Sisters of the Handmaids of the Sacred Heart of Jesus (HSHJ)

1935**Foundation of the Congregation by Fr. Louis Deslandes (Ludovic)

       Six virgins began the community life.1936**Began social works for the poor, orphans and elderlies.1952**The Congregation was approved by Daegu Diocese in South Korea.1965**The first General Chapter was held and the first general superior and Council were elected.1991**Dispatch to Taiwan 1992**Opened Provincial Convent in Manila, Philippines.1998**Dispatch to China1998**Dispatch to Bolivia.2008**Opened Provincial Convent in Ho Chi Minh, Vietnam.2008**Opened Provincial Convent in Jakarta, Indonesia.2009**Foundation of the Provinces (Daegu, Busan, Seoul).2016**Dispatch to Thailand.2017**Dispatch to Myanmar. 2020**Reorganization of the Provinces (Daegu, Seoul).

Our Charisma > Goal

To exalt the glory of our Merciful Father, Holy Trinity.

To practice and teach infinite love of Sacred Heart of Jesus, both God and man.Therefore to bring forth the nation of Sacred Heart of Jesus among upon the poor and marginalized.

 Mission

To cooperate missionary of the church, spreading the good news of salvation.

To spread the flaming love for humanity of Sacred Heart of Jesus through serving the poor and marginalized.

 Spirituality

The Sacred Heart of Jesus full of infinite love for mankind and love for our Lord. Learn the love of Sacred Heart of Jesus who said “Learn from me, for I am gentle and humble in heart”(Matthew 11,29)With this love, renew everyday, the dedication towards Sacred Heart of Jesus in order to devote body and soul to unite among sisters and to practice the love of Sacred Heart of Jesus.

Mission Countries

Bolivia, China, France, Indonesia, Italy, Japan, Myanmar, Philippines, Taiwan,

Thailand, Vietnam……

Main House: South Korea

“The Son of Man did not come to be served but to serve.” (Mt.20:28)

FOUNDER FR. LOUIS DESLANDES

“Come to me, all of you who are tired from carrying heavy loads, and I will give you rest.”(Mt 11.28)

       Fr. Louis Deslandes was called ‘Father of the Poor’ and ‘A Giant of Love’ because he practiced the love of Christ through his whole life. He was born on 1895 in France and in 1921, He was ordained to the priesthood as a member of Paris Foreign Mission Society. He founded the Congregation of Handmaids of the Sacred Heart of Jesus in 1935 when he assigned in South Korea. He and the six virgins who joined in the community started serving for the poor and for the mission of the church. The society during the Korean War was so much needed his urgent response to the poor, that he had to rely on God`s providence absolutely. He offered all his life for the poor, and his spirit still inspires us to follow Jesus by serving the poor in the World.

   Local Superior Sr.Jeremia                  

Content  

Sr. Jeremia (HSHJ)

2017kalaymyo@gmail.com

Phone..09400685720

***ယေဇူးရွှေနှလုံးတော်၏ အစေခံသီလရှင်အသင်းဂိုဏ်း အကြောင်း**

 (Sisters of the Handmaids of the Sacred Heart of Jesus)

တည်ထောင်သည် ခုနှစ် – ၈ ရက်၁၂လ၁၉၃၅ခုနှစ် -

    ယေဇူးရွေနှလုံးတော်၏ အစေခံသီလရှင်အသင်းဂိုဏ်းသည် ကိုးရီးယားနိုင်ငံDaeguသာသနာပိုင် အတွင်းရှိ သီလရှင်ဂိုဏ်း ဖြစ်သည်။အသင်းဂိုဏ်း တည်ထောင်သူ Fr. Louis Deslandes(ကိုးရီးယား နာမည် Nui De Yeong) သည် ၂၃.၁၂.၁၉၂၂ ခုနှစ် တွင် ပြင်သစ်သာသနာပြု (MEP) ဘုန်းတော်ကြီး အဖြစ် ရဟန်းသိက္ခာ ခံယူခဲ့ပါသည်။ ၁၉၂၃ ခုနှစ်တွင် ကိုးရီးယားနိုင်ငံသို့ သာသနာပြုရန်ရောက်ရှိ လာခဲ့သည်။ ၈ရက်၊ ၁၂လ၊ ၁၉၃၅ခုနှစ်တွင် ယေဇူးရွှေနှလုံးတော် အစေခံသီလရှင်အသင်းဂိုဏ်းကို တည်ထောင်ခဲ့သည်။'လူသားသည် သူတစ်ပါးကို စေခိုင်းခြင်းငှါ မဟုတ်ပဲ အစေခံခြင်းငှါ ကြွလာ သည်' ဟု သခင်ယေဇူး မိန့်တော်မူသည်နည်းတူ “ဘုရားသခင်၏ လက်တော်၌အသုံးတော်ခံ”ဟူ သော ဆောင်ပုဒ်အောက်၌ မေတ္တာတော်ရှင်ဘုရားသခင်၏ ချစ်ခြင်းကို အသက်စွန့်သက်သေပြခဲ့ သော ရွှေနှလုံးတော်အား ဤကမ္ဘာပေါ်ရှိ အစွန့်ပစ်ခံရဆုံး၊ လစ်လျူရှုခြင်း အခံရဆုံးသူများထံ ဝေမျှရန် ရည်ရွယ်ခဲ့ပါသည်

