Missionaries of Faith Fathers MF

#ယုံကြည်ခြင်းသာသနာပြုအသင်းဂိုဏ်း
#Missionaries of Faith (MF)
#သမိုင်းအကျဥ်း
ယုံကြည်ခြင်းသာသနာပြုအသင်းဂိုဏ်းကိုတည်ထောင်သူ Miss Anna Maria ANDREANI သည် ၁၉၃၃ ခုနှစ်၊ သြဂုတ်လ ၂၀ရက်နေ့တွင် အီတလီနိုင်ငံမြောက်ပိုင်း Bergamo မြို့တွင်မွေးဖွားခဲ့သည်။ သူမသည်အသက် ၅ နှစ်အရွယ်မှစ၍ မျက်စိအားနည်းခဲ့ပြီး ငယ်စဉ်ကသီလရှင်ဖြစ်လိုစိတ်ပြင်းပြခဲ့သည်။  အသက် ၃၀ အရွယ်တွင် သူမသည်မျက်စိလုံးဝကွယ်ခဲ့ပြီး Carmelite သီလရှင် ရသေ့ကျောင်းများသို့ ဝင်ရောက်ရန်ကြိုးပမ်းရာ မျက်စိမမြင်သောကြောင့်ငြင်းပယ်ခံရသည်။

ရဟန်းမင်းကြီး၏လမ်းညွှန်မှုအရ သူမအားကူညီရန်အတွက် ရဟန်းတစ်ပါးအားရှာဖွေခဲ့ရာ ရွှေနှလုံးတော်အသင်းဂိုဏ်းမှ Fr. Luigi Graziotti အားတွေ့ရှိခဲ့ပါသည်။ ၁၉၆၉ ခုနှစ်၊ ရဟန်းမင်းကြီး ဆဋ္ဌမမြောက်ပေါလုနှင့် တွေ့ဆုံရာတွင် အရှင်သူမြတ်က သူမကို ရဟန်းများအား ကူညီရန်လမ်းညွှန်ခဲ့သည်။ သူတို့နှစ်ဦးသည် ၁၉၇၄ ခုနှစ်တွင် ယုံကြည်ခြင်းသာသနာပြုအသင်းဂိုဏ်းကို တည်ထောင်ခဲ့ကြပြီး အသင်းဂိုဏ်း၏အခြေခံစည်းမျဉ်းကိုရေးဆွဲ ခဲ့ကြသည်။

ဘုရားသခင်၏ အလင်းပေးနှိုးဆော်မှုဖြင့် အီတလီနိုင်ငံ ဘဲရ်ဂါမို (Bergamo) မြို့သူ (Miss Anna Maria Andreani) သည် ကာမလိုက် (Carmellite) သီလရှင်အသင်းဂိုဏ်းသို့ ဝင်ရောက်လိုခဲ့ပြီး ဝိညာဉ်ခွန်အားအထူးလိုအပ်နေသော  ရဟန်းတစ်ပါးနှင့်တွေ့ဆုံရာမှ ရဟန်းများအား ကူညီလိုသည့်စိတ်ဆန္ဒ ပေါ်ပေါက်ခဲ့ပါသည်။ ၁၉၈၂ ခုနှစ် ဒီဇင်ဘာ(၂၅) ရက်နေ့တွင်အီတလီနိုင်ငံ ဂျေးနိုဝါ (Genova) ဂိုဏ်းချုပ်သာသနာပိုင် ကာဒီနယ် ဂျူးဇက်ပေ ဆီးရီ ( Cardinal Giuseppe Siri) က ယုံကြည်ခြင်း သာသနာပြုရဟန်းဂိုဏ်းကို ဒေသဆိုင်ရာ သာသနာအဆင့် (Diocesan Rights) ဝိုဏ်းအပြစ်အတည်ပြုပေးခဲ့သည်။

#မြန်မာနိုင်ငံသို့ရောက်ရှိလာပုံ
၁၉၈၉ ခုနှစ်တွင် လွိုင်ကော်သာသနာ စတင်တည်ထောင်ပြီး ဂိုဏ်းချုပ်သာသနာပိုင် ဆရာတော် ဆိုတေးရိုဖာမောသည် အီတလီနိုင်ငံ ရောမမြို့၌ကျောင်းထိုင် တော်မူသော ယုံကြည်ခြင်းသာသနာပြု Fr. Andrea Spegne နှင့်ဆက်သွယ်မှုရယူပြီး  ပထမဦးစွာလွိုင်ကော် သာသနာမှလူငယ်( ၃) ဦးကို အီတလီနိုင်ငံသို့ စေလွှတ်ခဲ့ပါသည်။ အသင်းဂိုဏ်း၏ ဘ၀အသက်တာကို လေ့လာဆည်းပူးစေခဲ့ပြီး သူတော်စင်ဘောင်ဝင် သစ္စာသုံးပါးရှင်နှင့် ရဟန်းဘ၀နှင့်ဆိုင်သော ဓမ္မပညာရပ်များအား လေ့လာပြီးစီးသော ဦးပဉ္စင်းကြီး(၃)ပါးသည် မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိလာပြီး ၁၉၉၉ ပြီလ (၂၂) ရက်နေတွင် ရဟန်းသိက္ခာခံယူ ခဲ့ကြပါသည်။ ယုံကြည်ခြင်း သာသနာပြုအသင်းဂိုဏ်းကို ၁၉၉၉ ဧပြီလ (၂၅) ရက်နေ့တွင် လွိုင်ကော်သာသနာတွင် သနာပိုင်ဆရာတော်ကြီး ဆိုတေးရိုဖာမောမှ တရားဝင်ဖွင့်လစ်ခဲ့ပါသည်။             

