# အာဒ်ဝင်တူးဖယောင်းတိုင်များအကြောင်း သိကောင်းစရာ
†††ကက်သလစ်ဘုရားကျောင်းများနှင့် မိသားစုအချို့သည် ခရစ်တော်၏မွေးဖွားခြင်းကို စောင့်မျှော်ရာတွင် ဖယောင်းတိုင် (၅)တိုင် ပါဝင်သောပန်းခွေကို အသုံးပြုကြသည်။ ယင်းတို့ထဲမှ (၄)တိုင်မှာ ခရစ္စမတ်မတိုင်မီ တနင်္ဂနွေနေ့များတွင် ထွန်းညှိရန်ဖြစ်ပြီး ကျန်တစ်တိုင်မှာ ခရစ္စမတ်နေ့တွင် ထွန်းညှိရန်ဖြစ်သည်။ အာဒ်ဝင်တူး ကာလအတွင်း ထွန်းညှိသော ဖယောင်းတိုင်များကို အရောင်အမျိုးမျိုးခြယ်သကြသော်လည်း များသောအားဖြင့် ပထမသုံးတိုင်ကို ခရမ်းရောင်ခြယ်သကြပြီး စတုတ္ထတိုင်ကို ပန်းရောင်ခြယ်သကြသည်။ ရံဖန်ရံခါ ဆိုသကဲ့သို့ ဖယောင်းတိုင်လေးတိုင်းစလုံးကို ခရမ်းရောင်ခြယ်သကြသည်လည်းရှိသည်။ ခရစ္စမတ်ဖယောင်းတိုင်ကြီးမှာမူ အဖြူရောင်ဖြစ် သည်။အာဒ်ဝင်တူးဖယောင်းတိုင်များ၏အရောင်နှင့်ပတ်သက်၍ ဆိုရလျှင် ခရမ်းရောင်သည် နောင်တစွဲယူခြင်းကို ကိုယ်စားပြုသည်။ ပန်းရောင်သည် ဝမ်းမြောက်ခြင်းကို ကိုယ်စားပြုသည်။ အလယ်တွင် ရှိသောဖယောင်းတိုင်ကို ခရစ္စမတ်ဖယောင်းတိုင်ဟု ခေါ်ဆိုကြပြီး ခရစ္စမတ်နေ့မတိုင်မီအထိ ၎င်းကို ထွန်းညှိပူဇော် ခြင်းမပြုကြချေ။ ပထမဖယောင်းတိုင် (ဗျာဒိတ်တော်/မျှော်လင့်ခြင်း ဖယောင်းတိုင်) တစ်ခါတရံ ပထမဖယောင်းတိုင်ကို ဗျာဒိတ်တော်ဖယောင်းတိုင်ဟု ခေါ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ဘုရား သခင်ထံမှ သတင်းစကားအဖြစ် ပရောဖက်များဟောကြားခဲ့သည့်ကတိတော်များကို ကိုယ်စားပြုသောကြောင့်ဖြစ်သည်။ ယင်းတို့သည် ခရစ်တော်မွေးဖွားမည့်အကြောင်း ဟောကြားထားသည့် ကတိတော်များဖြစ်သည်။ တချို့ကလည်း ထိုဖယောင်းတိုင်ကို ခရစ်တော်သခင်၌ ထားရှိသော ကျွနိုပ်တို့၏ မျှော်လင့်ခြင်းသင်္ကေတအဖြစ် သတ်မှတ်ထားကြသည်။ ထို့ကြောင့် ၎င်းကိုမျှော်လင့်ခြင်းဖယောင်းတိုင်ဟူ၍ လည်း ခေါ်ဆိုကြခြင်းဖြစ်သည်။ဒုတိယဖယောင်းတိုင် (လမ်းခရီးဖယောင်းတိုင်)ခရစ်တော်သည် လမ်းခရီးဖြစ်သည့်အကြောင်း(ယော ၁၄း၆)ကို ဒုတိယဖယောင်းတိုင်က ဖော်ပြသည်။ ကျွနိုပ်တို့ လူသားများ သည် အပြစ်မှောင်မိုက်ထဲတွင် လမ်းပျောက်နေကြသူများဖြစ်သည်။ ခရစ်တော်သည် ကျွနိုပ်တို့အား အမှောင်ထဲမှ ထွက်ရမည့်လမ်းကို ပြသရန် စေလွှတ်တော်မူခြင်းခံရသည့် အလင်းဖြစ်လေသည်။တတိယဖယောင်းတိုင်(ဝမ်းမြောက်ခြင်းဖယောင်းတိုင်)တတိယဖယောင်းတိုင်သည် ဤလောကအသက်တာ၌ ခရစ်တော်အားဖြင့်သာလျှင် ထာဝရတည်မြဲသည့် တစ်ခုတည်းသော ဝမ်းမြောက်ခြင်းကို ရှာဖွေတွေ့ရှိနိုင်မည့်အကြောင်း ဖော်ညွှန်းလေသည်။ အခြားသောဝမ်းမြောက်ခြင်းတို့မှာ တဒင်္ဂမျှသာဖြစ်ပြီးမတည်မြဲကြချေ။စတုတ္ထဖယောင်းတိုင်(ငြိမ်းချမ်းသာယာခြင်းဖယောင်းတိုင်)စတုတ္ထဖယောင်းတိုင်သည် လောကကမ္ဘာနှင့် လူသားတို့၏နှလုံးသားများထဲသို့ငြိမ်းချမ်းသာယာခြင်းကို ယူဆောင်လာရန် ယေဇူးသခင်ကြွလာတော်မူသည့်အကြောင်းကို ပြန်လည်အမှတ်ရစေသည်။ ခရစ်တော်သခင်သာ မရှိပါက ဤကမ္ဘာလောကတွင် ငြိမ်း ချမ်းသာယာခြင်းရှိမည်မဟုတ်ပေ။ပဉ္စမဖယောင်းတိုင် (ခရစ်တော်၏ဖယောင်းတိုင်၊ သို့မဟုတ် ခရစ္စမတ်ဖယောင်းတိုင်) ပဉ္စမဖယောင်းတိုင်သည် လူသားအပေါင်းတို့အား ၎င်းတို့၏အပြစ်မှကယ်ချွတ်ရန် မွေးဖွားလာသော ခရစ်တော် သခင်ကိုယ်တော် တိုင်ကို ကိုယ်စားပြုလေသည်။ ၎င်းသည် ခရစ်တော်၏မွေးဖွားခြင်း၌ ပြည့်စုံခြင်းသို့ရောက်သော ပရောဖက်တို့၏ဟောထားချက်များ အတွက် အောင်ပွဲအခမ်းအနားကျင်းပခြင်းဖြစ်သကဲ့သို့ ခရစ်တော် နောက်တစ်ဖန်ကြွလာချိန်တွင် ကျွနိုပ်တို့လူသားများ ကိုယ်တော်နှင့်အတူ ဘုန်းတော်ဝင်စားရမည့် နောက်ဆုံးသော ပြည့်စုံခြင်းကို ဆက်လက်စောင့်မျှော်ခြင်းလည်းဖြစ်ပေသည်။
Credit to Photo #(မျိုးကြဲသူ)
#ကမ္ဘာတစ်၀ှမ်းမှ သာမန်ကက်သလစ်ဘာသာ၀င်တို့၏ သာသနာပြု်ဘ၀အခြေအနေ
#The state of Catholic lay missionaries worldwide
#နိုင်ငံရေး၌ ထဲထဲ၀င်၀င်လုပ်ဆောင်လွန်းသောကက်သလစ်ဘုန်းတော်ကြီးအား ရာသက်ပန်အမူတော်ဆောင်နိုင်ခွင့် မှရပ်ဆိုင်းလိုက်
Priest gets ‘irreversible’ suspension for entering politics
#ယခုနှစ်ဗာတီကန်တွင်ထားရှိမည့် သူငယ်တော်အိမ်သည် Peruvian Andes မှဖြစ်မည်။
Nativity scene at the Vatican will be from the Peruvian Andes
#ဆရာဖြစ်သင်တန်း အမှတ်စဉ် (၁၄) အတွက် သင်တန်းသူ/ သားများဖိတ်ခေါ်ခြင်း။
#(PSIE)ပညာစမ့်းရေသင်တန်းကျောင်း။
#ရဟန်းမင်းကြီးသည် မြေထဲပင်လယ်ဒေသမှဘဲလာရုစ်သို့ရွေ့ပြောင်းသွားသူများအတွက်ဆုတောင်းပေး။
#Pope prays for all migrants, from the Mediterranean to Belarus
#ဩသိုဒေါ့စ်အသင်းတော်ခေါင်းဆောင် Ieronymos II ရဟန်းမင်းကြီးဖရန်စစ်ရောမသို့ပြန်မကြွမီတစ်ည၌ အတူလည်ပတ်ခဲ့ကြ။
#Ieronymos II visits with Pope Francis on eve of his return to Rome
#ဧ၀ဂေလိတရားတော်ကိုစိတ်ရှည်လက်ရှည် စတင်ဟောကြားရန် လိုအပ်ကြောင်း ရဟန်းမင်းကြီက ဥရောပမှ ခရစ်ယာန်များအားမိန့်ကြား။
#မြန်မာနိုင်ငံ ကက်သလစ်သူတော်စင် အသင်းဂိုဏ်းများ၏ (၈၂) ကြိမ်မြောက် ညီလာခံအစည်းအဝေး။ (၇-၈၊ ဇန်နဝါရီလ၊ ၂၀၂၂ ခုနှစ်။)
#ကမ္ဘာ့အကောင်းဆုံ ဆရာဆုရရှိသူ ကင်ညာနိုင်ငံသား"(စိန့်ဖရန်စစ်ဂိုဏ်းက ဘရာလ်သာတစ်ပါးPeter Mokaya Tabichi)
#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။