Institute of the Daughters of Mary Help of Christian (FMA)

ဆလေးရှင်းသီလရှင်များ-

ခရစ်ယာန်တို့အား မှိုင်းမတော်မူသော မယ်တော်သခင်မ၏သမီးများ (ဒွန် ဘော့စကို၏ ဆလေးရှင်းသီလရှင်များ) သည် အသင်းတော်ထဲ၌ လူငယ်များ၏ဘက်စုံ ဖွံ့ဖြိုးရေးအတွက် ဘုရားသခင်ထံ မိမိတို့၏ဘ၀ကို လုံးလုံးလျားလျား ပေးဆပ် ဆက်ကပ်ထားသော သူတော်စင်အမျိုးသမီးများဖြစ်ပါသည်။ ညီအစ်မအရင်းသဖွယ် ပေါင်းဖွဲ့နေထိုင်ကာ မိသားစုစိတ်ဓာတ်နှင့်ဘ၀‌ ‌‌ဝေ‌မျှကြသော အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ ရဟန္တာ ဒွန်ဘောစကိုနှင့် ရဟန္တာမ မေရီဒိုမေနီကား မာဇရဲလိုတို့က သြဂုတ်လ ()ရက်၊ ၁၈၇၂ခုနှစ်တွင် အီတလီနိုင်ငံမြောက်ပိုင်း၊ အလက်ဇန္ဒရီးယားနယ်၊ မော်နေးဆေးရွာလေးတွင် စတင်တည်ထောင်ခဲ့သည်။

ရဟန္တာ ဒွန်ဘောစကိုသည် ခရစ်ယာန်တို့အား မှိုင်းမတော်မူတော် မယ်တော်သခင်မ၏ သမီးများအသင်းဂိုဏ်းကို အမိမယ်တော်အား ကျေးဇူးတင်သော အထိမ်းအမှတ်နှင့် အသက်ရှင်နေသော မှတ်ကျောက်တိုင်များအဖြစ် အသင်းဂိုဏ်းကို တည်ထောင်ခဲ့ သည်။

ကမ္ဘာတစ်၀ှမ်းလုံးရှိ အခွင့်အရေးနည်းပါးသော လူငယ်များ ဘက်စုံဖွံ့ဖြိုး တိုးတက်ကာ ပြည့်၀ပျော်ရွှင်သောအသက်တာရရှိဖို့နှင့်သူတို့၏၀ိညာဥ် ကယ်တင်ခြင်း အတွက် ဘက်စုံပညာပေးခြင်းသည် အဓိက သာသနာလုပ်ငန်းဖြစ်ပါသည်။

ဆလေးရှင်း သီလရှင်များသည် အာဖရိကတိုက်၊အမေရိကတိုက်၊အာရှတိုက်၊ ဥရောပတိုက်နှင့်သြစတြေးလျတိုက်တို့တွင် နိုင်ငံပေါင်း (၉၇)နိုင်ငံတွင် သီလရှင်ပေါင်း (၁၁၅၃၅)ပါးဖြင့် ရဟန္တာ ဒွန်ဘောစကိုနှင့် ရဟန္တာမ မေရီဒိုမေနီကား မာဇရဲလိုတို့၏ ကျင့်စဥ်နှင့်လမ်းစဥ်အတိုင်း သာသနာ့အမှုတော်ကို လူငယ်များ၏ပညာရေး မြှင့်တင် ပေးခြင်း၊ ရိုးသားသော နိုင်ငံသားကောင်းများနှင့်ခရစ်ယာန်ကောင်းများဖြစ်လာစေရန် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါသည်။

စာသင်ကျောင်းများ၊ အမျိုးသမီးငယ်များ ဖွံ့ဖြိုးတိုးတက်ရေး သင်တန်း ကျောင်းများ၊ ဘော်ဒါကျောင်းများ၊ အော်ရတိုရီများ၊ မိဘမဲ့ဂေဟာများ၊ လူငယ် စင်တာများနှင့် ကွန်ပျူတာသင်တန်းကျောင်းများဖြင့် ပညာပေးခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိပါသည်။

