Sisters of Most Precious Blood SPS

#သခင်‌‌ခရစ်တော်၏အဖိုးထိုက်လှသော
#အသွေးတော်မြတ်သီလရှင်များအသင်းဂိုဏ်း
#MostPreciousBlood sisters(SPS)

 

#Logo
ကိုယ်တော်မြတ်စကရမင်တူးမဂႅလာနှင့် ခရစ်တော်‌၏ ကားတိုင်သည် ကျွန်ုပ်တို့ဘဝ၏ ပုံအသွင်ပြင် ဖြစ်၏။
#Motto
“ရဟန္တာဖြစ်ဖို့ကြိုးစားစို့။”

 

#Foundress
Mother Maria Matilde Bucchi မာသာရ် မာရီးယား မာတီးလ်ဒေ ဘုခီသည် အီတလီ နိုင်ငံမြောက်ပိုင်း Agrate မြို့တွင် ၁၈၁၂ မေလ(၁၈)ရက်တွင် မွေးဖွားခဲ့သည်။ သူမသည် သခင်‌ခရစ်တော်၏ အဖိုးထိုက်လှသော အသွေးတော်မြတ် သီလရှင်များအသင်းဂိုဏ်းကို ၁၈၇၆ မေလ (၁၇) တွင်တည်ထောင်ခဲ့ပြီး ၁၉၃၄ ဇူလိုင် (၁၀) ၌အသင်းဂိုဏ်းအား အမိအသင်းတော် ထဲတွင်တရားဝင် အသိအမှတ်ပြုလိုက်သည်။ သူမသည် ၁၈၈၂ မတ်လ (၁)ရက်နေ့တွင်ခရစ်တော်၌ အိပ်ပျော်ခဲ့ပါသည်။

 

#သာသနာြပုသည့်နိုင်ငံများ
ယနေ့သခင်‌‌ခရစ်တော်၏အဖိုးထိုက်လှသောအသွေးတော်မြတ်သီလရှင်များအသင်းဂိုဏ်းသည် အီတလီနိုင်ငံ၊ ဘရာဇီးလ်နိုင်ငံ၊ ကင်ညာနိုင်ငံ၊ အရှေ့တီမောနိုင်ငံ၊ မြန်မာနိုင်ငံနှင့် ဟေတီနိုင်ငံများတွင်သာသနာပြုနေကြပါသည်။
၂၀၁၁ တွင်မြန်မာပြည်သို့ ပထမဉီးဆုံး သီလရှင်များရောက်ရှိ၍ ရန်ကုန်ဂိုဏ်းချုပ်သာသနာ၊ ကာဒီနယ်ချားစ်ဘို၏လမ်းညွှန်မှုဖြင့် မဂႅလာဒုံ စိန်အက်ဒွက် သာသနာ၌၎င်း၊ ၂၀၁၆တွင် လွိုင်ကော်သာသနာ၌၎င်း သီလရှင်ကျောင်းများကို ဖွင့်လှစ်နိုင်ခဲ့ပြီး၊ ဘုရား၏အမှုတော်ကိုထမ်းဆောင်‌နေ‌ကြပါသည်။

 

#ဝိညာဥ်ရေး
အသင်းဂိုဏ်း၏ အဓိကဝိညာဉ်ရေးသည် သခင်ယေဇူး၏ သေခြင်းနှင့်ရှင်ပြန်ထမြောက်ခြင်းကို ကျင်းပသည့်ပါစကား၏ နက်နဲရာဖြစ်သည်။
ကျွန်ုပ်တို့သည် ကားတိုင်ပေါ်မှ အသက်တော်စွန့်၍အသွေးတော် သွန်းလောင်းကာ လူသားအားလုံးကယ်တင်ခြင်းအတွက် ချစ်ခြင်းမေတ္တာ ပေးသနားသော သခင်ခရစ်တော်ကဲ့သို့ ချစ်နိုင်ရန်ပင်ဖြစ်သည်။

 

#ဝိညာဥ်ခွန်အား
သခင်ယေဇူး၏ သေခြင်းနှင့်ရှင်ပြန်ထမြောက်ခြင်းကို ကျင်းပသည့် မစ္ဆားတရားတော်မြတ်၌ပါဝင်ခြင်း၊ နေ့စဉ်အတူတကွဝတ်ပြု ဆုတောင်းခြင်း၊ နှုတ်ကပတ်တော်ကို ထောက်ရှုဆင်ခြင်ခြင်း၊ ကိုယ်တော်မြတ်ဖူးမြော်ခြင်းတို့အားဖြင့် ဝိညာဉ်ခွန်အားများကို တိုးပွားစေသည်။
ကယ်တင်ရှင်ခရစ်တော်သခင်၏ အသွေးတော်မြတ်ဆိုင်ရာ ဝတ်ပြုကိုးကွယ်ခြင်းသည် အသင်းဂိုဏ်း၏ အဓိကဝိညာဉ်ရေးဖြစ်ပြီး ကြေကွဲတော်မူသော မယ်တော်သခင်မ၊ အဖသံဇူဇယ်၊ စိန်မိုင်ကယ်တို့သည်လည်း အသင်းဂိုဏ်း၏ အထူးယုံကြည် အားကိုးရသော သူများဖြစ်ပေသည်။

 

#တမန်တော်လုပ်ငန်းများ
မည်သည့်တမန်တော်လုပ်ငန်း၌မဆို သခင်ခရစ်တော်၏ အသွေးတော်အားဖြင့်ကယ်တင်ခြင်းခံရသော လူသားအယောက်စီတိုင်း၏ အသက်တန်ဖိုးကို ဦးစားပေးခဲ့သော အသင်းဂိုဏ်းတည်ထောင်သူ၏ စိတ်ထားကို ရရှိရန်ကြိုးစားရမည်။

 

#အသင်းဂိုဏ်း၏အဓိကတမန်တော်လုပ်ငန်းများမှာ
စာသင်ကျောင်းများတွင်ပညာသင်ပေးခြင်း၊
လူငယ်များအားအသိပညာများမျှဝေပေးခြင်း၊
ဘုရားစကားသင်ကြားခြင်း၊ သာသနာအတွင်းရှိအဖွဲ့အစည်းအသီးသီးနှင့်ပူးပေါင်းဆောင်ရွက်ခြင်း၊
ဆေးရုံ၊ ဆေးခန်း၊ နေအိမ်များတွင် ဆေးကုသခြင်းနှင့်
သက်ကြီးရွယ်အို၊ နာမကျန်းဖြစ်သူတို့အား သွားရောက်ကြည့်ရှုအားပေးခြင်း
တိုင်းတပါးသို့သွားရောက်သာသနာပြုခြင်း၊
ခေတ်၏တောင်းဆိုမှု၊ လိုအပ်မှု‌ကြောင့် ဆောင်ရွက်ပေးရသည့်တမန်တော်လုပ်ငန်းများလည်းရှိပါသည်။

#MostPreciousBlood sisters(SPS)