Missionary Servants of the Blessed Sacrament (MSBS)

 

မွန်မြတ်သောကိုယ်တော်မြတ် သာသနာပြုအစေခံ သီလရှင်များ

(Ancelle Missionarie del Santissimo Sacramento)

Missionary Servants of the Blessed Sacrament

နောက်ခံသမိုင်းအကျဉ်း     Fondress

မွန်မြတ်သောကိုယ်တော်မြတ် သာသနာပြုအစေခံသီလရှင်များ အသင်းဂိုဏ်းကို မာသာရ်ကက်သရင်းနာ ဇီခီးနီ တည်ထောင်ခဲ့သည်။မာသာရ်ကက်သရင်းနာသည် အီတလီနိုင်ငံ၊ ဗင်းနစ်မြို့၌ ၁၈၇၇ ခုနှစ်၊ မေလ ၂၄ ရက်တွင်ဖွားမြင်ခဲ့သည်။မိမိမွေးဖွားသည့်အချိန်သည် သာသနာပြုလုပ်ငန်း နိုးကြားတက်ကြွသည့် ကာလနှင့်ကိုယ်တော်မြတ်မင်္ဂလာတော်ဖူးမြော်ခြင်း အားအလွန်တန်ဖိုးထားမြတ်နိုးသည့်အချိန်ကာလ လည်းဖြစ်သည်။ထို့ကြောင့် ကိုယ်တော်မြတ်မင်္ဂလာတော်နှင့် သာသနာပြုခြင်းအတွက်ချစ်မြတ် နိုးခြင်း သည် မိမိနှလုံးသား၌ အမြစ်တွယ်ခဲ့ပြီး တိုးပွားများပြားလာခဲ့သည်။ အရွယ်ရောက်လာသောအခါ၌ သူမသည် ကိုယ်တော်မြတ်မင်္ဂလာတော်မှ တန်းခိုး စွမ်းအား၏ ပံ့ပိုးမှုကို ရဘူပြီး များစွာသော သာသနာပြုလုပ်ငန်းကို စတင်လာခဲ့သည်။ ၁၉၁၂ ခုနှစ်၌ မွန်မြတ်သော ကိုယ်တော်မြတ်မင်္ဂလာတော်ကို ရှိခိုးဝတ်ပြု နေစဉ် သာသနာပြုလုပ်ငန်းကို ကူညီပံ့ပိုးရန် ရည်ရွယ်သည့် အသင်းဂိုဏ်းတစ်ခု တည်ထောင်ရန် ခေါ်တော်မူခြင်းခံခဲ့ရသည်။၁၉၂၃ ခုနှစ်၊ မေလ ၃၁ တွင် အသင်းဂိုဏ်း ၏ ပထမဆုံးအသင်းဝင်များသည် အဖွဲ့အစည်း တစ်ခုအဖြစ် စုရုံးနေထိုင်ခဲ့သည်။ယခုမျာက်မှောက် တွင် မွန်မြတ်သောကိုယ်တော်မြတ် သာသနာပြု အစေခံသီလရှင်များ အသင်းဂိုဏ် (MSBS) အီတလီ နိုင်ငံ၊ကိုလန်ဘီယာနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ မြန်မာနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ နှင့် ဗီယက်နမ်နိုင်ငံများမှ သီလရှင် များ တည်ရှိနေပြီဖြစ်သည်။

“အသင်းတော်၏စင်္ကြာဝဋာနှင့်ဆိုင်သော သာသနာပြုလုပ်ငန်းအတွက် သင်တို့လည်း အစေခံဆက်ကပ် လိုကြပါသလား။”

အထူးကျေးဇူးတော်။   ။သာသနာတော်ပြုခြင်းဆိုင်ရာအသိပေးနှိုးဆော်ခြင်းနှင့်ပူးပေါင်းဆောင်ရွက်ခြင်း။

