Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

#ပျံလွန်သွားသော ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ ၏ သမိုင်းအကျဉ်း

#၂၀၂၂ ခုနှစ်၊ဒီဇင်ဘာလ၊၃၁ ရက်၊စနေနေ့၊သက်တော် ၉၅ နှစ်အရွယ်မှာပျံလွန်တော်မူကြောင်း ကြေညာပြီးနောက်ဗာတီကန်သတင်းဌာနမှရဟန်းမင်းကြီး ဘက်နဒစ်၁၆ ၏ အထင်ကရအဖြစ်အပျက်များကိုပြန်လည် စုစည်းဖော်ပြလိုက်ရပါသည်။  ကာဒီနယ် ဂျိုးဇက်ရက်ဇင်ဂါ၊ရဟန်းမင်းကြီးဘက်နဒစ် ၁၆ကို ဂျာမနီနိုင်ငံ၊Passauသာသနာနယ်ရှိ Marktl am Inn ဒေသ၌ ၁၉၂၇ ခုနှစ်၊ဧပြီလ၁၆ ရက်နေ့တွင်ဖွားမြင်ခဲ့ကာဖွားမြင်သည့်နေ့မှာပင် ဆေးကြောခြင်းခံယူခဲ့သည်။ဖခင် ဖြစ်သူမှာ ရဲတပ်ဖွဲ့အထက်အရာရှိ(ရဲကော်မရှင်နာ)တစ်ဦးဖြစ်ကာ ဖခင်မျိုးရိုးမှာ စီးပွားရေးအသင့်အတင့် ရှိသောဗာဗေးရီးယားအနိမ့်ပိုင်းမှအစဉ်အလာ လယ်သမား မိသားစုမှ ဖြစ်သည်။မိခင်မှာLake Chiem ကန်အနီးရှိ Rimsting ဒေသမှလက်မှု ပညာသည်မိသားစုမှ ဆင်းသက်လာသည်။ သူမသည် အိမ်ထောင်မပြုမီ ဒေသတွင်း ဟိုတယ်များတွင် စားဖိုမှူး အဖြစ် လုပ်ကိုင်ခဲ့သည်။ ဂျိုးဇက် ရက်ဇင်ဂါ ငယ်စဉ်ကတည်းက ရဟန်းတစ်ပါး ဖြစ်လိုသည့်ရည်မှန်းချက် ရှိခဲ့ကာ ရဲအရာရှိ ဖခင်ဖြစ်သူကလည်း သူ၏ရည်မှန်းချက်အားအားပေးပံ့ပိုးခဲ့သည်။ဂျိုးဇက် ရက်ဇင်ဂါတွင် အစ်ကို ဂျော့ရက်ဇင်ဂါနှင့် အစ်မဖြစ်သူ မာရီးယားရက်ဇင်ဂါတို့ ရှိပြီး ၎င်းတို့မောင်နှမအချင်းချင်းအလွန်ချစ်ခင်၊သံယောဇဉ် ရှိကြသည်။ဂျိုးဇက်ရက်ဇင်ဂါသည် ကလေးဘဝမှ ဆယ်ကျော်သက်အရွယ်အထိ Salzburg မြို့မှ ၃၀ကီလိုမီတာကွာဝေးသောဂျာမနီနှင့်သြစတြီးယား နိုင်ငံနယ်စပ်ရှိ Traunstein ကျေးရွာတွင်နေထိုင်ကြီးပြင်းခဲ့သည်။နယ်စပ်ကျေးရွာလေးတွင်နေထိုင်ရင်း ဂျိုးဇက်သည်ခရစ်ယာန် ယုံကြည်ခြင်းအုတ်မြစ်၊ဂျာမနီ ဗာဗေးရီးယား ယဉ်ကျေးမှုအကြောင်းနှင့်လူ့ဖွံ့ဖြိုးရေးအခြေခံအကြောင်းအရာများအား လက်ခံရရှိခဲ့ကာ ဂန္တဝင်တေးဂီတပညာရှင် မိုဇက်၏တေးသွားများအား နားထောင်နှစ်သက်ခဲ့သောကြောင့် သူ့ကိုယ်သူ Mozartian အဖြစ် သတ်မှတ်ခေါ်ဝေါ်ခဲ့သည်။ ဂျိုးဇက်သည် လူငယ်ဘဝအား လွယ်ကူစွာ ဖြတ်သန်းခဲ့သည်မဟုတ်ပေ။ ဂျာမနီ နိုင်ငံအတွင်း ကက်သလစ် အသင်းတော် အပေါ် ရန်လိုတိုက်ခိုက်သည့်နာဇီအစိုးရ အာဏာရလာသော အခါ ကြုံတွေ့ခဲ့ရသည့် အခက်အခဲများကို ငယ်စဉ်ဘဝကနယ်စပ်မြို့ကလေးတွင် ရရှိခဲ့သည့်ကက်သလစ် ယုံကြည်ခြင်းနှင့်ပညာရေးဖြင့် ရင်ဆိုင်ကျော်ဖြတ်ခဲ့ရသည်။မစ္ဆားမစတင်မီ ကျောင်းထိုင်ဘုန်းကြီးအား နာဇီအချို့ကထိုးကြိတ်ရိုက်နှက်ခဲ့သည်ကိုလည်း လူငယ်ဂျိုးဇက်က မြင်တွေ့ခဲ့ဖူးသည်။ထိုသို့သော ရှုပ်ထွေးလှသည့် အခင်းအကျင်းတွင်ဂျိုးဇက်သည်ခရစ်တော်အပေါ် အခြေပြုသည့်ကက်သလစ် ယုံကြည်ခြင်း၏အလှတရားနှင့်အမှန်တရားကို