Zetaman Sisters of the Little Flower ZSLF
 
#သေးငယ်သောပန်းစေတမန်သီလရှင်ဂိုဏ်း၏သမိုင်း
#သေးငယ်သောပန်းစေတမန်သီလရှင်များ(ZSLF)
#Zetaman Sisters of the Little Flower
တောင်ကြီးကက်သလစ်သာသနာသည် (၁၉၆၁) ခုနှစ်တွင် စတင်တည်ထောင်ပြီး (Bishop John Baptist Gobbato, P.I.M.E.) ဆရာတော် ဂျေဘီဂိုဘားတိုသည် တောင်ကြီးသာသနာ၏ ပထမဦးဆုံး ဆရာတော်ကြီးဖြစ်ခဲ့သည်။ တောင်ကြီး သာသနာသည် ဂိုဏ်းအုပ်သာသနာအဖြစ် ရပ်တည်လာသောအခါ ပထဝီအနေအထားအရ ကျယ်ပြန့်လွန်းခြင်း၊ သာသနာတော်အတွင်း မှီတင်းနေထိုင်သောဒေသခံ ကိုယ်တော်ရှင်သားသမီးများ အများစုသည် ရှင်ပြန်ထမြောက်တော်မူသော ခရစ်တော်အကြောင်းကိုမကြား၊ မသိသေးသောသူ မြောက်များစွာရှိနေသည်ကို တွေ့ရသည်။ သို့သော် သာသနာပြု ပုဂ္ဂိုလ်အလွန်နည်းပါလှသောကြောင့် ဘုရားရှင်အကြောင်း ဟောပြောသက်သေခံရန်အတွက် အခက်အခဲကြုံခဲ့ပါသည်။ ထို့ကြာင့် ၁၉၈၇ ခုနှစ်၊ တောင်ကြီးလက်ထောက် ဆရာတော်မာတီးယာဦးရွှေ၊ လွိုင်ကော်ကျောင်းထိုင်ဘုန်းတော်ကြီးဆိုတေးရိုဖါးမော (လွိုင်ကော်ဂိုဏ်းအုပ်ဆရာတော်(ငြိမ်း)နှင့် တောင်ကြီးသာသနာလုံးဆိုင်ရာ ကက်သလစ်လုပ်ငန်းအဖွဲ့ ဥက္ကဌ ဦးဂျီရွှေအောင်၊ အမှုဆောင်များတို့သည် သာသနာပြန့်ပွားရေးနှင့် သာသနာပြုခြင်းနည်းလမ်းသစ်များအကြောင်းဆွေးနွေးပြီး လူငယ်အဖွဲ့တစ်ဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ပါသည်။ ၎င်းအဖွဲ့အစည်း၏အဓိကရည်ရွယ်ချက်မှာ ဧဝံဂေလိသတင်းကောင်းပြန့်ပွားရေး၌ အထောက်အကူပြုရန်နှင့် တမန်တော်လုပ်ငန်း၌ လူငယ်များပါဝင်လာစေရန်ဖြစ်ပါသည်။ ထို့ကြောင့် ၁၉၈၇ ခုနှစ်၊ ဇွန်လမှ စက်တင်ဘာလအထိ လွိုင်လင်မြို့တွင် သမ္မာကျမ်းစာနှင့် ဘက်စုံဖွံ့ဖြိုးရေးသင်တန်းကို လူငယ်(၂၅)ယောက် တက်ရောက်ခဲ့သည်။ ဤဆက်ကပ်လူငယ်အဖွဲ့ကို ရှေ့ပြေးတမန်တော်ဟု နာမည်ပေးပြီး သာသနာတော် အသီးသီးတွင် စေလွှတ်ခဲ့ပါသည်။
