Claretian Missionaries Father CMF

 ဂိုဏ်းတည်ထောင်သူ စိန့်အန်ထောင်နီ မေရီကလာရက် (CMF )  

#ကလာရေးရှင်းသာသနာပြုများ (သို့မဟုတ်) “မွန်မြတ်လှသော ကညာမာရိယာ၏ သန့်ရှင်းစင်ကြယ်လှသောနှလုံးတော်သားများ သာသနာပြုအသင်းဂိုဏ်း” - (Cordis Marine Filius-CMF) ၏သမိုင်း
           စိန့်အန်ထော်နီမေရီကလာရက်သည် ဘဝအတွေ့အကြုံအမျိုးမျိုးနှင့်ကြုံတွေ့ခဲ့သူ ဖြစ်၏။ ၁၉ရာစု နှစ်၏ ရဟန္တာသည်သာသနာပြုခဲ့သူ၊ သူတော်စင်ဂိုဏ်းတည်ထောင်သူ၊ သာမာန်လူပုဂ္ဂိုလ်များ အား တမန်တော်လုပ်ငန်းများတွင် ပါဝင်ရန်စည်းရုံးပေးသူ၊ လူ‌နေမှုဘဝပြုပြင်ပြောင်းလဲပေးသူ၊ဘုရင်မကြီး၏ ဝိညာဉ်ရေးလမ်းပြဖြစ်ခဲ့သူ၊  စာရေးဆရာနှင့်ထုတ်ဝေသူ၊ ဂိုဏ်းချုပ်ဆရာတော်ဖြစ်သူ၊ ညှဉ်းပန်းနှိပ်စက်မှု၏ ပစ်မှတ်ဖြစ်ခဲ့ရသူနှင့် ကညာစင်မာရီယာ၏သန့်ရှင်းစင်ကြယ်လှသောနှလုံး‌တော် အား  သဒ္ဒါကြည်ညိုခြင်းကို တိုးတက်ပြန့်ပွားစေခဲ့သူ ဖြစ်ပါသည်။
      စိန့်အန်ထော်နီမေရီကလာရက်သည် အခြားသောဘုန်းတော်ကြီးငါးပါးနှင့်အတူ “ကလာရေးရှင်း သာသနာပြုများ”(သို့)“ကလာရက်၏နောက်လိုက်သာသနာပြုများ ဟူသောနာမည်ဖြင့်လူသိများလာ မည့်“မွန်မြတ်လှသော ကညာမာရိယာ၏ သန့်ရှင်းစင်ကြယ်လှသော နှလုံးတော်၏ သားများ သာသနာပြုအသင်းဂိုဏ်း” ကို၁၈၄၉ ခုနှစ်၊ ဇူလိုင်လ (၆)ရက် ၊ စပိန်နိုင်ငံ၊ဗင့် (Vic) မြို့တွင် တည်ထောင်ခဲ့ပါသည်။
      စိန့်အန်ထော်နီမေရီကလာရက်၏ သာသနာပြုလုပ်ငန်းအောင်မြင်ရခြင်း၏လျှို့ဝှက်ချက်မှာ ချစ်ခြင်းမေတ္တာတရားပင် ဖြစ်ပါသည်။ သူ၏အဆိုအမိန့်အရ “ချစ်ခြင်းမေတ္တာတရားသည် ပါရမီများထဲတွင် အလိုအပ်ဆုံးသော ပါရမီဖြစ်ပါသည်။ ဘုရားသခင်၏ နှုတ်ကပါဌ်တရားတော်ကိုဟောကြားသူများ၏ ရင်ထဲတွင် ချစ်ခြင်းမေတ္တာတရားသည် သေနတ်ပြောင်းထဲမှ ကျည်ဆံကို ပေါက်ကွဲသော ယမ်းမီးကဲ့သို့ ဖြစ်နေပါသည်။ အကယ်၍ လူတစ်ယောက်သည် ကျည်ဆံကိုလက်ဖြင့်သာပစ်ပေါက်လိုက်ပါလျှင်၊ ထိုကျည်ဆံသည် တစ်ခုခုကို ထိခိုက်စေရန် ခက်ခဲပါလိမ့်မည်။ သို့သော် ထိုသူသည် သေနတ်၏စွမ်းအားနှင့် ယမ်းကို မီးကူးစေခဲ့ပါလျှင် ထိုကျည်ဆံသည်အသေသတ်နိုင်သည့်အစွမ်း ရှိလာပါသည်။ ဘုရားသခင်၏ နှုတ်ကပါဌ်တော်သည်လည်း ထိုနည်းတူပင် ဖြစ်ပါသည်။ အကယ်၍ ချစ်ခြင်းအတ္တာတရားနှင့်ပြည့်ဝသောသူ၊ ဘုရားသခင်နှင့် ကိုယ်နှင့်နီးစပ်သောသူကို ချစ်သောသူတစ်ယောက်က ဘုရားသခင်၏ နှုတ်ကပါဌ်တရားတော်အကြောင်းကို ပြောဆို/ ဟောကြားလျှင်ထိုသူသည်အံ့သြဖွယ်ရာများကိုလုပ်ဆောင်နိုင်လိမ့်မည်”။ (စိန့်အန်ထော်နီမေရီကလာရက်  ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ နံပါတ် ၄၃၈-၄၃၉)။
 ဘုရားသခင်မှသင့်အားခေါ်တော်မူသည်ကို သင်ခံစားနေရပါသလား?