ကျွန်ုပ်တို့၏ သီလရှင်အသင်းဂိုဏ်းသည် သာသနာပြုစိတ်ဓာတ် တက်ကြွနိုးကြား လာခြင်းငှါ တိုက်တွန်းနှိုးဆော်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အသင်းတော်ကြီး၏ သာသနာပြုလုပ်ငန်းများ၌ ဝေမျှထမ်းဆောင်နေသည့် သီလရှင်အသင်းဂိုဏ်းတစ်ခု ဖြစ်သည်။အသင်းတော်၏ သာသနာပြုလုပ်ငန်း များသည် မိမိတို့၏ တာဝန်များပင် ဖြစ်ကြောင်းကို ခရစ်ယာန်များအားလုံးက သိမြင်လာကြရန်နှင့် သာသနာပြုလုပ်ငန်း၌ ပူးပေါင်း ဆာင်ရွက်ခြင်းငှါ တိုက်တွန်းအားပေးရန် ရည်ရွယ်၍ ကျွန်ုပ်တို့သည် မိမိတို့၏ဘဝ အသက်ရှင်နေထိုင်ခြင်း၊ ဆုတောင်းခြင်းနှင့် တမန်တော်လုပ်ငန်းများ လုပ်ဆောင်ခြင်းဖြင့် သက်သေခံနေကြပါသည်။

ဤရည်ရွယ်ချက်များကိုချမှတ်ထားရှိ၍ ကျွန်ုပ်တို့၏လုပ်ဆောင်ချက်များကား*****သာသနာပြုခြင်းနှင့် သာသနာပြုပုဂ္ဂိုလ်များအတွက် ကျွန်ုပ်တို့၏ ဆုတောင်း မေတ္တာများ၊အစေခံဆက်ကပ်ခြင်းများ၊ အနစ်နာခံခြင်းများအားဖြင့် ပံ့ပိုးကူညီခြင်း။သာသနာပြုခြင်းဆိုင်ရာ ပြင်ဆင်လမ်းညွှန်မှုပေးခြင်း၊ အသိပညာပေးခြင်း၊ ဘာသာတရား အခြေခံအယူဝါဒသွန်သင်ပေးခြင်းဖြင့် တက်ကြွလှုပ်ရှားသော အမာခံ သာသနာပြုများ ဖြစ်လာနိင်ကြရန်ပုံသွင်းခြင်း။

-တိုက်နယ်(သာသနာအုပ်စု)ထဲ၌ သာသနာတော်အတွက် ဆက်ကပ်အမှုတော် ဆောင်ခြင်းအားဖြင့် သက်သေခံအသင်းတော်နှင့် ကမ္ဘာတစ်ဝန်းလုံးနှင့်ဆိုင်သော အသင်းတော်ကြီးအတွက် ပူးပေါင်းဆာင်ရွက် ခြင်း။သာသနာပြုလုပ်ငန်းအတွက်မိသားစုတို့၏ဆုတောင်းမေတ္တာပို့သခြင်းကျင့်စဉ်အားစည်းရုံးမြှင့်တင်ပေးခြင်း။(သာသနာပြုအဖွဲ့အစည်း အသီးသီးများ နှင့် ယုံကြည်ခြင်းပြန့်ပွားရေးအသင်းဖွဲ့စည်းပုံနှင့် ညီညွှတ်ပေါင်းစည်းထားသော ရဟန်းမင်းကြီးဆိုင်သော သာသနာပြုအသင်းများ (PMS)အပြည်ပြည် ဆိုင်ရာသာသနာပြုလုပ်ငန်း မြှင့်တင်ရေးဗဟိုဌာန(CIAM) ရောမမြို့ရှိ စိန့်ပီတာကောလိပ် (Collegio San Pietro) နှင့် အခြား သာသနာပြုလုပ်ငန်းများ၌ ပူးပေါင်းဆောင်ရွက်ခြင်းနှင့်အစေခံ ခြင်း။လူ့ဂုဏ်သိက္ခာ နှင့် လူမှုဘဝ တိုးတက်ကောင်းမွန်ရေး အားမြှင့်တင်ရေး နှင့် ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ စည်းရုံး လုပ်ဆောင်ခြင်းများ ဆက်ကပ် ထမ်းဆောင်ခြင်း။ လူ့ဂုဏ်သိက္ခာနှင့် လူမှုဘဝ တိုးတက်ကောင်းမွန်ရေး အားမြှင့်တင်ရေးနှင့် ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ စည်းရုံးလုပ်ဆောင်ခြင်းးများ ဆက်ကပ် ထမ်းဆောင်ခြင်း။

