Sisters of Charity of St. Vincent de Paul of Palermo (SV)

  

#Sisters of Charity of St. Vincent de paul (S✝V)

#စိန့်ဗင်းဆင်းဒီပေါလ်၏ ကရုဏာရေးသီလရှင်အသင်းဂိုဏ်း။

#အသင်းဂိုဏ်းစတင်တည်ထောင်သူ။

သူ့ကို ဖေဖော်ဝါရီ လ (၅) ရက်၊ သက္ကရာဇ် ၁၈၀၀ တွင် စစ္စလီကျွန်း၏ မြို့တော် ပါလဲမို၌ ဖွားမြင်ခဲ့သည်။ မောင်နှမ

ခြောက်ယောက်အနက် အငယ်ဆုံးသားဖြစ်သည်။ သူ၏ အကြီးဆုံးအစ်ကိုမှာ ငယ်စဉ်ကပင် သေဆုံးသွားခဲ့သည်။

သူငါးနှစ်သားအရွယ်မှာပင် သူ၏ မိခင်မှာ ဆုံးပါးသွားပြန်သည်။ ထိုကြောင့် ရဲတိုက်ကြီးတွင် အစ်မ (၄) ယောက်နှင့်

သူသာ ကျန်ရစ်ခဲ့လေသည်။ သူ၏အမည်မှာ Francesco Paolo Gravina (ဖရန်စစ္စကို ပေါလူး ဂရာဗီနား)ဖြစ်သည်။

စစ္စလီနှစ်ပြည်ထောင်၏ နောက်ဆုံးမင်းသားဖြစ်၏။

ချမ်းသာကြွယ်ဝသော်လည်း ပျော်စရာဘဝကို သူမပိုင်ဆိုင်ရပါ။ အမကြီးသုံးယောက် St. Catharine သီလရှင်ဂိုဏ်းသို့

ဝင်ကာ သီလရှင်အသီးသီးဖြစ်သွားလေသည်။ ခမ်းနားလှသော ရဲတိုက်ကြီးတွင်တော့ သူနှင့်အစ်မငယ်လေးသာ

ကျန်ခဲ့လေသည်။ အမငယ်လေးအိမ်ထောင်ပြုသွားသောအခါ သူသည်ပျော်စရာကင်းမဲ့၍ ခြောက်သွေ့သော

ဘဝကိုရင်ဆိုင်ရလေသည်။

မကြာပါ။ သူအားနှစ်သိမ့်မှု့ကိုပေးစွမ်းနိုင်သူဟု ထင်ခဲ့သော မင်းသမီးလေးတစ်ပါးနှင့် ဆုံဖြစ်ကြလေသည်။

သူမကား နာပိုလီမင်းသမီး မာရီယာနီကောလတ်တားဖီလန်ဂျဲရီ ဖြစ်သည်။ သူအသက် (၁၉) နှစ်အရွယ်တွင်

ထိုမင်းသမီးနှင့် ထိမ်းမြား လက်ထပ်ခဲ့လေသည်။ လက်တွေ့မှာမူကား သူထင်ထားသည်နှင့် တလွဲဖြစ်နေ၏။ သူတို့၌

သားသမီးမထွန်းကားသည့်အပြင် ဇနီးသည်မှာ အခြားမင်းသားတစ်ပါးနှင့်ပင် ဖောက်ပြန်နေသေးသည်။ ဤသို့ဖြင့်

အချစ်ကင်းမဲ့သော ခြောက်သွေ့လှသည့် ထိုအိမ်ထောင်ရေးကို ဆယ်နှစ်တိတိ ဖြတ်သန်းခဲ့လေသည်။ ထို့နောက်သူသည်

ဇနီးသည်နှင့်ကွာရှင်းလိုက်ကာ ဘဝသစ်တစ်ခုကို စတင်လိုက်လေသည်။

သူ၏ ကရုဏာရေး လုပ်ငန်းကို မျက်စိမမြင်သော ဆင်းရဲသည့် မိဘမဲ့ ကလေးမလေးတစ်ဦး နှင့်စတင်ခဲ့လေသည်။

သူမကို သူ၏ရဲတိုက်သို့ခေါ်ဆောင်လာကာ ကောင်းမွန်စွာ ကျွေးမွေးစောင့်ရှောက်ခဲ့လေသည်။ ထို့နောက် သူသည် ပါလဲမို

တစ်မြို့လုံးသို့ လှည့်လည်ကာ ဆင်းရဲသား၊ နေစရာမရှိသူအပေါင်းတို့အား သူ၏ရဲတိုက်သို့ ခေါ်ဆောင်လာခဲ့လေသည်။

ထိုသူတို့အား အတက်ပညာများသင်ကြားပေးကာ ဘဝကို သမာအာဇီဝရှိသော အလုပ်များလုပ်ကိုင်စေပြီး

ရပ်တည်ခိုင်းလေသည်။

ထိုအလုပ်များလုပ်ရာတွင် သူတစ်ယောက်တည်းတော့မဟုတ်။ ပါလဲမိုမြို့မှ အမျိုးသမီးအချို့သည် သူ၏ ကရုဏာရေး

လုပ်ငန်းများတွင် အားတက်သရော ပါဝင်ကူညီကြလေသည်။ ထိုအမျိုးသမီးများနှင့် စတင်ကာ Sr of Charity of St.

