Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document
#အိန္ဒိယနိုင်ငံမှ ဂိုဏ်းချုပ်ဆရာတော်အဖြစ် ခန့်အပ်ခံရသောဆရာတော်ကြီးနှစ်ပါးအား စလွယ်လွဲအပ်ပေးရန် ရဟန်းမင်းကြီးကိုယ်စားလှယ်လွဲအပ်ပေး
Papal Delegate confers Pallium on two newly appointed Archbishops in India
အိန္ဒိယနှင့်နီပေါနိုင်ငံ၏ ရဟန်းမင်းကြီးကိုယ်စားလှယ်ဖြစ်သော ဂိုဏ်းချုပ်ဆရာ Girelli အားဂိုဏ်းချုပ်ဆရာတော် အဖြစ် အသစ်ရွေးချယ်ခန့်အပ်ခံလိုက်ရသော Patna မှဂိုဏ်းချုပ် ဆရာတော် Sebastian Kallupura အား အောက်တို ဘာလ (၂၃) ရက်နေ့က စိန့်ဂျိုးဇက်ကက်သီဒရယ်တွင် ဂိုဏ်းချုပ်ဆရာတော် စလွယ်ကို ရဟန်းမင်းကြီးကိုယ်စား အခမ်းအနားဖြင့်ပေး အပ်ခဲ့ပါသည်။
ဤစလွယ်သည် သိုးမွှေးဖြင့်ယက်လုပ်ထားသည်။ အမိကက်သလစ် သာသနာတော်ကြီး၏ အစဉ်အလာအရ ရဟန်း မင်းကြီးက ဤစလွယ်ကို ဂိုဏ်းချုပ်ဆရာတော်အဖြစ်ရွေးချယ်တင်မြောက်ခံရသော ဆရာတော်ကြီးများအား နှစ်စဉ် စိန့်ပီတာနှင့်စိန့်ပေါလ်တို့၏ ပွဲနေ့၌ စိန့်ပီတာဘုရားကျောင်းတော်ကြီးထဲတွင် အခမ်းအနားဖြင့် လွယ်ပေးလေ့ရှိသည်။
ရဟန်းမင်းကြီး၏ ကိုယ်စားလှယ်လွဲအပ်ခံရသော ရဟန်းမင်းကြီး ကိုယ်စားလှယ်ဖြစ်သော ဂိုဏ်းချုပ်ဆရာတော် Leopoldo Girelli က ဂိုဏ်းချုပ်သာသနာကြီးသည် ချို့တဲ့နွမ်းပါးသောသူများအတွက် ရပ်တည်လာခဲ့သည်မှာ နှစ်ပေါင်း များစွာရှိပြီဖြစ်သည်။ ဤစလွယ်လွဲအပ်ခြင်းအခမ်းအနား၌ သာသနာအတွင်းရှိ ချို့တဲ့နွမ်းပါးသူများအတွက် ရည်စူး၍ ဘုန်း တော်ကြီး (၈၄) ပါးသည် ၎င်းတို့၏ထောက်ပံ့ကြေးအလှူငွေများကို သာသနာအားပြန်လည်လှူဒါန်းခဲ့သည်မှာ အလွန် ကျေနပ်အားရဖွယ်ဖြစ်ကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။
အောက်တိုဘာလ (၂၄) ရက်နေ့၊ တနဂ်နွေနေ့၌မူ ရဟန်းမင်းကြီး၏ ကိုယ်စားလှယ်သည် Patna သာသနာ၊ တမန်တော်တို့၏ သခင်မသာသနာအုပ်စု၌ "သာသနာပြုတနင်္ဂနွေနေ့" မစ္ဆားကို ပူဇော်ခဲ့သည်။ ထိုသာသနာအုပ်စုသည် သာသနာ အတွင်း၌ အကြီးဆုံးဖြစ်သည်။ မစ္ဆားတရားအတွင်းဩဝါဒချီးမြှင့်ရာတွင် ကက်သလစ်ဘာသာတူအနေဖြင့် ကျွန်ုပ်တို့၏ ၀တ္တရားမှာ ဘုရားသခင်၏ချစ်ခြင်းကိုဖြန့်‌ ဝေရန်ဖြစ်သည်။ ကျွန်ုပ်တို့၏နီးစပ်သူများကိုချစ်ကြောင်း ရက်ရောစွာပြသရမည်’ဟုဟောကြားခဲ့သည်။
