မိသားစုများအတွက်မှတ်သားစရာရဟန်းမင်းကြီးဖရန်စစ်၏အဆိုအမိန့် (၁၀) ချက်
ရဟန်းမင်းကြီးဖရန်စစ်မှကမ္ဘာပေါ်ရှိမိသားစုများအတွက်နာယူမှတ်သားသင့်လှသောအဆိုအမိန့်(၁၀)ချက်ကိုမြွတ်ကြားထားပါသည်။ဤအဆိုအမိန့်များကိုရဟန်းမင်းကြီးဖရန်စစ်သည်(၂၀၁၅၊ စက်တင်ဘာလ၊၂၆-၂၇)ရက်တိုင်အမေရိကန်နိုင်ငံ၊ဖီလာဒဲဖီးယားမြို့၌ကျင်းပခဲ့သောကမ္ဘာကက်သလစ် မိသားစုများညီလာခံကြီးတွင်မြွတ်ကြားခဲ့ခြင်းဖြစ်သည်။အားလုံးအတွက်လည်းအလွန်အရေးကြီးလှသောကောက်နုတ်ချက်အဆိုအမိန့်ဖြစ်သည်။သေချာစွာဖတ်ရှုပါ။ထောက်ရှုပါ။ပျော်ရွှင်မှု ကိုလည်းခံစားရပါစေ။ထိုအဆိုအမိန့်(၁၀)ချက်များမှာ(၁)မိသားစုသည်လူမူအသိုင်းအဝိုင်း၏အခြေခံအုတ်မြစ်ဖြစ်သည်။မိသားစုအဖြစ်နေထိုင်ရခြင်းသည်အလွန်ဂုဏ်ရှိလှသည်။အဘယ်ကြောင့်ဆိုသော်လူမှုအသိုင်းအဝိုင်းသည်အကောင်းဖက်သို့လည်းကောင်း၊အလှတရားဖက်သို့လည်းကောင်း၊ ပိုမိုတောင့်တင်းခိုင်မာလာသောကြောင့်ဖြစ်သည်။မိသားစုအပေါ်ခိုင်မာစွာတည်ဆောက်ထားသည်ဆိုပါကဧကန်ကြီးထွားဖွံ့ဖြိုးလာပေမည်။၂)မိသားစုသည်ဘုရားသခင်၏လက်ရာတော်များအနက် အလွန်သပ်ရပ်ပြီး၊လက်ရာမြောက်သောလက်ရာတော်ဖြစ်သည်။ကမ္ဘာကြီးကိုမဖန်ဆင်းမီဘုရားသခင်သည်ချစ်ခဲ့သည်။အဘယ်ကြောင့်ဆိုသော်ဘုရားသခင်သည်ချစ်ခြင်းဖြစ်သည်။ဘုရားသခင်၏အဖြစ်တော်၌ချစ်ခြင်းသည်အလွန်များပြားလှသည်။ ထိုချစ်ခြင်းသည်ခမည်းတော်၊သားတော်၊သန့်ရှင်းသောဝိညာဉ်တော်ပုဂိုလ်သုံးပါးတစ်ဆူဘုရား၏အတွင်းတွင်ရှိနေသည်။ချစ်ခြင်းမေတ္တာသည်အလွန်ကြီးမြတ်သည်။အလွန်လျှံထွက်လျှက်ရှိသည်။ဘုရားသခင်၏အတွင်း၌ရှိနေသောချစ်ခြင်းသည်အလွန်ကြီးမားသော ကြောင့် ထိုချစ်ခြင်းကို တစ်ပါးတည်းတစ်ကိုယ်ကောင်းဆန်စွာသိမ်းထားရန်မည်သို့မျှမဖြစ်။ ထိုချစ်ခြင်းမှရုန်းထွက်၍ပြင်ပရှိအရာများကိုကိုယ်ရှင်ကိုယ်ချစ်သကဲ့သို့ချစ်ရပေတော့သည်။ချစ်ခြင်းကိုအခြေခံ၍ဘုရားသခင်ဖန်ဆင်းသောအလွန်လှပသည့်အရာသည်သမ္မာကျမ်းစာတော်အရမိသားစုပင်ဖြစ်သည်။ဘုရားသခင်သည်လူယောင်္ကျားနှင့်လူမိန်းမတို့ကိုဖန်ဆင်းခဲ့သည်။ဖန်ဆင်းထားသောအရာများအားလုံးကိုဘုရားသခင်သည်လူတို့ကိုအာဏာကိုလွှဲအပ်ပေးခဲ့သည်။ကမ္ဘာကြီးကိုလည်းပေးခဲ့သည်။ကြီးထွားကြလော့၊ပွားများကြလော့၊မြေပေါ်၌စိုက်ပျိုးကြ၊သီးပွင့်စေကြ၊ကြီးထွားစေကြ၊ဘုရားသခင်သည်သူဖန်ဆင်းသောအရာများ အားလုံးကိုမိသားစု တစ်စုကိုပေးအပ်ခဲ့သည်။ ဘုရားသခင်၌ရှိသောချစ်ခြင်းအားလုံး၊ ဘုရားသခင်၌ရှိသောအလှအပအားလုံး၊ဘုရားသခင်ပိုင်ဆိုင်ထားသောအမှန်တရားအားလုံးမိသားစုကိုပေးခဲ့သည်။မိသားစုသည်ဤချစ်ခြင်းအားလုံးကိုအမှန်တကယ်ခံယူနိုင်မှသာလျင်စစ်မှန်သောမိသားစုဖြစ်သည်။၃)ဘုရားသခင်သည် သူ၏တစ်ပါးတည်းသောသားတော်ကိုဘုရားသခင်ပေးသောချစ်ခြင်းမေတ္တာကို လက်ခံရန် အသင့်ရှိသော စိတ်နှလုံးသားရှိသည့်ဤလောကမှမိသားစုတစ်စုဆီသို့စေလွှတ်ခဲ့သည်။ဘုရားသခင်ဖန်ဆင်းသောအမျိုးသားနှင့်အမျိုးသမီးတို့သည် အမှားကျူးလွန် လိုက်ကြသောအခါဘုရားသခင်နှင့်ဝေးကွာသွားကြ၏။သို့သော်ဘုရားသခင်သည်သူတို့ကိုပစ်ပယ်မထားခဲ့ပေ။ဘုရားသခင်သည်ချစ်ခြင်းမေတ္တာပြည့်နက်လျှံထွက်နေသောကြောင့်လူတို့နှင့်အတူပြန်လည်ကြေအေးရန်ကိုယ်တိုင်ကြိုးစားခဲ့သည်။ဘုရားသခင်ချိန်းချက်သောအချိန်မရောက်မီတိုင်အောင်လူတို့နှင့်အတူရင်းနှီးစွာနေထိုင်ခဲ့သည်။ဘုရားသခင်၏အကြီးမားဆုံးချစ်ခြင်းမေတ္တာဖြစ်သောသူ၏သားတော်ကိုပေးခြင်းဖြင့်သူ၏ချစ်ခြင်းကိုလူတို့အားပေးခဲ့သည်။ဘုရားသခင်သည်သူ၏သားတော်ကိုအဘယ်သို့စေလွှတ်ခဲ့သနည်း။နန်းတော်တစ်ဆောင်ဆီသို့လော။စီးပွားရေးလုပ်ရန် ခမ်းနားလှသောမြို့ကြီးတစ်မြို့သို့လော။ဘုရားသခင်သည်သားတော်ကိုမိသားစုတစ်စုဆီသို့ပို့ဆောင်ခဲ့သည်။ဤမိသားစုဆီသို့ဘုရားသခင်သူ၏သားတော်ကိုယုံကြည်စွာစေလွှတ်ဝံ့ခဲ့သည်။အဘယ်ကြောင့်ဆိုသော်ဤမိသားစုသည်သူ၏ချစ်ခြင်းမေတ္တာကိုခံယူရန်နှလုံးသားအသင့်ရှိနေသောမိသားစုဖြစ်သည်။ချစ်ခြင်းကိုလက်ခံကြိုဆိုရန်နှလုံးသားတံခါးကျယ်ပြောစွာဖွင့်ထားသည်။၄)ဘုရားသခင်သည်မိသားစုအားမိသားစုအချင်းချင်းတစ်ဦးကိုတစ်ဦးချစ်သော၊ဘုရားသခင်၏ကိုယ်ပွားများအဖြစ်ပညာများသင်ကြားပေးရန်အလိုရှိသည်။ဘုရားသခင်သည်နှလုံးသားတံခါးကို