၁၉၈ရ ခုနှစ်တွင် လွိုင်ကော်မြို့မှာ ဖွင့်လှစ်သောသင်တန်းကို ကျောင်းထိုင်ဘုန်းတော်ကြီး ဆိုတေးရိုဖါးမော၏အကြံပေးမှုအရ ၎င်းဆက်ကပ်လူငယ်အဖွဲ့ကို “ဧဝံဂေလိစေတမန်” ဟု အမည်ပေးခဲ့သည်။ ဧဝံဂေလိ စေတမန်သင်တန်းကို တစ်နှစ်တကြိမ် လွိုင်ကော်မြို့၊ ဖယ်ခုံမြို့၊ မိုးဗြဲမြို့တို့တွင် ဖွင့်လှစ်ခဲ့ပါသည်။
၁၉၉၅ခုနှစ် ဧဝံဂေလိစေတမန် သက်တမ်း(၈)နှစ်ပြည့်သည့်နှစ်တွင် “စေတမန်(၇)ဦး” သည် ဆရာတော်မာတီးယာဦးရွှေထံ သူတော်စင်ဘ၀ဖြင့် သာသနာ့လယ်ကွင်းတွင် ဆက်ကပ်လိုကြောင်း တောင်းခံခဲ့သည်။ ထို့ကြောင့် ၁၉၉၅ခုနှစ်၊ မေလ (၂၀)တွင် စေတမန်(၇)ဦးသည် ဝင်လိုသူအဆင့် (Aspirant)ကို စတင်လက်ခံကာ “သေးငယ်သောပန်းစေတမန်သီလရှင်အသင်းဂိုဏ်း” စတင်ဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။
၁၉၉၇ခုနှစ် ဇွန်လတွင် လေ့လာသူ(၇)ဦးသည် သူတော်စင်နှင့်ဆိုင်ရာ ဘာသာရပ်များကို ဖိလိပိုင်နိုင်ငံတွင် (၂)နှစ်တာအတွင်း၌ Fr. Pierino၊ ဒိုမေးနိကန်စစ္စတာရ်နှင့် ကာမဲလ်လိုက်စစ္စတာရ် တို့၏လက်အောက်တွင် ပညာပါရမီများ လေ့လာဆည်းပူးခဲ့သည်။ ပညာသင်ယူနေစဉ် ဒုက္ခအခက်အခဲအမျိုးမျိုး ရင်ဆိုင်ရသော်လည်း စိတ်ပျက်အားငယ်မှုမရှိပဲ ဆက်လက်ကြိုးစားအားထုတ်ခဲ့ပါသည်။ ၁၉၉၈ခုနှစ်၊ ဇွန်လ (၁၀)ရက်နေ့တွင် Formation၏ နောက်ထပ်တဆင့်ဖြစ်သည့် (Postulant)ကို ဒိုမေးနိကန်စစ္စတာရ်ကျောင်းတွင် လက်ခံခဲ့ပါသည်။ ၁၉၉၉ ခုနှစ်၊ ဇွန်လတွင် အမိမြန်မာပြည် ပြန်ရောက်လာပြီး အောက်တိုဘာ (၃)ရက်၊ ၁၉၉၉ခုနှစ်တွင် သီလရှင်လောင်းအဆင့် (Novice) ကို တက်လှမ်းကာ ဝတ်ရုံတော်ကိုလည်း ခံယူခဲ့ပါသည်။ ၂၀၀၀ခုနှစ်၊ အောက်တိုဘာ (၁) ရက်နေ့တွင် ပထမယာယီသစ္စာကို ခံယူခဲ့ပြီး ဤကာလအတွင်း ဆပ်ဖြေခြင်းသီလရှင်ဂိုဏ်းမှ မာသာရ်အန်းမေရီ(ISR)နှင့် စစ္စတာရ်ဆားရာ(ISR)တို့၏ပုံသွင်းမှု၊ လမ်းညွန်မှုအောက်မှာ (၃)နှစ်တာ နေထိုင် ခဲ့ပါသည်။၂၀၀၅ခုနှစ်၊ အောက်တိုဘာလ (၅)ရက်နေ့တွင် တစ်သက်သစ္စာကို ခံယူခဲ့ပါသည်။
