွင် ကြီးကြပ်ရန် သာသနာမှ တာဝန်ပေးခြင်းခံရသည်။ ၂၀၁၄ ခုနှစ်တွင် Sr. Regina Htoo Htoo သည် အရှေ့အာရှနယ်ပယ်တွင် မြန်မာနိုင်ငံမှ ပထမဦးဆုံး နယ်ပယ်ဆိုင်ရာ အကြီးအကဲအဖြစ် ရွေးကောက်ခြင်းခံရပြီး မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား နှင့် ဗီယက်နမ်နိုင်ငံရှိ ကောင်းသောသိုးထိန်းသီလရှင်များ၏ တာဝန်ခံဖြစ်လာခဲ့သည်။
၂၀၁၅ ခုနှစ်တွင် ပြင်ဦးလွင်မြို့သစ်ကျောင်းနှင့် မိုးညှင်းကျောင်းမျာကို တရားဝင် သီလရှင်ကျောင်းများ အဖြစ်ဖွင့်လှစ်ခဲ့ကြသည်။ ၂၀၁၆ ခုနှစ်၊ ဇန္နဝါရီလ (၁၆) ရက်နေ့တွင် ကောင်းသောသိုးထိန်းသီလရှင်များ မြန်မာနိုင်ငံတွင် တည်ရှိခြင်း နှစ် (၁၅၀) ဂျူဗလီပွဲကြီးကို ရန်ကုန်မြို့ရှိ စိန့်မေရီ ဘုရားကျောင်းတော်ကြီး၌ ကောင်းသောသိုးထိန်းမိသားစုမှ ပျော်ရွှင်စွာ၊ စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပခဲ့ကြပါသည်။
ယခုအခါ ကောင်းသောသိုးထိန်းသီလရှင် (၅၂) ပါးသည် သာသနာ (၆)ခုရှိ ကောင်းသောသိုးထိန်း သီလရှင်ကျောင်း (၉) ကျောင်းတွင် ခေတ်ကာလ၏ အခြေအနေကို သုံးသပ်လျက် လူဝတ်ကြောင်အဖွဲ့အစည်းများ ပူးပေါင်း၍ အသင်းတော်၏ တမန်တော်လုပ်ငန်းများတွင် ခွန်အားသတ္တိဖြင့် ဆက်လက်၍ တတတ်တအား ပါဝင်ကူညီလျက်ရှိသည်။ အကူအညီမဲ့နေသောသူများဘ၀ တိုးတက်ခြင်း၌ ပိုမိုထိရောက်စွာ ကူညီနိုင်ရန်အတွက် သီလရှင်များသည် ဘာသာပေါင်းစုံမှ လူမှုရေးအဖွဲ့အစည်းများနှင့် အတူတကွ ပူးပေါင်းလုပ်ဆောင်လျက်ရှိပါသည်။
#ကျွန်ုပ်တို့၏မျှော်မှန်းချက်။
အမျိုးသမီးများနှင့်ကလေးများသည် မိမိတို့၏အခွင့်အရေးများကိုအပြည့်အဝခံစားနိုင်မည့် ပိုမိုကောင်းမွန်သော လူမှုဘ၀ဖြစ်တည်ရေးဆီသို့။
#ကျွန်ုပ်တို့၏လုပ်ဆောင်ချက်။
အမျိုးသမီးများနှင့်ကလေးများအားအကြမ်းဖက်ခြင်းအမျိုးမျိုးပပျောက်ရေးအတွက်ဆောင်ရွက်ရာတွင်ကာကွယ်တားဆီးခြင်း၊စောင့်ရှောက်ခြင်း၊ပြန်လည်ပြုစုပျိုးထောင်ပေးခြင်းနှင့်ပြန်လည်ပေါင်းစည်းခြင်းတို့ကိုအောက်ဖော်ပြပါအဓိကအစီအစဉ် (၃) ခုဖြင့်ဆောင်ရွက်လျှက်ရှိပါသည်။
