Holy Father plans to visit his homeland Argentina in 2024
ရဟန်းမင်းကြီးဖရန်စစ်သည် လာမည့် (၂၀၂၄) ၌ဇာတိမြေအာဂျင်တီးနားသို့ကြွရောက်ရန်စီစဉ်နေ
ရဟန်းမင်းကြီးဖရန်စစ်ကသူ၏ဇာတိမြေအာဂျင်တီးနားသို့မကြာမီကြွရောက်ရန် စီစဉ်နေကြောင်းဖြင့်မိန့်ကြားခဲ့သည်။ရဟန်းမင်းကြီးဖရန်စစ်သည်ရဟန်းမင်းကြီးအမှုတော်ကိုစတင်ထမ်းဆောင်သော (၂၀၁၃)မှစ၍ယနေ့ထိတိုင်မိခင်နိုင်ငံသို့ကြွရောက်လည်ပတ်ခြင်းမပြုခဲ့သေးပေ။မိခင်နိုင်ငံသို့ လာမည့်နှစ် (၂၀၂၄တွင်ကြွရောက်ရန်စီစဉ်နေသည့်အကြောင်းကိုအာဂျင်တီးနားနိုင်ငံ၏သတင်းစာတစ်စောင်ဖြစ်သော 'LaNacion' ဖြေကြားခဲ့သည်။ရဟန်းမင်းကြီးဖရန်စစ်အနေဖြင့်ဇာတိမြေသို့အစဉ်ပြန်ကြွသွားလိုသောဆန္ဒရှိသည်။သို့သော် အာဂျင်တီးနား၏နိုင်ငံရေးနှင့်ဆက်စပ်မှုမရှိပေ။ ဇာတိမြေသို့ကြွရောက်ရန် သူ၏အစီအစဉ်မှာ (၂၀၁၇)ကတည်းကစီစဉ်ထားပြီးဖြစ်သည်။အကြောင်းအမျိုးမျိုးကြောင့် ယနေ့ထိရွေ့ဆိုင်းထားခဲ့ရခြင်းဖြစ်သည်။ရဟန်းမင်းကြီးဖရန်စစ်၏အာဂျင်တီးနားသို့ကြွရောက်ခြင်းသည် (၂၀၂၃၊ အောက်တိုဘာလ)အထွေထွေရွေးကောက်ပွဲကျင်းပပြီးသောအလွန်ကာလဖြစ်ပါသည်။ သက်တော်စေ့၍အနားယူတော့မည့်Buenos Aires ဂိုဏ်းချုပ်သာသနာ၏ကာဒီနယ် MarioPoli ၏အရိုက်အရာကိုဆက်ခံရန်အတွက်ရွေးချယ်နေသည်မှာ အတော်အတန်ပြီးစီးနေပြီဖြစ်ကြောင်း၊အဆိုပါအရိုက်အရာကိုဆက်ခံရန် အလေးထားထည့်သွင်းစဉ်းစားရမည့် သူ(၃) ပါးရှိကြောင်း၊ အဘယ်သူဖြစ်မည်ကိုမထုတ်ဖော်ရ။ (၃) ပါးအနက်တစ်ပါးတည်းသာရွေးချယ်ခံရမည်ဖြစ်ကြောင်း၊ဗာတီကန်ရုံးတော်၏အလုပ်အမှုဆောင်များအဖွဲ့၊ကာဒီနယ်များအဖွဲ့တို့၏ သဘောထားကိုလည်းထည့်စဉ်းစားရမည်ဖြစ်ကြောင်း၊တစ်ဦးတည်းဆုံးဖြတ်ရမည့် ဆုံးဖြတ်ချက်မဟုတ်ကြောင်း သတင်းဌာနအားမိန့်ကြားခဲ့သည်။စိန့်ဂျွန်ပေါလ် နှင့်စပ် လျင်း၍လည်းကိုးကားကာစိန့်ဂျွန်ပေါလ် (၂)သည် ပျံလွန်ပြီးနောက်ရဟန္တာ ဖြစ်လာခဲ့သကဲ့သို့သက်ရှိထင်ရှားရှိနေစဉ်၌ပင် သူ ရဟန္တာဖြစ်နေခဲ့သည်။ရဟန်းမင်းကြီးဂျွန်ပေါလ်(၂) ၏ရိုးသားဖြောင့်မတ်ခြင်းသည်မေးခွန်းထုတ်ရန်ပင်မလိုအပ်ပေ။ 1983 အသက်(၁၅) နှစ်၌ဆုံးပါးသွားခဲ့သော EmmanuelaOrlandi နှင့်စပ်လျင်းသောတောင်းဆိုချက်အသစ်မှာလည်း