12.2.2024 - Monday of week 6 in Ordinary time.
၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ၊ ၁၂ ရက်- သာမန်ကာလ ဆဌမပတ် - တနင်္လာနေ့
ယာကုပ် ၁:၁-၁၁။ ရှင်မာကု ၈:၁၁-၁၃
Gospel Reflection By Rev. Msgr. Peter Sein Hlaing Oo, Mandalay Diocese
Posted by Sr. Benedetta Myat Hnin Nwe (ISR)
လဆန်း(၃)ရက်နေ့ကပထမကျမ်းထဲမှာဉာဏ်ပညာကိုတောင်းတဲ့ ဆော်လမုန်မင်းကြီးအကြောင်းကြားခဲ့ရပါတယ်(တ-ဓမ္မ ၃:၉)။ သူက ရှင်ဘုရင်တစ်ပါးအနေနဲ့ပြည်သူတွေအပေါ် တရားမျှတစွာစီမံအုပ်ချုပ်နိုင်ဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။ဒီနေ့သံယာကုပ်ဩဝါဒစာမှာမည်သူမဆို ဉာဏ်ပညာကို ဘုရားသခင်ထံမှာ ယုံကြည်စိတ်ချစွာ တောင်းခံနိုင်တယ်လို့ ဆိုပါတယ်။ ကက်သလစ်အခေါ် ‘ပညာအလိမ္မာကျမ်း’၊နှစ်ခြင်းအခေါ် ‘သုတ္တံကျမ်း’(Proverbs) အခန်းကြီး၃ နဲ့ ၄ မှာဉာဏ်ပညာအကြောင်းကိုအကျယ်တဝင့်ဖေါ်ပြထားပါတယ်။ အနှစ်ချုပ်ရရင်ပညာရှိတဲ့သူဟာ ဘုရားသခင်ကိုပထမဦးစားပေးတယ်၊ဘုရားသခင်၌ယုံကြည်ကိုးစားတယ်၊ချစ်ခင်တတ်တယ်၊သစ္စာရှိတယ်၊အမှားနဲ့အမှန်ခွဲခြားသိမြင်ပြီးမကောင်းမှုကိုရှောင်ကြဉ်တယ်၊နားထောင်တတ်သင်ယူတတ်ပြီးမှန်ရာကိုလုပ်လေ့ရှိတယ်။ ကောင်းကျိုးရလဒ်အနေနဲ့ နတ်လူသာဓုခေါ်မယ်၊အသက်ရှည်အနာမဲ့ပြီးပြည့်စုံကြွယ်ဝမယ်၊နံမည်ဂုဏ်သတင်းကျော်စောပြီး ပျော်ရွှင်ငြိမ်းချမ်းစွာနေရလိမ့်မယ် တဲ့။သခင်ဘုရားဆီမှာကောင်းကင်ကတန်ခိုးလက္ခဏာတောင်းတဲ့ ဖာရီဇေးဦးတွေကို ဒီပေတံနဲ့ တိုင်းကြည့်လို့ရပါတယ်။ ပြီးရင်ကိုယ့်ကိုယ်ကိုပြန်တိုင်းဖို့လည်းမမေ့ပါနဲ့။