လူငယ်များအတွက် ဓမ္မရိပ်သာများ ဖွင့်လှစ်ခြင်း၊ သာသနာပြု နယ်ပယ်များတွင် ဆင်းရဲသား လူတန်းစားများ ဘ၀ဖွံ့ဖြိုးတိုးတက်စေရန် အတွက်လည်း ပေးဆပ်လုပ်ကိုင်နေကြသည်။

မြန်မာြပည်ရှိ ဆလေးရှင်းများ၏သမိုင်းအကျဥ်းချုပ်

ဆလင်းရှင်းဘုန်းတော်ကြီးများသည် ၁၉၃၉ခုနှစ်တွင် မြန်မာပြည်ကို ရောက်ရှိ လာခဲ့ကြပြီး၊ လေးမြို့ရှိ ဖာသာရ်လဖုန်းကျောင်းကို သူတို့အား အပ်နှံခဲ့ကြသည်။ ဒုတိယစစ်အပြီးတွင် ယောကျာ်းလေးများအတွက် မိမိတို့လုပ်ပေးခဲ့သည့်အတိုင်း မိန်းကလေးငယ်များ၏ဘဝမြှင့်တင်ပေးရေးအတွက် ဆလေးရှင်းများအား ဖိတ်ကြား ရန် စဉ်းစားခဲ့ကြသည်။

ဖာသာရ် အလက်စ်စီသည် မြန်မာပြည်ရှိ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ အား ကြည့်ရှုစောင့်ရှောက်မည့် ဆလေးရှင်းသီလရှင်များအား စေလွှတ်ပေးရန် အသင်းဂိုဏ်းရုံးချုပ်မှ အကြီးအကဲများထံ တောင်းဆိုခဲ့သည်။ ၁၉၅၇ မှ ၁၉၆၀ ထိ ဖာသာရ်ဂျာကိုမင်း ဖော်တူနားတို ဦးဆောင်ကာ အမျိုးသမီးငယ်တစ်ဖွဲ့ကို အိန္ဒိယ နိုင်ငံသို့ ပို့ဆောင်ခဲ့သည်။ ထိုအဖွဲ့ ( ၁၅ ) ယောက်ထဲမှ စစတာရ် ဖီလိုမီနား မရီ၊ စစတာရ် မေရီခင်မြင့်၊ စစတာရ် တက်ကလား ချစ်မေ၊ စစတာရ် ဆိုဖီယာ မခင်သန်းနှင့် စစတာရ် အာနာမမတို့သည် ခရစ်ယာန်တို့အား မှိုင်းမတော်မူသော မယ်တော်သခင်မ၏ သမီးများ ( ဆလေးရှင်း စစတာရ်များ) ဖြစ်လာကြသည်။

၁၉၆၁ ၊ နိုဝင်ဘာလတွင် သာသနာပြု သီလရှင် ( ၄ ) ပါးသည်  မလေးသို့ ရောက်ရှိခဲ့သည်။ အီတလီနိုင်ငံသူ စစတာရ် ထရေဇား အန်ဒရီအိုးတီ၊ အိနိယနိုင်ငံသူ စစတာရ် သိုတွန်း ဂါလ်၊ မာလ်တာနိုင်ငံသူ စစတာရ် အပ်ဂနက်စ်အာဇိုပါးဒီနှင့် အီတလီနိုင်ငံမှ အကြီးအကဲ စစတာရ် ဒါလ်ကောလ်ဆိုတို့အား အိန္ဒိယ နယ်စီး အကြီး အကဲ၊ အီတလီနိုင်ငံသူ စစတာရ် ချက်စီးရာ ဂါလီးနာတို့မှ အဖော်ပြုကာ မြန်မာပြည်သို့ ပို့ဆောင်ခဲ့ကြသည်။

