Missionaries of St. Paul Sisters MSP

#သာသနာပြုစိန့်ပေါလ်သီလရှင်များအသင်းဂိုဏ်း၏သမိုင်းအကျဉ်း
#သာသနာပြုစိန့်ပေါလ်သီလရှင်များ

သာသနာပြုစိန့်ပေါလ်သီလရှင်များအသင်းဂိုဏ်းအား အဖကာဒီနယ်ချားလ်စ်ဘို မှ ၁၉၉၀ ခုနှစ် မေလ(၂၅) ရက်နေ့တွင်တည်ထောင်ခဲ့သည်။ ထိုအချိန်က လားရှိုးသာသနာတွင် မြောက်များစွာသော ဝိညာဉ်များသည် ခရစ်တော်၏ သတင်းကောင်းအား ဆာငတ်တောင်းတနေကြသော်လည်း ရဟန်း၊ သူတော်စင်များ လုံလောက်စွာ မရှိခြင်း၊ အထူးသဖြင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းကြောင့် ရဟန်းတော်များ အရောက်နည်းသော နေရာဒေသများသို့ သွားရောက်သာသနာပြုရန်အတွက် တည်ထောင်ခဲ့ခြင်းဖြစ်သည်။

အသင်းဂိုဏ်းတည်ထောင်သူ အဖကာဒီနယ်ချားလ်စ်ဘိုသည် သာသနာပြု စိန့်ပေါလ်သီလရှင်များအသင်းဂိုဏ်အား အမိအသင်းတော်အတွင်း သူတော်စင်ဂိုဏ်းများ တည်ထောင်ရာ အခြေခံစည်းမျဉ်း ဥပဒေနှင့်အညီ ဖွဲ့စည်းပေးခဲ့ပြီး အမျိုးသား (၁) ဦးနှင့် အမျိုးသမီးငယ် (၇) ဦးတို့ဖြင့် အစပြုခဲ့သည်။ အသင်းဂိုဏ်း၏ ဆောင်ပုဒ် (Motto) မှာငါရေငတ်သည်” “I Thirst” (John 19:18) ဟူသော ကျမ်းပိုဒ်ဖြစ်ပြီး ခရစ်တော်ရှင်မြတ်အား အတုယူကာ ဝိညာဉ်များကို ဆာငတ်ရှာဖွေလျှက် လူသားတို့၏ဝိညာဉ်ကယ်တင်ရေးအတွက် ဟောပြောသက် သေခံရန်ဖြစ်သည်။ အသင်းဂိုဏ်း၏ Charism မှာ Ad Gentes ဖြစ်ပြီး စိန့်ပေါလ်နည်းတူ ယေဇူးခရစ်တော်ဘုရားအား လုံးဝမသိရှိ၊ မကြားဖူးသေးသော ပုဂ္ဂိုလ်များနှင့် ခရစ်တော်ဘုရားအား လုံလောက်စွာမသိရှိသေးသော ပုဂ္ဂိုလ်များအတွက်၊ လူတန်းစားမပြည့်မှီသော ဆင်းရဲသားများ၊ ရဟန်းတော်များရောက်ရှိမှုနည်းသော နေရာဒေသများတွင် ဧဝံဂေလိတရားတော်မြတ်ကို ဟောပြောသက်သေခံရန်၊ သာသနာနယ်မြေသစ်များ ကွင်းဆင်းဖော်ထုတ်ရန်အတွက်ဖြစ်သည်။

ဦးစားပေးသောဒေသများမှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောကြောင့် ရဟန်းတော်များအရောက်နည်းသော ဒေသများနှင့်သာသနာပြုလုပ်ငန်းများစတင်လုပ်ဆောင်ရန်လိုအပ်နေသော နေရာများ၌ ဦးစားပေးလုပ်ဆောင်ရန်ဖြစ်သည်။

