‘သခင့် ပျိုးဥယျာဥ်ထဲက ခြေလှမ်းလေး’
ပျိုးဥယျာဥ်ထဲကသစ်ပင်၊ပန်းပင်များတွေဟာမြေသြဇာ၊အစာအဟာရထည့်ကာတူးဆွ၊ရေလောင်းပြုစုပျိုးထောင်ပေးရခြင်းက သဘာဝပါ။သဘာဝဓါတ်ကြီးလေးပါသည်လည်းလူ၊သတ္တဝါ၊သစ်ပင်ပန်းမာလ်တွေအတွက် မရှိမဖြစ်လိုအပ်သောအရာတွေဖြစ်တယ်။ ဤကဲ့သို့ပြုစုပျိုးထောင်ပေးရခြင်းဟာ ရှင်သန်ကြီးထွားလာဖို့၊သီးပွင့်ဝေဆာလာဖို့၊လူ၊သတ္တဝါတွေအားလုံးအတွက် အကျိုးပြုခွန်အားဖြစ်စေဖို့ဖြစ်ပါတယ်။ထိုနည်းတူကျွန်ုပ်တို့တတွေလည်းပဲ ငယ်စဥ်ကမိဘများမွေးဖွားသန့်စင်ပေးခဲ့ပြီးပြုစုပျိုးထောင်ပေးကာ ရှင်သန်ကြီးထွားတိုးတက်အောင်မြင်လာခဲ့ကြတယ်။ဒါတွေဟာ ယုံကြည်စိတ်ချရပြီးလုံခြုံမှုပြည့်ဝတဲ့ပျိုးဥယျာဥ် မိဘရင်ခွင်အရိပ်အောက်ကဖြစ်ပါတယ်။ထပ်ဆင့်ပြီးခရစ်တော်၏ခေါ်သံနောက်သို့ ဘဝတစ်သက်စာလျှောက်လှမ်းနိုင်ဖို့ရန်သခင့်ပျိုးဥယျာဥ်ထဲကခြေလှမ်းလေးဖြင့်ခရီးဆက်ရမှာဖြစ်တဲ့အတွက်အာဗြာဟံ၏ယုံကြည်ခြင်းကဲ့သို့ ဘုရားသခင်ကို လုံးလုံးလျားလျားယုံကြည်ကိုးစားအပ်နှံထားပြီး သဘာဝဓါတ်ကြီးလေးပါးလိုပင် ဥယျာဥ်မှူး၏ ပြုပြင် လမ်းညွှန်အကြံပေးခြင်း၊ကာယ၊ဝိညာဥ်လိုလပ်ချက်များဖြည့်စွက်ပေးခြင်းများကို ယုံကြည်လက်ခံကာရဲဝံ့စွာခြေလှမ်း အစမှခြေလှမ်းအဆုံးထိ ဆက်သွားရမှာဖြစ်ပါတယ်။ သခင့်ပျိုးဥယျာဥ်ထဲကခြေလှမ်းလေး မှ ဘုရားတရားကိုင်းရှိုင်းခြင်း၊ယုံကြည်ခြင်း၊ဖြူစင်၊ရိုးသား၊ပွင့်လင်း၊နာခံခြင်းနှင့်နှိမ့်ချစွာပုံမှန် လျှောက်လှမ်းခြင်းအားဖြင့်အနာဂတ်အသင်းတော် သာသနာအတွက်၊အများပြည်သူအကျိုးအတွက်၊ဘုရားသခင်၏ဘုန်းတော်ဂုဏ်တော် နိုင်ငံတော်တိုးတက်ရေးအတွက်၊မိမိနှင့်နီးစပ်သောသူများအတွက် မားမားမတ်မတ်ရပ်တည်နိုင်သော ခြေလှမ်းများဖြစ်ပြီးဘဝအောင်မြင်ခြင်းပန်းတိုင်ဆီသို့ မလွဲဧကန်အမှန် ရောက်ရှိနိုင်မယ်။ သခင့်ပျိုးဥယျာဥ်ထဲက စတင်ခဲ့သောခြေလှမ်းများဟာသံတယစိတ်များ၊ဦးတည်ရာမဲ့ခြင်း၊တောင်မြောက်သို့ရောက်ကာ ယိုင်ဒီးယိုင်တိုင် ဖြစ်ခဲ့ပါလျှင်အောင်မြင်ခြင်းပန်းတိုင်ဆီသို့ရောက်နိုင်ဖို့မသေချာပါ။ ဆက်လှမ်းနေရင်းနဲ့ရင်ဆိုင်ကြုံတွေ့နေရတဲ့ စုံစမ်းနှောက်ယှက်ခြင်း၊အခက်ခဲတွေဟာအောင်မြင်ခြင်းအတွက်ပုစ္ဆာတစ်ပုဒ်ဖြစ်ပါတယ်။ ဘုရားရှင်ထံခွန်အားယူကာမိခင်မယ်တော်မာရီးယား၏ကြားဝင်ဆုပန်ခြင်းကို တောင်းခံပြီးခရီးဆက်ပါ။ မယ်တော်နဲ့ခရီးပြုခြင်းသည်ဘဝအားဆေးတစ်ခွက်ဖြစ်ပါတယ်။ အားမလျှော့ပဲဇွဲရှိရှိ ဆုတောင်းပါ။ဆက်သွားပါ။အရာရာတိုင်းမှာဘုရား ကူညီဖေးမကာအောင်မြင်မှုရရှိမယ်။ယုံကြည်စိတ်ချစွာလှမ်းခဲ့သောခြေလှမ်းတိုင်း၏တန်ဖိုးအကျိုးရလဒ်သည် ဘဝရှေ့ရေးအတွက်အသီးအပွင့်ဖူးပွင့်ဝေဆာခြင်းနှင့်အတူသာသနာ့လယ်ကွင်းမှာ ပေးအပ်သမျှတာဝန်များကို မိမိကိုယ်ကိုယုံကြည်စွာနဲ့ပျော်ပျော် ရွှင်ရွှင် ဆက်ကပ်ထမ်းရွက်နိုင်မည်ဖြစ်ပါတယ်။
ဒက်ဇူးမယ် (ISR)
#ကမ္ဘာတစ်၀ှမ်းမှ သာမန်ကက်သလစ်ဘာသာ၀င်တို့၏ သာသနာပြု်ဘ၀အခြေအနေ
#The state of Catholic lay missionaries worldwide
#နိုင်ငံရေး၌ ထဲထဲ၀င်၀င်လုပ်ဆောင်လွန်းသောကက်သလစ်ဘုန်းတော်ကြီးအား ရာသက်ပန်အမူတော်ဆောင်နိုင်ခွင့် မှရပ်ဆိုင်းလိုက်
Priest gets ‘irreversible’ suspension for entering politics
#ယခုနှစ်ဗာတီကန်တွင်ထားရှိမည့် သူငယ်တော်အိမ်သည် Peruvian Andes မှဖြစ်မည်။
Nativity scene at the Vatican will be from the Peruvian Andes
#ဆရာဖြစ်သင်တန်း အမှတ်စဉ် (၁၄) အတွက် သင်တန်းသူ/ သားများဖိတ်ခေါ်ခြင်း။
#(PSIE)ပညာစမ့်းရေသင်တန်းကျောင်း။
#ရဟန်းမင်းကြီးသည် မြေထဲပင်လယ်ဒေသမှဘဲလာရုစ်သို့ရွေ့ပြောင်းသွားသူများအတွက်ဆုတောင်းပေး။
#Pope prays for all migrants, from the Mediterranean to Belarus
#ဩသိုဒေါ့စ်အသင်းတော်ခေါင်းဆောင် Ieronymos II ရဟန်းမင်းကြီးဖရန်စစ်ရောမသို့ပြန်မကြွမီတစ်ည၌ အတူလည်ပတ်ခဲ့ကြ။
#Ieronymos II visits with Pope Francis on eve of his return to Rome
#ဧ၀ဂေလိတရားတော်ကိုစိတ်ရှည်လက်ရှည် စတင်ဟောကြားရန် လိုအပ်ကြောင်း ရဟန်းမင်းကြီက ဥရောပမှ ခရစ်ယာန်များအားမိန့်ကြား။
#မြန်မာနိုင်ငံ ကက်သလစ်သူတော်စင် အသင်းဂိုဏ်းများ၏ (၈၂) ကြိမ်မြောက် ညီလာခံအစည်းအဝေး။ (၇-၈၊ ဇန်နဝါရီလ၊ ၂၀၂၂ ခုနှစ်။)
#ကမ္ဘာ့အကောင်းဆုံ ဆရာဆုရရှိသူ ကင်ညာနိုင်ငံသား"(စိန့်ဖရန်စစ်ဂိုဏ်းက ဘရာလ်သာတစ်ပါးPeter Mokaya Tabichi)
#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။