၂၀၁၉ခုနှစ်တွင် သေးငယ်သောပန်း စေတမန်သီလရှင်အသင်းဂိုဏ်းသည် ကျောင်းပေါင်း (၁၇)ကျောင်းရှိပြီး တောင်ကြီးဂိုဏ်းချုပ်သာသနာ၊ ဖယ်ခုံဂိုဏ်းအုပ်သာသနာနှင့် ရန်ကုန်ဂိုဏ်းချုပ် သာသနာအသီးသီးတွင် တာဝန်ထမ်းဆောင်နေပါသည်။
#အသင်းဂိုဏ်း၏အထွေထွေအစည်းအဝေးကြီး
၂၀၀၉ ခုနှစ်၊ မေလ (၁၀)ရက်နေ့မှ (၁၈)ရက်နေ့အထိ၊ “ပထမအကြိမ်အထွေထွေအစည်းအဝေးကြီး” တစ်ရပ်ကို ပြုလုပ်သွားခဲ့သည်။ ဤအစည်းအဝေးကြီးသည် "အသင်းအဖွဲ့စည်းလုံးခြင်းမှထိရောက်သော သာသနာပြုလုပ်ငန်းဆီသို့" ဟူသောခေါင်းစဉ်ဖြင့် ကျင်းပသွားခဲ့သည်။ အသင်းဂိုဏ်း၏စည်း မျဉ်းဥပဒေကို ပြန်လည်ရေးဆွဲခြင်းနှင့် (၃) နှစ်တာ သာသနာပြုစီမံကိန်းများကိုလည်း ရေးဆွဲပြုလုပ်သွားခဲ့သည်။ ဤအစည်းအဝေး၌ မေလ (၂၀) ရက်နေ့ကို အသင်းဂိုဏ်း၏မွေးနေ့အဖြစ် သတ်မှတ် ခဲ့သည်။ Sr. Bibiana Bya သည် အသင်းဂိုဏ်း၏ဥက္ကဌဖြစ်ပါသည်။
၂၀၁၂ခုနှစ်၊ မေလ (၁၅) ရက်နေ့မှ (၁၉) ရက်နေ့အထိ၊ ဒုတိယအထွေထွေအစည်းအဝေးကြီး ကျင်းပပြီး "စီမံကိန်းများကို ပြန်လည်သုံးသပ်ခြင်းနှင့် ရေးဆွဲခြင်း" ဟူသော ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပါသည်။ ကိုယ်ထူကိုယ်ထ (self-reliance) ရပ်တည်နိုင်သော နည်းလမ်းများကို ဆွေးနွေးခြင်းပြုလုပ်သွားခဲ့သည်။ အစည်းအဝေး၏ နောက်ဆုံးရက်နေ့၌ အသင်းဂိုဏ်း၏ဥက္ကဌကို ပြန်လည် ရွေးချယ်ရာတွင် Sr. Irene Htoo သည် အသင်းဂိုဏ်း၏ ဥက္ကဌအဖြစ်ရွေးချယ်ခြင်းခံခဲ့ရသည်။
