Good Friday, 2023 - သန့်ရှင်းသော သောကြာနေ့ကြီး
Good Friday, 2023-သန့်ရှင်းသောသောကြာနေ့ကြီး၌မစ္ဆားပူဇော်ပါသလား။
အမိကက်သလစ်သာသနာတော်ကြီး၏တစ်နှစ်တာ၀တ်ပြုခြင်း၌ မစ္ဆားပူဇော်ခြင်းမရှိသည့်တစ်ရက်တည်းသောနေ့မှာသန့်ရှင်းသော သောကြာနေ့ကြီးပင်ဖြစ်ပါသည်။သန့်ရှင်းသောကြာသပတေးနေ့ကြီးညမစ္ဆားပူဇော်အပြီး၌ မစ္ဆားပလ္လင်များမှစ၍မစ္ဆားပစ္စည်းများအားလုံးကိုသိမ်းဆည်းထားလိုက်ပြသည်။ကိုယ်တော်မြတ်ကိုခေတ္တစံမြန်းစေသောပလ္လင်မှလွှဲ၍ဖယောင်းတိုင်ထွန်းညှိခြင်းမှသည်သာမန်အချိန်၌ပြုလုပ်သောမည်သည့်အမူမျှမပြုရပေ။မည်သည့်အဆောင်အယောင်မျှမထားရှိရ။အဘယ်ကြောင့်ဆိုသော် ယေဇူးသခင်ဖမ်ဆီးခံရခြင်းနှင့်သက်တော်စွန့်ခြင်းကြောင့်၀မ်းနည်းသည်ပူဆွေးခြင်းကိုပြသောနေ့ဖြစ်သည်။သန့်ရှင်းသောသောကြာနေ့ကြီးမွန်းလွှဲ(၃)နာရီ၌ ယေဇူးသခင်၏ဒုက္ခခံခြင်းနှင့်သက်တော်စွန့်သည့်၀တ်ပြုခြင်းကိုကျင်းပလေ့ရှိသည်။ဤ၀တ်ပြုခြင်း၌ပရောဖက်ဉာဏ်ဖြင့်ယေဇူးသခင်၏ဒုက္ခခံထမ်းခြင်းကိုကြိုတင်ဟောထားသောကျမ်းစာကိုဖတ်ရူသည်။မစ္ဆားတရားပူဇော်ခြင်းမရှိသော်လည်းယမန်နေ့ကကြိုတင်ဖန်ဆင်းထားသောကိုကိုယ်တော်မြတ်ဖြင့်အဆိုပါ၀တ်ပြုခြင်းသို့ကြွရောက်သောဘာသာတူများကိုမူကိုယ်တော်မြတ်ပင့်ပေးပါသည်။ကိုယ်တော်မြတ်ပင့်ယူအပြီး၌ ဘာသာတူများသည် ခရူးစူးအား အရိုအသေပေးခြင်းအခမ်းအနားကိုဆက်လက်ပြု လုပ်နိုင်သည်။သန့်ရှင်းသောသောကြာနေ့ကြီးသည် အသားရှောင်ခြင်း၊၀ါရှောင်ခြင်းကိုမဖြစ်မနေပြုရသောနေ့ဖြစ်သည်။ထိုနေ့၌မည်သည့်အရာကိုပြုကြမည်နည်း။မည်သည့်အရာကိုကျွန်ုပ်တို့ပြုနိုင်သနည်း။ထိုနေ့၌မိသားစုများသည်ခါတိုင်းအချိန်ကဲ့သို့မဟုတ်ဘဲမလိုအပ်ဘဲအသံများဆူဆူညံညံပြုလုပ်ခြင်း၊စကားများပြောဆိုခြင်း၊သီချင်း၊တီဗွီများဖွင့်ခြင်း၊မိသားစုပျော်ပွဲရွှင်ပွဲပြုခြင်းများကိုရှောင်၍တိတ်ဆိတ်နိုင်သမျှတိတ်ဆိတ်စွာဖြတ်သန်းသင့်သည်။ထို့အတူဘုရား၀တ်ပြုခြင်းအစီအစဉ်များ၌ပါ၀င်နိုင်ရန်အားထုတ်သင့်သည်။စိတ်ပုတီးများစိပ်ခြင်း၊ကိုယ်တော်မြတ်သွားရောက်ဖူးခြင်း၊ကျမ်းစာကိုမိသားစုများနှင့်အတူတကွဖတ်ရူခြင်းများပြုလုပ်နိုင်သည်။သန့်ရှင်းသောသောကြာနေ့ကြီးသည် ဆင်ခြင်ထောက်ရှု၍သံဝေဂ ဝေယူရသောနေ့၊တစ်နှစ်ပတ်လုံးအနက်ထူးခြားသောနေ့တစ်နေ့ဖြစ်ရမည်ဖြစ်သည်။၀ါတွင်း တစ်လျှောက်၌အာပတ်ဖြေခြင်းကိုမပြုရသေးပါကဤသန့်ရှင်းသော သောကြာနေ့ကြီးသည်သင်နှင့်သင့်မိသားစု၀င်များအတွက်အာပတ်ဖြေခြင်းကိုပြုရန်အကောင်းဆုံးအချိန်ဖြစ်သည်။