သာသနာပြုစိန့်ပေါလ်သီလရှင် အသင်းဂိုဏ်းဝင်များသည် ခရစ်တော်ယေဇူး၏ လူ့ဘဝသက်တော်စဉ်ကို စံထားကျင့်ဆောက်တည်ခြင်းဖြင့်၎င်း၊ စိန့်ပေါလ်၏ ဘ၀ကျင့်စဉ်ကို အတုယူကျင့်ဆောက်တည်ခြင်းဖြင့်၎င်း၊ အထူးသဖြင့်ခရစ်တော်၏ သတင်းကောင်းကို ဝေမျှရာ၌ မလျော့သောဇွဲ၊ လုံ့လနှင့် ဂရုဏာကိုအခြေခံကာ ကျင့်ဆောက်တည်ကြလျှက် ဟောပြောသက်သေခံကြရသည်။ နေရာဒေသမရွေး၊ အသားအရောင်မခွဲခြား၊ လူမျိုးဓလေ့ထုံးစံများ၊ အယူဝါဓဒကွဲပြားမှုများကို အရေးမထားဘဲ သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ရန်ဖြစ်သည်။

အသင်းဂိုဏ်းစတင် တည်ထောင်စဉ်က အဖကာဒီနယ် ချားလ်စ်ဘိုကိုယ်တိုင် မိလိုတစ်မျိုး၊ ဖလိုတစ်ဖုံ အသင်းဂိုဏ်းလေးအား အနီးကပ်ပြုစုပျိုးထောင်ပေးခဲ့သည်။ နေ့စဉ်နံနက် ၄း၃၀တွင် အိပ်ယာထရန် လက်ခုပ်တီးပြီး သခင်ဘုရားအား ချီးမွမ်းခြင်းမှအစပြု၍ ညရှစ်နာရီတိတိတွင် Studies စောင့်ပေးပြီး ညမေတ္တာဖြင့် နေ့၏တစ်ရက်တာကို ဘုရားသခင်အား ကျေးဇူးတင်ရန်အထိ လမ်းညွှန်ဦးဆောင်ပေးခဲ့သည်။ အလုပ်လုပ်ရာ၌၎င်း၊ သန့်ရှင်းရေးတို့၌၎င်း၊ စားသောက်ရာ၌၎င်း၊ အနီးကပ်ပါဝင်လုပ်ဆောင်ကာ သွန်သင်ပေးခဲ့သည်။ တစ်ပတ်လျှင်တစ်ကြိမ် စိန့်ဂျိုးဇက်သီလရှင် အသင်းဂိုဏ်းမှ Sr. Regina Kyi(SJA)  မှလာရောက်ကူညီ ကြည့်ရှုပေးခဲ့သည်။ အင်္ဂလိပ်စာသင်ကြားပေးသည်။ ထိုအချိန်က စိန့်ပေါလ် ကျောင်းသူ/ကျောင်းသားများအား အနီးကပ်ကူညီပြုစုပေးသော အခြားပုဂ္ဂိုလ်များမှာ ဓမ္မဆရာ ဦးဂျုံးနှင့်သူ၏ဇနီးဒေါ်မေရီတို့ဖြစ်ပြီး ချက်ပြုတ်ရေးတွင် ပါဝင်ကူညီပေးခဲ့ကြသည်။

ခရစ္စမတ်နှင့် ပါစကားကာလများတွင် ဆရာတော်နှင့်အတူ နယ်လှည့်ခရီးစဉ်၌ပါဝင်ကြရပြီး တစ်ရွာဝင်တစ်ရွာထွက် ခြေလျင်ဖြင့်သာ ခရီးနှင်ခဲ့ကြသည်။ ကျောင်းသူလေးများသည် ဆာလောင်မှု၊ မောပန်းမှုဒဏ်ခံရသော်လည်း စိန့်ပေါလ် စိတ်ဓာတ်အပြည့်ဖြင့် အပြုံးမပျက် သီချင်းဆိုနိုင်ခဲ့ကြသည်။ တစ်ခါတစ်ရံ ခရီးကြမ်းလွန်းသောကြောင့် အခက်အခဲများကြုံတွေ့ရသည်။ ဤသို့သာသနာ ခရီးကြမ်းတမ်းမှုကို အံတုရင်း ဖာသာရ်ချာလှီ(SDB) မှရေးစပ်သီကုံးခဲ့သော “ရဲရဲတောက်စိန့်ပေါလ်” သီချင်းအား သာသနာနယ်လှည့်ခရီးတွင် အားပါးတရသီဆိုကြခြင်းဖြင့် မမောနိုင်၊ မပမ်းနိုင် စိတ်ဓာတ်တက်ကြွခဲ့ကြသည်။

