Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-02-10 07:14:53

11.2.2024 - Sunday of week 6 in Ordinary time.
၂၀၂၄ ခုနှစ်  ဖေဖေါ်ဝါရီလ၊  ၁၁ ရက်- သာမန်ကာလ ဆဌမတနင်္ဂနွေနေ့
Mark 1:40-45 - ရှင်မာကု ၁:၄၀-၄၅
Gospel Reflection By Rev. Msgr. Peter Sein Hlaing Oo, Mandalay Diocese
Posted by Sr. Benedetta Myat Hnin Nwe (ISR) 

ဝတ်ပြု ၁၃:၁-၂၊၄၄-၄၆။ ပ-ကော် ၁၀:၃၁-၁၁:၁။ မာကု ၁:၄၀-၄၅သတ္တိရှိတဲ့သူဟာ ကျေးဇူးမမေ့တတ်ပါဘူး။ရှင်မာကုကျမ်းထဲက နူနာစွဲသူဟာ လူသူထူထပ်ရာကို မသွားရဆိုတဲ့ဝတ်ပြုရာကျမ်း ၁၃:၄၆ ရဲ့ ပြဌာန်းချက်ကို ဆန့်ကျင်ပြီး သခင်ဘုရားရှေ့မှောက်ကိုအရောက်လာခဲ့ပါတယ်။‘သတ္တိဆိုတာ မကြောက်တာကိုဆိုလိုတာမဟုတ်၊ကြောက်တဲ့ကြားကလုပ်သင့်လုပ်ထိုက်တာကိုလုပ်တာ’လို့ ခေါင်း ဆောင်တစ်ဦးကပြောဖူးပါတယ်။သူ့ရဲ့သတ္တိဟာ သခင်ဘုရားရဲ့ သနားကြင်နာခြင်းနဲ့တွေ့တဲ့အခါ တန်ခိုးလက္ခဏာဖြစ်လာပါတယ်။ဒီအခါတားမြစ်တဲ့ကြားက လူသိရှင်ကြားကြွေးကြော်ပြီးကျေးဇူးဆပ်ပါတယ်။ရတဲ့ကျေးဇူးကိုသူတစ်ယောက်တည်း သိုဝှက်ပြီး မခံစားပါဘူး။ကျွန်ုပ်တို့ရောဘယ်လောက်သတ္တိရှိလဲ?ဘာကျေးဇူးတွေခံစားရဖူးလဲ?ကြိတ်ပြီးခံစားသလား၊သူတစ်ပါးသိအောင်ဝေမျှသက်သေခံသလား?

 

Daily Reflection