၂၀၁၅ မတ်လ (၁၁) ရက်နေ့မှ (၁၇) ရက်နေ့အထိ၊ တတိယ အထွေထွေအစည်းအဝေးကြီး တစ်ရပ်ကို မိုးဗြဲမြို့၊ Mother House မှာ ကျင်းပပြုလုပ်သွားခဲ့သည်။ ၂၀၁၅ ခုနှစ်သည် ဆက်ကပ်သူတော်စင်နှစ်အဖြစ် ပုပ်ရဟန်းမင်းကြီး သတ်မှတ်သည်နင့်အညီ၊ အထွေထွေအစည်းအဝေးကို "ဘာသာသူများနှင့် ဘာသာခြားဆီသို့ သာသနာပြုခြင်း" ဟူသော ခေါင်းစဉ်ဖြင့် ဆွေးနွေးသွားခဲ့သည်။ သာသနာပြုလုပ်ငန်း၊ အသင်းတော်ကို အစေခံခြင်း၏ အခြေအနေများနှင့် အခြားကဏ္ဍအသီးသီးကို ဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်သွားခဲ့သည်။ အစည်းအဝေး၏နောက်ဆုံးရက်နေ့၌ အသင်းဂိုဏ်း၏ ဥက္ကဌ ပြန်လည်ရွေးချယ်ခဲ့ရာတွင် Sr. Bibiana Bya သည် ဒုတိယအကြိမ် အသင်းဂိုဏ်း၏ဥက္ကဌအဖြစ် ပြန်လည်ရွေးချယ်ခြင်းခံခဲ့ပါသည်။
၂၀၁၈ ခုနှစ်၊ မေလ (၉) ရက်နေ့မှ (၁၈) ရက်နေ့အထိ၊ စတုတ္ထကြိမ်မြှောက် အထွေထွေ အစည်းအဝေးကြီးတစ်ရပ်ကို တဖန်ပြုလုပ်သွားခဲ့သည်။ ဤအစည်းအဝေးသည် "သာသနာပြုလုပ် ငန်း၌ အတူတကွ လက်တွဲလုပ်ကိုင်ခြင်းအားဖြင့် ငြိမ်းချမ်းခြင်းနှင့်ချစ်ခြင်းကို သက်သေခံခြင်း" ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပသွားခဲ့သည်။ ဤအစည်းအဝေးသည် သာသနာပြုလုပ်ငန်းတွင် ရဟန်းတော်များ၊ အခြားဆက်ကပ်သူတော်စင်များ၊ ဘာသာသူများနှင့်အတူတကွ ပူးပေါင်းဆောင်ရွက်ရမည့် အဓိက အချက်အလက်များကို ဆွေးနွေးသွားခဲ့သည်။ အသင်းအဖွဲ့ထဲတွင် ငြိမ်းချမ်းခြင်း၊ ပျော်ရွှင်ခြင်းနှင့် ချစ်ခြင်းတရား ဝေမျှခြင်း၊ နိမ့်ချခြင်းဖြင့် ပျော်ရွှင်စွာ လက်တွဲပေါင်းစည်းခြင်း စသည့်အရေးကြီးသော အချက်များကို ဝေမျှခဲ့ပါသည်။ အသင်းဂိုဏ်း၏ ကျင့်စဉ်စည်းမျဉ်းဥပဒေကိုလည်း ပြန်လည် သုံးသပ် ဆွေးနွေးသွားခဲ့သည်။ အထွေထွေအစည်းအဝေး၏နောက်ဆုံးရက်နေ့မှာ အသင်းဂိုဏ်း၏ဥက္ကဌ ပြန် လည်ရွေးချယ်ခဲ့ပြီး Sr. Josephine Khay သည် ရွေးချယ်ခြင်း ခံရပါသည်။