         အသင်းဂိုဏ်း၏ ဂိုဏ်းဝင်တစ်ဦးဖြစ်လာမည့် ခေါ်‌တော်မူခြင်းအတွက် (၁)ဘုရားသခင်ထံမှ သင့်အား ခေါ်တော်မူခြင်း၊ (၂)ထိုခေါ်တော်မူခြင်းကို လက်ခံရရှိခဲ့ခြင်းနှင့် (၃) ထိုခေါ်တော်မူခြင်းသည် အစစ်အမှန်ဟုတ်/မဟုတ် အသင်းဂိုဏ်းမှ ကူညီဆန်းစစ်ပေးခြင်းတို့သည် အဓိကကျသော အခန်းကဏ္ဍများ ဖြစ်လာပါသည်။ထိုခေါ်တော်မူခြင်းသည် သာသနာ့အမှုတော်ဆောင်များ အသင်းအဖွဲ့တွင် သာသနာပြုများအဖြစ် နေထိုင်အသက်ရှင်ရန် ခိုင်မာသော သန္နိဋ္ဌာန်ရနိုင်ရန် ဦးတည် လမ်းညွှန်ပေးခြင်းဖြစ်ပါသည်။
 **ဘုရားသခင်၏တော်မူခြင်းကိုသင် လက်ခံရန် ဆန္ဒရှိပါသလား?
 **ကလာရေးရှင်းသာသနာပြုတစ်ဦး မည်သို့ ဖြစ်လာနိုင်ပါသနည်း?
      သာသနာပြုတစ်ဦး ဖြစ်လာရန်နှင့်ကလာရေးရှင်းအသင်းဂိုဏ်းသို့ ခေါ်တော်မူခြင်း ရှိ/မရှိကို ဝေဖန်ပိုင်းခြားဆန်းစစ်ရန်အတွက် အောက်ပါအခြေခံ အရည်အသွေးများ လိုအပ်ပါသည်။
 ၁။ ဆေးကြာခြင်းစက္ကရမင်တူး ခံယူပြီးသူ၊ ခရစ္စမားအားပေးခြင်း စက္ကရမင်တူး ခံယူပြီးသော ကက်သလစ် ဘာသာဝင်တစ်ဦးဖြစ်ပြီး အနည်းဆုံး အသက် (၁၇) နှစ် ရှိသူဖြစ်ရမည်။
၂။ခန္ဓာကိုယ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကောင်းမွန်ခြင်း၊စာပေပညာများ သင်ကြားရန် အတွက် လုံလောက်သော ဉာဏ်ရည်အဆင့်ရှိခြင်း၊ ရင့်ကျက်မှုရှိခြင်း၊ စိတ်ခံစားမှု တည်ငြိမ်ခြင်း၊ ကိုယ်ကျင့်တရားကောင်းမွန်ခြင်းနှင့် ဝိညာဉ်ရေး၌စိတ်အားထက်သန်မှုရှိသူဖြစ်ရမည်။
၃။ဖြောင့်မတ်သော ရည်ရွယ်ချက် စစ်မှန်သောစိတ်ဓာတ်တို့နှင့်အတူ ခေါ်တော်မူခြင်းအတွက်သင့်လျော်မှန်ကန်သောစိတ်လှုံ့ဆော်ချက်နှင့် စိတ်ပါဝင်စားမှုရှိသူ ဖြစ်ရမည်။
၄။အဖွဲ့အစည်းအတွင်း နေထိုင်နိုင်ရန်နှင့် တပါးသူများအား အစေခံနိုင်ရန်အတွက် မျှတသောသဘောထားရှိခြင်း၊ သင့်လျော်သောစိတ်ထား၊ စရိုက်လက္ခဏာနှင့် ကိုယ်ကျင့်တရား တို့ ရှိရမည်။
၅။ ရဟန်းဖြစ်သင်ကျောင်းများတွင်တာဝန်ထမ်းဆောင်သော ကလာရေးရှင်း သာသနာပြုဘုန်းတော်ကြီး များနှင့်အတူ မိမိ၏ခေါ်တော်မူခြင်းကို စတင်ပြုပြင်၊ ဆန်းစစ်နိုင်ရန်အတွက်ပြင်ဆင်ရပါမည်။
၆။တက္ကသိုလ်ဝင်တန်းစာပေးပွဲ အောင်မြင်ပြီးသူဖြစ်ရပါမည်။
  ကလာရေးရှင်းသာသနာပြုများသည်မည်သို့သော ပုဂ္ဂိုလ်များဖြစ်သနည်း?