Patna ဂိုဏ်းချုပ်သာသနာတွင် ကက်သလစ်ဘာသာတူဦးရေ (၆၀၀၀၀) ရှိပြီး၊ ခရစ်ယာန်ရာခိုင်နှုန်းမှာ ပြည်နယ် လူဦးရေ၏ (၀.၂) ရာခိုင်နှုန်းရှိသည်။ အောက်တိုဘာလ အစောပိုင်း (၁၅) ရက်နေ့က ရဟန်းမင်းကြီး ကိုယ်စားလှယ်သည် ဂိုဏ်းချုပ် ဆရာတော်အဖြစ် အသစ်ခန့်အပ်ခံရသော Shillong မှဆရာတော် Victor Lyngdoh အား ‘ခရစ်ယာန်တို့အား မှိုင်းမသောသခင်မ’ ကယ်သီဒရယ်၌ ဂိုဏ်းချုပ်ဆရာတော် စလွယ်ကိုပေးအပ်ခဲ့သည်။ ဤသာသနာသည် အိန္ဒိယနိုင်ငံ မြောက်ပိုင်းတွင်တည်ရှိသည်။ ထိုအခမ်းအနား၌ ရဟန်းမင်းကြီးကိုယ်စားလှယ်က ‘ယခုကဲ့သို့ ပထမဆုံးအကြိမ်ကြွရောက်ရ ခြင်းအတွက် အလွန်ကျေနပ်ရကြောင်း၊ သာသနာသည် တက်ကြွရှင်သန်နေသော သာသနာတစ်ခုဖြစ်ကြောင်း၊ ဤအခြေအ နေမျိုးသည် ရဟန်းမင်းကြီး ဖရန်စစ်ဦးတည်သော ဆီနော့အသက်တာမျိုးဖြစ်ကြောင်း’ ပြောကြားခဲ့သည်။
ဂိုဏ်းချုပ်ဆရာတော်သစ်အား စလွယ်ပေးအပ်ခြင်းအခမ်းအနား၌ ‘သင်သည် ယေဇူးသခင်ကိုကိုယ်စားပြုသည်။ သူသည် ပရောဖက်ဖြစ်သည်။ ရဟန်းလည်းဖြစ်သည်။ ဘုရင်လည်းဖြစ်သည်။ သင်သည် မည်သည့်အခြေအနေ၌မဆို သ တင်းကောင်းကို နူးညံ့သိမ်မွေ့စွာ၊ ခိုင်မာပြတ်သားစွာကြေညာရမည်’ ဟူ၍လည်းကောင်း၊ အခမ်းအနား၌ပါ၀င်နေကြသော ရဟန်းတော်များအားလည်း အစေခံခြင်းအသက်တာသည် ကျွန်ုပ်တို့၏ စိတ်နှလုံးသဲပွတ်ထဲတွင်ရှိနေရမည်။ ကျွန်ုပ်တို့ ရ ဟန်းဖြစ်လာသည်မှာ လူတို့ကိုအစေခံရန်ဖြစ်ကြောင်း၊ ၎င်းတို့ကိုအုပ်ချုပ်စိုးမိုးရန်မဟုတ်။ ယေဇူးခရစ္စတူးသခင်၏ ခြေရာတော်ကိုလိုက်ရမည်။ လူတို့အား နှိမ့်ချခြင်းဖြင့် ဦးဆောင်ရမည်။ ပြောဆိုသောဘာသာစကား၊ ဇာတ်အနိမ့်အမြင့်၊ မျိုးနွယ်စုခွဲခြားခြင်းမပြုရ’ ဟုလည်းပြောကြားခဲ့သည်။
Papal Delegate confers Pallium on two newly appointed Archbishops in India
 