ယုံကြည်ခြင်းသာသနာပြု ဘုန်းတော်ကြီးများသည် အီတလီ၊ အမေရိကန်၊ ကနေဒါ၊ ဗင်နီဇွဲလား၊  အန်တီလေကျွန်း (အမေရိကအလယ်ပိုင်း)၊ ဆာမိုအားကျွန်း၊ နယူးဇီလန်၊ ဖိလိပိုင်၊ ဗီယက်နမ်၊ အိန္ဒိယ၊ မြန်မာစသည့်နိုင်ငံများ၌ တည်ရှိပြီး မြန်မာနိုင်ငံ၊ လွိုင်ကော်ကက်သလစ်သာသနာအတွင်းရှိ၊ (မိုင်းလုံး၊ ဒေါငံခါး၊ ဒေါနိုးခူ၊ ရွာသစ်နှင့် ဘောလခဲဟိုက်နယ်) နှင့် မြစ်ကြီးနားသာသနာရှိ ရှဒေါင်တိုက်နယ်တို့တွင်လည်းကောင်း၊ အမှုတော်ထမ်းဆောင်လျှက်ရှိပြီး သင်တန်းကျောင်း (Formation House) ကိုယုံကြည်ခြင်း အမိမယ်တော်ကျောင်း (Domus Mater Fidel)၊ ဒေါငံခါး( ၂)၊ ဒီမော့ဆိုမြို့နယ်တွင် ဖွင့်လှစ်ထားသည်။

#သာသနာတော်အတွင်းလုပ်ဆောင်နေသော တမန်တော်လုပ်ငန်းများ။
အသင်းဂိုဏ်း၏ ထူးခြားသောလုပ်ဆောင်ချက်များမှာ သာသနာတော်များတွင်  ဝိညာဥ်ရေးရာနှင့် တမန်တော်လုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်ပေးခြင်း၊ ခက်ခဲသည့်တောင်တန်းဒေသများတွင် သာသနာပြုခြင်း၊ ရဟန်းတော်များနှင့် သူတော်စင် သီလရှင်များအတွက် ဝိညာဥ်ရေးဆိုင်ရာနှင့် ပုံသွင်းပြုစုပျိုးထောင်ပေးခြင်းတို့တွင် ပါဝင်ကူညီပေးခြင်း၊ ကက်သလစ်ဘာသာရေး အသင်းအဖွဲ့များကို ပြုစုပျိုးထောင်ပေးခြင်း၊  လူငယ်တမန်တော်လုပ်ငန်းများတွင် ဦးဆောင်ကူညီပေးခြင်း၊ လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ဆောင်ပေးခြင်း၊ ကျေးလက်ဒေသများရှိ ကလေးသူငယ်များအတွက် ပညာရေးမြင့်တင်ပေးခြင်းများကို လုပ်ဆောင်ဆက်ကပ်ကြပါသည်။

#စံထားသူ



#ယုံကြည်ခြင်းကိုဝန်ခံသူတို့၏သခင်မ
#(Mary Queen of Confessors)
 
#Logo (အမှတ်တံဆိပ်) နှင့် အဓိပ္ပါယ်
တြိဂံ = ပုဂ္ဂိုလ်သုံးပါး ဘုရားတစ်ဆူ
စက်ဝိုင်း = တစ်လုံးတစ်ဝတည်းဖြစ်ခြင်း
MF = Missionaries of Faith
ကားတိုင်တော် = ကယ်တင်ခြင်း