ရှာဖွေတွေ့ရှိခဲ့သည်။ဂျိုးဇက်၏ မိသားစုမှာလည်း ကက်သလစ် အသင်းတော်ယုံကြည်ခြင်းအားကောင်းသူများ ဖြစ်ကြကာမျှော်လင့်ခြင်း၊ကောင်းမြတ်ခြင်းများအား အစဉ်ယုံကြည်သည့် ကက်သလစ် မိဘများ အပေါ်တွင်သူ၏ ကက်သလစ်ယုံကြည်ခြင်းအား အခြေတည်အုတ်မြစ်ချခဲ့သည်။၁၉၄၄ ခုနှစ်တွင် ဆယ်ကျော်သက်အရွယ် ဂျိုးဇက်သည် ဒုတိယကမ္ဘာစစ်ကြီး အတွင်း လေကြောင်း ကာကွယ်ရေး အရံတပ်ဖွဲ့တွင် တပ်သားသစ် အဖြစ်စုဆောင်းခြင်းခံရသည်။ ဂျိုးဇက်၏ လက်ချောင်းများသည် အားနည်းချက် ရှိခြင်းကြောင့် သူ့အား တိုက်ခိုက်ရေး တပ်တွင် တပ်သား အဖြစ် မခေါ်ခဲ့ဘဲသူသည်ဒုတိယ ကမ္ဘာစစ်ပြီးသည် အထိ သေနတ်ပစ်တိုက်ပွဲဝင်ခြင်း မရှိခဲ့ပေ။ရဟန်းသိက္ခာရ ဖာသာရ်ဂျိုးဇက်၁၉၄၆ခုနှစ်မှ ၁၉၅၁ ခုနှစ် အတွင်းဂျိုးဇက်သည် ဖလော်ဆော်ဖီနှင့် သီသြလော်ဂျီ ပညာအား Freisingမြို့ရှိ Higher School of Philosophy and Theology ကျောင်းတွင်လေ့လာခဲ့သလို မြူးနစ် တက္ကသိုလ်တွင်လည်း သင်ယူခဲ့သည်။ ၁၉၅၁ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့တွင် ဂျိုးဇက် ရက်ဇင်ဂါသည်အစ်ကိုဖြစ်သူ ဂျော့ ရက်ဇင်ဂါနှင့် အတူ ရဟန်းသိက္ခာ ရရှိခဲ့သည်။တစ်နှစ် အကြာတွင်Higher School of Freising ကျောင်း၌စာချကထိက ဖြစ်ခဲ့သည်။၁၉၅၃ ခုနှစ်တွင် People and House of God in St.Augustines Doctrine of the Church(စိန့်သြဂတ်စတင်း ပြုစုသော အသင်းတော် သွန်သင်ချက်ပါ ဘုရားသခင်၏ လူမျိုးတော်နှင့် ဘုရားရှင်၏ အိမ်တော်) အမည်ရ သုတေသန စာတမ်းဖြင့် သီသြလော်ဂျီ နယ်ပယ်တွင် ပါရဂူဘွဲ့ ရရှိခဲ့သည်။ လေးနှစ် အကြာ (၁၉၅၇ ခုနှစ်)တွင် ဖာသာရ် ရက်ဇင်ဂါသည်နာမည်ကျော် Fundamental Theology သီသြလော်ဂျီပညာရှင် Gottlieb Shngen ၏လမ်းညွှန်သင်ကြားမှုရယူ၍ The Theology of History in St Bonaventure(စိန့်ဘိုနာဗန်းချား၏ သမိုင်း သီသြလော်ဂျီ) စာတမ်းဖြင့် တက္ကသိုလ်တွင် စာသင်ခွင့်ရရှိခဲ့သည်။ Freising မြို့ရှိ Higher School of Philosophy and Theology ကျောင်းတွင်Dogmatic and Fundamental Theology သီသြလော်ဂျီအားသင်ကြားပြီးနောက် ၁၉၅၉ ခုနှစ်မှ ၁၉၆၃ ခုနှစ် အတွင်း Bonn မြို့၊ တက္ကသိုလ်၊ ၁၉၆၃ ခုနှစ်မှ ၁၉၆၆ ခုနှစ် အတွင်း Mnster မြို့၊တက္ကသိုလ်နှင့် ၁၉၆၆ ခုနှစ်မှ ၁၉၆၉ ခုနှစ် အတွင်း Tbingen တက္ကသိုလ် အသီးသီးတို့တွင်စာချခဲ့သည်။ ၁၉၆၉ ခုနှစ်များတွင် သူသည် Regensburg တက္ကသိုလ်၌ တက္ကသိုလ်၏ ဒုတိယ ပါမောက္ခချုပ် အဖြစ်တာဝန်ယူခဲ့သလို Dogmatics and History of Dogma ဌာနတွင်ဌာနမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၆၂ ခုနှစ်မှ ၁၉၆၅ ခုနှစ် အတွင်း