တစ်ရက်ထက်တစ်ရက် များပြားလာသော ဝင်လိုသူများကြောင့် နေရာထိုင်ခင်းများခက်ခဲလာခဲ့သည်။ စားဝတ်နေရေး ခက်ခဲမှုများရင်ဆိုင်ရချိန် ၁၉၉၁ မေလတွင် စစ္စတာရ်ယူဂျေနီသည် ဂရုဏာရေးသီလရှင် အသင်းဂိုဏ်းမှ စိန့်ပေါလ်အသင်းဂိုဏ်း သို့ဝင်ရောက်လာကာ ဆရာတော်နှင့်လက်တွဲပြီး အသင်းဂိုဏ်းကို ကူညီပြုစုပျိုး ထောင်ခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် ဆပ်ဖြေခြင်းသီလရှင်အသင်းဂိုဏ်းမှ စစ္စတာရ် မာရီးယားချောင်နော ရောက်ရှိလာပြီး ကျောင်းသူလေးများအား အနီးကပ်ကြည့်ရှုပေးနိုင်ခဲ့သည်။ ထိုအချိန်တွင် Novitiate နှင့် Aspirantate ဟူ၍ခွဲခြားလိုက်ပြီး စစ္စတာရ်ယူဂျေနီမှ Novices များ၊ စစ္စတာရ်မာရီးယားချောင်နောမှ Aspirants များကို အနီးကပ်ကြည့်ရှုပေးခဲ့ကြသည်။

အသင်းဂိုဏ်သည် အခက်အခဲများကြား၌ ရုန်းကန်ရင်း ၁၉၉၄ ခုနှစ်၊ ဇွန်လ (၂၉) ရက်နေ့တွင် အသင်းဂိုဏ်း၏ ကနဦးအဖွဲ့ဖြစ်သည့် ကိုရင်တစ်ပါး၊ သီလရှင် (၇) ပါးတို့ ပထမယာယီဂတိသစ္စာခံယူခဲ့ကြသည်။ ထိုနှစ်မှာပင် Communities များစတင်ဖွင့်လှစ်ခဲ့သည်။

အသင်းဂိုဏ်းသည် ဝိညာဉ်တော်ဘုရား၏ လမ်းညွှန်ပေးမှုနှင့်အတူ စမ်းသပ်ချိန်ကာလအပိုင်းကို ဆက်လက်လျှောက်လှမ်းလာခဲ့ရာ အရည်အချင်းနှင့်အတူ အရေအတွက်ပါ နှစ်ဖက်နှစ်ဝဒွန်တွဲတိုးတက်လာခဲ့သည်။ ထိုသို့ အဘက်ဘက်မှ တိုးတက်လာသော အသင်းဂိုဏ်းအတွက် မမျှော်လင့်သော ပြောင်းလဲမှုကြီးကို ဦးစွာရင်ဆိုင်ခဲ့ကြရသည်။ အကြောင်းမှာ အသင်းဂိုဏ်းတည် ထောင်သူဖခင်ကြီးသည် ၁၉၉၆ ခုနှစ် သြဂုတ်လ (၂၅) ရက်နေ့တွင် ပုသိမ်ဂိုဏ်း အုပ်ဆရာတော်အဖြစ် ပြောင်းရွေ့လိုက်ခြင်းပင်ဖြစ်ပါသည်။ ဖူးပွင့်စနုနယ်လှသေးသော အသင်းဂိုဏ်းအတွက် စိုးရိမ်တုန်လှုပ်စရာဖြစ်လာခဲ့ရသည်။ ၁၉၉၈ ခုနှစ်၊ အောက်တိုဘာလ (၄) ရက်တွင် ဆရာတော်ဖိလစ်ဇဟောင်းအား လားရှိုးသာသနာ၏ ဂိုဏ်းအုပ်ဆရာတော်အဖြစ် တင်မြှောက်ခြင်းခံခဲ့ရပြီး၊ အသင်းဂိုဏ်းအား ဆရာတော်ဖိလစ်နှင့် လားရှိုးသာသနာရှိ ရဟန်းတော်တစ်ချို့မှ ဆက်လက်ကြည့်ရှုပေးရသည်။ အသင်းဂိုဏ်းသည် ပြည့်ဝသောထောက်ခံအား ပေးမှု၊ သင့်လျော်သော အားပေးလမ်းညွှန်ပေးမှုနှင့်စောင့်ကြပ်ကြည့်ရှုမှုများ လုံလောက်စွာမရရှိခဲ့သော်လည်း အသင်း ဂိုဏ်းရပ်တည်နိုင်ရန် ဆက်လက်ကြိုးစားခဲ့ကြသည်။