သင်္ကေတ (၃) ခုအား အသုံးပြုထားပြီး ပထမမှာ လက်ဝါးကားတိုင်တစ်ခု၏ အောက်ဖက်တွင် သာသနာပြုခြင်းနှင့် ယုံကြည်ခြင်း အား ကိုယ်စားပြုသော အင်္ဂလိပ်စာလုံး M (Mission) နှင့် F (Faith) တို့ အားရေးထွင်းထားပြီး၊ ၎င်းသည် လောကကြီးအား အစွဲကင်းစွာဖြင့် မိမိတို့၏အပ်နှံ ဆက်ကပ်ခြင်းသည် ပျော်ရွှင်စွာသာသနာပြုနိုင်ရေးကို သတိရစေပါတယ်။ ဒုတိယမှာ တြိဂံအမှတ်အသားဖြင့် ဝန်းရံထားသော လက်ဝါးကားတိုင်တော်သည် သန့်ရှင်းသော ပုဂ္ဂိုလ်သုံးပါး တစ်ဆူဘုရားကို ကိုယ်စားပြုထားကာ၊ ကျွန်ုပ်တို့ဝိညာဉ်ရေးရာကျင့်စဉ်၏ အဓိကကျသောအရာတစ်ခု ဖြစ်ပြီး၊ ထိုတြိဂံ၏ အပြင်ဖက်ပိုင်းတွင် Grazia et Gaudium in Fede ဆိုပြီး လက်တင်းဘာသာစကားကို ရေးသားထားပါသည်။ အဓိပ္ပာယ်ကတော့ ယုံကြည်ခြင်း၌ ကျေးဇူးတော်နှင့် ပျော်ရွှင်ဝမ်းမြောက်ခြင်း ဟုဆိုလိုခြင်းဖြစ်ပါသည်။ တတိယမှာတော့ ကိုယ်တော်မြတ် မုန့်တော်ပုံ စက်ဝိုင်းသည် ယုံကြည်ခြင်းသာသနာပြု အသင်းဝင်တို့အနေဖြင့် မိမိတို့ နှင့်နီးစပ်သူတို့အား အစေခံခြင်းအမှုတော်၌ ဘုရားသခင်အား လုံးလုံးလျားလျား ဆက်ကပ်အပ်နှံကြခြင်း ဟူသည့်သဘောတရားကို ဆိုလိုခြင်းပင်ဖြစ်ပါသည်။

#Moto (အသင်းဂိုဏ်း၏ဆောင်ပုဒ်) (The Emblem of Congregation)
Gratia et Gaudium in Fide (ယုံကြည်ခြင်း၌ ကျေးဇူးတော်နှင့် ပျော်ရွှင်ခြင်း)


#Mission (သာသနာပြုလုပ်ငန်း)
ယုံကြည်ခြင်းနှင့်ဆိုင်ရာ ကက်သလစ်အသင်းတော်၏ သွန်သင်ချက်တို့နှင့်အညီ အသင်းဂိုဏ်း၏ ရည်ရွယ်ချက်အတိုင်း မည်သည့်သာသနာပြုလုပ်ငန်းကိုမဆို ဆောင်ရွက်ပါသည်။

#Charism (အသင်းဂိုဏ်း၏ ထူးခြားသော ကျေးဇူးတော်ဂုဏ်ပုဒ်)
ယုံကြည်ခြင်း၌ သာသနာပြုခြင်းကို အခြေ၍ အသင်းတော်၏ဘာသာတူ ညီအစ်ကိုများကို ကူညီရန်နှင့် အထူးသဖြင့် ရဟန်းတော်များတို့သည်
- အသင်းတော်၏ယုံကြည်ခြင်းနှင့် လုပ်ငန်းတာဝန်တို့ကို သစ္စာရှိနိုင်ရန်။
- အားနည်းသောယုံကြည်ခြင်းအသက်တာကို ပြန်လည်အသက်ဝင်လာစေနိုင်ရန်။
- ပျောက်ဆုံးနေသောယုံကြည်ခြင်းအသက်တာကို ပြန်လည်ရှာဖွေတွေ့ရှိနိုင်ရန်။
- မပြည့်ဝမစုံလင်သော ယုံကြည်ခြင်းကို ပြည့်ဝစုံလင်သောယုံကြည်ခြင်းသို့ရောက်ရှိရန်။
ဆက်ကပ်ထားသောအမှုတော်ဆောင်ကူညီ ရဟန်းများဖြစ်ကြသည်။

#Spirituality (အသင်းဂိုဏ်း၏ ဝိညာဥ်ရေးလမ်းစဥ်)
- ခမည်းတော်ဘုရား၏ အလိုတော်အား သူငယ်ကဲ့သို့ယုံကြည်အပ်နှံကာ ဝိညာဥ်တော်မြတ်၏လုပ်ဆောင်မှုဖြင့် ယေဇူးခရစ်တော်၌ နက်ရှိုင်းစွာ ပေါင်းစည်းနေထိုင်ခြင်း၊
- ရဟန်းချုပ်ဖြစ်သော ကယ်တင်ရှင်ခရစ်တော်ကို ယုံကြည်ခြင်းနှင့် ဘဝဖြင့်အသက်သေခံခြင်း၊
- ဘုရားရှင်၏ ဝိညာဥ်တော်ဖြင့် အသက်ရှင်ခြင်း၊ အသင်းဂိုဏ်း၏ ထူးခြားသောကျေးဇူးတော်ကျင့်စဥ်ဖြင့် စွန့်လွှတ်ဆက်ကပ်ခြင်း၊ တွယ်တာမှုကင်းမဲ့ခြင်းတို့ဖြင့် သာသနာပြုလုပ်ငန်းများ၏ တောင်းဆိုမှုဟူသမျှကို အဆင်သင့်ပေးဆက်ခြင်း၊ အသက်တာတို့ဖြင့် ကျင့်ကြံလျက် အသင်းတော်၏လုပ်ငန်းတွင် ပါဝင်အားလုပ်ဆောင်ကြပါသည်။