ဆလေးရှင်း ဘုန်းတော်ကြီးများ၏ အကူအညီဖြင့် ဝါးအိမ်ကလေးထဲတွင် ကလေးငယ်များအတွက် ချစ်ခြင်းမေတ္တာအပြည့်ဖြင့် စိတ်အားထက်သန်စွာ စတင်လုပ်ဆောင်ပေးခဲ့ကြသည်။ ၁၉၆၂ ခုနှစ်တွင် နိုင်ငံရေးအခြေနေပြောင်းလဲမှု ကြောင့် ဆိုရှယ်လစ်စနစ်အုပ်ချုပ်စဉ်တွင် များစွာသော သာသနာပြုကျောင်းများကို ပြည်သူပိုင် သိမ်းပိုက်ခဲ့ပြီး မေတ္တာအရင်းခံစေတနာထားကာ ပညာပေးခဲ့သော သာသနာပြု တိုင်းတစ်ပါးသားများအား မြန်မာပြည်မှ ပြန်လည်ထွက်ခွာသွားစေ ခဲ့သည်။ ၁၉၆၆ ခုနှစ်တွင် ဆလေးရှင်း သီလရှင်များသည်လည်း မန္တလေးမြို့ရှိ “Auxilium” ကျောင်းကို ချန်ထားရစ်ကာ မိမိနိုင်ငံသို့ ပြန်သွားပြီး သာသနာပြုရန် ဆက်လက်ခြေလှမ်းခဲ့ရသည်။ ဆိုးရွားသော မုန်တိုင်းနှင့် တပ်ခေါက်ပြန်ရခြင်း ကဲ့သို့သော ဆိုးရွားသည့်နိုင်ငံရေးအခြေအနေမှာ ဆလေးရှင်းသီလရှင်များကို မြန်မာ ပြည်မှ အမြစ်ပြုတ်ရန်အထိပင် ခြိမ်းခြောက်မှု ရရှိခဲ့သည်။

အခြေအနေ အကြောင်းအမျိုးမျိုးဖြင့် ဆလေးရှင်းသီလရှင်များသည် မြန်မာပြည် သို့ ပြန်လည်ရောက်ရှိလာရန် အကြောင်းဖန်ခဲ့ပြန်သည်။ ၁၉၈၇ ခုနှစ်ဆုံးပိုင်းတွင် စစတာရ် မေရီသည် အိန္ဒိယနိုင်ငံတွင် နှစ်ပေါင်း ( ၃၀ ) ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး မြန်မာပြည်ရှိ မိသားစုထံသို့ အလည်ပြန်လာရာမှ ၁၉၈၈ အရေးအခင်းနှင့်တွေ့ကြုံခဲ့ သဖြင့် မြန်မာပြည်မှ ပြန်ထွက်မရဖြစ်ခဲ့သည်။ ဘုရားရှင်၏ လက်ရာတော်သည် လူသားများ မျှော်လင့်ထားသည့် အဆင်ပြေပြစ်မှုများနှင့် ဆန့်ကျင်လေ့ရှိသည်ကို ဤသမိုင်းတွင် မြင်ရပြန်သည်။ ဆလေးရှင်း ဘုန်းတော်ကြီးများ၏ ဝိုင်းဝန်းကူညီမှုဖြင့် ဆလေးရှင်း စစတာရ်များ မြန်မာပြည်တွင် ပြန်လည်အခြေစိုက်လာနိုင်ခဲ့သည်မှာ

 အဖဒွန်ဘောစကို၏ အိမ်မက်စိတ်ကူးများကို ပြန်လည် အကောင်အထည်ဖော်နိုင်ခဲ့ သည်ဟုလည်း ဆိုနိုင်ပေသည်။

၁၉၉၂ ခုနှစ်မှစ၍ မြန်မာဆလေးရှင်းသီလရှင်များသည် နယ်ဝေးရပ်ခြားမှ မိမိနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာကာ အဖဒွန်ဘောစကိုနှင့် အမိမာဇရဲလိုတို့၏ လိုအင်ဆများကို အကောင်အထည်ဖော်လုပ်ကိုင်ရန်အတွက် ပထမဆုံးသော ကျောင်းတော်ကို ( ၁၉၉၄ ) ခုနှစ်၊ အနီးစခန်းတွင် အမျိုးသမီးငယ်များအတွက် ဦးတည်ကာစတင်ဖွင့်လှစ်နိုင်ခဲ့သည်။

