#ခရစ်တော်သခင်၏ အာဏာစက်
#တစ်ချိန်တစ်ခါတုန်းကရောမလူမျိုးတို့သည် ၎င်းတို့၏အင်ပါယာကို လွန်စွာကျယ်ပြန့်သည်ထိ ချဲ့ထွင်နိုင်ခဲ့သည်။အာရှအထိပင် ရောက်ရှိလာခဲ့သည်။သူတို့၏ တွေးခေါ်ပုံများ၊ဘာသာစကားများ၊ရိုးရာယဉ်ကျေးမှုများသည်လည်းသူတို့၏နယ်ချဲ့ခံနယ်မြေများအပေါ်သို့ လွန်စွာလွှမ်းမိုးမှုရှိခဲ့လေသည်။သူတို့၏ တွေးခေါ်ပုံများသည် အခြားသူများ ထက်သာနေခြင်း၊စစ်ဗျူဟာများသည်လည်း အခြားသူများထက်ခြေတစ်လှမ်းသာနေခြင်းကြောင့် လျင်လျင်မြန်မြန် နယ်ချဲ့နိုင်ခဲ့ခြင်းဖြစ်သည်။ထိုခေတ်ထိုအခါကရောမလူမျိုးတစ်ဦးဖြစ်သူ လူတစ်ရာတပ်မှူး တစ်ဦးနှင့်ခရစ်တော်သခင်တွေ့ဆုံသည့်အကြောင်းကို ဤယနေ့ဧဝံဂေလိကျမ်းစာတော်မြတ်တွင်ကျွန်တော်တို့ဖတ်ရှုရသည်(ရှင်မာတေးဦး ၈း၅-၁၁)။ထိုလူတစ်ရာတပ်မှူးသည်သူ၏အစေခံလေဖြတ်နေသည့် အတွက်သူက ခရစ်တော်သခင်ထံလာ၍သူ၏အစေခံအား ကုသပေးရန်တောင်းခံသည်။ခရစ်တော်သခင်ကသူကိုယ်တိုင်ကြွလာ၍ကုသပေးမည်ပြုသည့်အခါထိုတပ်မှူးကခရစ်တော်သခင်ကိုယ်တော်တိုင်ကြွလာစရာမလိုကြောင်းအမိန့်တစ်ခွန်းနှင့်တင်ပြီးကြောင်းပြောဆိုသည့်အကြောင်းဖြစ်သည်။ခရစ်တော်သခင်သည်ဘာမဆိုလုပ်နိုင်ကြောင်းသူယုံသည်။သူကိုယ်တိုင်လည်းလူတစ်ရာတပ်မှူးတစ်ဦးဖြစ်ရကာသူ၏လက်အောက်ငယ်သားများသည်သူသွားဆိုလျှင်သွား၍လာဆိုလျှင်လည်း လာရကြောင်း၊ ခရစ်တော်သခင်သည်လည်း အရာအားလုံးအပေါ် ထိုကဲ့သို့သော အာဏာရှိကြောင်းသူ၏အာဏာစက်ကို ဖေါ်ထုတ်ရင်းခရစ်တော်သခင်၏ အာဏာစက်ကို ချီးကျူးထုတ်ဖေါ်သွားခဲ့သည်။ခရစ်တော်သခင်၏ အာဏာစက်အောက်တွင် မည်သည့်အရာမျှမလွန်ဆန်နိုင်။စစ်သားများသည် သူတို့စစ်ဗိုလ်များ၏ အမိန့်များကို မလွန်ဆန်ဘဲလုပ်ကြသလိုဤလောကတွင် ရှိသမျှအရာတို့သည် ခရစ်တော်သခင်၏ အမိန့်ကို မလွန်ဆန်နိုင်ဘဲ ခရစ်တော်သခင်၏ အမိန့်အောက်၌ အရာအားလုံးဖြစ်ပျက်လာကြမည့်အကြောင့် လူတစ်ရာတပ်မူးက ကောင်းမွန်စွာ သဘောပေါက်ခဲ့သည်။ လူတစ်ရာတပ်မှူးကပင်သူအစိုးရနိုင်သော လူအရေအတွက်မှာ အယောက်တစ်ရာသာရှိသည်။ ခရစ်တော်သခင်မှာမူ ဤလောကတွင် ရှိရှိသမျှသော အရာအားလုံးကို စိုးပိုင်သူ ဖြစ်သည်။အရာအားလုံးသည်သူ့ကိုနာခံရသည်ချည်းပင်။အာဏာစက်အကြောင်း ကောင်းမွန်စွာနားလည်သော လူတစ်ရာတပ်မှူးသည် ခရစ်တော်သခင်၏ အာဏာစက်ကို အသိအမှတ်ပြုသွားသည်။သူ့ခေတ်သူ့အခါကသူများထက် ပညာပိုတတ်သော၊ပိုတော်သော၊ပိုထူးချွန်သော ရောမလူမျိုးတို့၏ လူတစ်ရာတပ်မှူးသည်သူ၏တွေးခေါ်မှုကြောင့်ဖြစ်စေ၊ဝိညာဉ်တော်မြတ်၏နှိုးဆော်မှုကြောင့်ဖြစ်စေ ခရစ်တော်သခင်သည် အရာရာကို စိုးပိုင်သည့် အရှင်ဖြစ်ကြောင်း သွယ်ဝိုက်၍ထောက်ပြသွားခဲ့ခြင်းဖြစ်သည်။ထို့ကြောင့်ခရစ်တော်သခင်က အံ့အားသင့်သွားပြီး အစ္စရာအဲလ်လူမျိုးထဲမှပင် ထိုမျှ ယုံကြည်ခြင်းရှိသောသူ မတွေ့ဖူးကြောင်း သူ ဝန်ခံခဲ့သည်။ထို့နောက် ကိုယ်တော်ကလူတစ်ရာတပ်မှူး၏ စကားများကို ထောက်ခံရင်း သူသည်အရာအားလုံးကိုစိုးပိုင်သော အရှင်ဖြစ်ကြောင်း“သင်တို့အားငါဆိုသည်ကားအရှေ့နှင့်အနောက်အရပ်တို့မှလူများစွာတို့သည်လာကြ၍ကောင်းကင်နိုင်ငံတော်၌အာဘရာဟံ၊အီဇတ်၊ယာကုပ်တို့နှင့်အတူစားသောက်ပွဲတွင် ထိုင်ကြလိမ့်မည်”ဟုမိန့်မှာလျှက်အတည်ပြုခဲ့သည်။ကိုယ်တော်သည်နောင်ဖြစ်လာမည့်အရာကို ကြိုမြင်သည်။လူပေါင်းစုံတို့သည်ကောင်းကင်နိုင်ငံကို ရောက်ကြမည့်အကြောင်း၊လူအားလုံးတို့သည် တစ်နေ့တစ်၌သူ့ရှေ့မှောက်တွင်ရောက်လာမည့်အကြောင်းမိန့်မှာနေခြင်းပင်။ယနေ့အာဒ်ဝင်တူးကာလတွင်သူကြွလာမည့်အချိန်တွက် ကျွန်တော်တို့ပြင်ဆင်နေကြသည်။ နေ့ရက်တိုင်း၊အချိန်တိုင်းတွင် အားလုံးစုံကို တတ်နိုင်တော်မူသော ခရစ်တော်သခင်၊အရာအားလုံးကို အစိုးရတော်မူသော ခရစ်တော်သခင် ကျွန်တော်တို့ထံ နေ့စဉ်ကြွလာနေသည်ကို သတိထားကာ အကောင်းဆုံးပြင်ဆင်သွားဖို့ရန် ကျမ်းစာတော်မြတ်အားဖြင့် သွန်သင်နေပါသည်။
Credit Photo
ကမာလူ
#ကမ္ဘာတစ်၀ှမ်းမှ သာမန်ကက်သလစ်ဘာသာ၀င်တို့၏ သာသနာပြု်ဘ၀အခြေအနေ
#The state of Catholic lay missionaries worldwide
#နိုင်ငံရေး၌ ထဲထဲ၀င်၀င်လုပ်ဆောင်လွန်းသောကက်သလစ်ဘုန်းတော်ကြီးအား ရာသက်ပန်အမူတော်ဆောင်နိုင်ခွင့် မှရပ်ဆိုင်းလိုက်
Priest gets ‘irreversible’ suspension for entering politics
#ယခုနှစ်ဗာတီကန်တွင်ထားရှိမည့် သူငယ်တော်အိမ်သည် Peruvian Andes မှဖြစ်မည်။
Nativity scene at the Vatican will be from the Peruvian Andes
#ဆရာဖြစ်သင်တန်း အမှတ်စဉ် (၁၄) အတွက် သင်တန်းသူ/ သားများဖိတ်ခေါ်ခြင်း။
#(PSIE)ပညာစမ့်းရေသင်တန်းကျောင်း။
#ရဟန်းမင်းကြီးသည် မြေထဲပင်လယ်ဒေသမှဘဲလာရုစ်သို့ရွေ့ပြောင်းသွားသူများအတွက်ဆုတောင်းပေး။
#Pope prays for all migrants, from the Mediterranean to Belarus
#ဩသိုဒေါ့စ်အသင်းတော်ခေါင်းဆောင် Ieronymos II ရဟန်းမင်းကြီးဖရန်စစ်ရောမသို့ပြန်မကြွမီတစ်ည၌ အတူလည်ပတ်ခဲ့ကြ။
#Ieronymos II visits with Pope Francis on eve of his return to Rome
#ဧ၀ဂေလိတရားတော်ကိုစိတ်ရှည်လက်ရှည် စတင်ဟောကြားရန် လိုအပ်ကြောင်း ရဟန်းမင်းကြီက ဥရောပမှ ခရစ်ယာန်များအားမိန့်ကြား။
#မြန်မာနိုင်ငံ ကက်သလစ်သူတော်စင် အသင်းဂိုဏ်းများ၏ (၈၂) ကြိမ်မြောက် ညီလာခံအစည်းအဝေး။ (၇-၈၊ ဇန်နဝါရီလ၊ ၂၀၂၂ ခုနှစ်။)
#ကမ္ဘာ့အကောင်းဆုံ ဆရာဆုရရှိသူ ကင်ညာနိုင်ငံသား"(စိန့်ဖရန်စစ်ဂိုဏ်းက ဘရာလ်သာတစ်ပါးPeter Mokaya Tabichi)
#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။