#ဖြည့်စွက်
Mission and Faith, သာသနာပြုခြင်းနှင့် ယုံကြည်ခြင်းသည် အသင်းဂိုဏ်း၏ ထူးခြားသောကျေးဇူးတော်ဂုဏ်ပုဒ် (Charism) နှင့် ဝိညာဉ်ရေးရာ ကဏ္ဍ (spirituality) နှစ်ခု၏ ထူးခြားသည့် သွင်ပြင်လက္ခဏာ နှစ်ခု၏ခြားနားချက် ကိုဖော်ပြနေပါသည်။

အထက်တွင်ဖော်ပြထားသော ကျွန်ုပ်တို့အသင်းဂိုဏ်း၏ အမည်နာမအတိုင်း သာသနာပြုများအနေဖြင့် ကမ္ဘာကြီးအား ခရစ်တော်၏ နာမတော်အတွက် ယုံကြည်ခြင်းနှင့် သက်သေခံခြင်းအား အသင်းတော်ကြီး၏ စေလွှတ်ခြင်းအမှုတော်တို့၌ ကျွန်ုပ်တို့ဘဝတစ်ခုလုံး အား ပူဇော်ဆက်ကပ်လိုကြသော သူများဖြစ်ကြပါသည်။ ဘုရားသခင်၏ အလိုတော်၊ သနားကြင်နာခြင်းနှင့် အနှိုင်းမဲ့လှသော ချစ်ခြင်းမေတ္တာ၊ လှိုက်လှဲပျူငှာစွာ ကြိုဆိုကာ အစဉ်အမြဲ ခွင့်လွှတ်တတ်သော၊  ကိုယ်တော်၏ မျက်မှောက်တော်ရှေ့၌ သတင်းကောင်း ပြောကြားသူများအဖြစ်လည်း အလိုရှိကြပါသည်။ ယနေ့ခေတ်အချိန်၏ လူသားများအား ကျွန်ုပ်တို့၏ကယ်တင်ရှင် သခင်ခရစ်တော်အားဖြင့် ပျော်ရွှင်ခြင်းနှင့်၊ ပြည့်ဝစုံလင်သော ဘဝ၏မူလအစဖြစ်သော ဘုရားသခင်ထံ ပြန်လည်ပြီး ဦးတည်လာစေဖို့ရန်အတွက် ပြင်းပြသော ခရစ်ယာန်အသက်တာ ယုံကြည်ခြင်းကို သက်သေခံသောသူများအဖြစ် ခေါ်တော်မူခြင်းကို ခံရသူများအဖြစ်လည်း ခံစားကြရပါသည်။