ဤသေးငယ်သော စေတမန်စစ္စတာရ်များသည် ဘုရားသခင်၏အသံကိုကြားပြီး အသင်းဂိုဏ်း ကို မှိုင်းမတော်မူသော သံတာထရေးဇာ၏ ကျင့်စဉ်၊ ပါရမီများကိုအတုယူကာ ဘုရားသခင်၏ဧဝံဂေလိ သတင်းကောင်းကို “ရေနက်ရာသို့ရွေ့လော”ဟူသော ဆောင်ပုဒ်ကို လက်စွဲကိုင်ကာ မိမိကိုယ်ကို ရက်ရောစွာ ဆက်ကပ်ရင်း ခရီးပြုနေကြပါသည်။
#အသင်းဂိုဏ်း၏သင်္ကေတများ
၁။ နှလုံး- ချစ်ခြင်းမေတ္တာ
၂။ ကိုယ်တော်မြတ်- ကိုယ်တော်မြတ်ကို ဗဟိုပြုခြင်း
၃။ နှင်းဆီပန်း- သူငယ်တော်ယေဇူး၏စိန်ထရေးဇာ
၄။ သမ္မာကျမ်းစာ- ဧဝံဂေလိသတင်းကောင်း ဟောကြားခြင်း
၅။ ကရူးဆူး- မထင်ရှားသော ခြိုးခြံခြင်းနှင့် ဒုက္ခခံခြင်း
၆။ ဖယောင်းတိုင်- (အလင်း)ဘက်စုံဖွံ့ဖြိုးခြင်း
၇။ စိပ်ပုတီး- အမိမယ်တော်၏ပါရမီကို အတုယူခြင်း
#ဆောင်ပုဒ်
လူသူတိုင်း ခရစ်တော်ကို သိရန်နှင့် ချစ်ရန်။
#ကျင့်စဉ်
လူသားတို့၏ဝိညာဉ်၊ကာယနှစ်ဖြာကောင်းကျိုးအတွက်ရည်ရွယ်လျက်နိမ့်ချသောအစေခံခြင်း အမှုနှင့် မထင်ရှားသော ဒုက္ခခံခြင်းအားဖြင့် လူသူတိုင်း ခရစ်တော်ကို သိရန်နှင့်ချစ်ရန်။
#ဦးတည်ချက်
သေးငယ်သောပန်းစေတမန်သီလရှင်အသင်းဂိုဏ်းသည် ဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး ရင့်ကျက် သော အသင်းဂိုဏ်းတစ်ခုဖြစ်ကာ ချစ်ခြင်းမေတ္တာနှင့်ဇွဲလုံ့လဖြင့်ဧဝံဂေလိသတင်းကောင်းကို ဟောပြောသက်သေခံနိုင်ရန်။
#လုပ်ဆောင်ချက်
- သံတာထရေးဇာကဲ့သို့ သာသနာပြုစိတ်ဓါတ်ရှိခြင်း၊
- စေတမန်သီလရှင်အဖွဲ့အစည်းသည် မိမိအဖွဲ့အစည်းအတွင်း မိတ်သဟာရတည်ဆောက်ခြင်း နှင့်ရေနက်ရာသို့ရွေ့လောဟူသော ဆောင်ပုဒ်ကို လက်ကိုင်ထားကာမတူညီသောယဉ်ကျေးမှု ထုံးတမ်းများကို လေ့လာသင်ယူပြီး ပိုမိုထိရောက်သော သာနာပြုလုပ်ငန်းလုပ်ဆောင်ခြင်း၊
- လူမှုရေးနှင့် ဘာသာရေးလုပ်ငန်း လုပ်ဆောင်ခြင်းအားဖြင့် ဧဝံဂေလိသတင်းကို ဖြန့်ဝေခြင်း
- ရဟန်းများ၊ အခြားသူတော်စင်အသင်းဂိုဏ်းများ၊ ဘာသာသူများနှင့်အတူတကွ ပူးပေါင်း လုပ် ဆောင်ခြင်း။

