#ရဟန်းမင်းကြီးဘေနေဒစ် (၁၆) (ငြိမ်း) သည် ဆင်ခြင်မှုနှင့် တွေ့ဆုံဆွေးနွေးမှုကိုအားပေးသော ဘာသာရေး တွေးခေါ်ပညာရှင်ဖြစ်ဟု ရဟန်းမင်းကြီးဖရန်စစ်ချီးကျူး။
#Pope Francis: “Ratzinger is a theologian that encouraged reflection and dialogue”
ရဟန်းမင်းကြီးဖရန်စစ်သည် ရဟန်းမင်းကြီးဘေနေဒစ် (၁၆) (ငြိမ်း) ၏ ကျောင်းသားဟောင်းများမှ ဖွဲ့စည်း ထားသော ရာဇင်ဂါဆုကိုနှစ်စဉ် ထူးခြားပြောင်မြောက်သော စွမ်းရည်ကိုထုတ်ဖော်နိုင်သူများအား ချီးမြှင့်လေ့ရှိသည်။ ယခုနှစ်၌ ထိုဆုချီးမြှင့်ခြင်းအခမ်းအနားသို့ ရဟန်းမင်းကြီးဖရန်စစ်က ရဟန်းမင်းကြီးဘေနေဒစ် (၁၆) (ငြိမ်း) သည် ဆင်ခြင်မှုနှင့် တွေ့ဆုံဆွေးနွေးမှုကို အားပေးသော ဘာသာရေး တွေးခေါ်ပညာရှင်တစ်ပါးဖြစ်ကြောင်း စိတ်လှုပ်ရှားဖွယ် မိန့်ခွန်းကိုမိန့်ကြားခဲ့သည်။
ဤအဖွဲ့အစည်း၏ ဥက္ကဌလည်းဖြစ်သော Federico Lombardi ကလည်း ပါမောက္ခ Hanna-Barbara Gerl-Falkovitz, Ludger Schwienhorst-Schönberger, Jean-Luc Marion and Tracey Rowland တို့၏ ပေးဆပ်မှုများကိုလည်း အသိအမှတ်ပြုခဲ့သည်။ သူက ယခုဆုသည် စွမ်းဆောင်နိုင်ခဲ့သော ပေးဆက်မူအတွက် အမှတ်ရရန်အတွက်သာမဟုတ်။ ပညာရေးကို တစိုက်မတ်မတ် လေ့လာလိုက်စားပြီး၊ ပုံနှိပ်ထုတ်ဝေခဲ့သော စာအုပ်များအားလုံးကိုလည်း အသိအမှတ်ပြုခြင်းဖြစ်သည်။
ရဟန်းမင်းကြီးဖရန်စစ်ကလည်း ဤဆုဆွတ်ခူးရရှိသူများအား ချီးမွမ်းစကားမိန့်ကြားခဲ့သည်။ သမိုင်းတစ် လျှောက်၌ ထင်ပေါ်ခဲ့သော ဓမ္မတွေးခေါ်ပညာရှင်များကိုဖော်ပြပြီး၊ နောက်ဆုံး၌ ရဟန်းမင်းကြီးဘေနေဒစ် (၁၆) (ငြိမ်း) ကိုလည်း ထည့်သွင်းဖော်ပြသွားသည်။ ရဟန်းမင်းကြီးဘေနေဒစ် (၁၆) သည် ကိုယ်ပိုင်ထောက်ရူချက်နှင့် အတွေးအခေါ်များကို လမ်းဖောက်တတ်သူဖြစ်သည်။ ထို့အတူ တွေ့ဆုံဆွေးနွေးသည့် ယဉ်ကျေးမူကိုလည်း လမ်းကြောင်းအသွယ်သွယ်ဖြင့် ဖော်ဆောင်တတ်သူဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယုံကြည်ခြင်းနှင့်အမိသာသနာ တော်ကြီးသည် ကျွန်ုပ်တို့ကမ္ဘာ၌ရှင်သန်နေသည်။ ထို့အတူ ၎င်းတို့သည် အမှန်တရားကိုရှာဖွေရာ၌ မရှိဖြစ်သော မိတ်ဖွဲ့များဖြစ်သည်။ ယခင်နှစ် (၂၀၂၀) က ကပ်ရောဂါဘေးဆိုးကြောင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို မကျင်းပနိုင်ခဲ့ဘဲ ယခုနှစ်မှ ကျင်းပရခြင်းဖြစ်သည်။ ထို့ကြောင့် ရဟန်းမင်းကြီးဖရန်စစ်က ယခင်နှင့်ယခုနှစ် ဆုရသူများအား ပူးတွဲဂုဏ်ပြု စကားမိန့်ကြားခဲ့သည်။ ၎င်းနောက် ရဟန်းမင်းကြီးဘေနေဒစ် (၁၆) (ငြိမ်း) အား တစ်နာရီခန့်မျှ သွားရောက်ဂါရဝပြု နုတ်ဆက်ခဲ့ကြသည်။
ဖာသာရ်ကလေးမင်းအားတယ်
Photo crd
#ကမ္ဘာတစ်၀ှမ်းမှ သာမန်ကက်သလစ်ဘာသာ၀င်တို့၏ သာသနာပြု်ဘ၀အခြေအနေ
#The state of Catholic lay missionaries worldwide
#နိုင်ငံရေး၌ ထဲထဲ၀င်၀င်လုပ်ဆောင်လွန်းသောကက်သလစ်ဘုန်းတော်ကြီးအား ရာသက်ပန်အမူတော်ဆောင်နိုင်ခွင့် မှရပ်ဆိုင်းလိုက်
Priest gets ‘irreversible’ suspension for entering politics
#ယခုနှစ်ဗာတီကန်တွင်ထားရှိမည့် သူငယ်တော်အိမ်သည် Peruvian Andes မှဖြစ်မည်။
Nativity scene at the Vatican will be from the Peruvian Andes
#ဆရာဖြစ်သင်တန်း အမှတ်စဉ် (၁၄) အတွက် သင်တန်းသူ/ သားများဖိတ်ခေါ်ခြင်း။
#(PSIE)ပညာစမ့်းရေသင်တန်းကျောင်း။
#ရဟန်းမင်းကြီးသည် မြေထဲပင်လယ်ဒေသမှဘဲလာရုစ်သို့ရွေ့ပြောင်းသွားသူများအတွက်ဆုတောင်းပေး။
#Pope prays for all migrants, from the Mediterranean to Belarus
#ဩသိုဒေါ့စ်အသင်းတော်ခေါင်းဆောင် Ieronymos II ရဟန်းမင်းကြီးဖရန်စစ်ရောမသို့ပြန်မကြွမီတစ်ည၌ အတူလည်ပတ်ခဲ့ကြ။
#Ieronymos II visits with Pope Francis on eve of his return to Rome
#ဧ၀ဂေလိတရားတော်ကိုစိတ်ရှည်လက်ရှည် စတင်ဟောကြားရန် လိုအပ်ကြောင်း ရဟန်းမင်းကြီက ဥရောပမှ ခရစ်ယာန်များအားမိန့်ကြား။
#မြန်မာနိုင်ငံ ကက်သလစ်သူတော်စင် အသင်းဂိုဏ်းများ၏ (၈၂) ကြိမ်မြောက် ညီလာခံအစည်းအဝေး။ (၇-၈၊ ဇန်နဝါရီလ၊ ၂၀၂၂ ခုနှစ်။)
#ကမ္ဘာ့အကောင်းဆုံ ဆရာဆုရရှိသူ ကင်ညာနိုင်ငံသား"(စိန့်ဖရန်စစ်ဂိုဏ်းက ဘရာလ်သာတစ်ပါးPeter Mokaya Tabichi)
#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။