The Order of Friar Servants of Mary OSM

#မယ်တော်၏အစေအပါးဘုန်းတော်ကြီးများအသင်းဂိုဏ်း(OSM)

#TheOrderOfFriarServantsOfMary(Osm)
#နောက်ခံသမိုင်း အကျဉ်းချုပ်
မယ်တော်၏ အစေအပါးဘုန်းတော်ကြီးများအသင်းဂိုဏ်းသည်၊ အေဒီ ၁၂၃၃ တွင်၊ အီတလီနိုင်ငံ ဖလောရင့်မြို့၌ ဘာသာတရား ကိုင်းရှိူင်းသော၊ အမျိုးသား ၇ ဦးအားဖြင့် တီထောင်ခဲ့ကြသည်။ ထိုအမျိုးသား ၇ ဦး၏ အမည်များမှာ၊ ဘော်(န်)ဖီလီယူး(စ်)၊ ဘော်နာဂျွန်းသာ၊ အမေးသီးယူး(စ်)၊ ဟီယူး(က်)၊ မနေးသူ့(စ်)၊ ဆို(စ်)သေးနေ၊ နှင့် အလတ်ဆစ်(စ်) ဖယ်(လ်)ကိုနီယားရီ တို့ ဖြစ်ကြသည်။ တိုသူတို့သည်၊ ပစ္စည်းအမျိုးမျိုးကို ကုန်သွယ်၍ ရောင်းဝယ်ဖောက်ကားသော ကုန်သည်ကြီးများဖြစ်ကြသည်။ အထက်ဖော်ပြပါ အမျိူးသား ၇ ဦးသည်၊ 
မယ်တော်သခင်မအား အထူးသဒ္ဓါကြည်ညိုခြင်းရှိ၍၊ အဖွဲ့အစည်းတစ်ခုအဖြစ်၊ ရပ်တည်ခဲ့ကြသည်။


ထိုသူတို့သည် အရာအားလုံးထက် ဘုရားသခင်ကိုချစ်၍၊ အတွေး၊ အပြောနှင့် အကျင့်တို့အားဖြင့်၊ ကိုယ်တော်ကို ဂုဏ်ပြုကာ၊ မိမိတို့၏ ဘ၀တစ်လျှောက်လုံး ကိုယ်တော်ကိုသာ အစေခံဖို့ရန်၊ ပြင်စဉ်ခဲ့ကြသည်။ တစ်စိတ်တစ်သဘောတည်း အတူတစ်ကွ ပေါင်းသင်းနေထိုင်ရန်၊ သူတို့၏ ဆန္ဒပြင်းပြမှုကို ဘုရားသခင်၏ နှိုးဆော်ခြင်းအားဖြင့် လည်းကောင်း၊ မယ်တော်သခင်မ၏ ထူးခြားစွာ လမ်းပြမှုအားဖြင့်လည်းကောင်း၊ အတည်ပြုပေးခြင်းခံခဲ့ရသည်။  မိမိတို့၏ ပိုင်ဆိုင်မှုများကို မိသားစုအတွက်လုံလောက်စွာ ချန်ထားရစ်ခဲ့ပြီး၊ ပိုလျှံသောအရာများကို ဆင်းရဲသားတို့အား ခွဲဝေပေး၍၊ မိမိတို့၏အိမ်ကို စွန့်ခွါကာ၊ အတူတကွ နေထိုင်ခဲ့ကြသည်။

၁၂၃၃ တွင်၊ မယ်တော်သခင်မ ကောင်းကင်ဘုံသို့ ပင့်ဆောင်ခြင်းခံရသောပွဲနေ့၌ မယ်တော်သခင်မသည်၊ သူတို့()ဦးအား ထင်ရှားပြကာ ဤလောကအရာများကိုစွန့်လွှတ်၍၊ ထာဝရ တည်မြဲသောအရာများအတွက် မိမိတို့ကိုယ်ကို ဆက်ကပ်ရန် မှားကြားခဲ့သည်။ နှုတ်ကပတ်တော် ဝေငှခြင်း၊ လူသားတို့အား အစေခံခြင်းနှင့် မယ်တော်သခင်မအား သဓ္ဓါကြည်ညိုခြင်းပေးကာ၊ အတူတကွ စုရုံးနေထိုင်ခဲ့ကြသည်။
မယ်တော်၏ အစေအပါး ဘုန်းတော်ကြီးများသည်၊ ကမ္ဘာ့တိုက်ကြိး ၇ ခုရှိ၊ နိုင်ငံပေါင်း ၄၀ တွင် အပါးရေ တစ်ထောင်နီးပါးခန့် အစေခံလျှက်ရှိနေကြပါသည်။ မယ်တော်၏ အစေအပါး ဘုန်းတော်ကြီးများ ဂိုဏ်းတွင်၊ လက်အောက်ခံ သီလရှင်ဂိုဏ်း စုစုပေါင်း ၂၃ ဂိုဏ်း ရှိပါသည်။

ဤအသင်းဂိုဏ်းသည်၊ မြန်မာနိုင်ငံသို့ ၂၀၀၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့တွင် စတင်ရောက်ရှိခဲ့သည်။ ဤအသင်းဂိုဏ်းဝင် ဘုန်းတော်ကြီးများသည်၊ မြန်မာနိုင်ငံ နေရာအသီးသီးတွင်၊ သူတော်စင်ဘောင်သို့ဝင်လိုသော လူငယ်များအား ပြုစုပျိုးထောင်ခြင်း၊ သာသနာ အသီးသီး၌ ဝိညာဉ်ရေး လိုအပ်ချက်များ ကူညီဆောင်ရွက်ပေးခြင်း၊ လူမှုရေးကိစ္စများနှင့် ပညာမြှင့်တင်ရေး အခမ်းကဏ္ဍများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်နေကြသည်။

လိပ်စာအပြည့်အစုံ
Fr. ဆူဆေးကျော်လွင်(OSM)
စိန့်ဖာတီမာ မယ်တော် ကက်သလစ် ဘုရားရှိခိုးကျောင်း။
ပေါ်ဦးလမ်း၊ ၁ - ရပ်ကွက်၊ သုံးခွမြို့၊ ရန်ကုန်တိုင်း။
ဖုန်း ၀၉၅၀၇၀၂၃၃၊ ၀၉၇၅၁၈၁၂၀၀၅