@ကျားမအခြေပြုသောအကြမ်းဖက်မှုများပပျောက်ရေးအစီအစဉ်
@လူကုန်ကူးမှုတိုက်ဖျက်ရေးအစီအစဉ်
@ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးနှင့် ကလေးများစွမ်းရည်မြှင့်တင်ရေးအစီအစဉ်
#ကျွန်ုပ်တို့၏ဝန်ဆောင်မှုများ။
 လူထုအသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်း။
 နွေးထွေးလုံခြုံသည့်ခိုလှုံရာနေရာပေးခြင်း။
 စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာထိခိုက်ခံစားမှုများအတွက် ကူညီထောက်ပံ့ပေးခြင်း။
 မိသားစု၊ လူမှုအသိုင်းအဝိုင်းနှင့်ပြန်လည်ပေါင်းစည်းရေးတို့ကိုဆောင်ရွက်ပေးခြင်း။
 အသက်မွေးဝမ်းကျောင်းပညာပေးခြင်း၊ အလုပ်အကိုင်များရှာဖွေချိတ်ဆက်ပေးခြင်းဖြင့် ဘ၀ပြန်လည်ရပ်တည်နိုင်ရန်ပံ့ပိုးမှုများဆောင်ရွက်ပေးခြင်း။
 ထိရောက်သောပြောင်းလဲမှုရရှိရန်နှင့်လူမှုအသိုင်းအဝိုင်းအတွင်းတရားမျှတမှုရှိစေရန်သဘောထားချင်းတူသောအခြားအဖွဲ့အစည်းများနှင့်ပူးပေါင်း၍စည်းရုံးလှုံ့ဆော်ခြင်း။
• လူ့ဂုဏ်သိက္ခာ
• လူမှုအသိုင်းအဝိုင်းမှစွန့်ပယ်ထားခြင်းခံရသူများအတွက်ဦးစားပေးဆောင်ရွက်ခြင်း
• လူ့အခွင့်အရေးနှင့်တာဝန်ဝတ္တရားများ
• တရားမျှတခြင်း
• မတ်ေတာကရုဏာ
• ပူးပေါင်းပါဝင်ခြင်းနှင့်အတူတကွဆောင်ရွက်ခြင်း
• တာဝန်ယူမှုနှင့်တာဝန်ခံမှု
#ကျွန်ုပ်တို့၏ စိတ်ဓာတ်နှင့် ထူးခြားသောကျေးဇူးတော်။
ကျွန်ုပ်တို့အသင်း၏ ဝိညာဉ်ရေးကျင့်စဉ်သည် ဆင်းရဲသားများအား သတင်းကောင်း ယူဆောင်ပေးရန်၊ ချုပ်နှောင်ခံရသူတို့ကို လွတ်မြောက်စေရန် နှင့် ဘုရားသခင်၏ကောင်းမြတ်ခြင်းကို ကြေငြာဟောပြောရန် စေလွှတ်ခြင်းခံရသော ယေဇူးဘုရား ၌ဖော်ပြလျှက်ရှိသော ဧဝံဂေလိသတင်းကောင်း၏ စံတန်ဖိုးထားမှု၌ ဗဟိုပြုလျှက်ရှိပါသည်။ ယေဇူးဘုရား ကိုယ်တော်တိုင် မိမိကိုယ်ကို ပြည့်ဝစုံလင်သောအသက်တာကို ယူဆောင်လာသော ကောင်းသောသိုးထိန်းအဖြစ်ဖော်ပြခဲ့ပေသည်။