                          **ကလာရေးရှင်းသာသနာပြုများ(သို့မဟုတ်) “မွန်မြတ်လှသော ကညာမာရိယာ၏ သန့်ရှင်းစင်ကြယ်လှသောနှလုံးတော် သားများ သာသနာပြုအသင်းဂိုဏ်း” - (Cordis MarineFilius-CMF) သည် စိန့်အန်ထော်နီမေရီကလာရက်မှ တည်ထောင်ထားသော ရိုမင်ကက်သလစ်သာသနာပြု ဘုန်းတော်ကြီးများနှင့် ကိုရင်ကြီးများ အသင်းဂိုဏ်းဖြစ်ပါသည်။ ဤအသင်းဂိုဏ်းသည် ဖြစ်နိုင်သမျှနှင့် ထိရောက်နိုင်သော နည်းလမ်းပေါင်းများစွာကို အသုံးပြုပြီး ခရစ်တော်ဘုရားရှင်၏ ဧဝံဂေလိတရားတော် ကို ဝေငှပေးနေပါသည်။အရေးပေါ်နှင့်အချိန်အခါအရ လိုအပ်ချက်များကို တုံ့ပြန်ခြင်းအားဖြင့်အကူအညီ  လိုအပ်နေသော ဘဝအသက်တာများကို အစေခံရန်နှင့် မျှော်လင့်ခြင်း အလင်းရောင်များ ဝေမျှပေးနေပါ သည်။
            ** ကလာရေးရှင်းသာသနာပြုများသည် ဖိလစ်ပိုင်နိုင်ငံတွင် စာသင်ကျောင်းများ၊ ဘုရားကျောင်း၊ ရဟန်းဖြစ်သင်တန်းကျောင်းနှင့်(Institute for Consecrated Life in Asia- ICLA) ကဲ့သို့သော ဓမ္မတက္ကသိုလ် ပညာပေးဌာနများဖွင့်လှပ်ခြင်း ကေဇုန်မြို့နယ် (Quezon City)တွင် စာအုပ်များ ပုံနှိပ်ထုတ်ဝေခြင်း၊ အော်မော့မြို့နယ် (OrmocCity) တွင် တမန်တော်လုပ်ငန်း (သို့) မစ်ရှင်- mission နှင့် ပြုစုပျိုးထောင်ရေး စင်တာ (Formation Canter) တည်ထောင်ခြင်း၊ ဇမ်ဘဝမ်းဂါ (Zamboanga City)နှင့်ဇမ်ဘဝမ်းဂါစီဘုဝိုင်မြို့နယ် (Zamboanga Sibugay) များတွင်ဘာသာပေါင်းစုံ နှီးနှောဖလှယ်ခြင်းများ ပြုလုပ်ခြင်း၊ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးအတွက် သိုးထိန်းတာဝန်နှင့် လူမှုရေးလုပ်ဆောင်ချက် အစီအစဉ်များတွင်ပါဝင်ခြင်း၊ စာရာဂါးနီပြည်နယ်(Sarangani Province)အလာဘဲလ်မြို့(Alabel) တွင်နေထိုင်သောတိုင်းရင်းသားများအတွက် တရားဒေသနာတော်ကို အလေးထားဟောကြားပေးခြင်း၊ ဘာစီးလန်(Basilan)တွင် ဆင်းရဲသားအဖိနှိပ်ခံမွတ်စလင်များ၊ခရစ်ယာန်များနှင့်အတူ တလုံးတဝတည်း ရှိခြင်း၊ စသည့်သာသနာပြုလုပ်ငန်းတာဝန် အမျိုးမျိုးတို့ကို လုပ်ဆောင်နေကြပါသည်။ ကလာရေးရှင်းသာသနာပြုများသည် မြန်မာ၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊အိန္ဒိယ၊ ဩစတြေးလျား၊ တောင်ကိုရီးယား၊ ဂျပန်၊ တရုတ်နှင့် အခြားနိုင်ငံပေါင်း (၆၅) နိုင်ငံတွင် သာသနာတော်၏အမှုတော်ကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိနေပါသည်။