Charisma

**ရည်ရွယ်ချက် (ပန်းတိုင်)**Vision (Goal)

သနားခြင်းနှင့် ချစ်ခြင်းမေတ္တာရှင် ပုဂ္ဂိုလ်သုံးပါး ဘုရားတစ်ဆူ၏ ဘုန်းဂုဏ်တော်ကို ချီးမွမ်းကိုးစား လျက်ဘုရားစင်စစ် လူစင်စစ် ဖြစ်တော်မူသော ယေဇူးရွှေနှလုံးတော်၏ သနားခြင်းနှင့် မေတ္တာတော် ကို ကျင့်ကြံ ဝေမျှရင်း အဆင်းရဲဆုံးနှင့် အပယ်ခံ လူသားများကြား၌ ယေဇူးရွှေနှလုံးတော်၏ နိုင်ငံတော်သည် ထွန်းကားဖို့ အလို့ငှါ လုပ်ဆောင်ရန်။

(၂) သာသနာပြုလုပ်ငန်း (Mission)

ကယ်တင်ခြင်း သတင်းကောင်းကို ဟောပြောသွန်သင်သော အမိအသင်းတော်၏ သာသနာပြု လုပ်ငန်းစဉ်၌ ပူးပေါင်းပါဝင်လျက် ဆင်းရဲနွမ်းပါးအပယ်ခံ လူသားများအား အစေခံခြင်းအားဖြင့် … လူသားများအတွက် ချစ်ခြင်းမေတ္တာဖြင့် လောင်ကျွမ်းနေသော ယေဇူးရွှေနှလုံးတော်အား ဖြန့်ဝေရန်။ (၃) ဝိညာဉ်ရေးကျင့်စဉ် (Spirituality)

အဖခမည်းတော်ဘုရားအတွက် သားတော်၏ ချစ်ခြင်း၊ လူသားများအတွက် အနှိုင်းမဲ့မေတ္တာဖြင့် ပြည့်နှက်နေသော ယေဇူးရွှေနှလုံးတော်၏ ချစ်ခြင်းမေတ္တာကို အတုယူရင်း ဤချစ်ခြင်းမေတ္တာ အားဖြင့် အသင်းဂိုဏ်းဝင်များကြား စည်းလုံးညီညွတ်ပြီး ခရစ်တော်၏ ချစ်ခြင်းမေတ္တာကို ကျင့်ကြံ အားထုတ်ရာ၌ ကိုယ်စိတ်နှလုံးသုံးပါး ဆက်ကပ် ပူဇော်နိုင်ရန်အတွက် ယေဇူးရွှေနှလုံးတော်ထံ နေ့စဉ်အမြဲ ဆန်းသစ် ကျင့်ကြံရန်။

(၄) သာသနာပြု စိတ်ဓာတ်(Mind (Spirit)

(၁) ဘုရားသခင်၏ အမြော်အမြင်ပေါ် မှီခိုမှု (Reliance un Providence )

ဆင်းရခြင်းကို မြတ်နိုးသော အာစီစီမြို့မှ သံဖရန်စစ်၏ ကျင့်စဉ်ကို အတုယူလျက် ဘုရားရှင်ကို ရိုးရှင်းသော နှလုံးသားညီအစ်ကို မောင်နှမချစ်ခြင်းနှင့် ယုံကြည်ခြင်းငြိမ်သက်ဝမ်းမြောက်ခြင်း၌ ဘရားရှင်ကို ချီးမွမ်းရင်း ကျေးဇူးတင်တတ်သော အသက်တာကို ရှင်သန်ရင်း၊ ချစ်ခြင်းမေတ္တာ၏ ဓမ္မအာဇာနည်ဖြစ်သော သူငယ်တော်ယေဇူ၏ သံတာထရေဇားကဲ့သို့ ခမည်းတော်၏ အမြော်အမြင်၌ မိမိကိုယ်ကို လုံးလုံးလျားလျား အပ်နှံလျက် ဝိညာဉ်ရေးနဲ့ပြည့်သော သူငယ်တော်၏ လမ်းစဉ်ကို လျှောက်လှမ်းရန်။