နှစ်ပေါင်း ၄၀၀ နီးပါး ကျွန်ုပ်တို့အသင်းဝင်များနှင့် လုပ်ဖော်ကိုင်ဖက်များသည် St.John Eudes နှင့် St. Mary Euphrasia တို့၏ ဝိညာဉ်ရေးလမ်းညွှန်မှုအတိုင်း အကူအညီလိုအပ်နေသူများ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆုတောင်းမေတ္တာများပို့သပေးခြင်းဖြင့်လည်းကောင်း၊ လက်တွေ့ကျပြီး ထိရောက်သော တမန်တော်လုပ်ငန်းများဖြင့်လည်းကောင်း ကူညီပံ့ပိုးပေး လျှက်ရှိကြပါသည်။
သနားကြင်နာခြင်းနှင့် ပြန်လည်ကြေအေးသင့်မြတ်ခြင်း ကို လိုလားတောင့်တနေသော လူမှုအခြေအနေများကို တုန့်ပြန်ရာ၌ လူအသိုင်းအဝိုင်းတွင် အထူးသဖြင့် အခြေအနေမဲ့ဒုက္ခရောက် နေကြသောအမျိုးသမီးများနှင့် ကလေးများအတွက် အလေးထားဆောင်ရွက်လျှက်ရှိပါသည်။ စကြာဝဠာတစ်ခုလုံးကို အစဉ်အမြဲ ဆန်းသစ်ပြုပြင်နေသော၊ နှောက်ယှက်ဖျက်ဆီးခြင်းများ၌ မျှော်လင့်ခြင်းကို ရှင်သန်စေသော ဖန်တီးခြင်းများ၏အရှင် ဝိညာဉ်တော်ဘုရားကို ကျွန်ုပ်တို့ ယုံကြည်ပါ၏။
မိမိတို့ သီလရှင်များ၏ အတူနေဘဝအသက်တာနှင့် တမန်တော်လုပ်ငန်းများ ပါဝင်လုပ်ဆောင်ရာ၌ နေ့စဉ်ရရှိသော လူသားအခြင်းခြင်း ပေါင်းသင်းဆက်ဆံရေးမှ ရရှိသောအတွေ့အကြုံများသည် နူးညံ့သိမ်မွေ့ခြင်းနှင့် သနားကြင်နာခြင်းဂရုဏာ တည်းဟူသော ချစ်ခြင်းမေတ္တာ၌ ကျွန်ုပ်တို့ကို ကြီးထွားလာစေသည်။ ဘုရားသခင်၏အသံတော်ကို နေ့စဉ် အတွေ့အကြုံများမှ ကြားနာပြီး လူသားတိုင်း၌ အထူးသဖြင့် ဒုက္ခရောက်နေသူများ၌ သခင်ခရစ်တော်ကို မြင်တွေ့လျှက် တရားဘာဝနာစီးဖြန်းခြင်းဖြင့် ဝိညဉ်ရေးအသက်တာကို ခွန်အားဖြည့် ကြပါသည်။
ဖန်ဆင်းခြင်း၏ ပြောင်းလဲဖြစ်စဉ်၌ ကျွန်ုပ်တို့ ပါဝင်ခြင်းအားဖြင့် ဘုရားသခင်၏ စွမ်းအားနှင့် ပြည့်၀သော ဝိညာဉ်တော်သည် ကျွန်ုပ်တို့အတွင်း၌သာမက ကျွန်ုပ်တို့အားဖြင့်ပါဝင် လှုပ်ရှားလျှက်ရှိသည်ကို ယုံကြည်ပါသည်။
လူသားများ အပါအဝင် ဖန်ဆင်းခံအားလုံး၏ ဂုဏ်သိက္ခာနှင့်တန်ဖိုးကို ဖျက်ဆီးသော အရာဟူသမျှကို တားဆီး၍ ကောင်းမွန်သောပြောင်းလဲခြင်းများဖော်ဆောင်ရန် အတွက် စိတ်သဘောထားတူညီသော သူများနှင့် အတူလက်တွဲ လုပ်ဆောင်လျက်ရှိပါသည်။
#မယ်တော်၏စေတနာဘွဲ့ခံကောင်းသောသိုးထိန်းသီလရှင်အသင်း။
 