အသင်းဂိုဏ်းအတွင်း စားဝတ်နေရေးပြဿနာဖြေရှင်းရန် ပိုမိုခက်ခဲလာခြင်းကြောင့် ဝင်လိုသူများအား ကန့်သတ်ချက်ဖြင့်လက်ခံရန်ဖြစ်လာခဲ့သည်။ အသင်းဂိုဏ်း၏ရှေ့ရေးအတွက် ရင်လေးစရာဖြစ်လာခဲ့ရသည်။ ထို့အပြင် ၂၀၀၂ ခုနှစ်၊ ဧပြီလ(၃) ရက်တွင်ဂိုဏ်းတည်ထောင်သူ အဖကာဒီနယ်ချားလ်စ်ဘိုအား မန္တလေးဂိုဏ်းချုပ်သာသနာ၏ Apostolic Administrator အဖြစ်ဖြင့်ခန့်အပ်ခြင်းခံရပြန်သည်။ အခြေမကျသေးသော ဂိုဏ်းတည်ထောင်သူအတွက် မည်သို့မျှအသင်း ဂိုဏ်းလေးအား တာဝန်ယူစောင့်ရှောက်ရန်မဖြစ်နိုင်ပေ။ ထိုသို့ဖြင့် ၂၀၀၃ ခုနှစ်၊ မေလ (၂၄) ရက်နေ့တွင် အဖကာဒီနယ်ချားလ်စ်ဘိုအား ရန်ကုန်ဂိုဏ်းချုပ်သာသနာ၏ ဆရာတော်အဖြစ်တင်မြှောက်ခြင်းခံခဲ့ရပြန်သည်။

အခက်အခဲမျိုးစုံကြားထဲ၌ စိန့်ပေါလ်သီလရှင်များသည် ပိုမိုတိုးတက်အောင်မြင်လာသည်ကိုတွေ့ရှိရသည်။ ထို့နောက် Formation ပိုမိုရယူနိုင်ပြီး အသင်းဂိုဏ်းတည်ထောင်သူထံမှ တိုက်ရိုက်ဦးဆောင်လမ်းညွှန်မှု ခံယူနိုင်ရန်အတွက် သော်လည်းကောင်း၊ လိုအပ်သောပညာရေး၊ လူမှုရေး၊ ဝိညာဉ်ရေးသင်တန်းများကို တက်ရောက်နိုင်ရန်ရည်ရွယ်ပြီး ရန်ကုန်သာသနာရှိ သန်လျင်မြို့သို့ ဂိုဏ်း၏ဌာနချုပ်နှင့် Formation House ကိုပြောင်းရွှေ့ရန် စီစဉ်ခဲ့ကြသည်။ အပြောင်းအရွှေ့များပြုလုပ်ရန်ပြင်ဆင်ရင်း အခက်အခဲများရင်ဆိုင်နေရချိန် ၂၀၀၄ ခုနှစ် တွင် ဖရန်စစ္စကင်အသင်းဂိုဏ်းမှ စစ္စတာကြီးလူစီယာသန်းကြည်(FMM)၏ ပံ့ပိုးကူညီမှုဖြင့် သီလရှင်အပါး(၃၀)တို့သည် မိမိတို့၏ရာသက်ပန်ဂတိသစ္စာ အတွက် ရန်ကုန် (၇)မိုင်ရှိ ဆလေးရှင်းကျောင်းတွင် (၆) လတာပြင်ဆင်မှုများ ပြုလုပ်နိုင်ခဲ့သည်။ ၂၀၀၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေ့တွင်အသင်းဂိုဏ်း၏ ကနဦးရာသက်ပန်ရတိသစ္စာကို သီလရှင်(၂၉)ပါးမှ တာမွေ၊ စိန်ဖရန်စစ်အစီစီ ဘုရားကျောင်းတွင် ပြုလုပ်ခဲ့ကြသည်။