ဝိညာဉ်ရေးကျင့်စဉ်

ကိုယ်တော်မြတ်မင်္ဂလာတော်အားဖြင့်သာသနာပြုခြင်း။
ကျွန်ုပ်တို့၏သူတော်စင်ဘဝသက်တာ တစ်ခုလုံးကိုစိမ့်ဝင်ပျံ့နှံ့စေသောကျင့်စဉ်သည်ကား ကိုယ်တော် မြတ်မင်္ဂလာတော်အားဖြင့် သာသနာပြုခြင်း ဝိညာဉ်ရေး ကျင့်စဉ်ပင် ဖြစ်ပါသည်။ မွန်မြတ်သော ကိုယ်တော်မြတ်မင်္ဂလာတော်ကို ချစ်မြတ်နိုးခြင်းသည် သာသနာပြု လုပ်ငန်း အတွက် ထားရှိသည့် ကျွန်ုပ်တို့၏ ချစ်ခြင်းမေတ္တာအရင်းအမြစ်ဖြစ်သည်။ ကိုယ်တော်မြတ် မင်္ဂလာတော်၌ သခင်ယေဇူး၏ မိမိကိုယ်ကိုပေးဆပ်သည့် ချစ်ခြင်းမေတ္တာသည် ကျွန်ုပ်တို့၏ တမန်တော်လုပ်ငန်းနှင့် သာသနာပြုခြင်း စွမ်းအား အရင်းအမြစ်ဖြစ်ပြီး အသင်းတော်ကြီး၏ စကြဝဠာနှင့်ဆိုင်သော သာသနာပြုခြင်း၏ အကျိုး ရလဒ်အတွက် အရာအားလုံးကိုထမ်းဆောင်ရန် ကျွန်ုပ်တို့ကို အဆင်သင့်ဖြစ်စေကာ ကျွန်ုပ်တို့၏ ပျော်ရွှင် ခြင်းနှင့် ဒုက္ခဝေဒနာခံခြင်းများတို့ကို ပူဇော်နိုင်ရန် ခွန်အား ပေးပါသည်။

ကိုယ်တော်မြတ်မင်္ဂလာတော်သည် ကျွန်ုပ်တို့အား ဘဝပြောင်းလဲခြင်းခရီးကို လျှောက်လမ်းကြရန် နှင့် မိမိတို့၏ ညီအစ်ကိုမောင်နှများတို့အား သနားကြင်နာစွာ တန်ဖိုးထားဆက်ဆံကြရန် အမြဲတမ်းဖိတ်ခေါ် နေပါသည်။ကျွန်ုပ်တို့အား ခရစ်တော် ဘုရားရှင်နည်းတူ ကိုယ်တော်မြတ်မုန့်တော်အဖြစ်အသွင်ပြောင်းလဲခြင်းကို ခံယူ၍ လူသားအားလုံးအတွက် ကောင်းကြီးပေးခံရခြင်း၊ချိုးဖဲ့မှုခံရခြင်းနှင့် ဝေမျှခြင်းခံရခြင်းတို့ကို ကြည်ဖြူ လက်ခံကြရန်ဖိတ်ခေါ်နေပါသည်။

ကိုယ်တော်မြတ်မင်္ဂလာတော်သည် ကျွန်ုပ်တို့အား ညီရင်းအစ်ကိုများအဖြစ်နေထိုင်နိုင်ခြင်းငှါလိုအပ်သည့် ပါရမီများဖြစ်သော စွန့်လွှတ်ပေးဆပ်သည့် ချစ်ခြင်းမေတ္တာ၊နှိမ့်ချခြင်းနှင့် သနားကြင်နာခြင်းတို့၏ ပြည့်စုံသောစံနမူနာကိုပေးပါသည်။