မယ်တော်၏စေတနာဘွဲ့ခံကောင်းသောသိုးထိန်းအသင်း(ကောင်းသောသိုးထိန်းသီလရှင်အသင်း)သည် ရိုမင်ကက်သလစ်အသင်းတော်အတွင်း၌ရှိနေသော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးသီလသည် အသင်းတစ်ခုဖြစ်ပြီး ယခု နိုင်ငံပေါင်း ၇၄ နိုင်ငံတွင် သီလရှင်အားလုံး ၃၂၇၃ ပါး ဆက်ကပ်အမှုတော်ဆောင်လျက်ရှိပါသည်။ ကျမတို့သည် ပြန်လည်ကျေအေးသင့်မြတ်ခြင်းလုပ်ငန်းတော်၌ ပါဝင်အစေခံရန် ဖိတ်ခေါ်ခြင်းခံကြရသည်။ ကျွန်မတို့၏ထူးခြားသောကျေးဇူးတော်ဖြစ်သော ကြင်နာသနားခြင်းမေတ္တာလုပ်ငန်းကိုဆုတောင်းခြင်းဖြင့်ဆက်ကပ်သူများအနေနှင့် လည်းကောင်း၊ တမန်တော်လုပ်ငန်း လုပ်ဆောင်၍ ဆက်ကပ်သောသူများအနေနှင့်လည်းကောင်း နေထိုင်ဆက်ကပ်ကြပါသည်။ အသင်း၏လုပ်ဆောင်ချက်စဉ်ဆက်မပြတ်တိုးတက်နေစေရန်အတွက် ကောင်းသောသိုးထိန်းတမန်တော်လုပ်ငန်းတွင်ပါဝင်လက်တွဲလုပ်ဆောင်သော သာမန်လူပုဂ္ဂိုလ်များ၊ ဝန်ထမ်းများ၊ အချိန်ပိုင်းဆက်ကပ်သူများနှင့် အလှူရှင်များ စသည့်ပုံစံမျိုးဖြင့် ဆက်ကပ်နေကြပါသည်။
ဘုရားရှင်၏ဖိတ်ခေါ်သံကို ခံစားမိသောအမျိုးသမီးငယ်တိုင်း ကျွန်မတို့ ကောင်းသောသိုးထိန်း သီလရှင်ကျောင်းများ၊ တမန်တော်လုပ်ငန်းများသို့ လာရောက်လေ့လာနိုင်ရန်ဖိတ်ခေါ်ပါသည်။
ထိုမှပိုမိုစိတ်ဝင်စားလာလျှင် လေ့လာသူအဆင့်၌လာရောက်နေထိုင် လေ့လာနိုင်ပါသည်။
ထိုမှတစ်ဆင့်အချင်းချင်းရင်းနှီးလာသည်နှင့်အမျှ တာဝန်ရှိသီလရှင်မှ သူမအားဘုရား၏ခေါ်တော်မူ ခြင်းဘဝအသက်တာအကြောင်း ပိုမိုမြင်သာလာအောင် လက်တွဲကူညီပေးပါလိမ့်မည်။
ကောင်းသောသိုးထိန်းသီလရှင်ဘဝအဖြစ် နေထိုင်ဆက်ကပ်ရန်ဆုံးဖြတ်လိုက်သည်နှင့် သူမအား
#ဝင်လိုသူဘဝ၊ #အကြိုသီလရှင်လောင်းဘဝ၊ #သီလရှင်လောင်းဘဝ၊ #ယာယီသစ္စာခံသီလရှင်ဘ၀ နှင့် #စဉ်ဆက်မပြတ်ပုံသွင်းခြင်းဘ၀ အသက်တာသို့ အဆင့်ဆင့်လက်တွဲခေါ်ဆောင်သွားခြင်း ခံရမည်ဖြစ်ပါ သည်။
#ဝင်လိုသူဘဝ။ ။ဤအဆင့်တွင် တစ်ဦးချင်းစီ၏ ရင့်ကျက်မှုနှင့် အဆင်သင့်ဖြစ်မှုပေါ်မူတည်ပြီး ဆုံးဖြတ်ပါသည်။
