Little Way Sisters of St. Theresa LWST

  New Logo

The Little Way Sisters of St. Therese(L.W.S.T.)
စိန့်ထရေဇားလမ်းစဉ်သွယ်သီလရှင်ဂိုဏ်း
#သမိုင်း
၁၉၉၅တွင် ဟားခါးသာသနာ၌ စီရင်စုပေါင်း (၂၅) ခုရှိပြီး စီရင်စု (၁၂) ခုတွင်သာ သီလရှင်ကျောင်းများရှိပါသည်။ သို့ဖြစ်၍စီရင်စုပေါင်းထက်ဝတ်ကျော်တွင် သီလရှင်များမရှိသေးပေ။ ကျန်စီရင်စု (၁၃)ခုရှိ အမျိုးသမီးငယ်များ၏ပညာ ရေးအတွက်လည်း ဘော်ဒါဆောင်များမရှိသေးပေ။ ထို့အပြင် နောင်လာမည့်(၁၀)နှစ်အတွင်း စီရင်စုအသစ် (၂၀)ခု ထပ်မံဖွင့်လှစ်မည့် စီမံကိန်းရှိသောကြောင့် စီရင်စုပေါင်း (၃၃)ခုတွင် သီလရှင်များထားရန် အရေးတကြီးလိုအပ်လာမည်ဖြစ်သည်။

ဟားခါးသာသနာတွင်သာသနာ ပြုနေကြသော ပွန်တီဖီကယ်ရ်ိုက် (Pontifical Right)  သာသနာပြု သီလရှင်အသင်းများဖြစ်သော မယ်တော်မာရီယား၏ သာသနာပြု ဖရန်စစ္စကင် သီလရှင် (The Sisters of Franciscan Missionaries of Mary )၊ ရူပါရုံမြင်သော စိန်ဂျိုးဇက်ဂိုဏ်းဝင်သီလရှင် (The Sisters of St. Joseph of the Apparition)၊ စိန်အလွိုက်ရှက်၏ ဖရန်စစ္စကင်သီလရှင် (The Franciscan Sisters of St. Aloysius Gonzaga)  ဂိုဏ်းများသည်လည်း လာမည့်(၁၀)နှစ်အတွင်း စီရင်စု(၃)ခု ၌ သီလရှင်ကျောင်း (၃)ကျောင်းထက်ပို၍ ဖွင့်လှစ်နိုင်ကြမည့်အခြေအနေမရှိပေ။ ထို့ကြောင့် သာသနာပိုင်ဆရာတော်ကြီး နီကောလားစ် မာန်ထန်းသည် ဒေသခံသီ လရှင်အသင်း ဂိုဏ်းတစ်ခုတည်ထောင်ထားရှိရန် အထူးစိုင်းပြင်းကြိုးစားနေခဲ့ခြင်းဖြစ်သည်။

ထိုအသင်းဝင်သီလရှင်များသည် ဆိတ်ငြိမ်အေးချမ်းစွာ တရားထိုင်ဆုတောင်းရုံသာမက ကိုယ်တိုင်လက်တွေ့ ကွင်းဆင်း သာသနာပြုကြရမည်ဖြစ်သည်။ ထို့အပြင် တစ်ကမ္ဘာလုံးရှိ သာသနာပြုများအတွက်သော်လည်းကောင်း၊ အထူးသဖြင့် ရဟန်းဘုန်းတော်ကြီးများအတွက်နှင့် ရဟန်းဘောင်သို့ခေါ်တော်မူခြင်း အများအပြားရရှိနိုင်ရန်အတွက်သော်လည်းကောင်း၊ တစ်ကမ္ဘာလုံး၌  ဧဝံဂေလိသတင်းကောင်း ပြန့်ပွားနိုင်ရန်အတွက်သော်လည်းကောင်း၊ အထူးကိုယ်တော်မြတ်ဖူး၍ ဆုတောင်းကြရမည်ဖြစ်သည်။ ထိုသီလရှင်အသင်းဂိုဏ်းသစ်ကို “စိန့်ထရေဇားလမ်းစဉ်သွယ် သီလရှင်အသင်း” (The Little Way Sisters of St. Theresa) ဟု မှည့်ခေါ်ရန်ရည်ရွယ်ထားပါသည်။ လန်ဒန်အခြေစိုက် လမ်းစဉ်သွယ်အသင်းကို ဟားခါးသာသနာ၏ ထိပ်တန်းကျေးဇူးရှင်ကြီးအဖြစ် မှန်တမ်းတင် ဂုဏ်ပြုသောအားဖြင့် ထိုသို့ မှည့်ခေါ်မည်ဖြစ်သည်။ မစ္စမေရီဒူဟန်းနှင့် ဆရာတော်ကြီးနီကောလားစ်မာန်ထန်း တို့သည် အတူတွေ့ဆုံညှိနှိုင်းကြပြီးနောက် ဟားခါးသာသနာတွင်း၌ သီလရှင်အသင်းသစ် တစ်ခုကို ပူးတွဲတည်ထောင်ရန် သဘောတူခဲ့ကြသည်။

သီလရှင်အသင်းသစ်ကို “စိန့်ထရေဇားလမ်းစဉ်သွယ် သီလရှင်အသင်း” ဟု မှည့်ခေါ်ရသည့် အခြားအကြောင်းရင်းတစ်ခုမှာ ထိုသီလရှင်များသည် လီဆူးမြို့သူစိန့်ထရေဇားလေး၏ ဝိညာဉ်ရေးကျင့်စဉ်များကို အခြေပြုစံထားကြရမည် ဖြစ်သောကြောင့် ဖြစ်သည်။

အသင်းဂိုဏ်းတည်ထောင်သည့်နေ့       - ၁ .၆ .၁၉၉၇
အသင်းဂိုဏ်းတည်ထောင်သူ             - ဂိုဏ်းချုပ်ဆရာတော်ကြီး နီကောလားစ် မာန်ထန်း
ပူးတွဲတည်ထောင်သူ                     - မစ္စမေရီဒူဟန်း (လမ်းစဉ်သွယ်အသင်း-လန်ဒန်)

အသင်းဂိုဏ်း၏အဓိက ဦးတည်ရည်ရွယ်ချက်
၁။ စိတ်ငြိမ်အေးချမ်းစွာ တရားထိုင်ဆုတောင်းသည့်အပြင် ကိုယ်တိုင်လက်တွေ့ ကွင်းဆင်း၍သာသနာပြုရန်၊
၂။ စိန်ထရေဇားလေး ကျင့်ခဲ့သည့်တိုင်း ကလေးငယ်ကဲ့သို့ ဘုရားရှင်အပေါ် မိမိကိုယ်ကို အကြွင်းမဲ့ပုံအပ်ယုံကြည်သောစိတ်ဖြင့် တရားကျင့်အသက်ရှင်ရန်၊

အသင်းဂိုဏ်း၏ သာသနာပြုလုပ်ငန်း
၁။ ကိုယ်တော်မြတ်ဖူးခြင်းကို အခြေခံသည့် တရားဘာဝနာစီးဖြန်းခြင်း၊
၂။ သာသနာပြုများအတွက် ဆုတောင်းပေးခြင်း၊
၃။ တစ်ကမ္ဘာလုံးရှိ ဘုန်းတော်ကြီးများအတွက် ဆုတောင်းခြင်း၊
၄။ ဘုန်းတော်ကြီးဘဝသို့ ခေါ်တော်မူခြင်းရရှိရေးအတွက် ဆုတောင်းပေးခြင်း၊
၅။ အမျိုးသမီးဖွင့်ဖြိုးရေး၊ ပညာရေးနှင့် ဘ၀မြှင့်တင်ရေးလုပ်ငန်းများ ဦးဆောင်ကူညီလုပ်ဆောင်ခြင်း၊

ဆောင်ပုဒ် -
“သေးငယ်သောအရာများကို ကြီးမားသောချစ်ခြင်းမေတ္တာဖြင့် လုပ်ဆောင်ခြင်း”

ကျင့်စဉ် -
“စိန့်ထရေဇားလေး ကျင့်ခဲ့သည့်အတိုင်း ကလေးငယ်ကဲ့သို့ ဘုရားရှင်အပေါ်မိမိကိုယ်ကို အကြွင်းမဲ့ပုံအပ်ယုံကြည်သော စိတ်ဖြင့်တရားကျင့်၊ အသက်ရှင်နေထိုင်ရမည်။”

လိပ်စာ- စိန့်ထရေဇားလမ်းစဉ်သွယ် သီလရှင်ကျောင်း
သဇင်(၄)၊ ရှင်စောပုလမ်း ၊
ကလေးမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး။

#အသင်းဝင်များ
(က) အသင်းသားဦးရေ                     -၂၀၂ ပါး
(ခ)  သီလရှင်ကျောင်းပေါင်း                -၄၂ ကျောင်း

#သင်တန်းကျောင်း
လိပ်စာ- စိန့်ထရေဇားလမ်းစဉ်သွယ် သီလရှင်ကျောင်း
သဇင်(၄)၊ရတနာပုံလမ်း၊ ကလေးမြို့၊စစ်ကိုင်းတိုင်းဒေသကြီး။

(က)  သီလရှင်လောင်းဦးရေ               -၁၈ ပါး
(ခ) ဝင်လိုသူဦးရေ                      -၇ ယောက်
(ဂ) လေ့လာသူဦးရေ                    -၁၆ယောက်
(ဃ) ဝိညာဉ်ရေးအထူးပြင်ဆင်သူဦးရေ     -၈ပါး

လိပ်စာ- စိန့်ထရေဇားလမ်းစဉ်သွယ် သီလရှင်ကျောင်း
သဇင်(၄)၊ ရှင်စောပုလမ်း၊ကလေးမြို့၊စစ်ကိုင်းတိုင်းဒေသကြီး။