သေးငယ်သောပန်း စေတမန်သီလရှင်အသင်းဂိုဏ်း စတင်ဖြစ်ပေါ်လာပုံ

တောင်ကြီးကက်သလစ်သာသနာသည် ၁၉၆၁ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ဆရာတော်ဂျေဘီဂိုဘားတို (Bishop John Baptist Gobatto)  သည် တော်ကြီးသာသနာ၏ ပထမဦးဆုံးဆရာတော် ဖြစ်ခဲ့သည်။ တောင်ကြီးသာသနာသည် ဂိုဏ်းအုပ်သာသနာအဖြစ် ရပ်တည်လာသောအခါ ပထဝီအနေအထားအရ ကျယ်ပြန့်လွန်းခြင်း၊ သာသနာတော်အတွင်း မှီတင်းနေထိုင်သောဒေသခံ ကိုယ်တော်ရှင်သားသမီးများ အများစုသည် ခရစ်တော်အကြောင်းကို မကြား၊ မသိသေးသောသူမြောက်များစွာ ရှိနေသည်ကို တွေ့ရသည်။ သို့သော် သာသနာပြုပုဂ္ဂိုလ် အလွန်နည်းပါးလှသောကြောင့် ဘုရားရှင်အကြောင်း ဟောပြော၊ သက်သေခံရန်အတွက် အခက်အခဲကြုံခဲ့ပါသည်။ ထို့ကြောင့် ၁၉၈၇ခုနှစ်၊ တောင်ကြီးလက်ထောက်ဆရာတော်မာတီးယာဦးရွှေ၊ လွိုင်ကော်ကျောင်းထိုင် ဘုန်းတော်ကြီးဆိုတေးရိုဖါးမော (လွိုင်ကော်ဂိုဏ်းအုပ် ဆရာတော်ငြိမ်း) နှင့် တောင်ကြီးသာသနာလုံးဆိုင်ရာ ကက်သလစ်လုပ်ငန်းအဖွဲ့ဥက္ကဌ ဦးဂျီရွှေအောင်နှင့် အမှုဆောင်များတို့သည် သာသနာပြန့်ပွားရေးနှင့် သာသနာပြုခြင်း နည်းလမ်းသစ်များအကြောင်း ဆွေးနွေးပြီး လူငယ်အဖွဲ့တစ်ဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ပါသည်။ ၎င်းအဖွဲ့အစည်း၏ အဓိကရည်ရွယ်ချက်မှာ ဧဝံဂေလိသတင်းကောင်းပြန့်ပွားရေး၌ အထောက်အကူပြုရန်နှင့် တမန်တော်လုပ်ငန်း၌ လူငယ်များပါဝင်လာစေရန် ဖြစ်သည်။ ထို့ကြောင့် ၁၉၈၇ခုနှစ်၊ ဇွန်လမှ စက်တင်ဘာလအထိ လွိုင်လင်မြို့တွင် သမ္မာကျမ်းစာနှင့် ဘက်စုံဖွံ့ဖြိုးရေးသင်တန်းကို လူငယ်(၂၅)ယောက် တက်ရောက်ခဲ့သည်။ ဤဆက်ကပ်လူငယ်အဖွဲ့ကို “ရှေ့ပြေးတမန်တော်”ဟု နာမည်ပေးပြီး သာသနာတော်အသီးသီးတွင် စေလွှတ်ခဲ့ပါသည်။

            ၁၉၈၇ခုနှစ်တွင် လွိုင်ကော်မြို့မှာ ဖွင့်လှစ်သောသင်တန်းကို ကျောင်းထိုင်ဘုန်းတော်ကြီး ဆိုတေးရိုဖါးမော၏ အကြံပေးမှုအရ ၎င်းဆက်ကပ်လူငယ်အဖွဲ့ကို “ဧဝံဂေလိစေတမန်” ဟု အမည်ပေးခဲ့သည်။ ထိုနှစ်တွင် ဖွင့်လှစ်ခဲ့သောသင်တန်းတွင် လူဦးရေကန့်သတ်ကာ တမန်တော်(၁၂)ပါးကို အမှီပြု၍ (၁၂)ဦးသာ ခေါ်ယူပြီး အမျိုးသမီး(၁၁)ဦးနှင့် အမျိုးသား(၁)ဦး တက်ရောက်ခဲ့ပါသည်။ ဧဝံဂေလိစေတမန်သင်တန်းကို တစ်နှစ်တစ်ကြိမ် လွိုင်ကော်၊ ဖယ်ခုံနှင့် မိုးဗြဲတို့တွင် ဖွင့်လှစ်ခဲ့ပါသည်။