#အကြိုသီလရှင်ဘဝ။ ။ဤအဆင့်သည် (၂) နှစ်တာကာလဖြစ်မည်။ မိမိ၏ခေါ်တော်မူခြင်း ဆန်းစစ်ခြင်းရန် တာဝန်ခံသီလရှင်မှ ကူညီပေးပြီး၊ ကောင်းသောသိုးထိန်းသီလရှင်အသင်း၏သမိုင်းကြောင်း၊ အသင်း၏တမန်တော်လုပ်ငန်းများနှင့် အတူနေထိုင်သော သီလရှင်အသက်တာအတွေ့အကြုံများကို လေ့လာနေထိုင်ရင်း မိမိ၏ ခေါ်တော်မူခြင်းကို ဆန်းစစ်ရမည်ဖြစ်သည်။
#သီလရှင်လောင်းဘဝ။ ။ဤအဆင့်ပထမနှစ်တွင် ဘုရားနှင့်ရင်းနှီးရန်တရားအားထုတ်ပြီး ဘာသာရေးစာပေများ အထူးလေ့လာခြင်း၊ ဒုတိယနှစ်တွင် သီလရှင်များနှင့် အတူနေထိုင်သော အသက်တာကို လက်တွေ့နေထိုင်ရင်း အသင်း၏တမန်တော်လုပ်ငန်းများ၌ပါဝင် လုပ်ဆောင်ခြင်း၊ သီလရှင်ဘဝအသက်တာ အတွက်ပြင်ဆင်ခြင်း ကာလဖြစ်သည်။
#ယာယီသစ္စာခံသီလရှင်။ ။သီလရှင်လောင်း (၂)နှစ်တာကာလပြီးဆုံး သည့်နောက် မိမိ၏လွတ်လပ်စွာ ရွေးချယ်ဆုံးဖြတ်ချက်ဖြင့် ယာယီကတိသစ္စာကို ပြုရပါသည်။ ဤအဆင့်တွင် သီလရှင်တစ်ပါးအနေဖြင့် အတူနေထိုင်သော ဘဝအသက်တာနှင့် တမန်တော်လုပ်ငန်းတွင် လက်တွေ့ပါဝင်လုပ်ဆောင်ပြီး မိမိအသက်တာကို ရာသက်ပန်ဆက်ကပ်နိုင်ရန်အတွက် တာဝန်ခံသီလရှင်၏အကူအညီဖြင့် လေးနက်စွာဆန်းစစ်ရမည်ဖြစ်သည်။ ဤအဆင့်သည် (၅) နှစ်မှ (၉) နှစ်ထိကြာမည်ဖြစ်သည်။
ကောင်းသောသိုးထိန်းသီလရှင်အသင်း၌ ဝင်လိုသူဖြစ်လိုပါက
- (၁၀)တန်း အောင်ရမည်။
- ဘုရားတရား ကြည်ညိုပြီး ဘုရားအတွက်၊ လူသားများအတွက် ဆက်ကပ်ခြင်သူဖြစ်ရမည်။
- ကောင်းသောသိုးထိန်းအသင်း၏ အဓိကတမန်တော်လုပ်ငန်း ဖြစ်သော လူ့အသိုင်းအဝိုင်းမှငြင်းပယ်ထားသော အမျိုးသမီးနှင့် ကလေးငယ်မျာကို ကူညီရန် စိတ်အားထက်သန်ရမည်။
- ကျန်းမာရေးကောင်းမွန်ရမည်။
Vocation Promotion Directress
Good Shepherd Convent
အမှတ် ၁၁၂၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း
ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှေ့
လသာမြို့နယ် ရန်ကုန်။
Call or send a message
Mobile: 09250891667 (or) 09259679086
Email Address:

#ကက်သလစ်သီလရှင်များ ထိုင်းနိုင်ငံမှချို့တဲ့သူများအားအစားအစာကျွေးမွေးလှူဒါန်း
#Catholic nuns begin feeding program for poor in Thailand

        ဘန်ကောက်ဂိုဏ်းချုပ်သာသနာအတွင်း၌အမှုတော်ဆောင်နေသော ကက်သလစ်သီလရှင်အသင်းတစ်သင်းက ချို့တဲ့နွမ်းပါးသူများအား အစားအစာကျွေးမွေးလှူဒါန်မှုကိုစတင်ပြုလုပ်နေပါသည်။ဤသို့ကျွေးမွေးနိုင်ရန်အတွက်‘One Hand Meal for One Baht’(တစ်ဘတ်ထမင်းတစ်နပ်)အစီအစဉ်ဖြင့် ကျွေးမွေးခြင်းဖြစ်သည်။ဤသီလရှင်အသင်းမှာ‘ယေဇူးရွှေနှလုံးတော်အသင်း’သီလရှင်အသင်းဖြစ်သည်။ယခုကဲ့သို့အတွေ့ကို ရဟန်းမင်းကြီးဖရန်စစ်ကပေးခဲ့ကြောင်း၊ရဟန်းမင်းကြီးသည် မိမိတို့၏သက်တောင့်သက်သာအခြေအနေမှရုန်းထွက်၍ ချို့တဲ့နွမ်းပါးသူတို့၏အခြေခံလိုအပ်ချက်များကိုကူညီပေးရန်တိုက်တွန်းခဲ့သည်။ထိုင်းနိုင်ငံသည် ကိုးဗစ် (၁၉) ကပ်ဆိုးကြီးကိုအလူးအလဲခံရပြီးနောက်လည်းကောင်း၊စီးပွားရေးပျက်ကပ်မှုကြောင့်လည်းကောင်း လိုအပ်သူများကိုကူညီရန်အတွက်တွန့်ဆုတ်နေခဲ့သည်။အတော်များများအလုပ်မဲ့သွားပြီး ချို့တဲ့သူများဖြစ်သွားခဲ့ကြသည်။မြို့ပြ၌အလုပ်လုပ်နေသူများ ၎င်းတို့၏ဆင်ခြေဖုံး၊ မြို့ပြင်များ၌ရှိသောလယ်ယာ၊ တောင်ယာများကိုပြန်လည်လုပ်ကိုင်နေကြရသည်။နိုင်ငံသားအတော်များများသည် ၎င်းတို့း၏ဘ၀ကိုအစမှပြန်စနိုင်ရန်ပိုင်ဆိုင်ရာများကိုရောင်းချနေကြရသည်။ထိုအခြေအနေမျိုး၌ ဘန်ကောက်တွင်အခြေချနေသောယေဇူးရွှေနှလုံးတော်သီလရှင်အသင်းကအထက်ကဆိုခဲ့သောလှုပ်ရှားမှုဖြင့်ရံပုံငွေရှာဖွေခဲ့သည်။ထိုမှရသောအလှူငွေဖြင့် တစ်လတစ်ကြိမ် လူပေါင်း (၂၀၀)အား အစားအစာများ‌ဝေငှပေးသည်။ယခုကဲ့သို့ပြုလုပ်ရခြင်း၏အဓိကရည်ရွယ်ချက် (၂) ချက်ရှိသည် ။ (၁) Klong Toei တစ်ဝှိုက်ရှိ နွမ်းပါးချို့တဲ့သောသူများကိုကူညီရန်(၂)ယုံကြည်မှုမတူသောဘာသာအချင်းချင်းချစ်ခင်ရင်းနှီးမှုရှိရန်၊ခက်ခဲသောဘ၀အား ကူညီခြင်းဖြင့်စတင်ရန်ဖြစ်ပါသည်။ယေဇူးရွှေနှလုံးတော်သီလရှင်အသင်း၏အဓိက တမန်တော်လုပ်ငန်းမှာ ပညာရေးဖြစ်သည်။ထိုင်းနိုင်ငံတစ်၀ှမ်း၌ ကက်သလစ်ကျောင်းများစွာဖွင့်လှစ်ထားသည်။လူငယ်များကိုလည်းအရည်အချင်းပြည့်၀ပြီး၊ဆက်ကပ်လိုသောစိတ်ထားမွေးမြူနိုင်ရန်အတွက်လည်း ပြုစုပျိုးထောင်ပေးလျက်ရှိသည်။ကက်သလစ်များသာမကဘဲ ဗုဒ္ဓဘာသာမိသားစုများလည်း ၎င်းတို့၏ကလေးများကို ကက်သလစ်ကျောင်းများ၌လာရောက်အပ်နှံကြသည်။လွန်ခဲ့သောနှစ် နှစ်ခန့်က အသစ်အဆန်းတစ်ခုဖြစ်ပွားခဲ့သည်။ထိုအသစ်အဆန်းကား ရဟန်းမင်းကြီးဖရန်စစ်မှ မိမိတို့၏အိမ်များ၊ကျောင်းများမှထွက်၍ချို့တဲ့နွမ်းပါးသူများကိုကူညီရန်တိုက်တွန်းခဲ့ကြောင်း၊ ထိုတိုက်တွန်းချက်ကို