ဖာသာရ် ရက်ဇင်ဂါသည်ဗာတီကန်၌ ကျင်းပသည့် ဒုတိယ အကြိမ်မြောက် ဗာတီကန်ကောင်စီ သာသနာ့ညီလာခံတွင် ကိုလုံသာသနာ၏ ဂိုဏ်းချုပ် ဆရာတော်၊ ကာဒီနယ် Joseph Frings အား သီသြလော်ဂျီ အကြံပေး အဖြစ် တာဝန်ထမ်းဆောင်ရင်း ဗာတီကန် ကောင်စီ ညီလာခံတွင် ပါဝင်ခဲ့ပြီး ဗာတီကန် ကျွမ်းကျင်သူ တစ်ဦး အနေဖြင့်ပါဝင်ကူညီခဲ့သည်။ ဖာသာရ် ရက်ဇင်ဂါသည် သုတေသန လေ့လာမှုအားကောင်းလွန်းခြင်းကြောင့် ဂျာမန် ကက်သလစ် ဆရာတော်များ အဖွဲ့ချုပ်နှင့်အပြည်ပြည်ဆိုင်ရာ သီသြလော်ဂျီ ကော်မရှင်တို့တွင် အရေးပါသော ရာထူးတာဝန်များ လက်ခံရယူ အမှုထမ်းခဲ့သည်။  ၁၉၇၂ ခုနှစ်တွင် Hans Urs von Balthasar, Henri de Lubac နှင့်အခြား အထင်ကရ သီသြလော်ဂျီ ပညာရှင်များနှင့် အတူ Communio အမည်ရ သီသြလော်ဂျီ ဂျာနယ်အားရေးသားထုတ်ဝေခဲ့သည်။ သိုးထိန်းဆရာတော်နှင့် ကာဒီနယ် ၁၉၇၇ ခုနှစ်၊ မတ်လ ၂၅ ရက်တွင် ရဟန်းမင်းကြီး ဆဋ္ဌမမြောက်ပေါလ် (Paul VI) က ဖာသာရ် ရက်ဇင်ဂါအား Munich and Freising သာသနာနယ်၏ ဂိုဏ်းချုပ် ဆရာတော်ကြီး အဖြစ် သတ်မှတ်ကြေညာခဲ့သည်။ ထိုနှစ် မေလ ၂၈ ရက်နေ့တွင် သူသည် ဆရာတော် သိက္ခာ ရယူခဲ့သည်။ ဖာသာရ် ရက်ဇင်ဂါသည် နှစ်ပေါင်း ၈၀ အတွင်းဗာဗေးရီးယား ဂိုဏ်းချုပ် သာသနာနယ် အသိုင်းအဝန်းမှ ဆရာတော် သိက္ခာရခဲ့သော ပထမဆုံး Diocesan ရဟန်း တစ်ပါးလည်း ဖြစ်သည်။ သူ၏ သိုးထိန်းဆရာတော် ဆောင်ပုဒ်ကို Cooperators of the Truth Cooperatores Veritatis (အမှန်တရားအတွက် ပူးပေါင်းဆောင်ရွက်သူများ) ဟူ၍ ရွေးချယ်ခဲ့သည်။ ထိုသို့ဆောင်ပုဒ်ရွေးချယ်ခဲ့မှု အပေါ် ဘိရှော့ ရက်ဇင်ဂါက ရှင်းပြခဲ့ပါသည်။တစ်ဘက်မှာတော့ ကျွန်တော့်ရဲ့ တက္ကသိုလ် စာချဆရာ အဖြစ်တာဝန်ထမ်းဆောင်ခဲ့မှုနဲ့ ဆရာတော် လုပ်ငန်း တာဝန်သစ် အကြား ချိတ်ဆက်မှုကိုကျွန်တော် သတိပြုမိခဲ့ပါတယ်။ တက္ကသိုလ်ဆရာနဲ့ ဘိရှော့ ဆရာတော် အကြား ချဉ်းကပ်ဆောင်ရွက်ပုံချင်း မတူညီပေမယ့်လည်း အမှန်တရားကို ရှာဖွေခြင်းနဲ့ အမှန်တရား အတွက် အစေခံခြင်း ဆိုတဲ့ သဘောတရားကတော့ တူညီနေဆဲ ဖြစ်ပါတယ်။ ဒီဆောင်ပုဒ်ကို ကျွန်တော် ရွေးချယ်ရတဲ့နောက်အကြောင်းရင်းကတော့ ယနေ့ခေတ်အခါမှာ အမှန်တရား ဆိုတဲ့ ခေါင်းစဉ် ဆိုတာဟာ လူတွေအတွက် နားလည်ဖို့ မဖြစ်နိုင်လောက်အောင် ကြီးမြတ်လွန်းတဲ့ အရာ အဖြစ် ပြောနေကြတာတွေလည်း တွေ့နေရတယ်၊ဒါပေမယ့် အမှန်တရား ဆိုတာ ပျောက်ဆုံးသွားရင်တော့အရာအားလုံးလည်း လိုက်ပါပြိုပျက်သွားမယ်လို့ ကျွန်တော် ယုံကြည်တဲ့ အတွက်ဒီဆောင်ပုဒ်ကို ရွေးချယ်ရခြင်း ဖြစ်ပါတယ်။ ဘိရှော့ ရက်ဇင်ဂါ အဖြစ် ဆရာတော်သိက္ခာ ယူပြီး များမကြာမီ ရဟန်းမင်းကြီး ဆဋ္ဌမမြောက် ပေါလ် (Paul VI) က၁၉၇၇ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့၊ ကာဒီနယ်များ အစည်းအဝေး Consistory တွင် ဂိုဏ်းချုပ် ဆရာတော်ရက်ဇင်ဂါအား Santa Maria Consolatrice al Tiburtino ရဟန်းဘွဲ့ဖြင့်ကာဒီနယ် ပြုကြောင်း ကြေညာခဲ့သည်။ရဟန်းမင်းကြီး ဆဋ္ဌမမြောက် ပေါလ် (Paul VI) ပျံလွန်တော်မူပြီးနောက် ၁၉၇၈ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နှင့် ၂၆ ရက်၌ ရဟန်းမင်းကြီး အသစ်ရွေးကောက်ခြင်း အခမ်းအနား Conclave တွင် ကာဒီနယ် အဖြစ်ပါဝင်ခဲ့သည်။ ရွေးကောက်ခံရသော ရဟန်းမင်းကြီး ပထမမြောက် ယောဟန်ပေါလ်လူးသည် ကာဒီနယ် ရက်ဇင်ဂါအား အီကွေတာနိုင်ငံ Guayaquil ဒေသတွင်စက်တင်ဘာလ ၁၆ မှ ၂၄ ရက် အတွင်း ကျင်းပသော တတိယ အကြိမ်မြောက် Mariological ကွန်ဂရက်တွင် ရဟန်းမင်းကြီး၏ အထူး ကိုယ်စားလှယ် အဖြစ် စေလွှတ်ခဲ့သည်။ စက်တင်ဘာလ ၂၈ ရက်တွင် ရဟန်းမင်းကြီး ပထမမြောက် ယောဟန် ပေါလ်လု ဆုံးပါးခဲ့ရာ အောက်တိုဘာလတွင် ကျင်းပသော ရဟန်းမင်းကြီးရွေးကောက်ပွဲတွင် ကာဒီနယ် ရက်ဇင်ဂါ ပါဝင်ခဲ့ကာ ရဟန်းမင်းကြီး ဒုတိယမြောက်ယောဟန်ပေါလ်လုအား တင်မြှောက်ခဲ့ကြသည်။၁၉၈၀ ခုနှစ်တွင် ခေတ်သစ် ကမ္ဘာရှိ ခရစ်ယာန် မိသားစုများ၏ အခန်းကဏ္ဍ အမည်ဖြင့် ကျင်းပသော ပဉ္စမမြောက် ဆရာတော်ကြီးများ အစည်းအဝေး (5th Ordinary General Assembly of the Synod of Bishops)၌ကာဒီနယ် ရက်ဇင်ဂါသည် ရဟန်းမင်းကြီးကိုယ်စားလှယ် အဖြစ် စေလွှတ်ခြင်းခံရသလို ၁၉၈၃ ခုနှစ်တွင် ယနေ့ခေတ် အသင်းတော်၏ မစ်ရှင်အတွင်း ကျေအေးသင့်မြတ်ခြင်းနှင့်ဒဏ်ဆပ်ဖြေခြင်း အမည်ဖြင့် ကျင်းပသော (Sixth Ordinary General Assembly) ဆဋ္ဌမမြောက် အစည်းအဝေးတွင်ရဟန်းမင်းကြီး ကိုယ်စားလှယ် အစည်းအဝေးဥက္ကဋ္ဌ အဖြစ်စေလွှတ်ခြင်း ခံရသည်။အသင်းတော် ဌာနရုံး အကြီးအကဲ Prefect ၁၉၈၁ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ရဟန်းမင်းကြီးဒုတိယမြောက် ယောဟန်ပေါလ်လုသည် ကာဒီနယ် ရက်ဇင်ဂါကို ယုံကြည်ခြင်း အယူဝါဒ ဆိုင်ရာဌာနရုံး အဖွဲ့ အကြီးအကဲ (Prefect of the Congregation for the Doctrine of the Faith)အဖြစ် ခန့်အပ်ခဲ့ပြီး ကျမ်းစာတော်မြတ်ဆိုင်ရာ ရဟန်းမင်းကြီး၏ ကော်မရှင်ရုံးအဖွဲ့၏ ဥက္ကဋ္ဌ၊အပြည်ပြည်ဆိုင်ရာသီသြလော်ဂျီ ကော်မရှင် ဥက္ကဋ္ဌ အဖြစ်ခန့်အပ်ခဲ့ကြောင်းကြေညာခဲ့သည်။၁၉၈၂ ခုနှစ်၊ ဖေဖဝါရီလ ၁၅ ရက်နေ့တွင် ကာဒီနယ်ရက်ဇင်ဂါသည် Munich and Freising သာသနာနယ်၏ သိုးထိန်း လုပ်ငန်းတာဝန်များမှ နှုတ်ထွက်ခဲ့သည်။ ၁၉၉၃ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့တွင် ရဟန်းမင်းကြီးသည်ကာဒီနယ် ရက်ဇင်ဂါအား Order of Bishops တွင်Suburbicarian See of Velletri-Segni အဖြစ်အဆင့်မြှင့်တင်ပေးခဲ့သည်။ ၁၉၈၆ ခုနှစ်တွင် ကာဒီနယ် ရက်ဇင်ဂါအား ကက်သလစ် အသင်းတော်၏ သွန်သင်ချက်အား စနစ်တကျ ရေးသားပြုစုရန် ပြင်ဆင်ရေး ကော်မရှင် အဖွဲ့၏ ဥက္ကဋ္ဌ (President of the Preparatory Commission for the Catechism of the Catholic Church) အဖြစ် တာဝန်ပေးခဲ့ကာ ၆ နှစ်အကြာ ၁၉၉၂ ခုနှစ်တွင် ကာဒီနယ်ရက်ဇင်ဂါသည် ရဟန်းမင်းကြီး ဂျွန်ပေါလ်၂ အား (New Catechism) သွန်သင်ချက် အသစ်အား ပြုစုတင်ပြနိုင်ခဲ့သည်။ ၁၉၉၈ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့တွင် (Order of Bishops) မှ ကာဒီနယ်များ၏အဆိုပြုချက်ဖြင့် ရဟန်းမင်းကြီးသည် ကာဒီနယ် ရက်ဇင်ဂါအား ကက်သလစ် ကာဒီနယ်ကြီးများအစုအဖွဲ့၏ ဒုတိယ ဥက္ကဋ္ဌ (Vice-Dean of the College of Cardinals) အဖြစ် ခန့်အပ်ခဲ့သည်။ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ရဟန်းမင်းကြီးဂျွန်ပေါလ် ၂ က သူ့အား ကာဒီနယ်ကြီးများ အစုအဖွဲ့၏ ဥက္ကဋ္ဌ (Vice-Dean of the College of Cardinals) အဖြစ်ရွေးချယ်မှု အပေါ် အတည်ပြု ခန့်အပ်ခဲ့ပြီး Suburbicarian See of Ostia အရိုက်အရာအား ပေးခဲ့သည်။၁၉၉၉ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့တွင် အေဒီ ၁၂ ရာစု၌ဂျာမနီ နိုင်ငံ Paderbornသာသနာနယ်တည်ထောင်ခြင်း အထိမ်းအမှတ် ပွဲနေ့ အတွက် ကာဒီနယ် ရက်ဇင်ဂါအား ရဟန်းမင်းကြီး၏ အထူးသံတမန် ကိုယ်စားလှယ် အဖြစ် စေလွှတ်ခဲ့သည်။ ရောမ အုပ်ချုပ်ရေး ကူရီယာ အဖွဲ့တွင် ကာဒီနယ် ရက်ဇင်ဂါသည်Council of the Secretariat of State for Relations with States; the Congregations for the Oriental Churches, Divine Worship and the Discipline of the Sacraments, Bishops, the Evangelization of Peoples, Catholic Education, Clergy and the Causes of the Saints; the Pontifical Councils for Promoting Christian Unity and Culture; the Supreme Tribunal of the Apostolic Signatura, and of the Pontifical Commissions for Latin America, Ecclesia Dei, the Authentic Interpretation of the Code of Canon Law, and the Revision of the Code of Canons of Oriental Churches တို့တွင်အဖွဲ့ဝင် အဖြစ် ပါဝင်သည်။ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှစ၍ ကာဒီနယ်ရက်ဇင်ဂါအား ရဟန်းမင်းကြီး၏ သိပ္ပံအကယ်ဒမီတွင် ဂုဏ်ထူးဆောင် ပညာရှင် (Honorary Academic of the Pontifical Academy of Sciences) အဖြစ် သတ်မှတ်ခြင်း ခံရသည်။ စာပေပညာရှင်ကာဒီနယ် ရက်ဇင်ဂါသည် စာအုပ်ပေါင်းများစွာရေးသားထုတ်ဝေခဲ့ပြီး ၎င်းစာအုပ်တို့မှ အထင်ကရ နာမည်ကျော် စာအုပ်အချို့ကိုဖော်ပြရလျှင် Introduction to Christianity - ခရစ်ယာန်ဘာသာတရား အဖွင့်မိတ်ဆက် စာအုပ်၊ ၁၉၆၈ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် ယုံကြည်ရာ အချုပ် (Apostolic Creed) ဆိုင်ရာ တက္ကသိုလ် ပို့ချချက်များ စုစည်းမှု နှင့် ၁၉၇၃ ခုနှစ်တွင် ထုတ်ဝေခဲ့သော Dogma and Preaching တို့ ဖြစ်ကြသည်။ ဗာဗေးရီးယား ကက်သလစ် အကယ်ဒမီကျောင်းတွင် ဖတ်ကြားခဲ့သောကျွန်ုပ် အဘယ်ကြောင့် ကက်သလစ် အသင်းတော်တွင် ဆက်လက် ရှိနေသနည်း။ (Why I am still in the Church) ဟူသည့်စာတမ်းသည် အလွန် နာမည်ကျော်ခဲ့ကာ ၎င်းစာတမ်းတွင် ကက်သလစ် အသင်းတော် အတွင်း၌တည်နေမှသာလျှင် ခရစ်ယာန် ဖြစ်နိုင်သည်၊ အသင်းတော် ပြင်ပတွင် ခရစ်ယာန်မဖြစ်နိုင်၊ဟု ရှင်းလင်းပြတ်သားစွာ ထုတ်ဖော်ပြောကြားခဲ့သည်။ရက်ဇင်ဂါသည် နှစ်ကာလကြာရှည်စွာ ရေးသားထုတ်ဝေမှုများပြုခဲ့ပြီး များစွာသော ပညာရှင်များ၊ အထူးသဖြင့် သီသြလော်ဂျီ ပညာအား လေးလေးနက်နက်လေ့လာကြသူများက သူ၏ ရေးသားချက်များကို အကိုးအကား တစ်ရပ်အဖြစ် အသုံးပြုခဲ့ကြသည်။၁၉၈၅ ခုနှစ်တွင် ရက်ဇင်ဂါ အစီရင်ခံစာ (The Ratzinger Report) အမည်ရ စာအုပ်နှင့် ၁၉၉၆ခုနှစ်တွင် လောကဆား (Salt of the Earth) အမည်ရစာအုပ်တို့ကို ထုတ်ဝေခဲ့ကာ ၎င်းစာအုပ်များတွင် ခရစ်ယာန် ယုံကြည်ခြင်းနှင့် ဆက်စပ်၍အမေးအဖြေ အင်တာဗျူး လုပ်ထားသည့် ပုံစံဖြင့် ရေးသားထုတ်ဝေခဲ့သည်။ကာဒီနယ် ရက်ဇင်ဂါသည် သူ၏ အသက် ၇၀ ပြည့် မွေးနေ့တွင် At the School of Truth အမည်ရ စာအုပ်အား ထုတ်ဝေခဲ့ကာ၎င်းတွင် သူ၏ စရိုက်လက္ခဏာနှင့် ရေးသားထုတ်ဝေမှုများ အပေါ် သဘောထားမှတ်ချက်ပေးထားသည့် စာရေးဆရာများ၏ ဆောင်းပါးများကို စုစည်းဖော်ပြထားသည်။သူသည် များစွာသော ဂုဏ်ထူးဆောင် ပါရဂူဘွဲ့များလည်းလက်ခံရရှိခဲ့သည်။ ၁၉၈၄ ခုနှစ်တွင် အမေရိကန် နိုင်ငံ၊ Minnesota ပြည်နယ်၊ College of St. Thomas ကောလိပ်၊ ၁၉၈၆ ခုနှစ်တွင်ပီရူးနိုင်ငံ Lima ကက်သလစ်တက္ကသိုလ်၊ ၁၉၈၇ ခုနှစ်တွင် ဂျာမနီနိုင်ငံ Eichsttt ကက်သလစ် တက္ကသိုလ်၊ ၁၉၈၈ ခုနှစ်တွင် ပိုလန်နိုင်ငံ Lublinကက်သလစ်တက္ကသိုလ်၊ ၁၉၈၈ ခုနှစ်တွင် စပိန်နိုင်ငံ၊ Pamplona မြို့ရှိ Navarre တက္ကသိုလ်၊ ၁၉၉၉ ခုနှစ်တွင်ရောမမြို့ရှိ LUMSA(Libera Universit Maria Santissima Assunta) တက္ကသိုလ်၊ ၂၀၀၀ ခုနှစ်တွင်ပိုလန်နိုင်ငံ Wrocaw တက္ကသိုလ်၊သီသြလော်ဂျီ ဌာန စသည့် တက္ကသိုလ် အသီးသီးမှ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့အားလက်ခံရရှိခဲ့သည်။ရဟန်းမင်းကြီး ၂၀၀၅ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့တွင် ကာဒီနယ် ဂျိုးဇက်ရက်ဇင်ဂါသည် ကက်သလစ် အမိအသင်းတော်၏ ၂၆၅ ပါးမြောက်ရဟန်းမင်းကြီးအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရကာ ဘက်နဒစ် အမည်ကို ယူခဲ့သဖြင့် ရဟန်းမင်းကြီး ၁၆ယောက်မြောက် ဘက်နဒစ် အဖြစ် အမည်တွင်သည်။ ၁၇၃၀ ခုနှစ် နောက်ပိုင်း ရွေးကောက်ခံရသောရဟန်းမင်းကြီးတွင် အသက်အကြီးဆုံး ပုဂ္ဂိုလ် ဖြစ်သလို ၁၇၂၄ ခုနှစ်နောက်ပိုင်း ကာလ အကြာရှည်ဆုံး ကာဒီနယ် တာဝန် ထမ်းဆောင်ခဲ့ပြီး ရဟန်းမင်းကြီး ဖြစ်လာသူ အဖြစ်လည်းသတ်မှတ်ခံရသည်။၂၀၁၃ ခုနှစ်၊ ဖေဖဝါရီလ ၁၁ ရက်နေ့တွင် ရဟန္တာ တင်မြှောက်ရေးအတွက် ကာဒီနယ်ကြီးများ စုဝေး၍ မဲပေးရန် အစည်းအဝေး(Ordinary Public Consistory for the Vote on several Causes for Canonization) အချိန်အတွင်း ရှင်ပီတာ၏ လုပ်ငန်းတာဝန်မှ နှုတ်ထွက်မည်ဟုဆုံးဖြတ်ပြီး ဖြစ်ကြောင်း ပုပ်ဘက်နဒစ်က ကြေညာပြောကြားခဲ့သည်။ ဘုရားရှေ့၌ ကျွနိုပ်၏ သြတ္တပ္ပစိတ်အား ကြိမ်ဖန်များစွာဆန်းစစ်သုံးသပ်ပြီးနောက် အသက်အရွယ် ကြီးရင့်လာသည့် အတွက် ကျွန်ုပ်၏ ခွန်အားသည် ရှင်ပီတာ၏ အမှုတော်အား လုံလောက်ထိရောက်စွာ ဆက်လက် ထမ်းဆောင်ရန်မဖြစ်နိုင်တော့ကြောင်း အသေအချာ နားလည်သိရှိလိုက်ရပါသည်။ဝိညာဉ်ရေး သဘောသဘာဝအရ အရေးပါလှသောရှင်ပီတာ၏ အမှုတော်အား ထမ်းဆောင်ရာတွင် နှုတ်အား၊ စိတ်အား အရသာမကဆုတောင်းခြင်းနှင့်အတိဒုက္ခ ခံထမ်းခြင်းများ ပါဝင်ကြောင်းကို ကျွန်ု်ုကောင်းစွာ နားလည်သိရှိပါသည်။သို့သော် ရုတ်ချည်းပြောင်းလဲမှု အလွန်များပြားရုံမျှမကယုံကြည်ခြင်း သက်တာနှင့် ဆက်စပ်၍ လေးနက်သည့် မေးခွန်းများဖြင့်လည်းလှုပ်ခတ်မှုများ ရှိလာသည့် ယနေ့ခေတ် ကမ္ဘာကြီးတွင် စိန့်ပီတာ၏ သင်္ဘောအားစီမံအုပ်ချုပ်ရန်နှင့် ဧဝံဂလိ သမ္မာတရားအား ဟောပြောကြေညာရန် အလို့ငှာ စိတ်ဓာတ် ခွန်အား၊ ကာယ ခွန်အားလည်း လိုအပ်လှပြီး ပြီးခဲ့သော လအနည်းငယ်အတွင်း ကျွန်ုပ်အား အပ်နှင်းထားသောရှင်ပီတာ၏ အမှုတော်အား လုံလောက်စွာ ဖြည့်ဆည်းထမ်းဆောင်ရန် ကျွန်ုပ်မစွမ်းဆောင်နိုင်မှုကို အသိအမှတ် ပြုရသည့် အတိုင်းအတာတစ်ခုအထိ ကျွနိုပ်၏ ခွန်အားသည် ယိုယွင်းလာပါသည်။ ဤအကြောင်းရင်းကြောင့်၊ ဤလုပ်ရပ်၏ လေးနက်မှုကိုကောင်းစွာ သိရှိပြီးကျွန်ုပ်သည် လွတ်လပ်မှု အပြည့်ဖြင့် ရှင်ပီတာ၏ အရိုက်အရာအားဆက်ခံသူ၊ ရောမမြို့၏ ဆရာတော် အမှုတော်အား စွန့်လွှတ်ကြောင်း ကြေငြာပါသည်။
၂၀၁၃ခုနှစ်၊ဖေဖဝါရီလ၂၈ ရက်နေ့တွင် ရဟန်းမင်းကြီးဘက်နဒစ် ၁၆ စိုးစံသော ကာလ အဆုံးသတ်ခဲ့ပါသည်။ ရဟန်းမင်းကြီး ဘက်နဒစ်၁၆ သည် တာဝန်မှအနားယူပြီးနောက်သူ ပျံလွန်တော်မူသည့် အချိန်အထိ ဗာတီကန်ရှိ အသင်းတော်၏ မိခင် အမည်ရ ရသေ့ကျောင်း (Mater Ecclesiae Monastery) တွင်နေထိုင်ခဲ့သည်။
Credit Photo