Vincent de Paul ပေါ်ပေါက်လာခဲ့သည်။ အသင်းဂိုဏ်းကို Gravina (palagonia) မင်းသားသည် ၁၈၃၇ တွင်

 

စတင်တည်ထောင်ခဲ့သည်။ ရဟန္တာ ဗင်းဇင်းဒီပေါလ်၏ ဝိညာဉ်ရေးလမ်းစဉ်ကို ယူကာ ကရုဏာရေးလုပ်ငန်းများကို

လုပ်ကိုင်စေသည်။

သူ၏ရဲတိုက်တွင် နေထိုင်ကြသော ဆင်းရဲသာများ၊ အပယ်ခံလူတန်းစားတို့အား လက်မှု့အတက်ပညာများကို

သင်ယူစေပြီး သမာအာဇီဝဖြင့် စီပွားရှာတက်ရန်သင်ကြားပေးလေသည်။ ၁၈၃၇ခုနှစ် တွင် ပါလဲမို၌

ကြောက်စရာကောင်းလှသော ကပ်ရောဂါ ဖြစ်ပေါ်လာလေသည်။ ထိုရောဂါဖြင့် မြို့ပေါ်တွင် သေဆုံးသူများမှာ

နေ့စဉ်နှင့်အမျှ တိုးပွားလာခဲ့သည်။ ဆင်းရဲသားအပေါင်းတို့ မှီခိုရာ gravina မင်းသား၏ ရဲတိုက်တွင်လည်း

သေဆုံးသူများမှာ ပုံနေလေသည်။ လူအများစုသည် မြို့တော်ကိုစွန့်ကြကာ ရောဂါကင်းဝေးရာသို့

ပြောင်းသွားကြသော်လည်း မင်းသားမှာ မြို့တွင်ကျန်ရစ်ကာ သူ၏သီလရှင်များနှင် ကရုဏာရေး အလုပ်များကို

ဆက်လက်လုပ်ကိုင်ခဲ့သည်။ ရောဂါဖြစ်နေသူများကို လိုက်လံပြုစုရင်း ၁၈၅၄ ခုနှစ် ဧပြီလ ၁၅ ရက်နေ့တွင်

ထိုရောဂါဖြင့်ပင် ကွယ်လွန်ခဲ့သည်။

 

 

 

#စိတ်ဝင်စားစရာ သီလရှင်အသင်းဂိုဏ်းရာဇဝင်။

မင်းသားသည် သီလရှင်ဂိုဏ်းကို စတင်တည်ထောင်ရာ၌ ပါလဲမိုမြို့ တစ်ခုတည်းအတွက်သာ ရည်ရွယ်ခဲ့လေသည်။

ထို့ကြောင့် အသင်းဂိုဏ်းဝင် သီလရှင် အယောက် ၃၀ သာ ထားခဲ့သည်။ ယခင်က သီလရှင်ဖြစ်လိုသူများသည်

ထိုအရေအတွက် ကန့်သတ်ချက်ကြောင့် အသင်းဂိုဏ်းထဲသို့ ဝင်ခွင့်မရခဲ့ကြ။ ယခုမူ ထိုအရေအတွက် ကန့်သတ်ချက်အား

ပယ်ဖျတ်ခဲ့ပြီးဖြစ်သည်။

ဤသီလရှင်အသင်းဂိုဏ်းသည် စိန့်ဗင်းဆင်း၏ charity ဂိုဏ်းခွဲများထဲမှ တစ်ခုအပါအဝင်ဖြစ်သည်။

ယနေ့ ကရုဏာရေးသီလရှင်များ ( Sisters of Charity of St. Vincent de Paul) သည် အီတလီနိုင်ငံ၊ ရူမေးနီးယာနိုင်ငံနှင့်

မြန်မာနိုင်ငံတို့တွင် သာသနာပြုလျက်ရှိကြသည်။

ကလေးငယ်များ အတွက်မူကြိုကျောင်းများဖွင့်လှစ်ကာ သင်ကြားပေးခြင်း၊ ဘိုးဘွားရိပ်သာ၊ ဆယ်ကျော်သက်

အမျိုးသမီးငယ်လေးများအား အသက်မွေးဝမ်းကျောင်းပညာရပ်များအတွက် သင်တန်းများနှင့်ချိတ်ဆက်ကာ

ပညာသင်ကြားပေးခြင်းတို့ဖြင့် သာသနာပြုလျက်ရှိကြသည်။

 

စစ္စတာရ်တို့အသင်းဂိုဏ်းတွင် သီလရှင်ဖြစ်လိုပါက

အမှတ် ၁၂၉၉၊ နဂါးနီခြံ၊ ကမ္မဋ္ဌန်းကျောင်းလမ်း။

တောင်သူကုန်းရပ်ကွက်၊ အင်းစိန်၊ ရန်ကုန် သို့ ဆက်သွယ်နိုင်ပါသည်။