#အသင်းဂိုဏ်း တည်ထောင်ခြင်း (The Foundation)
၂၅ ဒီဇင်ဘာလ ၁၉၈၂ ခုနှစ်တွင်  ယုံကြည်ခြင်းသာသနာပြုအသင်းဂိုဏ်းကို တည်ထောင်ခဲ့ပါတယ်။ သာသနာ့အမှုတော်ဆောင် ရဟန်းတော်များ အသင်းဖွဲ့အနေဖြင့် ရဟန်းအမတ် (Card. Giuseppe Siri) ဂျေနိုဗာသာသနာ ဂိုဏ်းချုပ်ဆရာတော်ကြီး၏ တရားဝင် သာသနာအဆင့် အသိအမှတ်ပြုမှုကိုရရှိခဲ့ပါသည်။ ဘုရားသခင်၏ လက်တော်ထဲမှ အသုံးတော်ခံ Miss. Anna Maria Andreani နှင့် ဘုန်းတော်ကြီး Luigi Duilio Graziotti သည် ဤ အသင်းဂိုဏ်းကို စတင်ခဲ့ပါသည်။ ယုံကြည်ခြင်း သာသနာပြု အသင်းဂိုဏ်းသည် ပထမဦးစွာ ၂၇ ဒီဇင်ဘာ ၁၉၇၃ တွင် ကော်တိုနာသာသနာ ဆရာတော်ကြီး၏ အသိအမှတ်ပြုခြင်းနှင့် အသင်းဂိုဏ်း တည်ထောင်ခြင်းကိုစတင်ခဲ့ပါသည်။ စတင်ခဲ့ချိန်မှစ၍ စုဖွဲ့ ၍နေရသော ဘဝပုံစံ၊  စိတ်အားထက်သန်မှုရှိသော မိသားစု၏ အင်္ဂါရပ်နှင့် အသင်းဂိုဏ်း၏ အဓိကရည်ရွယ်ချက်ဖြစ်သည့် ရဟန်းတော်များ၊ သာသနာပြု အမှုတော်ထမ်းဆောင်နေသူများကို အကူညီပေးရန်၊ တစ်ခြားသောအသင်းတော်မှ ညီအစ်ကိုများ၊ ဘာသာခြားများနှင့် ဟောပြောပွဲ၊ သင်တန်း ပို့ချရေးများတွင် ပါဝင်ကူညီမှုများပေးရန် တို့ဖြစ်ကြပါသည်။                                                   
“ရဟန်းတော်များနှင့် ပတ်သက်ပြီး ဝိညာဉ်ရေးရာ၌ ခွန်အားနည်းသော ဘုန်းတော်ကြီးများ၊ မြင့်မြတ်လှသော ဘဝကို ပေါ့ပေါ့တန်တန်ဖြင့် ကုန်ဆုံးသွားစေသောသူများ၊ တဖြည်းဖြည်း ရဟန်းတစ်ပါး၏ ဂုဏ်သိက္ခာကို ဆုတ်ယုတ်၊ သေးသိမ်လာသည့်အထိ ဖြစ်လာသော ရဟန်းများ၊ ထိုသို့သော ရဟန်းတော်များအတွက် ပြုလုပ်ဆောင်ရွက်မည့် အကြံပြုချက်များနှင့် အသင်းဂိုဏ်း၏ ပထမဦးဆုံး ရဟန်းတော်များသည် တိုက်နယ်များရှိ ကျောင်းထိုင်ဘုန်းတော်ကြီးများအား သူတို့၏ အမှုဆောင်ခြင်း လုပ်ငန်းများတွင် ဝင်ရောက်ကူညီပေးကြပြီး၊ ဘာသာရေးအဖွဲ့စည်းများအား သင်တန်းများပေးခြင်းနှင့် ဘာသာတူတို့၏ လူမှုရေးဆိုင်ရာအလုပ်များတွင် ကူညီပေးခြင်းများတို့ကိုဆောင်ရွက်ခဲ့ကြပါသည်။ 

အသင်းဂိုဏ်း၏ ထူးခြားသော ကျေးဇူးတော်ဂုဏ်ပုဒ်၏ ရည်ရွယ်ချက်ကိုဆန်းစစ်သုံးသပ်ရန်အတွက် ရည်ညွှန်းကိုးကားချက်များထဲမှ အသေချာ စိတ်အချရဆုံးမှာ ရဟန်းအမတ် (Card. Giuseppe Siri) ကိုယ်တိုင် လက်မှတ်ထိုးထားသော အသင်းတော်အားအကျိုးပြုသော အဖွဲ့စည်းများ တည်ထောင်ခွင့် ရုံးတော်၏အမိန့်ပင်ဖြစ်ပါသည်။ ၂၅ ဒီဇင်ဘာလ ၁၉၈၂ တွင် ယုံကြည်ခြင်း၏သာသနာပြုအသင်းဂိုဏ်း ဟူသော အမည်နာမအားဖြင့် တရားဝင်သာသနာ အသိမှတ်ပြုအဆင့် တည်ထောင်လာခဲ့ပြီး၊ လူသားအားလုံးအတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ဧဝံဂေလိသတင်းကောင်းကို အသင်းတော်ကြီး၏ လိုအပ်သော နေရာတစ်နေရာမှ တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ ပြဋ္ဌာန်းထားသော စည်မျဉ်းစည်းကမ်းများအတိုင်း အသင်းဂိုဏ်း သည် တတ်နိုင်သမျှ ခက်ခဲမှုကြုံတွေ့နေရသော ရဟန်းတော်များ၊ အသင်းဖော်ညီအစ်ကိုများအား အဖော်ပြုအားပေးခြင်းများကိုလည်း ဆောင်ရွက်ရပါသည်။ တမန်တော်ကြီးများ၏ သာသနာပြုအမှုတော်များနှင့် ဆိုင်သော ခရစ်ယာန်များ တစ်လုံးတစ်ဝတည်းဖြစ်ရေးဆိုင်ရာ လှုပ်ရှားမှုများတွင်လည်း တခြားသော အသင်းကွဲ၊ ဘာသာခြားများနှင့် လက်တွဲ လုပ်ဆောင်ရပါသည်။  

#တည်ထောင်သူများ (The Founders)
အသင်းဂိုဏ်းကို Sig.na Anna Maria Andreani နှင့် P. Luigi Graziotti တို့မှစတင်ပြီး တည်ထောင်ခဲ့ပါသည်။ သူတို့အားဖြင့် သခင်ဘုရားသည် အသင်းတော်ကြီးအတွက် တစ်မူထူးရှားသော ကျေးဇူးတော်တစ်ခုကို ပေးသနားပြီး အသင်းတော် ကိုယ်တော်တိုင်ကလည်း လက်ခံခဲ့ကာ၊ အသင်းဂိုဏ်းအတွင်းရှိ အသင်းသား အားလုံးကလည်း လိုက်နာကျင့်ဆောက်တည် နေလျက်ရှိကြပါသည်။

