#တောင်ကိုးရီးယားသမ္မတမှ ရဟန်းမင်းကြီးဖရန်စစ်အား ၀ိုင်ယာကြိုးဖြင့်ပြုလုပ်ထားသည့် လက်၀ါးကပ်တိုင်ကိုလက် ဆောင်ပေးခဲ့။
South Korean president gives Pope cross made of wire from border with North Korea
တောင်ကိုးရီးယားသမ္မတ Moon Jae-in သည် ရောမ၌ ကျင်းပသော စက်မှုထိပ်သီးနိုင်ငံ (၂၀) မှခေါင်းဆောင်များ အစည်းအဝေးကို တက်ရောက်ရင်း ရဟန်းမင်းကြီးဖရန်စစ်နှင့်လည်း ဗာတီကန်၌တွေ့ဆုံသည်။ ရဟန်းမင်းကြီးဖရန်စစ်နှင့်လက်ရှိတောင်ကိုးရီးယားသမ္မတတို့သည် (၂၀၁၈) ခုနှစ်၌ ပထမအကြိမ် ကိုးရီးယားနိုင်ငံ၌ တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ ဆုံစဉ် သမ္မတက "တပည့်တော် ကိုယ်တော့်ကိုလာဖူးပါ့မယ်။ အဲဒီအခါကြရင် တပည့်တော့်က တောင်ကိုးရီးယားသမ္မတ အနေနဲ့ရော၊ ကက်သလစ်ဘာသာတူ တစ်ဦးအနေနဲ့ပါလာခဲ့ပါ့မည်။ တပည့်တော်ရဲ့ ဆေးကြောခြင်းနာမည်ကတော့ တီမောသီဖြစ်ပါတယ်" ဟုရင်းနှီးပွင့်လင်းစွာ စကားလက်ဆုံကျခဲ့ဖူးသည်။ ထို့ကြောင့် ၎င်းတို့၏ယခုတစ်ကြိမ်တွေ့ဆုံခြင်းသည် ဒုတိယအကြိမ်တွေ့ဆုံခြင်းဖြစ်သည်။ ၎င်းတို့တွေ့ဆုံစဉ်၌ ကမ္ဘာတစ်၀ှမ်းလုံး၌ လူသားများတွေ့ကြုံနေရသော အကြပ်အတည်းကိစ္စ၊ ရာသီဥတု ပူနွေးလာမူကိစ္စ၊ မြောက်ကိုးရီးယားနှင့် ပြန်လည်ကြေအေးနိုင်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြသည်။
ခေါင်းဆောင်ကြီးနှစ်ဦး၏ တွေ့ဆုံမူအစအဆုံး၌ ရင်းနှီးချစ် ကြည်မူကိုမြင်တွေ့ရသည်။ တွေ့ဆုံစဉ်၌ တောင်ကိုးရီးယားသမ္မတက ရဟန်းမင်းမင်းကြီးအား ၀ိုင်ယာဖြင့်ပြုလုပ်ထားသော လက်၀ါးကပ်တိုင်တစ်ခုကို လက်ဆောင်ပေးခဲ့သည်။ ထို၀ိုင်ယာကြိုးသည် တောင်နှင့်မြောက်ကိုးရီးယားကို ပိုင်းခြားရန် ကာထားသော ၀ိုင်ယာကြိုးဖြင့်ယှက် လုပ်ထားခြင်းဖြစ်သည်။ အလွန်ပင် အဓိပ္ပါယ်ရှိလှပါသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ဆွေးနွေးသည့် အကြောင်းအရာများ၌ တောင်မြောက် ပြန်လည်ကြေအေးနိုင်ရေးလည်းပါသည်။ ထို့အတူ ရဟန်းမင်းကြီးဖရန်စစ်သည် တောင်ကိုးရီးယားသို့ကြွရောက်စဉ်က သူ့အနေဖြင့် တောင်မြောက်ခွဲခြား ပြောဆိုခြင်းမပြုဘဲ ကိုးရီးယားဟု သာသုံးနှုန်းခဲ့သည်။ ယခုကဲ့သို့ နယ်နိမိတ်ပိုင်းခြားသတ်မှတ်သော သံဆူးကြိုးကိုယူ၍ လက်၀ါးကပ်တိုင် (၁၃၆) ခုကိုပြုလုပ်ခဲ့သည်။ တောင်မြောက်ကိုးရီးယားကွဲသွားခဲ့သည်မှာ (၆၈) နှစ်ကြာခဲ့ပြီဖြစ်သည်။ ဤလက်၀ါးကပ်တိုင်ကို လက်ဆောင်ပေးခြင်းဖြင့် ကိုးရီးယားကျွန်းစု၌ ဖြစ်ပွားနေသော စစ်၏ အနိဌာရုံကိုပြန်လည် အမှတ်ရစေခြင်းဖြစ်သည်။
