Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-02-13 03:38:26

14.2.2024 - Ash Wednesday
၂၀၂၄ ခုနှစ်  ဖေဖေါ်ဝါရီလ၊ ၁၄  ရက်- ဝါကြီးဝင်သည့် ပြာခံပွဲ ဗုဒ္ဓဟူးနေ့
Mt. 6:1-6, 16-18 - ရှင်မာတေဦး ၆:၁-၆၊၁၆-၁၈
Gospel Reflection By Rev. Msgr. Peter Sein Hlaing Oo, Mandalay Diocese
Posted by Sr. Benedetta Myat Hnin Nwe (ISR) 

ယောလ ၂:၁၂-၁၈။ ဒု-ကော ၅:၂၀-၆:၂။မာတေဦး ၆:၁-၆၊၁၆-၁၈ခရစ်ယာန်ဘဝသက်တာဟာခရီးသွားခြင်းဆိုရင် ဝါတွင်းဆိုတာ လောကီရေးမှာအရှိန်ပြင်းပြင်းနဲ့သွားနေရာကနေ ဘရိတ်ထိန်းပြီး အရှိန်လျော့လိုက်တာဖြစ်ပါတယ်။မိုးဇယ်ကဆီနာရီတောင်ပေါ်မှာဘုရားသခင်နဲ့တွေ့တာ(ထွက် ၂၄:၁၈) ရက်ပေါင်း(၄၀)ကြာသလိုသခင်ဘုရားတောကန္တာရမှာအစာရှောင်ဆုတောင်းတာရက်ပေါင်း (၄၀)ကြာပါတယ်။ဝါတွင်းကျင့်စဉ်တွေမှာ ဆုတောင်းခြင်းကဘုရာသခင်ထံပြုရတဲ့အမှု၊လှူဒါန်းခြင်းက သူတစ်ပါးကို ပြုရတဲ့အမှုဖြစ်ပြီး အစာရှောင်ခြင်းကတော့ မိမိကိုယ်ကို ပြုရတဲ့အမှုဖြစ်ပါတယ်။ကျွန်ုပ်ကစာရေးသူဆိုရင် ဆုတောင်းတာကကျွန်ုပ်ရေးလိုက်တဲ့စာဖြစ်ပြီးဘုရားသခင်ကအဲ့ဒီစာကိုလက္ခံမယ့်လိပ်စာရှင်ဖြစ်ပါတယ်။သခင်ဘုရားကိုယ်တော်တိုင်အချိန်ကြာကြာနဲ့ အကြိမ်ကြိမ်ဆုတောင်းတာကို ဧဝံဂေလိကျမ်းတွေမှာတွေ့ရတဲ့အတွက် ကျွန်ုပ်တို့အားလုံးလည်း ဆုတောင်းသင့်ပါတယ်။ဝတ်ပြုရာကျမ်း ၁၆:၂၉ မှာ“သတ္တမလ၊ဒသမနေ့တွင် အစာရှောင်လျက်အပြစ်ဖြေခြင်းကို ပြုရမည်”လို့ဆိုပါတယ်။ ဒီနေ့ပထမကျမ်းမှာတော့ “အဝတ်ကိုမဆုတ်ဘဲ စိတ်နှလုံးကိုဆုတ်လျက် ဘုရားသခင်ထံသို့ ပြန်လာကြလော့” လို့ ဖိတ်ခေါ်ထားပါတယ်(ယောလ ၁၂:၁၃)။ တစ်နပ်မစားလို့ ပိုလာတဲ့ငွေကို လှူဒါန်းကြရမှာဖြစ်ပြီး ပိုလာတဲ့အချိန်ကို ကောင်းမှုကုသိုလ်ပြုကြရမှာ ဖြစ်ပါတယ်။အလှူဒါနပြုခြင်းဟာ ဘုရားသခင်နှစ်သက်တဲ့အမှုဖြစ်ပါတယ်(တိုးဘိယ၅:၇-၁၁၊ ပညာပါရမီ ၁၇:၁၈)။ အစာရှောင်ခြင်းက မျိုးစေ့နဲ့တူပြီးလှူဒါန်းခြင်းကမိုးရေနဲ့တူပါတယ်။ဒီကျင့်စဉ်သုံးခုပေါင်းတဲ့အခါ ယုံကြည်ခြင်းကို ခိုင်ခန့်စေသလို သဒ္ဓါကြည်ညိုခြင်းကိုတိုးပွားစေပြီးသီလပါရမီတွေကို ရင့်သန်စေပါတယ်။နဖူးပေါ်မှာ ပြာကိုတင်ခြင်းကလူဆိုတာသေမျိုးဖြစ်ကြောင်း ထပ်မံအသိပေးတာဖြစ်ပြီးကိုယ့်ရဲ့ဝိညာဉ်ရေးအတွက် ပြင်ဆင်ကြဖို့ သတိပေးတာဖြစ်ပါတယ်။

Daily Reflection