ယခုတိုင်တုန့်ပြန်ဖြေကြားခြင်းလည်းမရှိသေးခြင်းနှင့်စပ်လျင်း၍အချို့ကရဟန်းမင်းကြီးဂျွန်ပေါလ်(၂) သာသနာအားဦးစီးနေချိန်ဖြစ်သွား၍တာ၀န် လစ်ဟင်းမှုအဖြစ် တွေးထင်ကြသည်။ရဟန်းမင်းကြီးဖရန်စစ်သည် ယခင်နှစ်(၂၀၂၂၊ ဒီဇင်ဘာ ၃၀ ရက်နေ့၌ပျံလွန်သွားခဲ့သော ရဟန်းမင်းကြီးဘေးနေဒစ််၁၆ နှင့်စပ်လျင်း၍မေးမြန်းရာတွင်သွားလေသူရဟန်းမင်းကြီးထံမှကောင်းသောအကြံပြုချက်များကိုရရှိခဲ့ကြောင်း၊သူ၏ဘ၀နေ၀င်ချိန်နီးလာသောကျန်းမာရေးချို့တဲ့ချိန်ရောက်မှမကြာခဏတွေ့ဆုံဖြစ်ကြောင်းလည်းဖြေကြားခဲ့သည်။Shalom World SWnews)
ဘာသာပြန်- ဖာသာရ်ကလေးမင်းအိန်ဂျန်
Credit Photo
#ကမ္ဘာတစ်၀ှမ်းမှ သာမန်ကက်သလစ်ဘာသာ၀င်တို့၏ သာသနာပြု်ဘ၀အခြေအနေ
#The state of Catholic lay missionaries worldwide
#နိုင်ငံရေး၌ ထဲထဲ၀င်၀င်လုပ်ဆောင်လွန်းသောကက်သလစ်ဘုန်းတော်ကြီးအား ရာသက်ပန်အမူတော်ဆောင်နိုင်ခွင့် မှရပ်ဆိုင်းလိုက်
Priest gets ‘irreversible’ suspension for entering politics
#ယခုနှစ်ဗာတီကန်တွင်ထားရှိမည့် သူငယ်တော်အိမ်သည် Peruvian Andes မှဖြစ်မည်။
Nativity scene at the Vatican will be from the Peruvian Andes
#ဆရာဖြစ်သင်တန်း အမှတ်စဉ် (၁၄) အတွက် သင်တန်းသူ/ သားများဖိတ်ခေါ်ခြင်း။
#(PSIE)ပညာစမ့်းရေသင်တန်းကျောင်း။
#ရဟန်းမင်းကြီးသည် မြေထဲပင်လယ်ဒေသမှဘဲလာရုစ်သို့ရွေ့ပြောင်းသွားသူများအတွက်ဆုတောင်းပေး။
#Pope prays for all migrants, from the Mediterranean to Belarus
#ဩသိုဒေါ့စ်အသင်းတော်ခေါင်းဆောင် Ieronymos II ရဟန်းမင်းကြီးဖရန်စစ်ရောမသို့ပြန်မကြွမီတစ်ည၌ အတူလည်ပတ်ခဲ့ကြ။
#Ieronymos II visits with Pope Francis on eve of his return to Rome
#ဧ၀ဂေလိတရားတော်ကိုစိတ်ရှည်လက်ရှည် စတင်ဟောကြားရန် လိုအပ်ကြောင်း ရဟန်းမင်းကြီက ဥရောပမှ ခရစ်ယာန်များအားမိန့်ကြား။
#မြန်မာနိုင်ငံ ကက်သလစ်သူတော်စင် အသင်းဂိုဏ်းများ၏ (၈၂) ကြိမ်မြောက် ညီလာခံအစည်းအဝေး။ (၇-၈၊ ဇန်နဝါရီလ၊ ၂၀၂၂ ခုနှစ်။)
#ကမ္ဘာ့အကောင်းဆုံ ဆရာဆုရရှိသူ ကင်ညာနိုင်ငံသား"(စိန့်ဖရန်စစ်ဂိုဏ်းက ဘရာလ်သာတစ်ပါးPeter Mokaya Tabichi)
#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။