တစ်ဆက်တည်း၌ပင် ရဟန်းမင်းကြီးအား တောင်ကိုးရီးယားသို့ကြွရောက်ရန် သွယ်၀ိုက်၍ ဖိတ်ခေါ်လိုက်သည့်သဘောလည်းသက်ရောက်သွားပါသည်။ ရဟန်းမင်းကြီကလည်း တုန့်ပြန်လက်ဆောင်အဖြစ် ယခုနှစ်၏ငြိမ်းချမ်းရေး သတင်းစကားကိုပြန်လည်ပေးခဲ့သည်။ ထို့နောက် သမ္မတနှင့်သူ၏ ကတော်တို့အား ချစ်ကြည်ရင်းနှီးစွာနှုတ်ဆက်ပြီး၊ ဘုရားသခင် ကောင်းကြီးပေးပါစေကြောင်း ဆုတောင်း၍ တွေ့ဆုံခြင်းကိုအဆုံးသတ်လိုက်ကြသည်။
ဖာသာရ်ကလေးမင်းအားတယ်
Photo Crd
#ကမ္ဘာတစ်၀ှမ်းမှ သာမန်ကက်သလစ်ဘာသာ၀င်တို့၏ သာသနာပြု်ဘ၀အခြေအနေ
#The state of Catholic lay missionaries worldwide
#နိုင်ငံရေး၌ ထဲထဲ၀င်၀င်လုပ်ဆောင်လွန်းသောကက်သလစ်ဘုန်းတော်ကြီးအား ရာသက်ပန်အမူတော်ဆောင်နိုင်ခွင့် မှရပ်ဆိုင်းလိုက်
Priest gets ‘irreversible’ suspension for entering politics
#ယခုနှစ်ဗာတီကန်တွင်ထားရှိမည့် သူငယ်တော်အိမ်သည် Peruvian Andes မှဖြစ်မည်။
Nativity scene at the Vatican will be from the Peruvian Andes
#ဆရာဖြစ်သင်တန်း အမှတ်စဉ် (၁၄) အတွက် သင်တန်းသူ/ သားများဖိတ်ခေါ်ခြင်း။
#(PSIE)ပညာစမ့်းရေသင်တန်းကျောင်း။
#ရဟန်းမင်းကြီးသည် မြေထဲပင်လယ်ဒေသမှဘဲလာရုစ်သို့ရွေ့ပြောင်းသွားသူများအတွက်ဆုတောင်းပေး။
#Pope prays for all migrants, from the Mediterranean to Belarus
#ဩသိုဒေါ့စ်အသင်းတော်ခေါင်းဆောင် Ieronymos II ရဟန်းမင်းကြီးဖရန်စစ်ရောမသို့ပြန်မကြွမီတစ်ည၌ အတူလည်ပတ်ခဲ့ကြ။
#Ieronymos II visits with Pope Francis on eve of his return to Rome
#ဧ၀ဂေလိတရားတော်ကိုစိတ်ရှည်လက်ရှည် စတင်ဟောကြားရန် လိုအပ်ကြောင်း ရဟန်းမင်းကြီက ဥရောပမှ ခရစ်ယာန်များအားမိန့်ကြား။
#မြန်မာနိုင်ငံ ကက်သလစ်သူတော်စင် အသင်းဂိုဏ်းများ၏ (၈၂) ကြိမ်မြောက် ညီလာခံအစည်းအဝေး။ (၇-၈၊ ဇန်နဝါရီလ၊ ၂၀၂၂ ခုနှစ်။)
#ကမ္ဘာ့အကောင်းဆုံ ဆရာဆုရရှိသူ ကင်ညာနိုင်ငံသား"(စိန့်ဖရန်စစ်ဂိုဏ်းက ဘရာလ်သာတစ်ပါးPeter Mokaya Tabichi)
#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။