၂၀၀၅ ခုနှစ်၊ မေလတွင် လားရှိုမှသန်လျင်သို့ ပြောင်းရွှေ့လာခဲ့ပြီး သန်လျင်မြို့ရှိ ဂါလီလေဂေဟာသည် ပြုပြင်ဆဲဖြစ်သောကြောင့် အခြေချနေထိုင်ရန် မဖြစ်နိုင်သေးသောကြောင့်ရန်ကုန်မြို့ရှိ လားရှိုးသာသနာပိုင်တိုက်တွင်လည်းကောင်း၊နေရာထိုင်ခင်းခက်ခဲမှုကြောင့် မြန်မာနိုင်ငံသီလရှင်အဖွဲ့ချုပ်ပိုင် CRCM ၌လည်း ကောင်း၊ ထပ်မံပြောင်းရွှေ့နေထိုင်ခဲ့ကြရသည်။ စစ္စတာလူစီယားသန်းကြည်မှ ၂၀၀၅ ခုနှစ်တွင် ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။ စစ္စတာလူစီယားသန်းကြည်မှ ၂၀၀၅ မှ ၂၀၀၇ ခုနှစ်အထိ အသင်းဂိုဏ်းဆက်လက်ရှင်သန်တိုးတက်ရေးအတွက် ကူညီပံ့ပိုး ဦးဆောင်ခဲ့သည်။ စစ္စတာလူစီယာသန်းကြည်နှင့်လက်တွဲကာ စစ္စတာရ်ရိုမာနားမှ (၂၀၀၆-၂၀၀၇) တစ်နှစ်တာ ဦးစီးဦးဆောင်ခဲ့သည်။ စစ္စတာရ်လူစီယာသန်းကြည်(FMM)သည် စိန့်ပေါလ်အသင်းဂိုဏ်း၏ ရေသောက်မြစ်အား ပိုမိုအားကောင်းရှင်သန် ကြီးထွားနိုင်ရန် ရေလောင်းပေါင်းသင် ပေးခဲ့သောဥယျာဉ်မှုးကောင်းဖြစ်ပါသည်။ စစ္စတာရ်ကြီးသည် အသင်းဂိုဏ်း၏ တိုးတက်ရေးနှင့်တည်တံ့ရေးကို မျှော်ကိုးလျက် Formation ကိုကြပ်မတ်ဆောင်ရွက်ပေးခဲ့သည်။ ဝိညာဉ်ရေး၊ ပညာရေးတို့တွင် လမ်းညွှန်မှုများပေးခဲ့သည်။

Formation Team ကိုဖွဲ့စည်းပေးခြင်းနှင့် ပညာရေး၌ ခေတ်နှင့်အညီ တိုးတက်နိုင်ရန် သင်တန်းများတက်စေခဲ့သည်။ ၂၀၁၁ ခုနှစ်၊ ဇူလိုင်လတွင် MSP Novitiate အားပြင်ဦးလွင်မြို့သို့ ထပ်မံပြောင်းရွှေ့ခဲ့သည်။ ရည်ရွယ်ချက်မှာ အခြားအသင်းဂိုဏ်းဝင်မှ ဝင်လိုသူများနှင့် ဝိညာဉ်ရေး၊ ပညာရေးအသိပညာများ နှီးနှောဖလှယ်နိုင်ရန်နှင့် ပိုမိုကျစ်လစ်သော Formation အားပုံသွင်းပြုပြင် နိုင်ရန်အတွက်ဖြစ်သည်။

ယနေ့ထိ အသင်းဂိုဏ်း၏လျှောက်လှမ်းခဲ့သော (၂၉ )နှစ်တာ ခရီး အားပြန်သုံးသပ်မည်ဆိုလျှင် အပြောင်းအလဲများအမျိုးမျိုးကြား၊ အခက်အခဲအမျိုးမျိုး ကြားတွင်ဘုရားရှင်၏ ကောင်းမြတ်တော်မူခြင်းနှင့်ကျေးဇူးတော်များအား ရေတွက် မကုန်နိုင်အောင် တွေ့မြင်ရမည်ဖြစ်သည်။