အစဉ်ခေါက်နေသည်။ ဤသို့ပြုလုပ်ရသည်ကိုလည်းဘုရားသခင်နှစ်သက်တော်မူသည်။ ဤသို့ပြုလုပ်ရခြင်းမှာသူ၏နှလုံးသားထဲမှလာသည်။ဘုရားသခင်မည်သည့်အရာကိုအကြိုက်နှစ်သက်ဆုံးဆိုသည်ကိုသင်သိပါသလော။မိသားစု၏တံခါးကိုခေါက်ရပြီး၊စည်းလုံးညီညွှတ်နေသောမိသားစုကိုဖွေရှာရ၊မိသားစု၀င်အချင်းချင်းချစ်ကြသော မိသားစုကိုဖွေရှာရ၊မိသားစုအနေဖြင့်မိမိတို့ရင်သွေးများကို ပြုစုပျိုးထောင်ပေး၊ပညာပေး၊ဤကဲ့သို့ရှေ့ဆက်လျှောက်ရန်ကူညီပေးသောမိသားစုကိုဖွေရှာရ၊ကောင်းမွန်သောလူမူအဖွဲ့အစည်းကိုဖန်တီးပေးသောမိသားစု၊အမှန်တရား၊အလှတရားကို ဖန်တီးပေးသောမိသားစုကိုဖွေးရသည်ကိုအလွန်နှစ်သက်သည်။၅)မိသားစုအတွင်းအခက်အခဲရှိပေမည်။၎င်းတို့ကိုချစ်ခြင်းဖြင့်အောင်မြင်ကျော်လွှားရမည်။မိသားစုအတွင်း၌အခက်အခဲများတွေ့ကြုံလာရပေမည်။မိသားစုအတွင်း၌ငြင်းကြ၊ခုန်ကြသည်များရှိမည်။တစ်ခါတစ်ရံပန်းကန်များပျံသွား(ပစ်ပေါက်၊လွင့်စင်၊ထုခွဲ)သည်များလည်း ရှိပေမည်။မိသားစုအတွင်း၌သားသမီးများသည်မိဘတို့ကိုခေါင်းကိုက်ဆေးဖော်ပေးတတ်သည်။ယောက္ခမပေးသောဒုက္ခများကိုမူကျွန်ုပ်ထုတ်မပြောတော့ပေ။ မိသားစုအတွင်း၌ကားတိုင်သည်အစဉ်(အစဉ်)ရှိနေမည်သာ။ ခမည်းတော်အားချစ်ခြင်း၊ခမည်းတော်၏သား တော်အားချစ်ခြင်းသည်လည်းကားတိုင်လမ်းကိုဖောက်နေသည်။မိသားစုတွင်လည်းရှောင်းကွင်း၍မလွှတ်နိုင်ပေ။သို့သော်ကားတိုင်ကိုထမ်းပြီးနောက်ရှင်ပြန်ထမြောက်ခြင်းကိုကြုံရမည်။ဤလမ်းကိုလည်းဘုရားသခင်၏သားတော်သည် ဖောက်လျှောက်ခဲ့သည်။ထို့ကြောင့်မိသားစုသည်မျှော်လင့်ခြင်းကိုထုတ်လုပ်ပေးသောစက်ရုံဟုကျွန်ုပ်တင်စား လိုပါသည်။ထိုမျှော်လင့်ချက်သည်အသက်၏မျှော်လင့်ချက်နှင့်ရှင်ပြန်ထမြောက်ခြင်းကိုထုတ်လုပ်ပေးသည်။ဘုရားသခင်သည်ဤလမ်းကိုဖောက်သောသူပင်ဖြစ် သည်။မိသားစုအတွင်း၌ဒုက္ခများကြုံရမည်။ဤဒုက္ခများကိုချစ်ခြင်းဖြင့်အောင်မြင်ကျော်လွှားရမည်။အမုန်းတရားဖြင့်မည်သည့်ဒုက္ခကိုမကျော်လွှားနိုင်။စိတ်၀မ်းကွဲနေသောစိတ်သည်မည်သည့်ဒုက္ခကိုမျှ မကျော်လွှားနိုင်။ချစ်ခြင်းသည်ဆင်နွဲရန်ဖြစ်သည်။ ချစ်ခြင်းသည်ပျော်ရွှင်ခြင်းဖြစ်သည်။ ချစ်ခြင်းသည်ရှေ့ဆက်လှမ်းရန်ဖြစ်သည်။၆) သားသမီးများနှင့်အဖိုးအဖွားများကိုဂရုစိုက်ပေးပါကျွန်ုပ်တို့သည်ခလေးများနှင့်အဖိုးအဖွားများကိုပို၍ဂရုစိုက်ပေးရမည်။ကလေးများနှင့်လူငယ်များသည်အနာဂါတ်များဖြစ်သည်။ သူတို့သည်အင်အားများဖြစ်သည်။ကျွန်ုပ်တို့ကိုရှေ့ဆက်တိုးရန်တွဲခေါ်ပေးမည့်သူများဖြစ်သည်။၎င်းတို့သည်ကျွန်ုပ်တို့မျှော်လင့်ချက်ထာရမည့်သူများဖြစ်သည်။ အဖိုးအဖွားများသည်မိသားစု၏အမှတ်ရစရာများ (မြတ်ကျောက်) ဖြစ်သည်။ သူတို့သည်ကျွန်ုပ်တို့အားယုံကြည်ခြင်းမျိုးစေ့ကိုပေးခဲ့ကြသူ၊လက်ဆင့်ကမ်းပေးခဲ့ကြသူများဖြစ်သည်။၇)သန့်ရှင်းခြင်းနှင့်ချစ်ခြင်းသည် နေ့စဉ်အသက်တာ၏လှုပ်ရှားပြုမှုများတွင်ဖော်ပြနေသည်။ပျော်ရွှင်ခြင်းကဲ့သို့ပင်၊သန့်ရှင်းခြင်းသည်လည်းသေးဖွဲသောအမှုကိစ္စများတွင်ကပ်ညှိလိုက်ပါနေသည်။ဤ သေးဖွဲသောအမှုများသည်ကျွန်ုပ်တို့၏အိမ်၊ မိသားစုမှသင်ယူသည်။ သေးဖွဲသောအမှုများသည်အမေ၊အဖွား၊အဖေ၊အဖိုး၊သားသမီးများ၊ညီအစ်ကိုမောင်နှမများတိတ်တဆိတ်ပြုလုပ်သောအမှုများဖြစ်သည်။သေးဖွဲသောအမှုများသည်သိမ်မွေ့ခြင်း၊ယုယခြင်း၊စာနာခြင်းတို့၏အသေးစားသင်္ကေတဖြစ်သည်။ ညစာကိုပူပူနွေးနွေး စားလိုသောဆန္ဒကဲ့သို့ လည်းကောင်း၊မနက်အလုပ်မသွားမီအိပ်ယာထသည်နှင့်မနက်စာအဆင်သင့်ပြင်ဆင်ထားသကဲ့သို့လည်းကောင်းခိုင်းနှိုင်းရပေမည်။ နွေးထွေးသောမိသားစုအပြုအမူဖြစ်သည်။အိပ်ယာမ၀င်မီဆုတောင်းခြင်းဖြင့်ဘုရားသခင်၏ကောင်းကြီးကိုခံယူသကဲ့သို့လည်းကောင်း၊သို့မဟုတ်တစ်နေ့တာလုံးအလုပ်ပင်ပင်ပန်းပန်းဖြင့်ပြန်လာရာမှအလွန်နွေးထွေးသောပွေ့ဖက်မှုကိုခံရလိုက်သကဲ့သို့ဖြစ်သည်။ ၈)မိသားစု၊အိမ်သည်ယုံကြည်ခြင်းကိုသင်ကြားပြီး၊ကြီးထွားစေသည်။ယုံကြည်ခြင်းသည်ချစ်ခြင်း၌ရှင်သန်၍ပုံဖော်မှကြီးထွားလာသည်။ထို့ကြောင့်ကျွန်ုပ်တို့၏အိမ်များ၊မိသားစုများသည်ကျွန်ုပ်တို့၏မိသားစုနှင့်ဆိုင်သောဘုရားကျောင်းများ ဖြစ်သည်။ ၎င်းတို့သည်ကျွန်ုပ်တို့၏ယုံကြည်ခြင်းအမှန်တကယ်ရှင်သန်လာစေသောနေရာမှန်ဖြစ် သကဲ့သို့၊ ယုံကြည်ခြင်း၌အသက်တာကြီးထွားဖွံ့ဖြိုးလာစေသောနေရာဖြစ်သည်။၉)သေးငယ်၍ချစ်စရာကောင်းသောအပြုအမူများသည် လောကြီးထဲ၌ယေဇူးသခင်၏တည်ရှိနေခြင်းကိုဖော်ပြသည်ဖြစ်သောကြောင့်ပြုလုပ်ရန် ယေဇူးသခင်ကအားပေးတိုက်တွန်းသည်။ဤသေးငယ်အံ့ဖွယ်ရာများကိုမပြုဘဲမနေရန်ယေဇူးသခင်သည်မိန့်မှာသည်။ ထိုအရာများကိုပြုလုပ်ရန်၊ဖြန့်ကျက်ရန်အားပေးသည်။ ယေဇူးသခင်သည်ကျွန်ုပ်တို့၏နေ့စဉ်ဘ၀ကိုဖြတ်သန်းလျှောက်လှမ်းရန်တောင်းဆိုနေသည်။ ဤသေးမွှားသောအမူများသည်သူ၏ရှင်သန်နေခြင်း၊ ကမ္ဘာကြီး၌တက်ကြွစွာသူရှိနေခြင်းကိုပြသောသင်္ကေတဖြစ်သည်။ယခုပင်ကျွန်ုပ်တို့ကိုယ်ကိုကျွန်ုပ်တို့မေးမြန်းကြပါစို့။ ကျွန်ုပ်တို့အိမ်၊ အသင်းအဖွဲ့များ၌ အထက်ကဆိုခဲ့သောလမ်းစဉ်များကို အဘယ်သို့ကျင့်ကြံအားထုတ်ကြသနည်း။အဘယ်ကဲ့သို့သောကမ္ဘာမျိုးကိုကျွန်ုပ်တို့၏ ရင်သွေးများကိုချန်ထားရစ်ခဲ့လိုသနည်း။၁၀)မိဘများသည်ပါရမီအရာ၌စံပြဖြစ်ရန်အရေးကြီးသည်။ကျွန်ုပ်တို့၏သားသမီးများသည်ကျွန်ုပ်တို့ကို၎င်းတို့၏စံထားထိုက်သူ၊ စုစည်းခြင်းကိုအားပေးအားမြောက်ပြုတတ်သူများအဖြစ် မိဘများကိုမြင်ကြပါစေ။စိတ်၀မ်းကွဲအောင်ဖန်သောမိဘများအဖြစ်မမြင်ပါစေနှင့်။ သားသမီးများ သည်မိဘများအားခမည်းတော်ဘုရားကြဲသောမျိုးစေ့များအားလုံးကိုကောင်းသောမျိုးစေ့များအဖြစ်ပွင့်သီးလာအောင်လက်တွဲလုပ်ဆောင်တတ်သောအမျိုးသားများ၊ အမျိုးသမီးမျာဖြစ်သာမြင်ကြပါစေ။ သင်တို့ကိုယ်တိုင်ဖြေဆိုရန်အတွက်မေးခွန်းတစ်ခုချန်ထားခဲ့မည်။ထိုမေးခွန်းကစိတ်တိုခြင်းအကြောင်း ကိုပြောခဲ့သကဲ့သို့အိမ်၌ အော်ငေါက်လေ့ရှိသလော။ သို့မဟုတ် စကားပြောရာတွင်ညင်သာသိမ်မွေ့စွာ ပြောပါသလော။ ဤစိတ်ထားသည်ကျွန်ုပ်တို့၏ချစ်ခြင်းကိုတိုင်းတာရန်အကောင်းဆုံး နည်းလမ်းဖြစ် သည်။ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ယေဇူးသခင်၏စကားတော်ဖြင့်ပြန်လည်ဆန်းသစ်သစ္စာတည်ကြည်သောမိသားစုကိုပွင့်လင်းစွာဖိတ်ခေါ်နေပါသည်။အမျိုးသားနှင့်အမျိုးသမီးတို့ပြုသောပဋိညာဉ်တော်(လက်ထပ်ထိမ်းမြှာခြင်း)၌ပါ၀င်ဝေမျှလိုသူများကိုခေါ်ဖိတ်လျက်ရှိပါသည်။ ဤပဋိညာဉ်သည်အသက်ကိုမွေးဖွားပေးပြီး၊ ဘုရားသခင်ကိုဖော်ပြသည်။ ယေဇူးသခင်သည်ကျွန်ုပ်တို့အားငြိမ်းချမ်းခြင်း၊ သိမ်မွေ့နူးညံ့ခြင်း၊မိသားစု၏ချစ်ခြင်းများ၌ပါ၀င်နိုင်ရန်ကူညီပါစေ။ ကျွန်ုပ်တို့၏သားသမီးများ၊အဖိုးအဖွားများကိုပြုစုပျိုးထောင်သောအမူများ၌နူးညံ့သိမ်မွေး၍စိတ်ရှည်၊ချစ်ခင်စွာဖြင့်ပျိုးထောင်တတ်ရန်ကူညီပါစေ ….
ဘာသာပြန် - ဖာသာရ် ကလေးမင်းအိန်ဂျယ်
credit photo
#ကမ္ဘာတစ်၀ှမ်းမှ သာမန်ကက်သလစ်ဘာသာ၀င်တို့၏ သာသနာပြု်ဘ၀အခြေအနေ
#The state of Catholic lay missionaries worldwide
#နိုင်ငံရေး၌ ထဲထဲ၀င်၀င်လုပ်ဆောင်လွန်းသောကက်သလစ်ဘုန်းတော်ကြီးအား ရာသက်ပန်အမူတော်ဆောင်နိုင်ခွင့် မှရပ်ဆိုင်းလိုက်
Priest gets ‘irreversible’ suspension for entering politics
#ယခုနှစ်ဗာတီကန်တွင်ထားရှိမည့် သူငယ်တော်အိမ်သည် Peruvian Andes မှဖြစ်မည်။
Nativity scene at the Vatican will be from the Peruvian Andes
#ဆရာဖြစ်သင်တန်း အမှတ်စဉ် (၁၄) အတွက် သင်တန်းသူ/ သားများဖိတ်ခေါ်ခြင်း။
#(PSIE)ပညာစမ့်းရေသင်တန်းကျောင်း။
#ရဟန်းမင်းကြီးသည် မြေထဲပင်လယ်ဒေသမှဘဲလာရုစ်သို့ရွေ့ပြောင်းသွားသူများအတွက်ဆုတောင်းပေး။
#Pope prays for all migrants, from the Mediterranean to Belarus
#ဩသိုဒေါ့စ်အသင်းတော်ခေါင်းဆောင် Ieronymos II ရဟန်းမင်းကြီးဖရန်စစ်ရောမသို့ပြန်မကြွမီတစ်ည၌ အတူလည်ပတ်ခဲ့ကြ။
#Ieronymos II visits with Pope Francis on eve of his return to Rome
#ဧ၀ဂေလိတရားတော်ကိုစိတ်ရှည်လက်ရှည် စတင်ဟောကြားရန် လိုအပ်ကြောင်း ရဟန်းမင်းကြီက ဥရောပမှ ခရစ်ယာန်များအားမိန့်ကြား။
#မြန်မာနိုင်ငံ ကက်သလစ်သူတော်စင် အသင်းဂိုဏ်းများ၏ (၈၂) ကြိမ်မြောက် ညီလာခံအစည်းအဝေး။ (၇-၈၊ ဇန်နဝါရီလ၊ ၂၀၂၂ ခုနှစ်။)
#ကမ္ဘာ့အကောင်းဆုံ ဆရာဆုရရှိသူ ကင်ညာနိုင်ငံသား"(စိန့်ဖရန်စစ်ဂိုဏ်းက ဘရာလ်သာတစ်ပါးPeter Mokaya Tabichi)
#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။