#Multan တန်သာသနာအတွက် ဆရာတော်အသစ်ကြေငြာ
#ရဟန်းမင်းကြီးဖရန်စစ်သည်ပါကစ္စတန်နိုင်ငံ၊ Multanသာသနာအတွက်ဆရာတော်သစ်၏အမည်ကို ဒီဇင်ဘာလ (၉) ရက်နေ့ကကြေညာခဲ့သည်။သူ၏အမည်ကား ဖာသာရ် Yousaf Sohan ဖြစ်သည်။ ဖာသာရ်သည် သက်တော် (၆၉) နှစ်ရှိပြီဖြစ်သည်။ သူသည်အဆိုပါဂိုဏ်းအုပ်သာသနာ၏ဘုန်းတော်ကြီးဖြစ် သည်။ဆရာတော်အဖြစ်ရွေးချယ်ခံရသည့်အချိန်ထိ ကယ်သီဒရယ်၏တာ၀န်ခံအဖြစ်အမှုတော်ထမ်းနေခဲ့သည်။ သူ၏ဘာသာတူများက လှိုက်လှဲ၀မ်းသာစွာကြိုဆိုနှုတ်ဆက်ခဲ့ပြီး ယခုအသစ်ထမ်းဆောင်ရမည့်အမှုတော်ကိုလည်း ဘုရားသခင်၏အလင်းပေးလမ်းညွှန်မှုဖြင့်မိမိ၏သိုးစုကိုအကောင်းဆုံးအမှုထမ်းနိုင်ရန်ကိုလည်းဆုတောင်းပေးခဲ့ကြသည်။သူသည် သာသနာ၏မွန်ဆီညှော်အဖြစ်လည်းအမှုတော်ထမ်းခဲ့သည်။သူ့အား (စက်တင်ဘာ ၂၊ ၁၉၅၈) ၌ Layyaha ၌မွေးဖွားခဲ့သည်။ စိန့်မေရီအခြေခံရဟန်းဖြစ်သင် ကျောင်းသို့၀င်ရောက်ခဲ့ပြီးနောက်ကက်သလစ်ရဟန်းတစ်ပါးဖြစ်ရန် သင်ကြားရသော ဖီလိုဆိုဖီနှင့်သီဩလိုဂျီဘာသာရပ်များကိုမှုKarachi ရှိခရစ္စတူးဘုရင်ရဟန်းဖြစ်တက္ကသိုလ်တွင်သင်ကြားပြီးစီးခဲ့သည်။ (ဇူလိုင် ၃၊ ၁၉၈၅) တွင်ထာ၀ရရဟန်းသိက္ခာထပ်ခဲ့ပါသည်။သိက္ခာထပ်ပြီးနောက်ကယ်သီဒရယ်ဘုရားကျောင်း၏တာ၀န်ခံအဖြစ်(၁၉၈၅ – ၁၉၈၆) အထိလည်းကောင်း၊ကိုယ်တော်မြတ်စက္ကရာမင်တူးသာသနာအုပ်စု၏ကျောင်းထိုင်အဖြစ်နှင့် လာဆာလ်အဆောင်၏တာ၀န်ခံအဖြစ် (၁၉၈၆ – ၁၉၈၉) အထိလည်းကောင်း၊ စိန့်ဂျိုးဇက်သာသနာအုပ်စု၏ ကျောင်းထိုင်အဖြစ်(၁၉၉၀– ၁၉၉၁) အထိလည်းကောင်းထမ်းဆောင်ခဲ့သည်။ထို့နောက် (၁၉၉၁ – ၁၉၉၂)အထိ အီတလီနိုင်ငံ၊ရောမ၌သမ္မာကျမ်းစာဘာသာရပ်ကို Urbanတက္ကသိုလ်မှ မာစတာဘွဲ့ရယူခဲ့သည်။နိုင်ငံသို့ပြန်လာပြီး စိန့်ပီတာသာသနာအုပ်စု၏ကျောင်းထိုင်အဖြစ်(၁၉၉၂ - ၂၀၀၀) အထိလည်းကောင်း၊ (၂၀၀၁ – ၂၀၀၂) အထိစိန့်ဂျိုးဇက်သာသနာအုပ်စု၏ကျောင်းထိုင်အဖြစ်လည်းကောင်း(၂၀၀၂)မှစ၍ သာသနာ၏ မွန်ဆီညှော်အဖြစ်အမှုတော်ထမ်းနေခဲ့သည်။သူသည်စိန့်ဂျိုးဇက်သာသနာအုပ်စု၏ကြောင်းထိုင်အဖြစ်(၂၀၀၂–၂၀၁၁)ထိ၊ လော်ရက်တိုမယ်တော်သာသနာအုပ်စု၏ကျောင်းထိုင် အဖြစ် (၂၀၁၁ – ၂၀၁၄) အထိ၊ကာသီဒြယ်၏တာဝန်ခံအဖြစ် (၂၀၁၄ – ၂၀၁၆)၊သန့်ရှင်းသောလက်ဝါးကားတိုင် သာသနာအုပ်စု၏ကြောင်းထိုင် အဖြစ် (၂၀၁၆ – ၂၀၁၈) အထိထမ်းဆောင် ခဲ့သည်။အချို့သာသနာ၌နှစ်ကြိမ်ထမ်းဆောင် ခဲ့ရသည်။သူသည်သာသနာ အတွင်းခေါ်တော်မှုခြင်းမြှင့်တင်ရေးတာ၀န်ခံအဖြစ်လည်းကောင်း၊လူငယ်များ၏၀ိညာဉ်ရေးတာ၀န်ခံအဖြစ် လည်းကောင်း၊သာသနာ၏ကရုဏာရေးရုံးညွှန်ကြားရေးမှူးအဖြစ်လည်းကောင်း၊ဘုရားစကားသင်ကြားရေးနှင့် ကျမ်းစာကော်မရှင်၏တာန်ခံအဖြစ်လည်းကောင်း၊ သာသနာပိုင်ပစ္စည်းများထိန်းသိမ်းစောင့်ရှောက်ရေးတာ၀န်ခံ၊ ငြိမ်းချမ်းရေးနှင့်တရားမျှတရေးကော်မရှင်၏တာ၀န်အဖြစ်လည်းကောင်းထမ်းဆောင်ခဲ့သည်။(၂၀၁၈) မှစ၍ ကက်သီဒရယ်၏တာ၀န်ခံအဖြစ်အမှုထမ်းလာခဲ့သည်။သူသည်စိန့်ဂျိုးဇက်အခြေခံရဟန်းဖြစ်သင်ကျောင်း၌လည်း စာသင်ပြပေးသည်။ဗာတီကန်၏စစ်တမ်အရ Multan ဂိုဏ်းအုပ်သာသနာ၏ကက်သလစ်ဘာသာတူဦးရေမှ(၃၀၀၅၀၀)ရှိပြီး သာသနာအုပ်စု (၁၈) ခုရှိသည်။ သာသနာကို(ဒီဇင်ဘာလ ၁၇၊ ၁၉၃၆) ကစတင်တည်ထောင်ခဲ့သည်။ပါကစ္စတန်နိုင်ငံ၌ ဂိုဏ်းချုပ်သာသနာ(၂) ခုရှိသည်။၎င်းတို့မှာ Karachနှင့်Lahore တို့ဖြစ်ကြသည်။ဂိုဏ်းအုပ်သာသနာ(၄)ခုရှိသည်။နိုင်ငံ၏လူဦးရေမှာ (၂၂၀) သန်းရှိပြီးခရစ်ယာန်များမှာလူနည်းစုသာဖြစ်သည်။(၂၀၁၇)၏စစ်တမ်းအရခရစ်ယာန်သည်တတိယလူဦးရေအများဆုံးဖြစ်ပြီး(၁.၂၇)ရာခိုင်နှုန်းရှိသည်ဟုသိရသည်။
Credit Photo
ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်
#ကမ္ဘာတစ်၀ှမ်းမှ သာမန်ကက်သလစ်ဘာသာ၀င်တို့၏ သာသနာပြု်ဘ၀အခြေအနေ
#The state of Catholic lay missionaries worldwide
#နိုင်ငံရေး၌ ထဲထဲ၀င်၀င်လုပ်ဆောင်လွန်းသောကက်သလစ်ဘုန်းတော်ကြီးအား ရာသက်ပန်အမူတော်ဆောင်နိုင်ခွင့် မှရပ်ဆိုင်းလိုက်
Priest gets ‘irreversible’ suspension for entering politics
#ယခုနှစ်ဗာတီကန်တွင်ထားရှိမည့် သူငယ်တော်အိမ်သည် Peruvian Andes မှဖြစ်မည်။
Nativity scene at the Vatican will be from the Peruvian Andes
#ဆရာဖြစ်သင်တန်း အမှတ်စဉ် (၁၄) အတွက် သင်တန်းသူ/ သားများဖိတ်ခေါ်ခြင်း။
#(PSIE)ပညာစမ့်းရေသင်တန်းကျောင်း။
#ရဟန်းမင်းကြီးသည် မြေထဲပင်လယ်ဒေသမှဘဲလာရုစ်သို့ရွေ့ပြောင်းသွားသူများအတွက်ဆုတောင်းပေး။
#Pope prays for all migrants, from the Mediterranean to Belarus
#ဩသိုဒေါ့စ်အသင်းတော်ခေါင်းဆောင် Ieronymos II ရဟန်းမင်းကြီးဖရန်စစ်ရောမသို့ပြန်မကြွမီတစ်ည၌ အတူလည်ပတ်ခဲ့ကြ။
#Ieronymos II visits with Pope Francis on eve of his return to Rome
#ဧ၀ဂေလိတရားတော်ကိုစိတ်ရှည်လက်ရှည် စတင်ဟောကြားရန် လိုအပ်ကြောင်း ရဟန်းမင်းကြီက ဥရောပမှ ခရစ်ယာန်များအားမိန့်ကြား။
#မြန်မာနိုင်ငံ ကက်သလစ်သူတော်စင် အသင်းဂိုဏ်းများ၏ (၈၂) ကြိမ်မြောက် ညီလာခံအစည်းအဝေး။ (၇-၈၊ ဇန်နဝါရီလ၊ ၂၀၂၂ ခုနှစ်။)
#ကမ္ဘာ့အကောင်းဆုံ ဆရာဆုရရှိသူ ကင်ညာနိုင်ငံသား"(စိန့်ဖရန်စစ်ဂိုဏ်းက ဘရာလ်သာတစ်ပါးPeter Mokaya Tabichi)
#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။