Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document
အင်္ဂလန်၌အသတ်ခံရသော ဥပဒေပညာရှင်သည် ကက်သလစ်ဘာသာတူဖြစ်ပြီး၊ သန္ဓေဖျက်ချခြင်းကိုဆန့်ကျင်သူ
Murdered British lawmaker was Catholic, pro-life
ပြီးခဲ့သည့်သောကြာနေ့က ဗြိတိန်၏ဥပဒေပညာရှင်တစ်ဦးသည် အင်္ဂလန်အရှေ့တောင်ပိုင်း မက်သိုဒစ်ဘုရားကျောင်း၌ရှိနေစဉ် ဓားဖြင့်အချက်ပေါင်းများစွာထိုးနက်ခံရပြီး ဆုံးပါးသွားခဲ့သည်။ သူ၏အမည်ကား Sir David Amess ဖြစ်သည်။ သူသည် (၆၉) နှစ်သာရှိသေးသည်။ (၁၉၈၃) ခုနှစ်မှစ၍ ပါလီမန်အဖွဲ့၀င်တစ်ဦးလည်းဖြစ်သည်။ ကွန်ဆာဗေးတစ်ပါတီ၀င်လည်းဖြစ်သည်။ သူသည်ကက်သလစ်ဘာသာတူတစ်ဦးဖြစ်ပြီး၊ သန္ဓေတားခြင်းကိုဆန့်ကျင် ကန့်ကွက်သူဖြစ်သကဲ့သို့ ကက်သလစ်ပညာရေးနှင့်တိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးကိုတစ်စိုက် မတ်မတ်လုပ်ဆောင်ခဲ့သည်။ သူသည် မက်သိုဒစ်ဘုရားကျောင်း၌ သူ၏မဲဆန္ဒရှင်များနှင့် တွေ့ဆုံနေခိုက် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။ သူ့အားဓားဖြင့်တိုက်ခိုက်ခဲ့သူမှာ အသက် (၂၅) သာရှိသေးသည့် အမျိုးသားတစ်ဦးဖြစ်ပြီး၊ ဖမ်းဆီးထိန်းသိမ်းထားသည်။
 
ဤသတင်းအတွက် Westminster မှကာဒီနယ် Vincent Nichols က ၀မ်းနည်းကြောင်းကြေညာချက်ကိုထုတ် လိုက်ပြီး၊ Amess ၏ကြွင်းကျန်သောရုပ်ကလပ်သို့သွားရောက်ဆုတောင်းပေးခဲ့သည်။ Amess ၏၀ိညာဉ်အတွက်နှင့် မိသားစု၀င်များ ဘုရားသခင်ထံမှနှစ်သိမ့်ခြင်းခွန်အားရရှိရေး ဆု‌တောင်းပေးကြပါရန် တိုက်တွန်းခဲ့သည်။ သူသည် ဆေးကြောခြင်းစက္ကရာမင်းတူအားဖြင့် ဘုရားသခင်ပေးအပ်သော သာသနာပြုခြင်းအမူတော်ကို လူသူကြားထဲ၌ လည်းမပျက်အကွက် ရက်ရောစွာ၊ ရိုးသားဖြောင့်မတ်စွာသက်သေခံခဲ့သူဖြစ်သည်။ သူသည်ပါလီမန်၌ ဆယ်စုနှစ် (၄) မျှအမှုထမ်းခဲ့သည်။ သူ၏နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များ၏ လေးစားယုံကြည်မှုကို ခံရသူဖြစ်သည်။ သူ၏လုပ်ကြံခံရမှုသည် အလွန်ကြီးမားသောဆုံးရှုံးမှုပင်ဖြစ်သည်။
 
