22.1.2023 ဆပ်ဖြေခြင်းသီလရှင်များမှ သစ္စာခံယူခြင်း
ဆပ်ဖြေခြင်းသီလရှင်များမှသစ္စာခံယူခြင်းကို 22.1.2023နေ့ နံနက် ၈:၃၀ နာရီအချိန်တွင်တောင်ငူသာသနာ၊ယေဇူးရွှေနှလုံးတော်ကာသီဒြယ်ဘုရားကျောင်း၌ အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါသည်။ဂိုဏ်းအုပ်ဆရာတော်အိုက်ဇက်ဓါနု မှ ဦးဆောင်ဦးရွက်ကာ ဆရာတော်ဂျွန်စောကောဒီနှင့်အတူ ရပ်ဝေးရပ်နီးမှရဟန်းတော်များခြံရံလျက်မစ္ဆားတရားတော်မြတ်တင်လှူပူဇော်ပေးခဲ့ကြပါသည်။Vicar General Rev.Mother Agnese Mai (ISR) ထံလာရောက်ပြီးဘုရားရှေ့၊လူရှေ့၊အသင်းတော်ရှေ့တွင်မိမိ၏ ပဋိညာဉ်သစ္စာသုံးပါးကို ဝန်ခံရွတ်ဆိုကတိပြုခဲ့ကြပါသည်။ရာသက်ပန်သစ္စာခံ ယူခဲ့သောစစ္စတာရ်များမှအဖဆရာတော်ထံမှပဋိညာဉ်လက်စွပ်ခံယူခဲ့ ကြပါသည်။ ရာသက်ပန်သစ္စာခံယူခဲ့သူများမှာ ၁။ Sr.Louisa Romay Phaw(တောင်ငူသာသနာ၊တောင်ငူတိုက်နယ်)၂။Sr.Ester SoMo(လွိုင်ကော်သာသနာ၊မဖရော်ရှေ့တိုက်နယ်)၃။Sr.Mary Bawk Ja(ဗန်မော်သာသနာ၊ဗန်မော်တိုက်နယ်)၄။Sr.Margarita Nan(လွိုင်ကော်သာသနာ၊ဒိမောဆိုတိုက်နယ်)၅။Sr.Angela Ni Ni Win(ကျိုင်းတုံသာသနာ၊ပန်နောင်လုံတိုက်နယ်)၆။ Sr. Lina Chang Tswi(လားရှိုးသာသနာ၊ကောင်းခါးတိုက်နယ်)၇။Sr. JacintaYaziwin(တောင်ငူသာသနာ၊ဘာဝီဒေးတိုက်နယ်)၈။Sr.Margaret Htu Lun(လားရှိုးသာသနာ၊ကွတ်ခိုင်တိုက်နယ်)တို့ဖြစ်ပြီး ပထမသစ္စာခံယူခဲ့သူများမှာ၁။Sr.Margaret Lu Myat(ဖယ်ခုံသာသနာ၊ဖယ်ခုံတိုက်နယ်)၂။Sr.Laurancia Su Su(တောင်ငူသာသနာ၊မိုင်းလွန်တိုက်နယ်)၃။Sr.Mary Christmas(တောင်ငူသာသနာ၊လိပ်သိုတိုက်နယ်)၄.Sr.Josephine Thidar Win(တောင်ငူသာသနာ၊မိတ်သလင်တောင်တိုက်နယ်)၅။Sr.Teresa Ei Ei Phyu(မြစ်ကြီးနားသာသနာ၊မိုးကောင်းတိုက်နယ်)၆။Sr.Regina Rosy Htwe(ဖယ်ခုံသာသနာ၊မိုးဗြဲတိုက်နယ်)တို့ဖြစ်ကြပါသည်။ဆက်လက်ဆုတောင်းပေးကြပါစို့။ ပါဝင်ကူညီလှူဒါန်းခြင်း၊ဆုတောင်းမေတ္တာပို့သပေးသူတစ်ဦးစီအထူးကျေးဇူးတင်ပါသည်။ဘုရားကောင်းကြီးပေးပါစေ။
ဒက်ဇူးမယ်(ISR)
#ကမ္ဘာတစ်၀ှမ်းမှ သာမန်ကက်သလစ်ဘာသာ၀င်တို့၏ သာသနာပြု်ဘ၀အခြေအနေ
#The state of Catholic lay missionaries worldwide
#နိုင်ငံရေး၌ ထဲထဲ၀င်၀င်လုပ်ဆောင်လွန်းသောကက်သလစ်ဘုန်းတော်ကြီးအား ရာသက်ပန်အမူတော်ဆောင်နိုင်ခွင့် မှရပ်ဆိုင်းလိုက်
Priest gets ‘irreversible’ suspension for entering politics
#ယခုနှစ်ဗာတီကန်တွင်ထားရှိမည့် သူငယ်တော်အိမ်သည် Peruvian Andes မှဖြစ်မည်။
Nativity scene at the Vatican will be from the Peruvian Andes
#ဆရာဖြစ်သင်တန်း အမှတ်စဉ် (၁၄) အတွက် သင်တန်းသူ/ သားများဖိတ်ခေါ်ခြင်း။
#(PSIE)ပညာစမ့်းရေသင်တန်းကျောင်း။
#ရဟန်းမင်းကြီးသည် မြေထဲပင်လယ်ဒေသမှဘဲလာရုစ်သို့ရွေ့ပြောင်းသွားသူများအတွက်ဆုတောင်းပေး။
#Pope prays for all migrants, from the Mediterranean to Belarus
#ဩသိုဒေါ့စ်အသင်းတော်ခေါင်းဆောင် Ieronymos II ရဟန်းမင်းကြီးဖရန်စစ်ရောမသို့ပြန်မကြွမီတစ်ည၌ အတူလည်ပတ်ခဲ့ကြ။
#Ieronymos II visits with Pope Francis on eve of his return to Rome
#ဧ၀ဂေလိတရားတော်ကိုစိတ်ရှည်လက်ရှည် စတင်ဟောကြားရန် လိုအပ်ကြောင်း ရဟန်းမင်းကြီက ဥရောပမှ ခရစ်ယာန်များအားမိန့်ကြား။
#မြန်မာနိုင်ငံ ကက်သလစ်သူတော်စင် အသင်းဂိုဏ်းများ၏ (၈၂) ကြိမ်မြောက် ညီလာခံအစည်းအဝေး။ (၇-၈၊ ဇန်နဝါရီလ၊ ၂၀၂၂ ခုနှစ်။)
#ကမ္ဘာ့အကောင်းဆုံ ဆရာဆုရရှိသူ ကင်ညာနိုင်ငံသား"(စိန့်ဖရန်စစ်ဂိုဏ်းက ဘရာလ်သာတစ်ပါးPeter Mokaya Tabichi)
#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။