#အမည်နာမ (Name of Congregation) 
၁၉၉၉ ခုနှစ် အသင်းဂိုဏ်း၏ စည်းမျဥ်းစည်းကမ်းအရ ယုံကြည်ခြင်းသာသနာပြုအသင်းသည် အသင်းေတာ်ကြီးအတွင်း လိုအပ်နေသော နေရာများတွင် အချိန်ကိုက် တာဝန်ယူခြင်းများ၊ အသင်းဂိုဏ်း၏ လက်ခံရရှိထားသော ကျေးဇူးတော်ကို ဖော်ဆောင်ဖို့ရန်နှင့် အထူးသဖြင့် ဝိညာဥ်ရေးရာများတွင် ဆောင်ရွက်ဖို့ရန်ဟူ၍ ရှင်းလင်းရေးသားထားပါတယ်။ အသင်းဂိုဏ်း၏ ဝိညာဥ်ရေးရာပိုင်းနှင့် ပြုလုပ်ဆောင်ရွက်ကြရမည့် ကျေးဇူးတော်တာဝန်ဝတ္တရားများအား သာသနာပြုခြင်းနှင့် ယုံကြည်ခြင်းတို့အပေါ် တည်ဆောက်ရင်း ကွဲကွဲပြားပြား သိမြင်နိုင်ဖို့ရန်၊ ၎င်းတို့အား အချိုးကျကျ လိုအပ်သော နေရာများ၌ မျှတညီညွှတ်စွာ ပြုလုပ်ဖို့ရန်နှင့် မိမိတို့၏ ဘဝများအားဖြင့် ရှေ့ဆက်ပြီး သက်သေခံသွားကြရန် ဟူ၍ ဖော်ပြထားပါတယ်။

ယုံကြည်ခြင်းသာသနာပြု ဆိုသည်မှာ အမည်နာမတစ်ခုသာလျှင်ဖြစ်ပြီး၊  အသင်းဂိုဏ်း၏ ဝိညာဉ်ရေးရာလမ်းစဉ်နှင့် သာသနာပြု တာဝန်များ၊ နေထိုင်မှုဘဝပုံစံ၊ အသင်းတော်အတွင်း လုပ်ဆောင်ရမည့် ဝတ္တရားထုတ်ဖော်ပြသနေခြင်း လည်းဖြစ်ပါတယ်။

#ရည်မှန်းချက်နှင့်သာသနာပြုတာဝန် (Vision, Mission)
            အသင်းတော်ကြီး၏ ဥပဒေပြုအဖွဲ့မှ ကျွန်တော်တို့အသင်း၊ အဖွဲ့အစည်းကို  ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို လူသားအားလုံးဆီသို့ဝေငှဟောပြောဖို့ရန် ကောင်းမွန်သော အသင်းဂိုဏ်းတစ်ခု အဖြစ်သာမက ဂိုဏ်းဝင်ညီအစ်ကို တစ်ဦးချင်းစီအားလည်း သန့်ရှင်းခြင်းသို့လမ်းညွှန်ပေးနေပါသည်။     