အင်္ဂလန်၀န်ကြီးချုပ် Boris Johnson က Amess အနေဖြင့် အဖိနှိပ်ခံ၊ အမေ့လျော့ခံ၊ အပယ်ခံများကိုကာကွယ် ရေးဥပဒေရေးဆွဲချမှတ်ရာ၌ အလွန်ထူးခြားသောမှတ်တမ်းများရှိခဲ့သည်ဟုပြောကြားခဲ့သည်။ Right to Life ဟုအမည် ပေးထားသော အင်္ဂလန်နိုင်ငံမှ သန္ဓေဖျက်ချခြင်းကိုဆန့်ကျင်သည့်အဖွဲ့က Amess သည် ‘သန္ဓေဖျက်ချခြင်းကိုဆန့် ကျင်သောသူရဲကောင်း’ ဖြစ်သည်ဟုပြောကြားခဲ့သည်။ Sir David Amess ၏ကွယ်လွန်ခြင်းသည် အကြောင်းမဲ့သတ် ဖြတ်ခံရခြင်းဖြစ်ပြီး၊ အလွန်ကြီးမားသောဆုံးရှုံးမှုကြီးဖြစ်သည်။ ကျွန်ုပ်တို့အားလုံး ကျန်ရစ်သောသူ့ဇနီးဂျူလီယာနှင့် သားသမီး (၅) ဦးအတွက်ဆုတောင်းပေးပါကြောင်းဖြင့် ‘Right To Life’ အဖွဲ့၏ပြောရေးဆိုခွင့်ရှိသူ Catherine Robinson ကပြောကြားခဲ့သည်။
 
သူသည် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရသော (၁၉၈၃) ခုနှစ်မှစ၍ အခြေခံလူတန်းစားများ၊ အမေ့ခံ၊ အပယ်ခံ၊ ဥပဒေ၏အကာအကွယ်ပေးမူမခံရသောလူတန်းစားများအတွက် မားမားမတ်မတ်ရပ်တည်လာခဲ့သူဖြစ်သည်။ ထို့အတူ မမွေးဖွားရသေးသည့် ကိုယ်၀န်များ၏အခွင့်အရေးနှင့်အသက်ရှင်ရေးကိုလည်းကောင်း၊ ကိုယ်၀န်ဆောင်အမျိုးသမီးများ၏အခက်အခဲပြဿနာကိုလည်းကောင်း စိတ်နစ်၍ ကာကွယ်ပေးခဲ့သည်။ သူနှင့်အတူလက် တွဲအလုပ်လုပ်ခဲ့ဖူးသူများအနေဖြင့် သူသည်ကြင်နာတတ်သူ၊ ဂရုစိုက်တတ်သူ၊ ပျော်တတ်သူ၊ အကာအကွယ်မဲ့လူ တန်းစားများအား အပြည့်အ၀ ကာကွယ်ရပ်တည်သူအဖြစ်သိကြသည်။ ခံစားမိကြသည်။
 
အကြောင်းကြောင်းကြောင့် ဆက်လက်အသက်မရှင်လိုတော့သည့်သူများအား သေအောင်ဖန်တီးပေးခြင်းကို နိုင်ငံတော်အနေဖြင့် ခွင့်ပြုရေးမပြုရေးဥပဒေအတွက် မဲခွဲဆုံးဖြတ်ရာတွင် သူသည်ကန့်ကွက်မဲထည့်ခဲ့သည်။ ကာဒီနယ် Nichols ကလည်း Amess သည် (၂၀၁၀၊ စက်တင်ဘာလ) က ရဟန်းမင်းကြီးဘေနေဒစ် (၁၆) (ငြိမ်း) ၏ အင်္ဂလန်ပါလီမန်သို့ သမိုင်း၀င်အလည်အပတ်ကြွရောက်နိုင်စေရန်အတွက် အစွမ်းကုန်ကြိုးစားခဲ့သူဖြစ်ကြောင်း၊ (၂၀၀၆) ခုနှစ်ကလည်း သက်၀င်ယုံကြည်မှုမတူသော ဘာသာ၀င်များဖြင့်ဖွဲ့စည်းထားသော ပါလီမန်အတွင်းရှိအဖွဲ့နှင့်ဗာတီ ကန်ဆက်ဆံရေးကောင်းမွန်စေရန်စွမ်းဆောင်ခဲ့ကြောင်း၊ သူသည်ဗြိတိန်ပါလီမန်အဖွဲ့နှင့်ဗာတီကန်၏အုပ်ချုပ်ရေး မှူးဖြစ်သော ကာဒီနယ် Parolin၊ ကက်သလစ်ခေါင်းဆောင်များနှင့်လည်းဆက်ဆံရေးပြေပြစ်စေရန်ကြိုးစားခဲ့ကြောင်း၊ ဤအားထုတ်မူများသည် အလွန်လေးစားထိုက်ပြီး၊ ယခုကဲ့သို့ဖြစ်သွားသည့်အတွက် ကြီးမားသောဆုံးရှုံးမှု ကြီးဖြစ်ရကြောင်း ကာဒီနယ်ကထုတ်ဖော်ပြောကြားခဲ့သည်။
 