ယခုလက်ရှိအချိန်ထိ ဖွင့်လှစ်ထားပြီး သာသနာအမှုတော်ကိုထမ်း ဆောင်လျှက်ရှိသော ကျောင်းတိုက်များမှာ ရန်ကုန်သာသနာတွင် (၄) ကျောင်း၊ ပုသိမ်သာသနာတွင် (၂) ကျောင်း၊ ဘားအံသာသနာတွင် (၃) ကျောင်း၊ ပြည်သာသနာ တွင် (၅) ကျောင်း၊ လားရှိုးသာသနာတွင် (၇) ကျောင်းနှင့် မြစ်ကြီးနားသာသနာတွင် (၃) ကျောင်း ဖွင့်လှစ် အမှုတော်ထမ်းဆောင်လျှက်ရှိကြသည်။ မန္တလေးသာသနာတွင် Novitiate ဖွင့်လှစ်လျှက်ရှိပြီး သာသနာတော် (၇) ခုတွင် ဆက်ကပ်လျှက်ရှိကြပါသည်။

#Motto              - ငါရေငတ်သည်။
#Charism           - ခရစ်တော်ကို လုံးဝမသိသေးသောသူများနှင့် လုံလောက်စွာ မသိသေးသောသူများထံသို့ ခရစ်တော်၏ သတင်းကောင်းအား တိုက်ရိုက် ဟောပြောသက်သေခံရန် ဖြစ်သည်။
#Vision- ရဟန်းတော်များအရောက်နည်းသော ဒေသများ၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ဝေးလံခေါင်းပါးသော ဒေသများသို့ သွားရောက်လျှက် ခရစ်တော်၏ သတင်းကောင်းအား ဟောပြောသက်သေခံရန်။
#Mission - လူသားအားလုံးကို ပြည့်၀သော နားလည်မှုနှင့် အထူးသဖြင့် ဆင်းရဲသားများ၊ အပယ်ခံလူတန်းစားနှင့် ရိုးရိုးသာမန်ပုဂ္ဂိုလ်များအပေါ်တွင် ခရစ်တော်၏ ချစ်ခြင်းမေတ္တာကို အခြေခံလျှက် ဖေးမကူညီရင်း အသက်ရှင်သော ခရစ်တော် အားသိရှိလက်ခံလာရန် ဘ၀နေထိုင်မှုပုံစံအားဖြင့် သက်သေခံ ရန်ဖြစ်သည်။

#Formation အဆင့်ဆင့်
#Aspirant: At least One Year (အနည်းဆုံးတစ်နှစ်)
#Postulant: One Year (တစ်နှစ်)
#Novitiate: Two Years (နှစ်နှစ်)

Sisters of St.Joseph of the Apparition

Sisters of St.Joseph of the Apparition

The Salesian Sisters (Myanmar) SDB

RNDM ကက်သလစ် သီလရှင်အသင်းဂိုဏ်း၏ အဆက်အသွယ်ဖြင့် အလှူရှင်များ၏ကရုဏာမေတ္တာ ပုံရိပ်များ

Good Shepherd Myanmar 

Sister of St.Joseph of the Apparition (SJA)

Good Shepherd Myanmar

Good Shepherd Myanmar

မိုင်းကိုးဇုံအတွင်းရှိ လူငယ်များ၊ ကောင်းသောသိုးထိန်းသီလရှင်များနှင့် ကိုအားဘာတို့သည် (19.9.2020) ရက်နေ့တွင်ရန်ကုန်ရွာဈေးနှင့် ကားလမ်းမတစ်လျောက်တွင် mask များပေးဝေခြင်း၊ ရှမ်း၊ လားဟူ၊ အာခါ၊ ဗမာဖြင့် သီဆိုထားသောCovid-19 အသိပညာပေးသီချင်းများဖွင့်လှစ်ခြင်း၊ Mask ကိုမည်သို့သုံးစွဲပုံများကို ရှင်းပြပေးခြင်းဖြင့် Covid-19 ရောဂါကာကွယ်ရေးအတွက် mask အခုရေ ၁၀၀၀ ကိုလူငယ်များ၏ရန်ပုံငွေဖြင့် ပေးဝေခဲ့ပါသည်။

Crd.