            ၁၉၉၅ခုနှစ် ဧဝံ‌ဂေလိစေတမန် သက်တမ်း(၈)နှစ်ပြည့်သည့်နှစ်တွင် စေတမန်(၇)ဦးသည် ဆရာတော်မာတီးယာဦးရွှေထံ သူတော်စင်ဘဝဖြင့် သာသနာ့လယ်ကွင်းတွင် ဆက်ကပ်လိုကြောင်း တောင်းခံခဲ့သည်။ ထို့ကြောင့် ၁၉၉၅ခုနှစ်၊ မေလ (၂၀)ရက်နေ့တွင် စေတမန်(၇)ဦးသည် ဝင်လိုသူအဆင့် (Aspirant)ကို စတင်လက်ခံကာ သေးငယ်သောပန်း စေတမန်သီလရှင်ဂိုဏ်းအဖြစ် စတင်ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။

            ၁၉၉၇ခုနှစ်၊ ဇွန်လတွင် လေ့လာသူ(၇)ဦးသည် သူတော်စင်နှင့်ဆိုင်ရာ ဘာသာရပ်များကို ဖိလိပိုင်နိုင်ငံတွင် (၂)နှစ်တာအတွင်း Fr.Pierino၊ ဒိုမေးနိကန်စစ္စတာရ်နှင့် ကာမဲလ်လိုက်စစ္စတာရ်တို့၏ လက်အောက်တွင် ပညာပါရမီများ လေ့လာဆည်းပူးခဲ့သည်။ ၁၉၉၈ခုနှစ်၊ ဇွန်လတွင် Formation ၏ နောက်တဆင့်ဖြစ်သည့် ဝင်လိုသူအဆင့် (Postulant) ကို ဒိုမေးနိကန်စစ္စတာရ်ကျောင်းတွင် လက်ခံခဲ့ပါသည်။ ၁၉၉၉ခုနှစ်၊ ဇွန်လတွင် အမိမြန်မာပြည် ပြန်ရောက်လာပြီး အောက်တိုဘာ(၁)ရက်၊ စိ့ထရေးဇာပွဲနေ့တွင် သီလရှင်လောင်းအဆင့် (Novice)ကို တက်လှမ်းကာ ဝတ်ရုံတော်ကိုလည်း ခံယူခဲ့ပါသည်။ ၂၀၀၀ခုနှစ်၊ အောက်တိုဘာ(၁)ရက်နေ့တွင် ပထမယာယီသစ္စာကိုခံယူခဲ့ပြီး ဤကာလအတွင်း ဆပ်ဖြေခြင်းသီလရှင်ဂိုဏ်းမှ မာသာရ် အဲန်းမေရီမလှ(ISR)နှင့် စစ္စတာရ်ဆားရာ(ISR)တို့၏ပုံသွင်းမှု၊ လမ်းညွန်မှုအောက်မှာ (၃)နှစ်တာ နေထိုင်ခဲ့ပါသည်။ ၂၀၀၅ခုနှစ်၊ အောက်တိုဘာလ(၅)ရက်နေ့တွင် တစ်သက်သစ္စာကို ခံယူခဲ့ပါသည်။

            ယခုတွင် သေးငယ်သောပန်း စေတမန်သီလရှင်အသင်းဂိုဏ်းသည် သီလရှင်(၆၅)ပါး၊ ကျောင်းပေါင်း (၁၉)ကျောင်းရှိပြီး တောင်ကြီးဂိုဏ်းချုပ်သာသနာ၊ ဖယ်ခုံဂိုဏ်းအုပ်သာသနာနှင့် ရန်ကုန်ဂိုဏ်းချုပ်သာသနာအသီးသီးတွင် တာဝန်ထမ်းဆောင်နေပါသည်။