လက်တွေ့ဖော်ဆောင်ခြင်းဖြစ်ကြောင်း၊ နွမ်းပါးချို့တဲ့သူများအားတွေ့ဆုံကူညီရန်‌ဝေး ဝေးလံလံ သွားရန်မလို။ ကျွန်မတို့သီလရှင်ကျောင်း နှင့် ပြခန်းသွားလိုက်သည်နှင့်ချို့တဲ့နွမ်းပါးသည့်ရပ်ကွက်ရှိနေကြောင်း၊ထိုရပ်ကွက်သည် ဘန်ကောက်၏အကြီးဆုံးချို့တဲ့နွမ်းပါးသူများနေထိုင်သောနေရာဖြစ်ကြောင်း၊ထိုဒေသကို Klong Toeiဟုခေါ်ကြောင်း Sr.Orapin ကဖြေကြားခဲ့သည်။ထိုင်းနိုင်ငံ၌(၆.၈) ရာခိုင်းနှုန်းသောလူဦးရေသည် ဆင်းရဲချို့တဲ့သောလူ့အဖွဲ့အစည်းဖြစ်ကြောင်း၊ဤချို့တဲ့သောလူ့အဖွဲ့အစည်းသည် မြို့ကြီးများ၏ဆင်ခြေဖုံးရပ်ကွက်များ၌တိုး၀င်ရှင်သန်ဖြတ်သန်းနေကြသည်။ Klong Toei သည် ဘန်ကောက်မြို့အလယ်တွင်ရှိသည်။ဤရပ်ကွက်၌ အခြေအနေမဲ့အိမ်ခြေ (၁၀၀,၀၀၀) ခန့်နေထိုင်ကြသည်။အိမ်များကိုလည်း ဖြစ်သလိုဖယိုဖရဲ၊ ခနောခနှဲဆောက်၍ အဓိကဆိပ် ကမ်းများ၌နေထိုင်ကြသည်။ ထိုဒေသ၌ ဇာဗေးရီးယံသာသနာပြုဘုန်းတော်ကြီးများ၏ကျောင်းရှိသည်။ ၎င်းတို့နှင့်ပူပေါင်၍ အဆိုပါချို့တဲ့နွမ်းပါးသူတို့ကိုကူညီရန် သီလရှင်အသင်း၏အကြီးအကဲက သီလရှင်အချို့အားကမ်းလှမ်းခဲ့သည်။ထိုကမ်းလှမ်းချက်ကိုလက်ခံ၍ သီလရှင်များသည် ထိုရပ်ကွက်သို့သွားရောက် ကြည့်ရူခဲ့သည်။ မိသားစုများနှင့်သိကျွမ်းရင်းနှီးလာသည်။အလွန်ကြီးမားသောစိန်ခေါ်ချက်ကား အကြမ်းဖက်ခြင်း၊မှုးယစ်ဆေးသုံးစွဲခြင်း၊ အနိုင်ကျင့်မှုအမျိုးမျိုးကိုကျူးလွန်ခြင်း၊ နွမ်းပါးချို့တဲ့ခြင်း၊ အချို့ ကားကုန်းကောက်စရာမရှိအောင်ပင်မွဲနေကြသည်။ ရှိနေသောပြဿနာတိုင်းကိုကျွန်မတို့မကိုင်တွယ်မဖြေရှင်းပေးနိုင်ပေ။အဘယ်ကြောင့်ဆိုသော် အခြားသောအမှုတော်များကိုလည်းဆောင်ရန်ရှိသည်။သို့သော် နေ့စဉ်စားသောက်နိုင်ရန်အတွက်ရုန်းကန်နေမှုကိုမူ တတ်နိုင်သလောက်ပါ၀င်ကူညီပေးနိုင်ပါသည်။‘တစ်ဘတ် ထမင်းတစ်နပ်’လှုပ်ရှားမှုသည်မဆိုစလောက်သော်လည်း ချို့တဲ့နွမ်းပါးသူများအား၎င်းတို့သည်စွန့်ပစ်ခံများဖြစ်သည်ဟုမခံစားရစေရန် ၎င်းတို့သည်ဤလှုပ်ရှားမှု၏တစ်စိတ်တစ်ပိုင်းဖြစ်သည်ကိုလည်းခံစားစေလိုသည်။၎င်းတို့သည် လက်ခံရုံသက်သက်သာမဟုတ်။ ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှ၌ ဗုဒ္ဓဘာသာအများဆုံးနေထိုင်သောနိုင်ငံဖြစ်သည်။အင်ဒိုနီးရှားနိုင်ငံသည် ဗုဒ္ဓဘာသာဒုတိယအများဆုံးနိုင်ငံဖြစ်သည်။ စင်ကာပူ၊ဘရူနိုင်း၊အင်ဒိုနီးရှား၊ မာလေးရုးဂ’(၂၀၁၈)ခုနှစ် က GDP (Gross Domestic Product)၏တန်ဖိုးအဆင့် (၄)တွင် ရှိနေသေးသည်။ ၂၀၁၉ခုနှစ် က ထိုင်းနိုင်ငံအတွင်း ကက်သလစ်ဘာသာတူဦးရေ (၃၈၀၀၀) ဦးရှိသည်။ထိုင်းနိုင်ငံ၌ ကက်သလစ်ဂိုဏ်းချုပ်သာသနာ(၃) ခု၊သာသနာအုပ်စုပေါင်း(၉)ခု၊သာသနာအုပ်စု (၅၀၂) ရှိသည်။