တမန်တော်လုပ်ငန်းအားလုံးနှင့်ဆိုင်သော
                  စိန့်အန်ထော်နီမေရီကလာရက်က သူ့၏နောက်လိုက် သာသနာပြုများကို ဤဆောင်ပုဒ် ပေးထားခဲ့ပါသည်။
ဝိညာဉ်များကို ကယ်တင်ရန်အတွက် ဖြစ်နိုင်သမျှနည်းလမ်းပေါင်းများစွာကိုအသုံးပြုပါ” “အရေးကြီးဆုံး အချိန်နှင့်အသင့်လျော်ဆုံးအထိရောက်ဆုံး အရာများကိုဦးစားပေးပါ”
ကလာရေးရှင်းသာသနာပြုများသည်
* ကိုယ့်တိုင်းပြည်၊ ကိုယ့်ဒေသနှင့် နိုင်ငံရပ်ခြားတွင် ဘာသာရေးလုပ်ငန်းများဆောင်ရွက်ခြင်း
* လူအများ စိတ်ဝင်စားပြီး ခေတ်နှင့်လျော်ညီသော ဘာသာရေးလုပ်ငန်းများ သွန်သင်ခြင်း
ခရစ်ယာန် ဝိညာဉ်ရေးဆိုင်ရာ ကျင့်စဉ်များ သင်ကြားပေးခြင်းနှင့် ဥပုသ်သီလပေးခြင်း
* B.E.C ခေါ် အသင်းတော်ဆိုင်ရာ အခြေခံအဖွဲ့အစည်းဖြစ်သည့် အတူတကွဆုတောင်းဝတ်ပြုကြသည့်အုပ်စုငယ်များ ဖွဲ့စည်းပေးခြင်း
* ဘုရားကျောင်းများတွင် သိုးထိန်းတာဝန်ထမ်းဆောင်ခြင်း၊ လူငယ်များကိုစာသင်ကျောင်းများနှင့် ရဟန်းဖြစ်သင်တန်းကျောင်းများတွင် ပညာပေးခြင်း
*သာမန်လူပုဂ္ဂိုလ် ခေါင်းဆောင်များအား လေ့ကျင့်ပေးခြင်း *အရွယ်ရောက်သူများအတွက်ခေတ်အသိပညာနှင့် အတတ်ပညာများပို့ချခြင်း၊ လူမှုရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း
ဓမ္မဆရာ၊ ဆရာမများကိုလေ့ကျင့်သင်ကြားပေးခြင်း
* သမ္မာကျမ်းစာ၊ ဘာသာရေး မဂ္ဂဇင်းများနှင့် စာအုပ်များရေးသား ထုတ်ဝေခြင်း
* မီဒီယာများကို အသုံးပြုပြီး ခေတ်မှီတမန်တော်လုပ်ငန်းများတွင် ဆက်သွယ်ဝေငှပေးခြင်း
 ကလာရေးရှင်း အသင်းဂိုဏ်းကို “လူတိုင်းအတွက်အလုပ်ရှိသော အသင်းဂိုဏ်း” ဟု အမည်ပေးနိုင်ပါသည်။

 

  Claretian Missionarie Myanmar Mission
 #685 Mogoke Street, Pyin Oo Lwin
Fr. Edward Naing Lin Htun, CMF/ Tel. 09772217402
Email: naingcmf@gmail.com; wisdomnay@yahoo.com
Fr. Juan Manuel Suñjaz, CMF Email: buencosecha@yahoo.com
Fr. Thomas Tran Van Kiem, CMF Email:trankiemcmf@yahoo.com        
 http://www.claret.org/en/our-congregation/brief-history/