The profession of the Sisters of Reparation in Myanmar.မြန်မာပြည်ရှိ ဆပ်ဖြေခြင်းသီလရှင်အသင်းဂိုဏ်းမှ သီလရှင်များ၊ ယာယီသစ္စာနှင့် ရာသက်ပန်သစ္စာခံယူခြင်း

 

တောင်ငူသာသနာ၊ ဆပ်ဖြေခြင်းသီလရှင်အသင်းဂိုဏ်းမှ သီလရှင်များ ရွှေစင်ဂျူဘီလီခံယူခြင်း

တောင်ငူသာသနာ၊ ဆပ်ဖြေခြင်းသီလရှင်အသင်းဂိုဏ်းမှ ရွှေစင်ဂျူဘီလီရှင်များဖြစ်ကြသော 1. Mother Margarita Mudu Jean (ယာဒိုတိုက်နယ် ၊ကာပရုကျေးရွာ) 2.Mother Bibiana Hedwing(မောင်ဘလော့တိုက်နယ်၊ မောင်ဘလော့ကျေးရွာ)နှင့် 3.Mother Anastasia Brigid ( ကျေးကတော့တိုက်နယ်၊တောပုန်းအထက်ကျေးရွာ)တို့၏ ဂျူဘီလီကျေးဇူးတင်မစ္ဆားတရားတော်မြတ်ကို တောင်ငူထီးနီကုန်း၊ စိန့်ဂျွန်းကွန်ဗင့်သီလရှင်ကျောင်း၌ တောင်ငူသာသနာ၊ လက်ထောက်ဆရာတော်ကြီး ဂျွန်စောကောဒီမှ ဦးဆောင်ဦးရွက်ပြုကာ ရဟန်းတော်(၁၅)ပါးတို့ ပါဝင်တင်လှူပူဇော်ပေးခဲ့ကြပါသည်။

စိန့်ဂျိုးဇက်သီလရှင်များ၏ ချစ်ခြင်းမေတ္တာပြ ပုံရိပ်အချို့နှင့် လှုပ်ရှားမှုအချို့

Missionaries of St. Paul (သာသနာပြုစိန့်ပေါလ် အသင်းဂိုဏ်း) မှ ရဟန်းတော်သစ် Fr. Celestine Sa Tiwu သည် ၂၅.၁.၂၀၂၁ ရက်နေ့ နံနက် ၇း၃၀နာရီတွင် ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ် ဆရာတော်ကြီး ရဟန်းမင်းအမတ်ကာဒီနယ် ချားလ်စ်ဘိုနှင့် လက်ထောက်ဆရာတော် ဂျွန်စောယောဟန်၏လက်တော်မှ ထာဝရ ရဟန်းသိက္ခာတော်မြတ်ကို ခံယူခဲ့ပါသည်။Fr. Celestine Sa Tiwu သည် စိန်မေရီသာသနာ(မြွေဟောက်ချောင်း)၊ ကြက်ရိုးချောင်း​​ေကျးရွာမှ အဖ ပေါလူး မန်းတင်ဝင်း၊ အမိ အာနား ဒေါ်ချောတို့၏ သားသမီး (၅)ဦးအနက် တတိယမြောက်သားရတနာဖြစ်ပါသည်။ဘုရားရှင်ရွေးကောက်တော်မူသော ရဟန်းသစ်အတွက် ဘုရားရှင်အားကျေးဇူးတင်ရင်း ရဟန်းသစ်အား ဂုဏ်ပြုခြင်းနှင့်အတူ ဝိုင်းဝန်းကာဆုတောင်းပေးကြပါစို့။

သူတော်မြတ် ကားလို၏ သင်္ချိုင်းဂူအား အမြဲတန်းဖွင့်လှစ်ထားရန်ကြေငြာခြင်း

#May your soul rest in peace sister

Sr. ပြယ်ရီနာ, တင်မေလတ် (Sdp) သည် 96ပါးရောဂါ
ဖြင့် ၂၉.၈.၂၀၂၁၊ မနက် 5 30နာရီတွင် ဘုရားသခင်ပြန်လည်သိမ်းသွားပါသည်။