၁။         အသင်းတော်အား နှိမ့်ချစွာနှင့်နာခံတတ်ရန်၊ မိမိတို့၏ကိုယ်ပိုင်ခေါ်တော်မူခြင်းအားဖြင့်   သန့်ရှင်းခြင်းသို့ သယ်ဆောင်သွားရန်၊ သာသနာပြုများ ရဟန်းတော်များ လုပ်ဆောင်ကြရမည့် တမန်တော်လုပ်ငန်းများအား လက်တွေ့ဆောင်ရွက်ရန်၊ ဇဝေဇဝါဖြစ်ခြင်း ဒုက္ခအခက်ခဲများကြောင့် အကူအညီ လိုအပ်လျက်ရှိနေသော ညီအစ်ကိုများအတွက်  အားပေးနှစ်သိမ့်ခြင်းများ။                                                        
၂။         ကက်သလစ်အသင်းတော်၏ ယုံကြည်ခြင်းနှင့် စစ်မှန်သော သတင်းကောင်းများအတွက် အခြားသော ဘာသာဝင်များ၊ ခရစ်ယာန်ဂိုဏ်းကွဲအသင်းများနဲ့အတူ တမာန်တော်လုပ်ငန်းဆိုင်ရာ လှုပ်ရှားမှုများတွင်ပါဝင်ခြင်း။ 
၃။         ခရစ်ယာန်တို့၏ ကောင်းမွန်သောအကျင့်တရား၊ သမ္မာကျမ်းစာတော်မြတ်၏ တရားဟောကြားချက်များအားဖြင့် ယုံကြည်ခြင်း၌ ညီအစ်ကိုဘာသာသူများအား ပြန်လည်ဖြန်ဖြေပေးခြင်း၊ ဘုရားနှင့် အလှမ်းဝေးနေခဲ့ကြသည့် ဝိညာဉ်များအားဘုရားသခင်နှင့် ပြန်လည်စေ့စပ်ပေးခြင်း၊ လူငယ်များသည် မိမိတို့၏ကိုယ်ပိုင် ခေါ်တော်မူခြင်းကို ရှာတွေ့နိုင်ရန် တွေ့ဆုံပွဲများပြုလုပ်ခြင်း၊ အားပေးကူညီခြင်းများ ဖန်တီးလုပ်ဆောင်ပေးခြင်း များရှိပါသည်။
            ယုံကြည်ခြင်းသာသနာပြု အသင်းဂိုဏ်းရှိ သာသနာပြုများသည် အသင်းတော်ကြီး၏ သာသနာပြုခြင်းတာဝန်များ၌ အတူတကွပါဝင်သယ်ပိုးဆောင်ရွက်ရန် ယုံကြည်ခြင်းသာသနာပြု အသင်းဂိုဏ်းအတွင်း ဘုရားသခင်၏ခေါ်တော်မူခြင်းကို ခံခဲ့ရပါသည်။ သစ္စာသုံးပါးခံ သူတော်စင် ဘဝအသက်တာထဲမှာ သက်သေခံထမ်းခြင်းနှင့်အတူ  သတင်းကောင်းဝေမျှခြင်းဆိုင်ရာ သာသနာပြုခြင်းတွေဟာ အမှန်တကယ် ဖြစ်ပေါ်လာနေခဲ့ပါတယ်။ ဒီအချက်တွင် သခင်ယေဇူးခရစ်တော်၏ သန့်ရှင်းစင်ကြယ်ခြင်းနှင့် ဆင်းရဲခြင်း ဟူသည့်အချက်ကို ပေါင်းစည်းစေခဲ့သော (cfr. Mt 8,20; Lc 9, 58), အရာတစ်ခုဖြစ်လာစေသကဲ့သို့၊  ယေဇူးသခင်၏ နာခံခြင်းအားဖြင့် လူသားများ ကယ်တင်ခြင်းခံခဲ့ရပြီး      သန့်ရှင်းစေခြင်းသို့ရောက်ရှိစေခဲ့ကာ၊ (cfr. Fil 2, 8)၊ နီးစပ်သော ညီအစ်ကိုနှင့် ဘုရားသခင်ရဲ့အမှုတော် အတွက် အမြဲအသင့်ရှိနေသော ဘဝအသက်တာနှင့် ကောင်းမွန် နှစ်လိုဖွယ်ရှိသော စကားအားများဖြင့်သော်လည်းကောင်း အစေခံခြင်းအမှုတော်တို့ကို လုပ်ဆောင်နေကြပါသည်။