(၂) အစေခံခြင်း (Serving)

`လူသားသည် သူတစ်ပါးကို စေခိုင်ခြင်းငှါမဟုတ်ဘအစေခံခြင်းငှါလညျးကောငျး၊ မိမိအသက်ကို နှစ် ၍ လူအများကို ကယတင်ခြင်းငှါ ကြွ လာသည်။” (မာတေဦး ၂၀း၂၈) ဟု သခင် ယေဇူး မိန့် ဆိုသည့် အတိုင်း သူတစ်ပါးမလုပ် ချင်သောအလုပ်များ၊ သူတစ်ပါးအား ခိုင်း‌စေဖို့ ရန်  ခက်ခဲသောအလုပ် များကို လိုလိုလားလား လက်ခံပြီး ဆောင်ရှားကြရန် ။

ကျွန်မသည် ဘုရားသခင်၏ အစေခံဖြစ်ပါ၏" (လုကာ ၁း၃၈) ဟု ပြောဆိုသော မယ်တော်မားရီယား ၏ စံနမူနာကို လိုက်၍ ဘုရားသခင်၏ လက်တော်၌ အသုံးတော်ခံများအဖြစ် အမြဲတမ်း အဆင်သင့် စောင့်ဆိုင်းနေသော အစေခံများဖြစ်ရန်။

(၅) လက်ရှိ တမန်တော်လုပ်ငန်း

-စီရင်စုလုပ်ငန်း

အသင်းဂိုဏ်းသည် သာသနာ ၁၄ ခုရှိစီရင်စု ၈၅ ခုတွင် ဘုရားစကား သင်ကြားခြင်းဝတ်ပြုခြင်း၌ ကူညီခြင်း၊ တနင်္ဂနွေနေ့ ဘုရားစကားအတန်း သင်ကြားခြင်းနှင့် စီရင်စု၏ လိုအပ်ချက်များ၌

ကူညီလျက်ရှိသည်။ လူမှုရေးလုပ်ငန်း** ဘိုးဘွားရိပ်သာ၊ မသန်စွမ်းဂေဟာ၊ အိုးအိမ်မဲ့ ဂေဟာများတည်ထောင်၍ အယောက် ၂ဝဝ ခန့် ဝန်ထမ်းများနှင့်အတူ ဆင်းရဲသားများနှင့် လျစ်လျူရှုခံရသူများကို အကူအညီပေးလျက်ရှိသည်။**ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း

နှစ်ပေါင်း ၄ဝအတွင်း မယ်တော်ဆေးရုံ (Marrian Hospital) နှင့်အတူ ရပ်ကွက်ရှိ လူမမာများအား ကြည့်ရှုစောင့်ရှောက် ကုသပေးလျက်ရှိသည်။

**မူကြိုလုပ်ငန်း

အသင်းဂိုဏ်းက ဦးစီးသော မူကြိုကျောင်းနှင့် မသန်စွမ်း မူကြိုကျောင်းများကို တည်ထောင်၍ စီ ရင်စုရှိ မူကြိုကျောင်းများတွင် သင်ကြားလျက်ရှိသည်။

**နိုင်ငံခြားသို့သာသနာပြုလုပ်ငန်း** မြန်မာ၊ ဖိလိပိုင်ဗီယက်နမ်၊ အင်ဒိုနီးရှား၊ နီပေါ၊ ထိုင်း၊ ပြင်သစ်အီတလီတရုတ်ထိုင်ဝမ်၊ ဂျပန်ဘိုလီဗီးယားစသော နိုင်ငံများ၌ သာသနာပြုလုပ်ငန်းကို လုပ်ဆောင်လျက်ရှိသည်။

**အသင်းဂိုဏ်း၏ လက်ရှိ အခြေအနေ**

သီလရှင် အပါး ၆ဝဝ ခန့် ရှိသော ပြည်တွင်းပြည်ပရှိ အသင်းဂိုဏ်းဝင်များသည် အသီးသီးသော သာသနာပြုလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိသည်။ ကမ္ဘာပေါ်ရှိ မည်သည့်  နိုင်ငံမဆို လိုအပ်သည်နေရာများတွင် ယေဇူးရွှေနှလုံးတော်၏ ချစ်ခြင်းမေတ္တာကို ဝေမျှရင်း အထူးသဖြင့် ဆင်းရဲနွမ်းပါး အပယ်ခံသူများကို ရည်ရွယ်သော လုပ်ငန်းများကို ပထမဦးစားပေးအဖြစ် ရွေးခြယ်၍ အသက်ရှင် နေထိုင်လျက်ရှိကြပါသည်။

 

 

ဆက်သွယ်ရန်လိပ်စာ

Sr. Jeremia (HSHJ)

2017kalaymyo@gmail.com

Phone..09400685720