ဖာသာရ်ကလေးမင်းအားတယ်
Photo Crd
#The young priest who rescued people during WWII declared Venerable
#ဒုတိယကမ္ဘာစစ်ကာလက လူများ၏အသက်ကိုကယ်တင်ခဲ့သောရဟန်းပျိုကြည်ညိုလေးစားရသူအဖြစ်ကြေညာခံရ
#Medieval band gets the Pope's blessing ahead of the traditional donkey race
#အလယ်ခေတ်ကဘင်ခရာအဖွဲ့ရဟန်းမင်းကြီး၏ကောင်းကြီးကိုခံယူ
#Pope names Special Delegate for the Memores Domini association
#ရဟန်းမင်းကြီးဖရန်စစ်သည် Memores Domini အဖွဲ့အတွက်အထူးကိုယ်စားလှယ်ခန့်အပ်ခြင်း
#ကမ္ဘာတစ်၀ှမ်းမှ သာမန်ကက်သလစ်ဘာသာ၀င်တို့၏ သာသနာပြု်ဘ၀အခြေအနေ
#The state of Catholic lay missionaries worldwide

#နိုင်ငံရေး၌ ထဲထဲ၀င်၀င်လုပ်ဆောင်လွန်းသောကက်သလစ်ဘုန်းတော်ကြီးအား ရာသက်ပန်အမူတော်ဆောင်နိုင်ခွင့် မှရပ်ဆိုင်းလိုက်
Priest gets ‘irreversible’ suspension for entering politics

#ယခုနှစ်ဗာတီကန်တွင်ထားရှိမည့် သူငယ်တော်အိမ်သည် Peruvian Andes မှဖြစ်မည်။
Nativity scene at the Vatican will be from the Peruvian Andes

#RVA ဝန်ထမ်းတစ်ဦး ထူးချွန်ဝန်ထမ်းဆုကို ဆွတ်ခူးရရှိ။

#ရဟန်းမင်းကြီးသည် မြေထဲပင်လယ်ဒေသမှဘဲလာရုစ်သို့ရွေ့ပြောင်းသွားသူများအတွက်ဆုတောင်းပေး။
#Pope prays for all migrants, from the Mediterranean to Belarus
#ရဟန်းမင်းကြီးဖရန်စစ်သည် ဂရိနိုင်ငံ၏နွေးထွေးသောကြိုဆိုမူကိုကျေးဇူးတင်ကြောင်းမိန့်ကြား>
#Pope Francis thanks Greece for warm welcome
#ဩသိုဒေါ့စ်အသင်းတော်ခေါင်းဆောင် Ieronymos II ရဟန်းမင်းကြီးဖရန်စစ်ရောမသို့ပြန်မကြွမီတစ်ည၌ အတူလည်ပတ်ခဲ့ကြ။
#Ieronymos II visits with Pope Francis on eve of his return to Rome

#ဧ၀ဂေလိတရားတော်ကိုစိတ်ရှည်လက်ရှည် စတင်ဟောကြားရန် လိုအပ်ကြောင်း ရဟန်းမင်းကြီက ဥရောပမှ ခရစ်ယာန်များအားမိန့်ကြား။

#ရာသက်ပန်ကတိသစ္စာခံယူခြင်း။ (၀၈.၁၂.၂၀၂၁)
CONGREGATION OF MOTHER OF SORROWS SERVANTS OF MARY (OSM)

#မြန်မာနိုင်ငံ ကက်သလစ်သူတော်စင် အသင်းဂိုဏ်းများ၏ (၈၂) ကြိမ်မြောက် ညီလာခံအစည်းအဝေး။ (၇-၈၊ ဇန်နဝါရီလ၊ ၂၀၂၂ ခုနှစ်။)

#ရဟန်းမင်းကြီးဖရန်စစ်အတွက် အထူးဆုတောင်းပေးကြပါစို့ ...

#ကမ္ဘာ့အကောင်းဆုံ ဆရာဆုရရှိသူ ကင်ညာနိုင်ငံသား"(စိန့်ဖရန်စစ်ဂိုဏ်းက ဘရာလ်သာတစ်ပါးPeter Mokaya Tabichi)

#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။

ဘာသာစကားများ ဘာသာပြန်သင်တန်း

Camillian Pastoral Care Center, Bangkok, Thailand

 

"Pastoral Literaturer Translation Workshop(2024)
June 4-10, 2024  -   FABC- OSC 
Untitled Document
Total viewer: 461281