#ဝိညာဉ်ရေးအသက်တာ (Our Spirituality)
            အသင်းဂိုဏ်း၏ ထူးခြားသော ကျေးဇူးတော်ဂုဏ်ပုဒ်၌ပါဝင်သည့် အုတ်မြစ်ဖြစ်သော ယုံကြည်ခြင်းနှင့် သာသနာပြုခြင်းတို့သည် ယုံကြည်ခြင်းသာသနာပြုအသင်းဂိုဏ်း၏  ထူးခြားသည့်ဝိညာဉ်ရေးအသက်တာ သွင်ပြင် လက္ခဏာပင်ဖြစ်ပါသည်။ ယုံကြည်ခြင်း၌ သာသနာပြုတစ်ဦးသည် ခိုင်မာသော၊ လေးနက်သော ဝိညာဉ်ရေးအသက်တာနှင့် ခရစ်တော်၏ နောက်လိုက်ကောင်းတစ်ဦးဖြစ်ရန်လိုအပ်ပြီး၊ အတွင်းစိတ်နှလုံးသားချမ်းသာသော သူတစ်ဦးဖြစ်ရန်လည်း လိုအပ်ပေသည်။ ယုံကြည်ခြင်း သာသနာပြုများ၏ တရားအားထုတ် အာရုံပြုခြင်းတစ်ခုကတွင် သန့်ရှင်းသော သုံးပါးတစ်ဆူဘုရားနှင့်အတူ မိမိတို့ဘဝထဲ၌ဆက်လက်ပြီး ချစ်ခြင်းမေတ္တာရဲ့အသီးအပွင့်အဖြစ် သက်သေပြဖို့ရန်၊ ခံစားရရှိသော ကျေးဇူးတော်အားဖြင့် စိတ်ရွှင်လန်းစေလာခြင်းတို့ပင်ဖြစ်ပါသည်။ သန့်ရှင်းသောဝိညာဉ်တော်၏ အလင်းပေးမှုအားဖြင့် သခင့်ရဲ့လက်ဝါးကားတိုင်ပေါ်မှာ ပြသခဲ့သည့်စွန့်လွတ်အနစ်နာခံခြင်းနှင့် ကိုယ်တော်၏စကားတော်များအားဖြင့် သခင်ခရစ်တော်ကို ကျွန်ုပ်တို့၏ ဘဝထဲတွင်နေရာချန်ထားပေးရန် လိုအပ်ပါသည်။  ယေဇူးခရစ်တော်သည် တပည့်တော်ကြီးများအား အဦးဆုံး ကိုယ်တော်နှင့် အတူနေထိုင်ရန်အတွက် အလိုတော်ရှိပြီးမှ သတင်းကောင်းတရားတော် ဟောပြောဖို့စေလွှတ်ခဲ့ပါသည်။ (cfr. Mk 3, 13-15). ထိုကျမ်းစာတော်မြတ်အချက်သည် ယုံကြည်ခြင်းသာသနာပြုအသင်းဂိုဏ်းဝင်တစ်ဦးအတွက် တမာန်တော်လုပ်ငန်း၏ အဓိကအချက်မှာ သခင်ခရစ်တော်နှင့်အတူ အသီးအပွင့်ဖြစ်စေဖို့ရန်ပင်ဖြစ်ပါသည်။ ဒီအချက်သည် သာသနာပြုခြင်းနှင့် ဆက်ကပ်အပ်နှံထားခြင်း နှစ်ခုကြားတွင် သာယာလှပစွာပေါင်းစပ်ဖွဲ့စည်းထားသော တေးတစ်ပုဒ်ကဲ့သို့သော ကျွန်ုပ်တို့ဝိညာဉ်ရေးရာ  တရားသဘောပင်ဖြစ်ပါသည်။ အသစ်သော အတွင်းစိတ်နှလုံးသား အားလုံးတို့၏ မူရင်းဇစ်မြစ်ဖြစ်သော သန့်ရှင်းသောဝိညာဉ်တော်ဘုရား၏ သစ္စာရှိသော၊ ခိုင်မြဲသော၊ မမှားနိုင်သော၊ ဦးဆောင်မှုအားဖြင့် နက်ရှိုင်းသော တည်ကြည်သော ဝိညာဉ်ရေးလမ်းစဉ်ကို ပြုစုပျိုးထောင်ဖို့ရန် လိုအပ်ပါသည်။  

ဆေးကြောခြင်းစက္ကရမင်းတူး ခံယူပြီးကြသော သူအားလုံးတို့သည် သန့်ရှင်းခြင်းသို့ရောက်ရှိဖို့ရန် ခေါ်တော်မူခြင်းခံခဲ့ကြရသော်လည်း၊ အများစုမှာ စိတ်မဝင်စား၊ နှိုးကြားမှုမရှိသူများအတွက် ကျွန်ုပ်တို့၌ ထိုသူတို့ အတွက် တာဝန်ရှိကြောင်း သတိရဖို့လိုပါသည်။ ထို့အပြင် စိတ်အားဖြင့် ဆုတောင်းခြင်းနှင့် ဝတ်ပြုခြင်းနှင့်ဆိုင်သော ဆုတောင်းမေတ္တာအားရွတ်ဆိုခြင်း၊ တရားအားထုတ်ခြင်း၊ မစ္ဆားတရားတော်မြတ်နာယူခြင်းများသည် အသင်းတော်ကြီး၏ အရေးကြီးဆုံးနှင့် အထွတ်အထိပ်၊ဇစ်မြစ်ဖြစ်သလို ကိုယ်တော်မြတ် ဖူးမြော်ခြင်း၊ ဘုရားသခင်၏နှုတ်တော်ထွက် စကား တော်များအား ပြန်လည်စဉ်းစားဆင်ခြေသတိရခြင်း၊ သူတော်စင်တို့ဘဝအားလုံးကို စောက်ရှောက် ကာကွယ်ပေးသူ၊ စံပြမိခင် ဘုရား၏ မယ်တော်အား သဒ္ဒါကြည်ညိုခြင်း၊ ဝိညာဉ်ရေးရာ ဥပုဒ်တရားများ နာယူခြင်း၊ ပြန်လည်သင့်မြတ်ခြင်းနှင့်ဆိုင်သော အာပတ်ဖြေခြင်း စက္ကရမင်းတူးကို မကြာခဏခံယူခြင်း၊ ဒီအချက်များသည် ယုံကြည်ခြင်းသာသနာပြု အသင်းဂိုဏ်းဝင် တစ်ဦး၏ပုဂ္ဂိုလ်ရေးအရ သစ္စာရှိစွာ ထမ်းဆောင်ရမည့် အရာများအဖြစ် ညွှန်ပြနေပါသည်။

#Missionaries of Faith (MF)