 

ဘာသာပြန် ဖာသာရ် ကလေးမင်းအားတယ်

 

Crd Photo

 

#The young priest who rescued people during WWII declared Venerable
#ဒုတိယကမ္ဘာစစ်ကာလက လူများ၏အသက်ကိုကယ်တင်ခဲ့သောရဟန်းပျိုကြည်ညိုလေးစားရသူအဖြစ်ကြေညာခံရ
#Medieval band gets the Pope's blessing ahead of the traditional donkey race
#အလယ်ခေတ်ကဘင်ခရာအဖွဲ့ရဟန်းမင်းကြီး၏ကောင်းကြီးကိုခံယူ
#Pope names Special Delegate for the Memores Domini association
#ရဟန်းမင်းကြီးဖရန်စစ်သည် Memores Domini အဖွဲ့အတွက်အထူးကိုယ်စားလှယ်ခန့်အပ်ခြင်း
#ကမ္ဘာတစ်၀ှမ်းမှ သာမန်ကက်သလစ်ဘာသာ၀င်တို့၏ သာသနာပြု်ဘ၀အခြေအနေ
#The state of Catholic lay missionaries worldwide

#နိုင်ငံရေး၌ ထဲထဲ၀င်၀င်လုပ်ဆောင်လွန်းသောကက်သလစ်ဘုန်းတော်ကြီးအား ရာသက်ပန်အမူတော်ဆောင်နိုင်ခွင့် မှရပ်ဆိုင်းလိုက်
Priest gets ‘irreversible’ suspension for entering politics

#ယခုနှစ်ဗာတီကန်တွင်ထားရှိမည့် သူငယ်တော်အိမ်သည် Peruvian Andes မှဖြစ်မည်။
Nativity scene at the Vatican will be from the Peruvian Andes

#RVA ဝန်ထမ်းတစ်ဦး ထူးချွန်ဝန်ထမ်းဆုကို ဆွတ်ခူးရရှိ။

#ရဟန်းမင်းကြီးသည် မြေထဲပင်လယ်ဒေသမှဘဲလာရုစ်သို့ရွေ့ပြောင်းသွားသူများအတွက်ဆုတောင်းပေး။
#Pope prays for all migrants, from the Mediterranean to Belarus
#ရဟန်းမင်းကြီးဖရန်စစ်သည် ဂရိနိုင်ငံ၏နွေးထွေးသောကြိုဆိုမူကိုကျေးဇူးတင်ကြောင်းမိန့်ကြား>
#Pope Francis thanks Greece for warm welcome
#ဩသိုဒေါ့စ်အသင်းတော်ခေါင်းဆောင် Ieronymos II ရဟန်းမင်းကြီးဖရန်စစ်ရောမသို့ပြန်မကြွမီတစ်ည၌ အတူလည်ပတ်ခဲ့ကြ။
#Ieronymos II visits with Pope Francis on eve of his return to Rome

#ဧ၀ဂေလိတရားတော်ကိုစိတ်ရှည်လက်ရှည် စတင်ဟောကြားရန် လိုအပ်ကြောင်း ရဟန်းမင်းကြီက ဥရောပမှ ခရစ်ယာန်များအားမိန့်ကြား။

#ရာသက်ပန်ကတိသစ္စာခံယူခြင်း။ (၀၈.၁၂.၂၀၂၁)
CONGREGATION OF MOTHER OF SORROWS SERVANTS OF MARY (OSM)

#မြန်မာနိုင်ငံ ကက်သလစ်သူတော်စင် အသင်းဂိုဏ်းများ၏ (၈၂) ကြိမ်မြောက် ညီလာခံအစည်းအဝေး။ (၇-၈၊ ဇန်နဝါရီလ၊ ၂၀၂၂ ခုနှစ်။)

#ရဟန်းမင်းကြီးဖရန်စစ်အတွက် အထူးဆုတောင်းပေးကြပါစို့ ...

#ကမ္ဘာ့အကောင်းဆုံ ဆရာဆုရရှိသူ ကင်ညာနိုင်ငံသား"(စိန့်ဖရန်စစ်ဂိုဏ်းက ဘရာလ်သာတစ်ပါးPeter Mokaya Tabichi)

#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။

ဘာသာစကားများ ဘာသာပြန်သင်တန်း

Camillian Pastoral Care Center, Bangkok, Thailand

 

"Pastoral Literaturer Translation Workshop(2024)
June 4-10, 2024  -   FABC- OSC 
Untitled Document
Total viewer: 461269