ဘာသာပြန်- Lawrence Jangma Mung Song

#The young priest who rescued people during WWII declared Venerable
#ဒုတိယကမ္ဘာစစ်ကာလက လူများ၏အသက်ကိုကယ်တင်ခဲ့သောရဟန်းပျိုကြည်ညိုလေးစားရသူအဖြစ်ကြေညာခံရ
#Medieval band gets the Pope's blessing ahead of the traditional donkey race
#အလယ်ခေတ်ကဘင်ခရာအဖွဲ့ရဟန်းမင်းကြီး၏ကောင်းကြီးကိုခံယူ
#Pope names Special Delegate for the Memores Domini association
#ရဟန်းမင်းကြီးဖရန်စစ်သည် Memores Domini အဖွဲ့အတွက်အထူးကိုယ်စားလှယ်ခန့်အပ်ခြင်း
#ကမ္ဘာတစ်၀ှမ်းမှ သာမန်ကက်သလစ်ဘာသာ၀င်တို့၏ သာသနာပြု်ဘ၀အခြေအနေ
#The state of Catholic lay missionaries worldwide

#နိုင်ငံရေး၌ ထဲထဲ၀င်၀င်လုပ်ဆောင်လွန်းသောကက်သလစ်ဘုန်းတော်ကြီးအား ရာသက်ပန်အမူတော်ဆောင်နိုင်ခွင့် မှရပ်ဆိုင်းလိုက်
Priest gets ‘irreversible’ suspension for entering politics

#ယခုနှစ်ဗာတီကန်တွင်ထားရှိမည့် သူငယ်တော်အိမ်သည် Peruvian Andes မှဖြစ်မည်။
Nativity scene at the Vatican will be from the Peruvian Andes

#RVA ဝန်ထမ်းတစ်ဦး ထူးချွန်ဝန်ထမ်းဆုကို ဆွတ်ခူးရရှိ။

#ရဟန်းမင်းကြီးသည် မြေထဲပင်လယ်ဒေသမှဘဲလာရုစ်သို့ရွေ့ပြောင်းသွားသူများအတွက်ဆုတောင်းပေး။
#Pope prays for all migrants, from the Mediterranean to Belarus
#ရဟန်းမင်းကြီးဖရန်စစ်သည် ဂရိနိုင်ငံ၏နွေးထွေးသောကြိုဆိုမူကိုကျေးဇူးတင်ကြောင်းမိန့်ကြား>
#Pope Francis thanks Greece for warm welcome
#ဩသိုဒေါ့စ်အသင်းတော်ခေါင်းဆောင် Ieronymos II ရဟန်းမင်းကြီးဖရန်စစ်ရောမသို့ပြန်မကြွမီတစ်ည၌ အတူလည်ပတ်ခဲ့ကြ။
#Ieronymos II visits with Pope Francis on eve of his return to Rome

#ဧ၀ဂေလိတရားတော်ကိုစိတ်ရှည်လက်ရှည် စတင်ဟောကြားရန် လိုအပ်ကြောင်း ရဟန်းမင်းကြီက ဥရောပမှ ခရစ်ယာန်များအားမိန့်ကြား။

#ရာသက်ပန်ကတိသစ္စာခံယူခြင်း။ (၀၈.၁၂.၂၀၂၁)
CONGREGATION OF MOTHER OF SORROWS SERVANTS OF MARY (OSM)

#မြန်မာနိုင်ငံ ကက်သလစ်သူတော်စင် အသင်းဂိုဏ်းများ၏ (၈၂) ကြိမ်မြောက် ညီလာခံအစည်းအဝေး။ (၇-၈၊ ဇန်နဝါရီလ၊ ၂၀၂၂ ခုနှစ်။)

#ရဟန်းမင်းကြီးဖရန်စစ်အတွက် အထူးဆုတောင်းပေးကြပါစို့ ...

#ကမ္ဘာ့အကောင်းဆုံ ဆရာဆုရရှိသူ ကင်ညာနိုင်ငံသား"(စိန့်ဖရန်စစ်ဂိုဏ်းက ဘရာလ်သာတစ်ပါးPeter Mokaya Tabichi)

#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။

ဘာသာစကားများ ဘာသာပြန်သင်တန်း

Camillian Pastoral Care Center, Bangkok, Thailand

 

"Pastoral Literaturer Translation Workshop(2024)
June 4-10, 2024  -   FABC- OSC 
Untitled Document
Total viewer: 459159