မြန်မာနိုင်ငံသို့ အသင်းဂိုဏ်းရောက်ရှိလာခြင်း

လွိုင်ကော်ကက်သလစ်သာသာနာဂိုဏ်းအုပ်ဆရာတော် ဆိုတေးရိုဖားမော၏ ဖိတ်ခေါ် ခွင့်ပြုချက်ဖြင့် ၂၀၀၄ ခုနှစ်တွင် သာသနာမှ အမျိုးသမီး () ဦး ဖိလိပိုင်နိုင်ငံသို့ သီလရှင်ဖြစ်ရန် သွားရောက်လေ့လာခဲ့ ပြီးနောက် ၂၀၁၅ ခုနှစ်တွင် အသင်းဂိုဏ်း၏ ပထမဆုံး တမန်တော်လုပ်ငန်းကို lay volunteers အကူညီ ဖြင့် လွိုင်ကော်သာသနာ ထေးငှါးလျား ကျေးရွာ တွင် အကူညီလိုအပ်နေသော ကလေးငယ်များအတွက် ဘော်ဒါဆောင်ငြိမ်းချမ်းလမ်းဂေဟာစတင်ခဲ့ပါသည်။၂၀၁၈ ခုနှစ်တွင် မြန်မာပြည်တွင် သီလရှင် (၃) ပါးပြန်လည်နေထိုင်ပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီလ တွင် သီလရှင် (၆) ပါးဖြင့်ဖွဲ့စည်းထားသော Padre Luigi Fizzotti Community ကို လွိုင်ကော်မြို့၊ ကယားပြည်နယ် တွင် စတင်ဖွင့်လှစ်ကာ လွိုင်ကော်သာသနာ တွင် ဒေါဥခူ တိုက်နယ်နှင့် လွိုင်ကော်တိုက်နယ်တို့ တွင် ပါဝင်ဆက်ကပ်လျက်ရှိပါသည်။  မြန်မာနိုင်ငံတွင် လေ့လာသူအဆင့်ကိုတာဝန်ယူ လက်ခံပေးနေပါသည်။ကျန်သော Formation အဆင့်များအားလုံးကိုဖိလိပိုင်နိုင်ငံတွင်အခြေစိုက်နေသောSt. Francis Xavier Delegation – MSBS Asian Delegation မှ Formation programs များတာဝန်ယူ ကာလုပ်ဆောင်ပေးပါသည်။ 

မွန်မြတ်သော ကိုယ်တော်မြတ်သာသနာပြုအစေခံသီလရှင်ဖြစ်ရန် အဆင့်များ

 

   ၁။လေ့လာသူအဆင့် (Search-in )

 ၂။ဝင်လိုသူအဆင့် (Aspirancy)

 ၃။တေဆာင်းခံသူအဆင် (Postulancy)

 ၄။သီလရှင်လောင်းအဆင့် (Novitiate)

 ၅။ယာယီသစ္စာခံယူသောအဆင့် (Juniorate)

**ကျွန်ုပ်တို့နှင့်အတူလက်တွဲလို့ မွန်မြတ်သောကိုယ်တော်မြတ်သာသနာပြုအစေခံတစ်ဦးဖြစ်ကြပါစို့။

***မွန်မြတ်သောကိုယ်တော်မြတ်သာသနာပြုအစေခံသီလရှင်များအသင်းဂိုဏ်းကို စိတ်ဝင်စားကြပါက

အသက် (၁၈) နှစ်မှ (၃၀) နှစ်ရှိအမျိုးသမီးများတို့သည် အောက်ပါ လိပ်စာကို ဆက်သွယ်နိုင်ပါသည်။

                                                                          Sr. Pansy,MSBS (Superior)

                                                    န/၁၅၈၊ လမ်း၊ နောင်ယား (က) လွိုင်ကော်မြို့၊ ကယားပြည်နယ်

                                                                 CP # 09798476718, 09799092334