v  ဆောင်ပုဒ် 

လူသူတိုင်း ခရစ်တော်ကို သိရန်နှင့်ချစ်ရန်။

v  ကျင့်စဉ်

            လူသားတို့၏ဝိညာဉ်၊ ကာယနှစ်ဖြာကောင်းကျိုးအတွက် မျှော်ကိုးလျက် နိမ့်ချသော အစေခံခြင်းအမှုနှင့် မထင်ရှားသော ဒုက္ခခံခြင်းအားဖြင့် လူသူတိုင်းခရစ်တော်ကို သိရန်နှင့်ချစ်ရန်။

v  ဦးတည်ချက်

            သေးငယ်သောပန်းစေတမန်သီလရှင်အသင်းဂိုဏ်းသည် ဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး ရင့်ကျက်သော အသင်းဂိုဏ်းတစ်ခုဖြစ်ကာ ချစ်ခြင်းမေတ္တာနှင့်ဇွဲလုံ့လဖြင့် ဧဝံလိသတင်းကောင်းကို ဟောပြော သက်သေခံနိုင်ရန်။

v  လုပ်ဆောင်ချက်

Ø  သံတာထရေးဇာကဲ့သို့ သာသနာပြုစိတ်ဓာတ်ရှိခြင်း။

Ø  စေတမန်သီလရှင်အဖွဲ့အစည်းသည် မိမိအဖွဲ့အစည်းအတွင်း “မိတ်သဟာရတည်ဆောက်ခြင်း”နှင့် “ရေနက်ရာသို့ ရွေ့လော” ဟူသော ဆောင်ပုဒ်ကို လက်ကိုင်ထားကာ မတူညီသော ယဉ်ကျေးမှုထုံးတမ်းများကို လေ့လာသင်ယူပြီး ပိုမိုထိရောက်သော သာသနာပြုလုပ်ငန်း လုပ်ဆောင်ခြင်း။

Ø  လူမှုရေးနှင့် ဘာသာရေးလုပ်ငန်း လုပ်ဆောင်ခြင်းအားဖြင့် ဧဝံဂေလိသတင်းကို ဖြန့်ဝေခြင်း။

Ø  ရဟန်းများ၊ အခြားသူတော်စင်အသင်းဂိုဏ်းများ၊ ဘာသာသူများနှင့်အတူတကွ ပူပေါင်းလုပ်ဆောင်ခြင်း။

Ø  ပညာရေး၊ ကျန်းမာရေး၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများကို သင်ယူစေခြင်းဖြင့် ဆင်းရဲသော သူတို့၏ဘဝကို မြှင့်တင်ပေးခြင်းနှင့် မိမိတို့၏ အသင်းအဖွဲ့၌ အပြောအဆို၊ အလုပ်အကိုင်၊ အပြုအမူများကို ခြိုးခြံခြင်း၊ နှိမ့်ချခြင်းအားဖြင့် သတင်းကောင်းကို သက်သေခံခြင်း။

အသင်းဂိုဏ်း၏ သင်္ကေတများ

၁။ နှလုံးပုံ                      - ချစ်ခြင်းမေတ္တာ

၂။ ကိုယ်တော်မြတ်         - ကိုယ်တော်မြတ်ကို ဗဟိုပြုခြင်း

၃။ နှင်းဆီပန်း                 - သူငယ်တော်ယေဇူး၏ သံတာထရေးဇာ

၄။ သမ္မာကျမ်းစာ            - ဧဝံဂေလိသတင်းကောင်း ‌ဟောကြားခြင်း

၅။ ကရူးဆူး                   - မထင်ရှားသော ခြိုးခြံခြင်းနှင့် ဒုက္ခခံခြင်း

၆။ ဖယောင်းတိုင်            - (အလင်း) ဘက်စုံဖွံ့ဖြိုးခြင်း

၇။ စိပ်ပုတီး                    - အမိမယ်တော်၏ပါရမီကို အတုယူခြင်း