ဤသို့ဖြင့် ဆလေးရှင်းသီလရှင်များ၏ သာသနာလုပ်ငန်းသည် တဖြည်းဖြည်း ကျယ်ပြန့်လာကာ အနီးစခန်း၊ ပြင်ဦးလွင်၊ ချမ်းသာကုန်း၊ ရန်ကုန် ( ) မိုင်နှင့် လှိုင်သာယာတို့တွင် ကျောင်းများဖွင့်လှစ်ပြီး လူငယ်မိန်းကလေးများ၏ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး ဘဝမြင့်တင်ခြင်း လုပ်ငန်းကို လုပ်ဆောင်ခြင်းဖြင့် အသင်းတော်ကို အစေခံလျက်ရှိသည်။    

   ဆလေးရှင်း သီလရှင်ဂိုဏ်းတွင် လူငယ်များ၏ဘက်စုံဖွံ့ဖြိုး ပညာပေးခြင်း လုပ်ငန်း၌ ဘုရားရှင်၏ဖိတ်ခေါ်သံကို တုံ့ပြန်လိုသော အမျိုးသမီးသမီးငယ်များ အတွက်

 #သီလရှင်တစ်ပါးဖြစ်ရန်-
·       ၀င်လိုသူအဆင့် - ()နှစ်
·       တောင်းခံသူအဆင့် - ()နှစ်
·       သီလရှင်လောင်းအဆင့် - ()နှစ်
·       ယာယီ သစ္စာခံယူခြင်း - (-)နှစ်
·       တစ်သက်သစ္စာခံယူခြင်း

 ၂၀၂၂ ခုနှစ် တွင် အသင်းဂိုဏ်း (၁၅၀) ပြည့်ဂျူဘလီ နှစ်ဖြစ်ပါသည်။ ယခုမြန်မာနိုင်ငံတွင်ကျောင်း(၅)ကျောင်း၌ သီလရှင်ပေါင်း(၃၅)ပါးဖြင့် ကလေးများနှင့်လူငယ်များအတွက် စာသင်ကျောင်းများ၊ ဘက်စုံဖွံ့ဖြိုးရေးသင်တန်းကျောင်းများဖွင့်လှစ်ပြီး အသင်းတော်အတွင်းဆက်ကပ်လျက် ရှိပါသည်။

 ***လူငယ်များ၏ဘဝမြှင့်တင်ရန် ပညာပေးလမ်းစဉ်ဖြင့် ဆက်ကပ်သောဆလေးရှင်းသီလရှင်များအား

ဆက်သွယ်ရန်လိပ်စာ -

v   ခရစ်ယာန်တို့အားမှိုင်းမတော်မှုသောမယ်တော်သခင်မကျောင်း ၁၁ - / ဦးကျော်လှလမ်း)

      မိုင်၊ ပြည်လမ်း၊ မရမ်းကုန်းမြို့နယ်၊ရန်ကုန်

 (အစားအသောက်ချက်ပြုတ်သင်တန်းကျောင်း - ၁၀ လ) Ph : 09445842848 / 09793895127

v  ဒွန်ဘောစကို မူကြိုကျောင်း စိန်သရဖူလမ်း၊ ကုလားကြီးစုရပ်ကွက် (လှိုင်သာယာ)

Ph : 09781653651 / 09 786754764

v  မော်နေဆေးသီလရှင်ကျောင်း ရပ်ကွက်ကြီး (၁၇)၊ ဘူတာလမ်းခွဲ၊ အနီးစခန်း၊ ပြင်ဦ်းလွင်၊ မန္တလေးတိုင်း (ဝင်လိုသူများနှင့် စက်ချုပ်ပညာသင်တန်းကျောင်း) Ph: 09 200 0465 / 08 520 500 24 / 09 423768642

 မာရီးယား ရိုမဲရိုဂေဟာ အမှတ် () မာလာလမ်း ရပ်ကွက်ကြီး () ပြင်ဉီးလွင်

( တန်းမှ ၁၀ တန်းအမျိုးသမီးဘော်ဒါဆောင်) Ph : 09 761 811 762 / 09 428 127 04

v  သူတော်မြတ်လော်ရာဗီကူးနားကျောင်း၊ ချမ်းသာကုန်းမယ်တော်ရိပ်သာအနီး၊ ပုလိပ်မြို့

(ကွန်ပျူတာ၊ စရင်းကိုင်သင်တန်းကျောင်း - နှစ်)

Ph : 09 974 227 129 /09 257 502 517