အင်္ဂလန်နှင့်‌ ဝေလ ကက်သလစ်ဆရာတော်ကြီးများလက်အောက်ရှိ ပညာရေးကော်မရှင်ကလည်း ‘Sir David Amess ၏ကွယ်လွန်ခြင်းသည် အလွန်ထိတ်လန့်ကြေကွဲဖွယ်ဖြစ်သည်။ သူသည် အလွန်ထင်ပေါ်ပြီး ကက်သလစ်ပီသသော ဘာသာသူတစ်ဦးဖြစ်သည်။ ကက်သလစ်ပညာရေးကိုလည်း မမှိတ်မသုန် အားပေးထောက်ခံသူဖြစ်သည်။ သူ၏ဝိညာဥ်သည် ထာဝရသုခချမ်းသာရပါစေ။ အာမင်။ ဟု ၎င်းတို့၏ တွစ်တာ၌ ရေးတင်ထားသည်။
ဗြိတိန်အခြေစိုက် ဟောင်ကောင်အရေးနှင့်ပတ်သက်၍ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကိုပူးတွဲတည် ထောင်သူလည်းဖြစ်၊ ပြီးစီမံခန့်ခွဲသူလည်းဖြစ်သော Benedict Rogers ကလည်း ‘သူနှင့် Amess တို့သည် အပြည်ပြည် ဆိုင်ရာလူ့အခွင့်အရေးအတွက် နှစ်အတော်ကြာအလုပ်အတူတွဲလုပ်ခဲ့ဖူးကြောင်း၊ သူသည်အလွန်နွေးထွေးပျူဌာသူ၊ ကြင်နာတတ်သူ၊ ပျော်တတ်သူဖြစ်ကြောင်း၊ ပါလီမန်အတွက်အစဉ်ရပ်တည်ရန်ကိုလည်း အားပေးတိုက်တွန်းခဲ့ကြောင်း၊ သူသည်နှစ်နှစ်ခြိုက်ခြိုက်ပြုံးတတ်သောအပြုံးပိုင်ရှင်ကြောင်း၊ ဟာသများလည်းဖောက်တတ်ကြောင်း၊ အလွန်စိတ်ကောင်းရှိသူဖြစ်ကြောင်း၊ သူသည်အလွန်ထင်ရှားသောပုဂ္ဂိုလ်ဖြစ်ပြီး၊ သူ၏ဆုံးပါးခြင်းသည် နှမျောတသ စရာကြီးဖြစ်ရကြောင်းတွစ်တာတွင်ရေးတင်ထားသည်။
 
Amess သည် (၂၀၁၆) အင်္ဂလန် ဥရောပသမဂ္ဂအဖွဲ့မှခွဲထွက်ရေး၊ ဆက်လက်အဖွဲ့၀င်အဖြစ်ရှိနေရေးနှင့်ပတ် သက်၍လည်း ခွဲထွက်ရေးကို ပြတ်ပြတ်သားသားရပ် တည်ထောက်ခံခဲ့သည်။ သူ မတိုင်မီ ယခုကဲ့သို့လုပ်ကြံခံရသော ဗြီတိန်ပါလီမန် အမတ်မှာ (၂၀၁၆) ခုနှစ် အစည်းအဝေးခန်းမ အပြင်ဘက်၌ သူ၏လုပ်ဖော်ဆောင်ဖက်များနှင့်ရှိနေစဉ် သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်။
 