မွန်းလွှဲ(၃းဝဝ)နာရီတွင် ဆိုအပ်သောမေတ္တာ
ယေဇူးသခင်သည်အသက်စွန့်တော်မူသည် အသက်စွန့်တော်မူသောစမ်းအိုင်သည် လူသားနှင့်ဝိညာဉ်များအတွက်ယိုစီးထွက်တော်မူ၍ကရုဏာတံခါးတော်သည် တစ်ကမ္ဘာလုံးအတွက်ဖွင့်တော်မူ၏။အိုအသက်၏စမ်းအိုင်တော်၊တိုင်းတာ၍မမှီနိုင်သော ကရုဏာရှင်၊တစ်ကမ္ဘာလုံးကိုကိုယ်တော်၏ကရုဏာတော်ဖြင့်လွှမ်းခြုံထားတော်မူ၍ကျွန်ုပ်တို့အပေါ်သို့အကုန်အစင်သွန်းလောင်းချပေးတော်မူပါ။အသက်၏ စမ်းအိုင်အဖြစ်ယေဇူး၏နှလုံးတော်မှယိုစီးထွက်တော်မူသော အိုသွေးတော်နှင့်ရေတော်၊ကျွန်ုပ်တို့သည်ကိုယ်တော်ကိုအားကိုးပါ၏။(အာမင်)
(ရဟန္တာမဖောစတီးနား - ကျွန်ုပ်တို့အဖို့ငှာ ဆုတောင်းပေးတော်မူပါ။)
#ကမ္ဘာတစ်၀ှမ်းမှ သာမန်ကက်သလစ်ဘာသာ၀င်တို့၏ သာသနာပြု်ဘ၀အခြေအနေ
#The state of Catholic lay missionaries worldwide
#နိုင်ငံရေး၌ ထဲထဲ၀င်၀င်လုပ်ဆောင်လွန်းသောကက်သလစ်ဘုန်းတော်ကြီးအား ရာသက်ပန်အမူတော်ဆောင်နိုင်ခွင့် မှရပ်ဆိုင်းလိုက်
Priest gets ‘irreversible’ suspension for entering politics
#ယခုနှစ်ဗာတီကန်တွင်ထားရှိမည့် သူငယ်တော်အိမ်သည် Peruvian Andes မှဖြစ်မည်။
Nativity scene at the Vatican will be from the Peruvian Andes
#ဆရာဖြစ်သင်တန်း အမှတ်စဉ် (၁၄) အတွက် သင်တန်းသူ/ သားများဖိတ်ခေါ်ခြင်း။
#(PSIE)ပညာစမ့်းရေသင်တန်းကျောင်း။
#ရဟန်းမင်းကြီးသည် မြေထဲပင်လယ်ဒေသမှဘဲလာရုစ်သို့ရွေ့ပြောင်းသွားသူများအတွက်ဆုတောင်းပေး။
#Pope prays for all migrants, from the Mediterranean to Belarus
#ဩသိုဒေါ့စ်အသင်းတော်ခေါင်းဆောင် Ieronymos II ရဟန်းမင်းကြီးဖရန်စစ်ရောမသို့ပြန်မကြွမီတစ်ည၌ အတူလည်ပတ်ခဲ့ကြ။
#Ieronymos II visits with Pope Francis on eve of his return to Rome
#ဧ၀ဂေလိတရားတော်ကိုစိတ်ရှည်လက်ရှည် စတင်ဟောကြားရန် လိုအပ်ကြောင်း ရဟန်းမင်းကြီက ဥရောပမှ ခရစ်ယာန်များအားမိန့်ကြား။
#မြန်မာနိုင်ငံ ကက်သလစ်သူတော်စင် အသင်းဂိုဏ်းများ၏ (၈၂) ကြိမ်မြောက် ညီလာခံအစည်းအဝေး။ (၇-၈၊ ဇန်နဝါရီလ၊ ၂၀၂၂ ခုနှစ်။)
#ကမ္ဘာ့အကောင်းဆုံ ဆရာဆုရရှိသူ ကင်ညာနိုင်ငံသား"(စိန့်ဖရန်စစ်ဂိုဏ်းက ဘရာလ်သာတစ်ပါးPeter Mokaya Tabichi)
#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။