ဖာသာရ်ကလေးမင်းအားတယ်..
Photo Crd...
#The young priest who rescued people during WWII declared Venerable
#ဒုတိယကမ္ဘာစစ်ကာလက လူများ၏အသက်ကိုကယ်တင်ခဲ့သောရဟန်းပျိုကြည်ညိုလေးစားရသူအဖြစ်ကြေညာခံရ
#Medieval band gets the Pope's blessing ahead of the traditional donkey race
#အလယ်ခေတ်ကဘင်ခရာအဖွဲ့ရဟန်းမင်းကြီး၏ကောင်းကြီးကိုခံယူ
#Pope names Special Delegate for the Memores Domini association
#ရဟန်းမင်းကြီးဖရန်စစ်သည် Memores Domini အဖွဲ့အတွက်အထူးကိုယ်စားလှယ်ခန့်အပ်ခြင်း
#ကမ္ဘာတစ်၀ှမ်းမှ သာမန်ကက်သလစ်ဘာသာ၀င်တို့၏ သာသနာပြု်ဘ၀အခြေအနေ
#The state of Catholic lay missionaries worldwide

#နိုင်ငံရေး၌ ထဲထဲ၀င်၀င်လုပ်ဆောင်လွန်းသောကက်သလစ်ဘုန်းတော်ကြီးအား ရာသက်ပန်အမူတော်ဆောင်နိုင်ခွင့် မှရပ်ဆိုင်းလိုက်
Priest gets ‘irreversible’ suspension for entering politics

#ယခုနှစ်ဗာတီကန်တွင်ထားရှိမည့် သူငယ်တော်အိမ်သည် Peruvian Andes မှဖြစ်မည်။
Nativity scene at the Vatican will be from the Peruvian Andes

#RVA ဝန်ထမ်းတစ်ဦး ထူးချွန်ဝန်ထမ်းဆုကို ဆွတ်ခူးရရှိ။

#ရဟန်းမင်းကြီးသည် မြေထဲပင်လယ်ဒေသမှဘဲလာရုစ်သို့ရွေ့ပြောင်းသွားသူများအတွက်ဆုတောင်းပေး။
#Pope prays for all migrants, from the Mediterranean to Belarus
#ရဟန်းမင်းကြီးဖရန်စစ်သည် ဂရိနိုင်ငံ၏နွေးထွေးသောကြိုဆိုမူကိုကျေးဇူးတင်ကြောင်းမိန့်ကြား>
#Pope Francis thanks Greece for warm welcome
#ဩသိုဒေါ့စ်အသင်းတော်ခေါင်းဆောင် Ieronymos II ရဟန်းမင်းကြီးဖရန်စစ်ရောမသို့ပြန်မကြွမီတစ်ည၌ အတူလည်ပတ်ခဲ့ကြ။
#Ieronymos II visits with Pope Francis on eve of his return to Rome

#ဧ၀ဂေလိတရားတော်ကိုစိတ်ရှည်လက်ရှည် စတင်ဟောကြားရန် လိုအပ်ကြောင်း ရဟန်းမင်းကြီက ဥရောပမှ ခရစ်ယာန်များအားမိန့်ကြား။

#ရာသက်ပန်ကတိသစ္စာခံယူခြင်း။ (၀၈.၁၂.၂၀၂၁)
CONGREGATION OF MOTHER OF SORROWS SERVANTS OF MARY (OSM)

#မြန်မာနိုင်ငံ ကက်သလစ်သူတော်စင် အသင်းဂိုဏ်းများ၏ (၈၂) ကြိမ်မြောက် ညီလာခံအစည်းအဝေး။ (၇-၈၊ ဇန်နဝါရီလ၊ ၂၀၂၂ ခုနှစ်။)

#ရဟန်းမင်းကြီးဖရန်စစ်အတွက် အထူးဆုတောင်းပေးကြပါစို့ ...

#ကမ္ဘာ့အကောင်းဆုံ ဆရာဆုရရှိသူ ကင်ညာနိုင်ငံသား"(စိန့်ဖရန်စစ်ဂိုဏ်းက ဘရာလ်သာတစ်ပါးPeter Mokaya Tabichi)

#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။

ဘာသာစကားများ ဘာသာပြန်သင်တန်း

Camillian Pastoral Care Center, Bangkok, Thailand

 

"Pastoral Literaturer Translation Workshop(2024)
June 4-10, 2024  -   FABC- OSC 
Untitled Document
Total viewer: 459078